MS Implant & Aesthetic Dental Clinic

  • Home
  • MS Implant & Aesthetic Dental Clinic

MS Implant & Aesthetic Dental Clinic A Million Smiles begin here🦷✨

22/02/2026
“Dental Veneer အကြောင်း သိကောင်းစရာအဖြာဖြာ”အကြောင်းအမျိုးမျိုးကြောင့် သင့်သွားလေးတွေ မညီမညာဖြစ်နေတဲ့အခါ ယုံကြည်မှုရှိရှိ...
02/02/2025

“Dental Veneer အကြောင်း သိကောင်းစရာအဖြာဖြာ”

အကြောင်းအမျိုးမျိုးကြောင့် သင့်သွားလေးတွေ မညီမညာဖြစ်နေတဲ့အခါ ယုံကြည်မှုရှိရှိနဲ့ ပြုံးရယ်နိုင်ဖို့ အနှောင့်အယှက် ဖြစ်နေမှာပါ။ ဒီအတွက် စိတ်မပူပါနဲ့၊ Million Smiles က သင့်အတွက် အဆင်သင့်ရှိနေပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်သွားလေးတွေကို ဖယ်ရှားပြစ်စရာ မလိုပဲနဲ့ ရက်ပိုင်းအတွင်း ညီညာလှပတဲ့ သွားပိုင်ရှင်လေးဖြစ်အောင် Veneer Treatment လေးနဲ့ ပြောင်းလဲပေးနေပါပြီ။🤗

💫Veneer Treatment မှာ အမျိုးအစား (၂) မျိုးရှိပါတယ်။

(၁) Direct Veneer (or) Composite Veneer လို့ ခေါ််တဲ့ Treatment လေးကတော့ သွားမျက်နှာပြင်ပေါ််ကို လေဆာနဲ့ တိုက်ရိုက်ဖြည့်ပေးတဲ့ ကုသနည်းလေးပဲ ဖြစ်ပါတယ်။ ဒီ Treatment လေးက ကုသရတာမြန်ဆန်ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ အားနည်းချက်အနေနဲ့ကတော့ အရောင်ပြောင်းတတ်ခြင်း၊ အရမ်းမာတဲ့ အစားအစာတွေကို ရှောင်ရခြင်းပဲ ဖြစ်ပါတယ်။ အားသာချက်တွေအနေနဲ့ ကုသရတာ လွယ်ကူမြန်ဆန်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းနဲ့ Indirect Veneer ကို ပြန်ပြောင်းလို့ရခြင်း တွေပဲ ဖြစ်ပါတယ်။

💫ဒါဆို... နောက် Treatment လေးကို ဖတ်ကြည့်လိုက်ရအောင်။

(၂) Indirect Veneer (or) Laminated Veneer (or) Ceramic Veneer

ဒီ ကုသနည်းလေးကတော့ သွားမျက်နှာပြင်ကို အနည်းငယ်ပြုပြင်ပြီး ကုသရတာဖြစ်ပြီး Direct Veneer ထက် ပိုလှပါတယ်။ အားသာချက်တွေကတော့ Direct Veneer ထက် ခံနိုင်ရည်စွမ်းရည် သာလွန်ပါတယ်။ အရောင်ပြောင်းလဲမှုလည်း လုံးဝမရှိတဲ့အပြင် သင့်အတွက်သင့်တော်တဲ့ သွားပုံစံကို ကျွမ်းကျင်ဆရာဝန်ကြီးကိုယ်တိုင် Design ဆွဲပြီး၊ ရလာတဲ့ ပုံစံကို CAD, CAM စက်ကြီးတွေနဲ့ Custom Made Veneer တွေပြုလုပ်ပြီး သွားပေါ််မှာ ကော်ကပ် (Cement) ပြုလုပ်‌ပေးတာကြောင့် သွားအစစ်အတိုင်း ထပ်တူညီတဲ့ Result ကို ရရှိမှာပဲ ဖြစ်ပါတယ်။ သက်တမ်းကလည်း (၂) နှစ်ကနေ (၁၀) နှစ်အထိတောင် ကြာရှည်ခံပါတယ်။ အားနည်းချက်လေးတွေကတော့ အပြီးအစီးကုသရန် (၃) ရက်ခန့်ကြာတတ်တာနဲ့ Direct Veneer ထက် ကုန်ကျစရိတ် ပိုများတာတွေပဲ ဖြစ်ပါတယ်။

ဒါဆိုရင် သင့်သွားလေးတွေ ညီညာလှပဖို့ ဘယ် Veneer Treatment ‌လေးကို ရွေးချယ်သင့်လဲ ဆိုတာ သေသေချာချာလေး သိသွားလောက်ပြီလို့ ထင်ပါတယ်ရှင့်။ သွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတရစရာလေးတွေကို ဝေမျှပေးသွားဦးမှာဖြစ်လို့ Like & Follow လေး လုပ်ထားဖို့ မမေ့နဲ့နော်။

#သွားကြွေလွှာကပ်ခြင်း


ကုသမှုခံယူချင်သူများအနေဖြင့်ရက်ချိန်းAppointment လေးကြိုတင်ယူထားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။
🦷✨Million Smile Implant & Aesthetic Dental Clinic🦷✨
Location 📍
အမှတ်(၂၂)၊ဖွံ့ဖြိုးရေးလမ်းမကြီး၊အောင်ချမ်းသာရပ်ကွက်၊သန်လျင်။

🦷✨SSP Dental Clinic🦷✨
Location 📍
အမှတ်(၆၅)ဒေါ်သိန်းတင်လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့။

Contact Us☎️:09971594319
09683004017

01/02/2025

We’re excited to introduce you to Million Smile – a dental clinic where your comfort and care come first. 🦷✨ From the warm and welcoming decor to our cutting-edge equipment, every detail has been designed with your smile in mind. Whether you’re visiting for a routine check-up or a complete smile transformation, our team is here to ensure you receive the best possible care. Step inside Million Smile, and let us help you achieve the bright, healthy smile you’ve always dreamed of! Watch the video to take a tour of our beautiful clinic. We can’t wait to welcome you! 😁🌟 ”

Dental Implants ဆိုတာဘာလဲ?ဒီနေ့လေးမှာ‌ေတာ့ Dental Implants (သွားမြစ်အစားထိုး တိုင်စိုက်ကုသခြင်း) ကို ဘယ်အချိန်မှာလုပ်သင့...
24/01/2025

Dental Implants ဆိုတာဘာလဲ?

ဒီနေ့လေးမှာ‌ေတာ့ Dental Implants (သွားမြစ်အစားထိုး တိုင်စိုက်ကုသခြင်း) ကို ဘယ်အချိန်မှာလုပ်သင့်လဲ? ဘာကြောင့်လုပ်သင့်လဲ? စတဲ့ မေးခွန်းလေးတွေအပြင် အခြားမှတ်သားစရာ အကြောင်းအရာလေး‌ေတွကိုပါ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်ရှင့်🥰။

Implant စိုက်တယ်ဆိုတာက အခုခေတ် နိုင်ငံတကာမှာ အသုံးပြု‌ေနပြီး ခေတ်စား‌ေနတဲ့ Treatment တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ သွားဖုံးရိုးထဲကို Titanium သတ္ထုနဲ့လုပ်ထားတဲ့ Dental Implants ကိုစိုက်ထည့်ပြီး အပေါ်ကကြွေသွားစိုက်တဲ့ သွားအ‌‌
‌ေသစိုက်နည်း ဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် (၁၈) နှစ်ပြည့်ပြီးသူတိုင်း Dental Implants စိုက်လို့ရပါတယ်။ တစ်ခုသတိထားရမှာကသင့်သဘာဝသွားတွေ အကြောင်းအမျိုးအမျိုးကြောင့် နှုတ်လိုက်ရပြီဆိုရင် ထိုနေရာမှာရှိတဲ့ အရိုးတွေက တဖြည်းဖြည်းနဲ့ နိမ့်ဆင်းသွားကြပါတယ်။ ဒါကိုကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက Implants စိုက်ခြင်းပဲ ဖြစ်ပါတယ်။ သွားနှုတ်ပြီးရင် သွားဖုံးရိုးအနာကျက်ပြီး သွားဖုံးသားပြည့်လာတာနဲ့ Implants စိုက်လို့ရပါပြီ။ ယေဘုယျအ‌ေနနဲ့ သွားနှုတ်ပြီး (၁)လဝန်းကျင်လောက်ဖြစ်ပါတယ်။

သွားဖုံးအရိုးထဲမှာ စိုက်ထားတာဖြစ်လို့ Implants ဟာ ပြန်မပြုတ်နိုင်ပါဘူး။ ချွင်းချက်အနေနဲ့ ဆီးချိုရောဂါကို မထိန်းချုပ်နိုင်ရင်၊ အဆင့်လွန်သွားဖုံး‌ေရာင်ရောဂါဖြစ်မယ်ဆိုရင်၊ ဆေးလိပ်အရမ်း‌ေသာက်ရင်‌ေတာ့ ရေရှည်မ‌ေကာင်းနိုင်ပါဘူး။

ဆီးချိုရောဂါရှိသူ‌ေတွ၊ သွေးတွင်းသကြားဓာတ် ကောင်း‌ေကာင်းမထိန်းနိုင်သူ‌ေတွ၊ အရိုးပွရောဂါရှိသူတွေ၊ သွား‌ေသချာမတိုက်နိုင်သူ‌ေတွက‌ေတာ့ Implants စိုက်ဖို့ မသင့်တော်ပါဘူး။

ဒီလောက်ဆိုရင်တော့ Dental Implants အကြောင်းလေးလည်း တော်တော်လေး နားလည်သွား‌ေလာက်ပြီလို့ ထင်ပါတယ်ရှင့်။ နောက်ရက်‌ေတွမှာလည်း သွားကျန်းမာ‌ေရးနဲ့ပတ်သက်တဲ့ ဗဟုသုတရစရာလေးတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Follow လေးလုပ်ထားဖို့မ‌ေမ့နဲ့နော်။

ကုသမှုခံယူချင်သူများအနေဖြင့်ရက်ချိန်းAppointment လေးကြိုတင်ယူထားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။
✨🦷Million Smile Implant & Aesthetic Dental Clinic🦷✨
Location 📍
အမှတ်(၂၂)၊ဖွံ့ဖြိုးရေးလမ်းမကြီး၊အောင်ချမ်းသာရပ်ကွက်၊သန်လျင်။

🦷✨SSP Dental Clinic🦷✨
Location 📍
အမှတ်(၆၅)ဒေါ်သိန်းတင်လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့။

Contact Us☎️:09971594319
09683004017

"ကားရှိတယ်ဆိုလို့ သွားကြည့်တာ ရှိလဲမရှိဘူး🤔"အဲ့ဒီစာသားလေးကို မှတ်မိကြလား? ငယ်ငယ်က ခဏခဏဖတ်ဖူးခဲ့တဲ့ ကာတွန်း‌ေလးတစ်ခုပါ။ သ...
23/01/2025

"ကားရှိတယ်ဆိုလို့ သွားကြည့်တာ ရှိလဲမရှိဘူး🤔"

အဲ့ဒီစာသားလေးကို မှတ်မိကြလား?

ငယ်ငယ်က ခဏခဏဖတ်ဖူးခဲ့တဲ့ ကာတွန်း‌ေလးတစ်ခုပါ။ သိသလိုလို၊ မသိသလိုလိုနဲ့ မမဆောင်း ဖြစ်နေကြတဲ့ သူတွေအတွက် နည်းနည်းလေး Remind လုပ်ပေးမယ်နော်။

1-"ဟဲ့!! နင်ပြောတော့ အဲ့ဒီအဘိုးကြီးမှာကားရှိတယ် သွားကြည့်ဆို"

2-"အေး‌ေလ... မယုံရင်ရင်သွားကြည့်ပါလား"

1-"သွားကြည့်ပြီးပြီ တစ်ချောင်းမှမရှိဘူး!"

အဲ့ဒီ‌ေတာ့ ပြောချင်တာက "သွားမရှိဘူး" အပြောမခံရအောင် Million Smile မှာ Dental Implants (သွားမြစ်အစားထိုး တိုင်စိုက်ကုသခြင်း) လာလုပ်လို့...နော်။

ကုသမှုခံယူချင်သူများအနေဖြင့်ရက်ချိန်းAppointment လေးကြိုတင်ယူထားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။
🦷✨Million Smile Implant & Aesthetic Dental Clinic🦷✨
Location 📍
အမှတ်(၂၂)၊ဖွံ့ဖြိုးရေးလမ်းမကြီး၊အောင်ချမ်းသာရပ်ကွက်၊သန်လျင်။

🦷✨SSP Dental Clinic🦷✨
Location 📍
အမှတ်(၆၅)ဒေါ်သိန်းတင်လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့။

Contact Us☎️:09971594319
09683004017

✨"ယုံကြည်မှုရှိရှိပြုံးနိုင်ဖို့ laser Whitening လုပ်ကြစို့"✨ကဲ...ဒီနေ့လေးမှာ‌ေတာ့ 'သွားတွေဘာကြောင့်ဝါရသလဲ'၊ 'ဒီပြဿနာကို...
21/01/2025

✨"ယုံကြည်မှုရှိရှိပြုံးနိုင်ဖို့ laser Whitening လုပ်ကြစို့"✨

ကဲ...ဒီနေ့လေးမှာ‌ေတာ့ 'သွားတွေဘာကြောင့်ဝါရသလဲ'၊ 'ဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်လို Treatment တွေရှိလဲ'၊ 'Treatment လုပ်ပြီးရင်ကော ဘယ်လောက်ကြာကြာခံမှာလဲ' စတဲ့ မေးခွန်း‌ေလး‌ေတွကို ဆွေးနွေးပေးသွားမှာဖြစ်လို့ အဆုံးထိဖတ်ကြည့်‌ ပေးသွားဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။🤗

ဒါဆိုစလိုက်ကြရ‌ေအာင်...

(၁) ကျွန်မတို့ရဲ့ သွား‌ေတွ ဘာကြောင့်ဝါ‌ေနရတာလဲ?

သုံးပါများတဲ့ပစ္စည်းက ဟောင်းလာ၊ အရောင်မှိန်လာသလိုမျိုး ကျွန်မတို့ရဲ့ သွား‌ေလး‌ေတွဟာလည်း နှစ်ပေါင်းများစွာ အစားအ‌ေသာက်မျိုးစုံကို စားလာတဲ့အတွက် အရင်ကထက်ဝါလာတာမျိုး၊ အရောင်မှိန်လာတာမျိုးလေးတွေ ဖြစ်တတ်ပါတယ်ရှင့်။ အထူးသဖြင့် ကော်ဖီ၊ အချိုရည်၊ ဝိုင်၊ ဆေးလိပ်‌ေတွ‌ေကြာင့် ပိုဖြစ်တတ်ပါတယ်ရှင့်။

(၂) ဒီပြဿနာကို‌ေဖြရှင်းဖို့ ဘယ်လို Treatment တွေရှိမလဲ?

ပြဿနာတိုင်းမှာအဖြရှိသလို ကျွန်မတို့ 🦷Million Smile 🦷မှာလည်း သင့်အတွက် အဖြေရှိပါတယ်ရှင့်။နဂိုသွားအရောင်ထက် သုံးဆနီးပါး ပိုဖြူတဲ့သွားလေးကိုပိုင်ဆိုင်ဖို့ အချိန်(၁)နာရီပဲ လိုပါတယ်‌ေနာ်။အဆင့်မြင့် laser နည်းပညာနဲ့ သင့်ရဲ့သွားလေးတွေကို ဖြူဖွေးလာစေမယ့် ✨laser Teeth Whitening Treatment ✨လေးက သင့်ကို‌ေစာင့်‌ေမျှာ်နေပါတယ်ရှင့်။

(၃) Treatment လုပ်ပြီးရင်ကော ဘယ်လောက်ကြာ
ကြာခံမှာလဲ?

နေထိုင်စား‌ေသာက်မှုပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယာက်ရဲ့ ထိရောက်မှုက မတူနိုင်‌ေပမဲ့ ယေဘုယျအ‌ေနနဲ့ (၁)နှစ်ခွဲက‌ေန (၂)နှစ်လောက်အထိ ကြာရှည်ခံပါတယ်ရှင့်။ အပေါ်မှာပြောပြခဲ့တဲ့ သင့်သွားလေးတွေကို အရောင်မှိန်လာစေမယ့် အစားအ‌ေသာက်‌ေတွကို ရှောင်တာ (ဒါမှမဟုတ်) စားပြီးတိုင်း ပလုတ်ကျင်းပေးတာမျိုးလေးတော့ လုပ်ပေးဖို့လိုပါမယ်ရှင့်။ ဒါမှသာ ခဏလေးနဲ့ အရောင်ပြန်မှိန်သွားတာမျိုး မဖြစ်‌ေစမှာပါရှင့်။

ကဲ...ဒါဆိုရင်တော့ တော်တော်လေးလည်းစုံသွားပြီလို့ ထင်ပါတယ်ရှင့်။ တကယ်လို့ Treatment လေးနဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်‌ေသးတယ် ဆိုရင်‌
တော့ ☎️09-971594319
09-683004017 ကိုသာ hello လုပ်လိုက်ပါရှင့်။ ဒီအ​ေချာ‌ေလးက စိတ်ရှည်လက်ရှည် ရှင်းပြပေးပါမယ်နော်။ အခုလိုအချိန်‌ေပးပြီးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။💞

ကုသမှုခံယူချင်သူများအနေဖြင့်ရက်ချိန်းAppointment လေးကြိုတင်ယူထားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။
🦷✨Million Smile Implant & Aesthetic Dental Clinic🦷✨
Location 📍
အမှတ်(၂၂)၊ဖွံ့ဖြိုးရေးလမ်းမကြီး၊အောင်ချမ်းသာရပ်ကွက်၊သန်လျင်။

🦷✨SSP Dental Clinic🦷✨
Location 📍
အမှတ်(၆၅)ဒေါ်သိန်းတင်လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့။

🦷Million Smile Implant & Aesthetic Dental Clinic🦷 တွင် လူကြီးမင်းတို့ ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးလေးများ ပိုင်ဆိုင်ကြစ...
19/01/2025

🦷Million Smile Implant & Aesthetic Dental Clinic🦷 တွင် လူကြီးမင်းတို့ ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးလေးများ ပိုင်ဆိုင်ကြစေဖို့ အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးနေပါတယ်နော်🤗။

မညီမညာဖြစ်နေသော၊ ကျဲနေသော သွားများကို ညီညာစီရီသော သွားလေးများ ဖြစ်အောင် ပြုပြင်လိုပါသလား?ယုံကြည်မှုရှိတဲ့ အပြုံးလေးများ ပိုင်ဆိုင်လိုပါသလား?
ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ Million Smile Implant & Dental Clinicမှာ Orthodontics Treatment လို့ခေါ်တဲ့( သွားညှိကုသမှု )ခံယူလို့ရပါပြီနော်။
Quality ကောင်းမွန်သော သွားညှိကုထုံးအမျိုးမျိုးကို လူကြီးမင်းတို့စိတ်ကြိုက် brand မျိုးစုံရွေးချယ်နိုင်ပြီး ဈေးနှုန်းသင့်တင့်စွာ ကုသမှုခံယူနိုင်ပါပြီရှင်🥰။

သွားမညီညာတာကြောင့် ယုံကြည်မှုအပြည့်နဲ့
မရယ်မပြုံးနိုင်ဖြစ်နေပြီဆိုရင်
🦷Million Smile Implant & Aesthetic Dental Clinic 🦷ကိုသာ လှမ်းခဲ့တော့နော်💞✨

ကုသမှုခံယူချင်သူများအနေဖြင့်ရက်ချိန်းAppointment လေးကြိုတင်ယူထားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

🦷✨Million Smile Implant & Aesthetic Dental Clinic🦷✨
Location 📍
အမှတ်(၂၂)၊ဖွံ့ဖြိုးရေးလမ်းမကြီး၊အောင်ချမ်းသာရပ်ကွက်၊သန်လျင်။

🦷✨SSP Dental Clinic🦷✨
Location 📍
အမှတ်(၆၅)ဒေါ်သိန်းတင်လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့။

Contact Us☎️:09971594319
09683004017

🌟 Smile Transformation Alert! 🌟

At Million Smile, we believe that everyone deserves a smile they’re proud of! Check out this amazing orthodontic journey, from crowded teeth to a perfectly aligned, confident smile. 😁✨

Whether you’re looking to straighten your teeth or enhance your overall smile, our expert team is here to guide you every step of the way. The results speak for themselves!

Ready for your own smile transformation? Book your consultation today and let us help you achieve that picture-perfect smile!

မင်္ဂလာပါရှင်Million Smile  Implant & Aesthetic Dental Clinicသွားနှင့်ခံတွင်း ဆေးခန်းမှကြိုဆိုပါတယ်။Million Smileသွားနှင...
16/01/2025

မင်္ဂလာပါရှင်
Million Smile Implant & Aesthetic Dental Clinicသွားနှင့်ခံတွင်း ဆေးခန်းမှကြိုဆိုပါတယ်။

Million Smileသွားနှင့်ခံတွင်းဆေးခန်းကိုရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွန့်မြို့နယ်တွင်ဖွင့်လှစ်ထားသော
SSP Dental Clinic အနှစ် (၂၀)ပြည့်အထိမ်းအမှတ်အဖြစ် သန်လျင်မြို့၊အောင်ချမ်းသာရပ်ကွက်တွင်တိုးချဲ့ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်ရှင့်။

Million Smile Implant & Aesthetic Dental Clinicတွင် လူကြီးမင်းတို့ ကျန်းမာလှပသောအပြုံးနှင့် ဖြူဖွေးညီညာသောသွားလေးများပိုင်ဆိုင်ကြစေရန် အဆင့်မြင့်နည်းပညာအသုံးပြု၍ လုပ်သက်အနှစ် (၂၀)ရှိပြီးဖြစ်သော ဆရာဝန်ကြီးကိုယ်တိုင်စေတနာမေတ္တာရှေ့ထား၍ ဈေးနှုန်းသင့်တင့်စွာကုသမှုပေးနေပါပြီရှင်။

Million Smile သွားနှင့်ခံတွင်းဆေးခန်းတွင်ရရှိနိုင်သောကုသမှုများမှာ

⭐️သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း
(Dental screening and expert consultant)
⭐️သွားမြစ်တု အစားထိုးကုသခြင်း(Dental Implant)
⭐️သွားများညီညာစေရန် သွားညှိကုသခြင်း(Orthodontics Treatment)
⭐️သွားအသေစိုက်ခြင်း(Dental Fixed Prosthesis)
⭐️အံဆုံးသွားနှုတ်ခြင်း(Wisdom Tooth Extraction)
⭐️သွားအကြောထုတ်ကုသခြင်း(Root Canal Treatment )
⭐️သွားကြွေလွှာကပ်ခြင်း (Dental Veneers)
⭐️လေဆာဖြင့်သွားများဖြူဖွေးအောင်လုပ်ခြင်း(Laser Whitening Treatment)
⭐️သွားဖာခြင်း(Tooth filling)
⭐️သွားဓာတ်မှန်ရိုက်ခြင်း(Digital Dental X-Rays)
တို့အပြင်သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးတို့ကို အရည်အသွေးပြည့်ဝတဲ့ premium quality စက်ပစ္စည်းများအသုံးပြု၍ နိုင်ငံတကာအဆင့်မီ အကောင်းဆုံးသော ဝန်ဆောင်မှုများပေးနေတာမို့လို့

ကုသမှုခံယူချင်သူများအနေဖြင့်ရက်ချိန်းAppointment လေးကြိုတင်ယူထားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။
✨🦷Million Smile Implant & Aesthetic Dental Clinic🦷✨
Location 📍
အမှတ်(၂၂)၊ဖွံ့ဖြိုးရေးလမ်းမကြီး၊အောင်ချမ်းသာရပ်ကွက်၊သန်လျင်။

🦷✨SSP Dental Clinic🦷✨
Location 📍
အမှတ်(၆၅)ဒေါ်သိန်းတင်လမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့။

Contact Us☎️:09971594319
09683004017

Address

Aung Chan Thar , Thanlyin

Website

Alerts

Be the first to know and let us send you an email when MS Implant & Aesthetic Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your practice to be the top-listed Clinic?

Share