DHANE - ငါးကြီးဆီဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ

  • Home
  • DHANE - ငါးကြီးဆီဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ

DHANE - ငါးကြီးဆီဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ ငါးကြီးဆီသည် နှလုံးကိုအားဖြည့်ပေး?

ငါးကြီးဆီ၏ ကောင်းကျိုးများငါးကြီးဆီဟာ အစားအသောက် စားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetide ကို မြင့်မားစေပါတယ်။ အထူးသဖြင့်...
09/04/2023

ငါးကြီးဆီ၏ ကောင်းကျိုးများ
ငါးကြီးဆီဟာ အစားအသောက် စားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetide ကို မြင့်မားစေပါတယ်။ အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ Red Corpuscles လို့ခေါ်တဲ့ သွေးနီဥတွေကို များလာစေပါတယ်။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံအားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာသန်စွမ်းလို့ အာဟာရဓာတ်တွေ ပြည့်ဝစေမှာဖြစ်ပါတယ်။



အကယ်၍ ကိုယ်ဝန်ဆောင်သည်တွေနဲ့ နို့တိုက်မိခင်တွေဟာ နေ့စဉ်စားသောက်နေတဲ့ အာဟာရဓာတ်တွေထဲမှာ ငါးကြီးဆီဓာတ်ကို ဖြည့်ပေးလိုက်မယ်ဆိုရင် ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ မျက်ကြည်လွှာကို ပိုမိုဖွံ့ဖြိုးလာစေတဲ့အပြင် ဉာဏ်ရည်ပိုင်းကိုလည်း တိုး
တက်မြင့်မားစေပါတယ်။



ငါးကြီးဆီမှာ ပါဝင်တဲ့ ဗီတာမင် ဒီဟာ ကလေးငယ်တွေမှာ Ricket လို့ခေါ်တဲ့ ကလေးအရိုးပျော့ ရောဂါမဖြစ်အောင် ကာကွယ်တားဆီးနိုင်ပါတယ်။ လေ့လာစမ်းသပ်မှု တစ်ခုအရ ငါးကြီးဆီပေးထားတဲ့ ကလေး ၃၇ ယောက်ကို ခြောက်လလောက် ပေးကြည့်အခါ ကလေးအရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့နှုန်းက ၉၂ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။ ရောဂါပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး အဆိပ်အတောက်တွေကို ခုခံပေးနိုင်ပါတယ်။



ကိုယ်ဝန်ဆောင်သည်တွေမှာ ငါးကြီးဆီ သောက်သုံးမယ်ဆိုရင် အသက်လေးနှစ်အရွယ်မှာ ကလေးတွေရဲ့ IQ လို့ခေါ်တဲ့ ဉာဏ်ရည်တိုးတက်လာတာ တွေ့ရပါတယ်။ ကလေးငယ်တွေကိုလည်း ပေါင်ချိန်တိုးတက်စေပါတယ်။ ဒါ့အပြင် လေ့လာစမ်းသပ်မှုတွေအရလည်း ကင်ဆာ၊ ဆီးချိုသွေးချို၊ အရိုးကျိုးခြင်း၊ အရိုးနှင့် ကြွက်သားနာခြင်း၊ သွေးတွင်းအဆီ စတာတွေကိုပါ ကောင်းမွန်စေတယ်ဆိုတာ တွေ့ရပါတယ်။



Cod Liver Oil နဲ့ Fish Oil ဘာကွာလဲ


ငါးကြီးဆီလို့ ခေါ်နေကြပေမယ့် တကယ်တော့ Cod Liver Oil က ပိုပြီး ဗီတာမင်အေ ပမာဏ ဗီတာမင်ဒီ ပိုများပြီး ကျန်းမာရေးကို ပိုပြီးအထောက်အကူပြုပါတယ်။
#7887 Healthcare call center

ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခု(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာကျောက်က...
03/02/2023

ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခု
(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင်သွေးထဲမှာ အဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီးသွေးညစ်စေပါတယ်။ အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေဖြစ်လာနိုင်ပါတယ်။နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့သွေးအားနည်းတာပဲဖြစ်ပါတယ်။
(၂) အိပ်မပျော်တာ

ကျောက်ကပ်ကကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကိုစွန့်ထုတ်မယ့်အစားသွေးထဲမှာ အဆိပ်အတောက်တွေကျန်နေတာပေါ့။ ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက ဆက်နွှယ်မှုလည်းရှိနေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ အိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။
(၃) အသားခြောက်ပြီး ယားတာ

ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက ကဏ္ဍအတော်များများမှာ အရေးပါပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ထဲက အရည်ပိုတွေနဲ့အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊ အရိုးတွေကြံ့ခိုင်ဖို့ထောက်ပံ့တယ်၊သွေးထဲမှာ သတ္တုဓါတ်ပမာဏတွေ ထိုက်သင့်သလောက်ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။ အသားအရေခြောက်သွေ့ပြီး ယားယံနေတာကကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓါတ်ချို့တဲ့မှု သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။
(၄) ဆီးခဏခဏသွားချင်နေတာ

အထူးသဖြင့် ညဘက်မှာဆီးခဏခဏသွားချင်တာကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။ တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

(၅) ဆီးထဲမှာသွေးပါတာ

ကျောက်ကပ်ကျန်းမာနေရင်သွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ ခန္ဓါကိုယ်ထဲကသွေးကလာပ်စည်းတွေကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။ ဒါပေမယ့်ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်က ယိုယွင်းနေတဲ့အခါသွေးကလာပ်စည်းတွေက ဆီးထဲကို စတင်ယိုစိမ့်လာနိုင်ပါတယ်။ ဆီးထဲသွေးပါတာဟာ ကျောက်ကပ်ရောဂါရှိတယ်လို့အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊ကျောက်ကပ်ကျောက်တည်တာ၊ရောဂါပိုးဝင်တာတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

(၆) ဆီးကအမြှုပ်တွေထတာ

ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့် အမြှုပ်ကသိပ်များနေတယ်ဆိုရင် ၊ အထူးသဖြင့် ဆီးသွားပြီးရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေရှိတာကိုဖော်ပြပါတယ်။ ဒါဟာ ဆီးထဲမှာalbumin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးရှိနေတာကိုဖော်ပြတာဖြစ်ပါတယ်။

(၇) မျက်လုံးမို့အစ်နေတာ

ဆီးထဲမှာပရိုတင်းရှိနေတာဟာကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ပရိုတင်းတွေကို ခန္ဓါကိုယ်ထဲမှာထိန်းပေးရမယ့်အစား ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေအများကြီးစွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။
(၈)ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ ဆိုဒီယမ်တွေစုနေစေပြီးခြေကျင်းဝတ်နဲ့ခြေထောက်ကိုရောင်ရမ်းစေပါတယ်။ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

(၉) အစာစားချင်စိတ်နည်းတာ

ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ကျောက်ကပ်ကြောင့်ဖြစ်လာနိုင်ပါတယ်။ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်ဓါတ်တွေစုပုံလာတာက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

(၁၀) ကြွက်တက်တာ

ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyteတွေမညီမျှတော့ပါဘူး။ ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီးဖော့စဖရပ်စ်ဓါတ်ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။

အရိုးပွရောဂါအကြောင်းသိထားသင့်သည်များNational Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီ...
01/02/2023

အရိုးပွရောဂါအကြောင်းသိထားသင့်သည်များ
National Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီး အရိုးကျိုးမှုပေါင်း ၂၃၀၀၀ လောက်ရှိနေတယ်လို့ဆိုပါတယ်။ အရိုးပွခြင်းဟာ National Osteoporosis foundation အရ USA မှာ ၄၄ သန်းသော လူတွေမှာ အရိုးပွရောဂါ ခံစားနေရပြီးဒါဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ NOF က အခုအခါမှာ လူဆယ်သန်းလောက်မှာ အရိုးပွရောဂါဖြစ်ပွားနေပြီး ၃၄ သန်းလောက်မှာတော့ အရိုးအလေးချိန်နည်းခြင်းရှိတာကြောင့် သူတို့ဟာလည်း အရိုးပွရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
အရိုးပွတယ်ဆိုတာဘာလဲ။
အရိုးပွသူတွေရဲ့ အရိုးဟာ ပါးပြီးတော့ အားနည်းတတ်ပါတယ်။ Osteo ဆိုတဲ့ စကားဟာ ဂရိဘာသာစကား Osteon ကနေ ဆင်းသက်လာပြီးတော့ အရိုးလို့အဓိပ္ပါယ်ရပြီး porosis ကတော့ အပေါက်၊ ဖြတ်သွားတဲ့ နေရာ လို့အဓိပ္ပါယ်ရပါတယ်။ Osteoporosis ဟာ အရိုးရဲ့ အရည်အသွေးကျဆင်းခြင်းဖြစ်ပြီး အရိုးတစ်ရှူးတွေကျုံ့လာခြင်းဖြစ်တယ် လို့ Medilexicon’s medical dictionary က ပြောထားပါတယ်။

လူတွေဟာ ပိုအသက်ရှည်လာကြပြီးတော့ အထိုင်များတဲ့ အလုပ်တွေကို လုပ်လာကြတာကြောင့် အရိုးပွခြင်းဟာလည်း ပိုမိုများပြားလာပါတယ်။ လေ့လာမှုတစ်ခုက မူဝါဒ ပြုလုပ်သူတွေနဲ့ Funding agencies တွေဟာ သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ဒီကိစ္စကို လုံလောက်အောင်ထည့်သွင်း စဉ်းစားခြင်း မပြုဘူးလို့ဆိုပါတယ်။

အရိုးပွခြင်းကို မကာကွယ်ဘူးဆိုရင် (သို့) မကုသဘူးဆိုရင် သူဟာ ဘယ်လိုနာကျင်မှုမျိုးကိုမှ ဖြစ်ခြင်းမရှိပဲ ပိုမိုဆိုးရွားလာကာ အရိုးကျိုးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံးကတော့ တင်ပါးဆုံရိုး၊ ကြောရိုးမနဲ့ လက်ကောက်ဝတ်က အရိုးတွေ ကျိုးနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဟာ ဆေးရုံတက်ဖို့လိုအပ်ပြီး ခွဲစိတ်ကုသမှုလည်း လိုအပ်ပါတယ်။ သူဟာ မကုသရင် ယေဘုယျ အားဖြင့် လမ်းမလျှောက်နိုင်ခြင်းနဲ့ နောက်ဆုံးမှာ သေဆုံးခြင်းကို ပါ ဖြစ်စေနိုင်ပါတယ်။ ကျောရိုးမနဲ့ ကျောရိုးအဆစ်တွေကျိုးခြင်းကတော့ ခါးနာခြင်းနဲ့ ပုံပျက်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။
အရိုးပွခြင်းရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ။
အရိုးပွခြင်းဟာ အချိန်များစွာ ကြာမြင့်တဲ့အထိ တဖြည်းဖြည်း ဆိုးဝါးလာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ စစချင်းမှာ ဘာလက္ခဏာမှ မပြပဲ သူ့ကို သတိထားမိဖို့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ အရိုးပွခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့

မတ်တပ်ရပ်ရန် ခက်ခဲခြင်း

ထိုင်ရန် ခက်ခဲခြင်း။ ဒီလိုပုံစံမျိုးဟာ အရိုးပွရောဂါ ဖြစ်ပွားနိုင်တဲ့ အသက်ကြီးတဲ့ သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။

တကယ်လို့ အရိုးသိပ်သည်းဆ (သို့) အလေးချိန်ဟာ ပိုပြီး လျော့ကျလာမယ်ဆိုရင် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးမထဲမှာ ရှိတဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုး၊ နှာချေခြင်းကတောင် အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေမှာ အရိုးကျိုးတဲ့အခါ အရိုးဟာ သူကိုယ်တိုင် ပြန်ပြီး မပြုပြင်နိုင်တော့တာကြောင့် ပိုခံစားရပါတယ်။ ဒီလို မပြုပြင်နိုင်တော့တဲ့ အရိုးတွေဟာ အဆစ်ရောင်ခြင်းကိုဖြစ်စေပြီး နောက်ဆုံးမှာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပါတယ်။ အသက်ကြီးသူ များစုဟာ အရိုးကျိုးပြီးရင် နောက်ပိုင်းမှာ မမှီခိုပဲ နေနိုင်သူ ရှားပါးပါတယ်။
အရိုးပွခြင်းဟာ နာကျင်ခြင်းမရှိပေမယ့် ဒီအခြေအနေဟာ အရိုးတွေကို ပိုမိုလွယ်ကူစွာ ကျိုးစေနိုင်ပြီး အရိုးကျိုးခြင်းကတော့ အလွန်နာကျင်စေပါတယ်။ အရိုးပွခြင်းနဲ့ ဆက်စပ်နေတဲ့ အဖြစ်များတဲ့ နာတာရှည် နာကျင်မှုတစ်ခုကတော့ ကျောရိုးမ ကျိုးခြင်းပဲ ဖြစ်ပါတယ်။

ဘယ်အရာတွေက အရိုးပွခြင်းဖြစ်ပွားနှုန်းကို ပိုမိုမြင့်တက်စေသလဲ။ ဘယ်ရောဂါတွေက အရိုးပွခြင်းနဲ့ ဆက်စပ်နေပါသလဲ။

အရိုးပွခြင်းဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အရာတွေ အများအပြားရှိပါတယ်။ သူတို့တွေကတော့

လိင် (အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွခြင်းနှစ်ဆ ပိုမိုဖြစ်နိုင်ပါတယ်။ ဒီအတွက် အကြောင်းရင်းနှစ်ခုရှိပြီး ပထမတစ်ခုကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘဝစစချင်းမှာ အရိုးနည်းပါးပါတယ်။ ဒုတိယတစ်ခုကတော့ အမျိုးသမီးတွေက အသက်ပိုရှည်ကြပါတယ်။ နောက်ဆုံးတစ်ခုကတော့သွေးဆုံးခြင်းဟာ အရိုးဆုံးရှုံးမှုကို ဖြစ်စေတဲ့ estrogen ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်)
အသက် – အသက်ကြီးလာတာနဲ့ အမျှ အရိုးအလေးချိန်လည်း ကျဆင်းလာတတ်ပါတယ်။ လူတစ်ယောက်သေဆုံးချိန်အထိ အရိုးအလေးချိန်ဟာ ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။
ချာချာလည်အောင် မူးခြင်း – ကိုရီးယား သိပ္ပံပညာရှင်တွေက မူးခြင်းနဲ့ အရိုးပွခြင်းနဲ့ ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။
HIV – HIV ရှိသူတွေမှာ အရိုးပွနှုန်း ပိုများပါတယ်။
အစာအိမ်ကင်ဆာ – အစာအိမ်ကင်ဆာ အသက်ရှင်သူတွေဟာ အရိုးပွရောဂါခံစားကြရပြီး သူတို့ အသက်ကြီးလာရင် အရိုးကျိုးတာမျိုးတွေ ပိုဖြစ်တယ်လို့ ဆောင်းပါးတစ်ခုက ရှင်းပြပါတယ်။
လူမျိုးစု – အသားဖြူတဲ့သူတွေ (သို့) တောင်အာရှသူတွေဟာ အရိုးပွခြင်းကို အာဖရိက (သို့) တောင်၊ မြောက်အမေရိက အင်ဒီးယန်း ဆင်းသက်သူတွေနဲ့ ယှဉ်ရင် ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ခြေဟာ လူတိုင်းအတွက် သိသာပါတယ်။
မိသားစု ရာဇဝင် – နီးကပ်တဲ့ မိသားစုထဲမှာ အရိုးပွတာ ဖြစ်ဖူးသူရှိရင် သူတို့ကိုယ်တိုင်လည်း ဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။
ကိုယ်ခန္ဓါ သေးသူများ – ကိုယ်ခန္ဓါသေးသူတွေဟာ အသက်ကြီးလာချိန်မှာ ပိုအရိုးပွနိုင်ပါတယ်။ ဒါဟာ သူတို့အသက်ကြီးလာချိန်မှာ သူတို့အရိုးပမာဏက အခြားသူတွေထက် ပိုနည်းလို့ဖြစ်ပြီး အရိုးသိပ်သည်းဆ လျော့နည်းလာလို့ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်း – ဘာကြောင့်လဲ သေချာ မပြောနိုင်ပေမယ့် ဆေးလိပ်သောက်ခြင်းဟာ အရိုးပွခြင်းကို ပိုမိုဖြစ်စေပါတယ်။
Estrogen နဲ့ ထိတွေ့မှုရှိခြင်း – အသက်ကြီးမှ သွေးဆုံးသူတွေဟာ estrogen ပမာဏ ကျဆင်းသွားတာကြောင့် အသက်ငယ်ငယ် သွေးဆုံးသူတွေနဲ့ ယှဉ်ရင် ပိုပြီးတော့ အရိုးပွရောဂါ ဖြစ်နှုန်းနည်းပါတယ်။
အစာစားခြင်းနဲ့ ပတ်သက်တဲ့ရောဂါများ – အစာစားခြင်းနဲ့ ပတ်သက်တဲ့ရောဂါ ရှိသူတွေဟာ အရိုးပွခြင်း ပိုမိုဖြစ်နိုင်ပါတယ်။
နှလုံးရောဂါနဲ့ Alzheimer’s disease – Rice University က သုတေသနတစ်ခုက သုတေသီတွေက နှလုံးရောဂါ၊ Alzheimer’s ရောဂါနဲ့ အရိုးပွခြင်းဟာ ဆက်စပ်မှု ရှိနိုင်တယ်လို့ဆိုပါတယ်။

Address


Alerts

Be the first to know and let us send you an email when DHANE - ငါးကြီးဆီဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your practice to be the top-listed Clinic?

Share