29/08/2026
အရွယ်ရောက်ဆယ်ကျော်သက်မိန်းကလေးတွေအတွက် အာဟာရက ဘာကြောင့်အရေးကြီးတာလဲ?
🌟ဆယ်ကျော်သက်အရွယ်ဆိုတာ အရပ်ရှည်လာဖို့၊ ကိုယ်ခန္ဓာကြီးထွားဖို့ပဲ အစားအသောက်ကောင်းကောင်းစားရတဲ့အရွယ် မဟုတ်ပါဘူး။
ဒီအရွယ်မှာ တည်ဆောက်လိုက်တဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံတွေက လက်ရှိကျန်းမာရေးသာမက အရွယ်ရောက်ပြီးနောက် ကျန်းမာရေးအပေါ်ပါ သက်ရောက်နိုင်ပါတယ်။
👉Growth & Development
ခန္ဓာကိုယ်လျင်မြန်စွာ ကြီးထွားနေတဲ့အတွက် စွမ်းအင် ၊ အသားဓာတ် အပြင် ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ပါ လုံလောက်ဖို့လိုပါတယ်။
👉 Iron & Menstrual Health
ရာသီလာပြီးနောက် သံဓာတ် ဆုံးရှုံးမှုရှိနိုင်တာကြောင့် အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုးနဲ့ သံဓာတ် ပါဝင်တဲ့အစားအစာတွေကို ဂရုစိုက်ပြီး သေချာပါ၀င်အောင်စားသင့်ပါတယ်။
👉 Bone Health
ဆယ်ကျော်သက်အရွယ်ဟာ အရိုးသိပ်သည်းဆ တည်ဆောက်ဖို့ အရေးကြီးတဲ့အချိန်ပါ။ ကယ်လ်စီယမ် နဲ့ ဗိုက်တာမင် ဒီ ရအောင်စားသောက်နေထိုင်ဖို့ နဲ့ ကိုယ်လက်လှုပ်ရှားမှုကို မမေ့ပါနဲ့။
👉 Healthy Eating Behaviors & Body Image
“ပိန်မှလှတယ်” ဆိုတဲ့အတွေးကြောင့် အစာမစားခြင်း၊ Meal Skipping လုပ်ခြင်း၊ အလွန်အကျွံ Diet လုပ်ခြင်းတွေကို ရှောင်သင့်ပါတယ်။ ကျန်းမာစွာကြီးထွားဖို့က ပိန်ဖို့ထက် ပိုအရေးကြီးပါတယ်။
👉 Healthy Dietary Pattern
“Superfood” တစ်မျိုးတည်းကို အားကိုးဖို့မလိုပါဘူး။
Protein, Quality Carbohydrates, Vegetables, Fruits, Healthy Fats နဲ့ Calcium-rich foods တွေကို စုံလင်မျှတစွာ စားသုံးဖို့က ပိုအရေးကြီးပါတယ်။
👉 Hydration
ရေလုံလောက်စွာသောက်ခြင်းကလည်း ဆယ်ကျော်သက်အရွယ်မှာ အရေးကြီးပါတယ်။
ကိုယ်လက်လှုပ်ရှားမှုများတဲ့နေ့တွေ၊ ပူတဲ့ရာသီတွေမှာ ရေလိုအပ်ချက် ပိုများနိုင်ပါတယ်။ ချိုတဲ့ Ready Made အချိုရည်တွေအစား ရေကို အဓိကသောက်သုံးတဲ့ အလေ့အကျင့် တည်ဆောက်ပေးပါ။
👉 Sleep & Recovery
အိပ်ရေးဝဝအိပ်ခြင်းက ခန္ဓာကိုယ်ကြီးထွားမှု၊ သင်ယူနိုင်စွမ်း၊ စိတ်ခံစားချက်နဲ့ နေ့စဉ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
အစားအသောက်ကောင်းကောင်းစားပြီး အိပ်ရေးမဝဘူးဆိုရင်လည်း Healthy Lifestyle မပြည့်စုံသေးပါဘူး။
👉 Physical Activity
ကောင်းမွန်တဲ့အစားအသောက်နဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု တွဲဖက်တဲ့အခါ အရိုးနဲ့ကြွက်သားကျန်းမာရေးကို ပိုကောင်းစေပြီး Healthy Weight ကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။
👉 Chronic Disease Prevention
ဒီနေ့တည်ဆောက်တဲ့ အစားအသောက်၊ ရေသောက်ခြင်း၊ အိပ်စက်ခြင်းနဲ့ Lifestyle Habits တွေက အနာဂတ်မှာ အဝလွန်ခြင်း၊ ဆီးချိုအမျိုးအစာ(၂) နဲ့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျှော့ချရာမှာလည်း အရေးပါပါတယ်။
✨✨✨Teenage Nutrition ဆိုတာ အခုကြီးထွားဖို့အတွက်သာ မဟုတ်ပါဘူး။ ကျန်းမာတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ပေးနိုင်ဖို့အတွက်ပါ ရည်ရွယ်တာပါ။
ဆယ်ကျော်သက်အမျိုးသမီးငယ်လေးများ အားလုံး အကျိုးထူးတဲ့ အာဟာရ အချက်အလက်များ ရရှိလိုက်နာနိုင်ပါစေ ...
ဒေါက်တာ ဇွန်သီရိ
အာဟာရဆိုင်ရာ ဆရာ၀န်
#ဆယ်ကျော်သက်အမျိုးသမီး
#အာဟာရဆေးပညာ