14/07/2026
အိမ်မှာ ကိုယ်မလိုချင်တော့တဲ့ ပစ္စည်းအဟောင်းတွေနဲ့ တဲရော့အဟောကို အလဲအလှယ်လုပ်လို့ ရမယ်ဆိုရင် စိတ်ဝင်စားကြမလားရှင့်🃏
-အိမ်မှာ ကိုယ်မလိုချင်တော့တဲ့ ပစ္စည်းတွေ ရှိကြမှာပေါ့နော်။ စွန့်ပစ်ချင်နေတဲ့ပစ္စည်းတွေ အကျိုးအပျက်တွေနဲ့ မလိုချင်တော့တဲ့အရာတွေကို Tarot reading ရဲ့ bill အနေနဲ့ ဂျူလိုင် ၊ဩဂုတ်နှစ်လထဲမှာ ရှင်းလို့ ရမှာ ဖြစ်ပါတယ်
ဒီပစ္စည်းတွေကို art installation တစ်ခုမှာ အနုပညာ ပစ္စည်းတစ်ခုအဖြစ် ပြန်လည်ဖန်တီးရာမှာ အသုံးပြုသွားမှာဖြစ်လို့ လာမေးသူက အသုံးပြုခွင့်ပေးရပါလိမ့်မယ်
ပစ္စည်းအပျက်တွေ၊ အဟောင်းတွေ၊ အရုပ်အဟောင်းတွေ၊ နာရီအဟောင်းတွေ ဟောင်းနွမ်းနေတဲ့ အရာတွေကို လက်ခံပါတယ်ရှင့်။ ပလတ်စတစ်နဲ့ ကော်ပစ္စည်း၊ ဖန်အကွဲအစတွေတော့ အသုံးပြုဖို့ လုပ်ထားတဲ့ material ထဲမပါလို့ မယူပါဘူးရှင့်
Reading ကို client ဘက်က အရင်ယူထားပြီး ပစ္စည်းကို နှစ်ဖက်လုံးအဆင်ပြေတဲ့ရက် ဒိုဒိုက လာကောက်ပါမယ်
ရန်ကုန်မြို့တွင်း ရနိုင်တဲ့ နေရာတွေကိုတော့ ပုံထဲမှာ ဖော်ပြပေးထားပါတယ်ရှင့်