Ziwaka Medical Center

Ziwaka Medical Center အရည်အသွေးထိပ်တန်း✨ဇီဝကဆေးခန်း✨

🎉 ဇီဝကအထူးကုဆေးခန်း မိသားစု၏ ဆေးခန်းတည်ထောင်ခြင်း (၂၂) နှစ်ပြည့် အခမ်းအနား 🎉ဇီဝကအထူးကုဆေးခန်းကို စတင်တည်ထောင်ပေးခဲ့ကြသော...
18/08/2026

🎉 ဇီဝကအထူးကုဆေးခန်း မိသားစု၏ ဆေးခန်းတည်ထောင်ခြင်း (၂၂) နှစ်ပြည့် အခမ်းအနား 🎉

ဇီဝကအထူးကုဆေးခန်းကို စတင်တည်ထောင်ပေးခဲ့ကြသော ဆရာကြီး ဒေါက်တာဦးဝင်းကိုနှင့် ဇနီး ဒေါက်တာဒေါ်ဝါဝါခင် တို့၏ မျှော်မှန်းချက်၊ စေတနာနှင့် ကြိုးစားအားထုတ်မှုများမှ အစပြုခဲ့သည့် ဇီဝကအထူးကုဆေးခန်းသည် ယနေ့ဆိုလျှင် ၂၂ နှစ်တာ ခရီးလမ်းကို အောင်မြင်စွာ ဖြတ်သန်းလာနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ❤️

(၁၇.၈.၂၀၂၆)ရက်နေ့တွင် ဇီဝကအထူးကုဆေးခန်း မိသားစု၏ (၂၂) နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်—

✨ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုခြင်း
✨ ထူးချွန်ဝန်ထမ်းများအား ဆုများချီးမြှင့်ခြင်း
✨ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်း
✨ မိသားစုဝင်များအချင်းချင်း ရင်းနှီးပျော်ရွှင်စွာ တွေ့ဆုံခြင်း
✨ ညစာစားပွဲနှင့်အတူ အမှတ်တရ ပျော်ရွှင်စရာအစီအစဉ်များ ပြုလုပ်ခြင်း

တို့ဖြင့် စည်ကားစွာ ကျင်းပခဲ့ပါသည်။ 🌟

၂၂ နှစ်တာ ခရီးလမ်းတစ်လျှောက် ဇီဝကအထူးကုဆေးခန်းအပေါ် ယုံကြည်စွာ အားပေးခဲ့ကြသော လူနာများ၊ မိတ်ဖက်များ၊ အစဉ်အမြဲ ကြိုးစားပေးဆပ်ခဲ့ကြသော ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏❤️

“၂၂ နှစ်တာ အောင်မြင်မှုများမှသည် အနာဂတ်ကာလများဆီသို့ အတူတကွ ဆက်လက်လျှောက်လှမ်းကြပါစို့” 🌟






ဇီဝကအထူးကုဆေးခန်း (ပုသိမ်မြို့) မိသားစုများ၏ စုပေါင်းစေတနာ၊ သဒ္ဓါတရားတို့ဖြင့် ကျန်းမာရေးအလှူတော် အဖြစ် ပုသိမ်မြို့ရှိ ဖ...
09/08/2026

ဇီဝကအထူးကုဆေးခန်း (ပုသိမ်မြို့) မိသားစုများ၏ စုပေါင်းစေတနာ၊ သဒ္ဓါတရားတို့ဖြင့် ကျန်းမာရေးအလှူတော် အဖြစ် ပုသိမ်မြို့ရှိ ဖားအောက်တောရဓမ္မရိပ်သာ သို့ သွားရောက်၍ ဆရာတော်များ၊ သီလရှင်များနှင့် ယောဂီသူတော်စင်များအား လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့ပါသည်။ 🙏

ကျန်းမာရေးစောင့်ရှောက်မှုကို အခြေခံ၍ လူမှုအသိုင်းအဝိုင်းအတွက် တတ်နိုင်သမျှ ပြန်လည်အကျိုးပြုနိုင်ရန် ရည်ရွယ်သည့် ဇီဝကအထူးကုဆေးခန်း၏ လူမှုအကျိုးပြုကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် တစ်ရပ်အဖြစ် ယခုအလှူတော်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း ဆရာတော်များ၊ သီလရှင်များနှင့် တရားအားထုတ်နေကြသော ယောဂီသူတော်စင်များ၏ ကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းဖြစ်စေ စောင့်ရှောက်ခွင့်ရရှိခြင်းသည် ဇီဝကမိသားစုများအတွက် အလွန်တန်ဖိုးရှိသော ကုသိုလ်အခွင့်အရေးနှင့် ဝမ်းမြောက်ဖွယ်ရာ အမှတ်တရတစ်ခု ဖြစ်ခဲ့ပါသည်။

ဤကျန်းမာရေးအလှူတော်မှ ရရှိသော ကုသိုလ်ကောင်းမှုအစုစုတို့ကို ရတနာမြတ်သုံးပါးအား ရည်မှန်းပူဇော်၍ ဆရာတော်များ၊ သီလရှင်များ၊ ယောဂီသူတော်စင်များ၊ ဇီဝကမိသားစုဝင်များ၊၇ရက်သားသမီးများအားလုံး.
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ဘေးရန်ကင်းကွာ၍ ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏



#ကျန်းမာရေးအလှူတော်
#ဖားအောက်တောရဓမ္မရိပ်သာ
#ပုသိမ်မြို့

31/07/2026

🧡 (၂၂) နှစ်တိုင် ယုံကြည်အားပေးခဲ့ကြသော လူနာရှင်များနှင့် မိတ်ဆွေများအား ဇီဝကအထူးကုဆေးခန်းမိသားစုမှအထူးကျေးဇူးတင်ရှိပါသည်။

🎉 Ziwaka Medical Center (Pathein)
22 Years Anniversary Celebration 🎉

(၂၂) နှစ်ပြည့် အထိမ်းအမှတ်ကျေးဇူးတုံ့ပြန်သောအားဖြင့်.....
🎁 Anniversary Special Promotions

🔹 Endoscopy (အစာအိမ်မှန်ပြောင်း စစ်ဆေးခြင်း)
✨ 22,000 ကျပ် အထူးလျှော့ဈေး

🔹 Medical Check-up Packages အားလုံး
✨ 10% Discount

🧡အထက်ပါကျန်းမာရေးစစ်ဆေးမှုတိုင်းအတွက်ဇီဝကအမှတ်တံဆိပ်ပါရေခွက်လှလှလေး(၁)လုံး လက်ဆောင်ပေးသွားမှာပါ 🥤

📅 Promotion Period
၂၀၂၆ ခုနှစ် ဩဂုတ်လ (၁) ရက်မှ (၃၁) ရက်နေ့အထိ

🙏 (၂၂) နှစ်တိုင် ယုံကြည်စွာ လက်တွဲအားပေးခဲ့ကြသော လူနာရှင်များနှင့် မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

📞 အသေးစိတ် စုံစမ်းရန်
09 5116744,09 885201115 ,09 428550799

[email protected]
Tiktok- ziwakamedicalcenterpathein




🧠ဦးနှောက်နဲ့ အာရုံကြောဟာ ရှုပ်ထွေးတဲ့ အစိတ်အပိုင်း ဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ အရေးကြီးတဲ့ အင်္ဂါရ...
29/07/2026

🧠ဦးနှောက်နဲ့ အာရုံကြောဟာ ရှုပ်ထွေးတဲ့ အစိတ်အပိုင်း ဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ အရေးကြီးတဲ့ အင်္ဂါရပ်လည်း ဖြစ်ပါတယ်။ ဒါ့ပြင် ဦးနှောက်နဲ့ အာရုံဟာ တခြား ကိုယ်တွင်းအင်္ဂါတွေလိုပဲ ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ ဒါကြောင့် အာရုံကြောမှာ အဖြစ်များတဲ့ ပြဿနာများနဲ့ လက္ခဏာများကို လေ့လာထားသင့်ပါတယ်။

❓အာရုံကြောပြဿနာများကို ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ခွဲခြားကြည့်မယ်ဆိုရင်…….

🧠သွေးကြောရောဂါ (ဥပမာ လေဖြတ်)
ထိခိုက်ဒဏ်ရာ
🧠 မွေးရာပါ ဦးနှောက်နဲ့ အာရုံကြောရောဂါ
အဆိပ်သင့်တာ (ဥပမာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်)
🧠 အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်နဲ့ အာရုံကြောထိခိုက်လာတာ (ဥပမာ ပါကင်ဆန်၊ အယ်ဇိုင်းမား၊ အစွန်အဖျား အာရုံကြောရောဂါ၊ multiple sclerosis)
🧠 ပိုးဝင်ကူးစက်တာ (ဥပမာ ဦးနှောက်ပြည်တည်နာ၊ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်)
ဦးနှောက်အကျိတ်
အတက်ရောဂါ စတာတွေပဲ ဖြစ်ပါတယ်။

ဦးနှောက်အာရုံကြောရောဂါများနဲ့ပတ်သတ်ပြီးစစ်ဆေးချင်တယ်ဆိုရင်တော့ အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုများကိုပေးနေသော ကျွန်တော်များ..
"ဇီဝကအထူးကုဆေးခန်းကြီး"(ပုသိမ်မြို့)တွင်

ဦးနှောက် အာရုံကြောနှင့်သက်ဆိုင်သော
ရောဂါများအတွက် ....

ဦးနှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်ကြီး

ဒေါက်တာ မင်းသိန်းနိုင်

M.B.,B.S(Ygn), M.Med.Sc(Internal Medicine)
Dr.Med.Sc(Neurology)
Fellowship in Clinical Neurology
(UMMC,Malaysia)

ယခုအပတ်.....
စနေ နေ့(1.8.2025)နေ့လည် (3)နာရီ
တနင်္ဂနွေ(2.8.2025)နံနက်(11:30)နာရီ အချိန်များတွင်

လာရောက်ဆေးခန်းထိုင်မည်ဖြစ်ပါသည်။

ကြိုတင်ဘိုကင်နှင့်အသေးစိတ်သိရှိလိုပါက
အောက်ပါဖုန်းနံပတ်များသို့လဲ
မနက်( ၇ :၃၀)နာရီမှ ည (၇ :၃၀)နာရီတွင်းအောက်ပါ Hotline ဖုန်းနံပါတ်များသို့
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခဗျာ။

09-5116744
09-855201115
09-428550799


အမှတ် (၁၉၆ )မင်္ဂလာလမ်း ၊
ရွှေမုဠောဘုရားအရှေ့ဘက်မုခ်အနီး
ပုသိမ်မြို့။

"ဝါဆိုလပြည့် - စမ္မစကြာအခါတော်နေ့"ဝါဆိုလပြည့်နေ့သည် "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ ဝါဆို" ဆိုသည့်အတိုင်း ...
29/07/2026

"ဝါဆိုလပြည့် - စမ္မစကြာအခါတော်နေ့"
ဝါဆိုလပြည့်နေ့သည် "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ ဝါဆို" ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း စသည့် ထူးခြားသော ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ကြောင့်လည်း ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့တွင် (၇) ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်ဝကြပါစေကြောင်း ဇီဝကအထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

🧡ပုသိမ်မြို့မှာ နှလုံးကျန်းမာရေးအတွက် စိတ်အချရဆုံး၊ ယုံကြည်ရဆုံးနေရာကို ရှာနေပါသလား? ပုသိမ်မြို့ရဲ့ ဝါရင့်နှလုံးအထူးကုဆရ...
19/07/2026

🧡ပုသိမ်မြို့မှာ နှလုံးကျန်းမာရေးအတွက် စိတ်အချရဆုံး၊ ယုံကြည်ရဆုံးနေရာကို ရှာနေပါသလား?
ပုသိမ်မြို့ရဲ့ ဝါရင့်နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာဦးဝင်းကို နဲ့အတူ ဇီဝကအထူးကုဆေးခန်းမှလူနာတိုင်းကို နွေးထွေးစွာ ကြိုဆိုနေပါတယ်ခဗျာ။
ဆရာကြီးရဲ့ နှစ်ပေါင်းများစွာ ဝါရင့်အတွေ့အကြုံ၊ စေတနာထား ကုသမှုတွေအပြင် ဇီဝကဆေးခန်းမှာ ခေတ်မီနှလုံးစမ်းသပ်ရေးစက်ပစ္စည်းတွေ အပြည့်အစုံနဲ့ အသင့်ရှိနေတာမို့ စိတ်ပူစရာမလိုဘဲ အပြည့်အဝ စစ်ဆေးကုသနိုင်မှာပဲဖြစ်လို့ လာရောက်စစ်ဆေးကုသနိုင်ဖို့ ဖိတ်ခေါ်ပါတယ်ခဗျာ။🧡

❤️နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းလေးကို ဖြေပေးပြီး Phone Bill 5000ks ကံစမ်းလိုက်ရအောင်!

👍ဘယ်လိုပါဝင်မလဲ?ဉာဏ်စမ်းမေးခွန်းအဖြေကိုအောက်မှာ Comment ရေးပေးရုံပါပဲ။

👉Post လေးကိုတော့ like&share ထားရပါမယ်ဗျ😊

👍ဘယ်တော့ အဖြေသိရမလဲ?တနင်္လာနေ့ မနက်မှာ အဖြေမှန်နဲ့ ကံထူးရှင်တွေ random picker နဲ့(၄)ဦးရွေးပြီးကြေညာပေးသွားမှာပါ။

အဖြေမှန်လေးတွေ ဖြေဆိုရင်း နှလုံးကျန်းမာရေးဗဟုသုတလည်း ရ၊ phone billကံစမ်းမဲလည်း ပေါက်ဖို့ မမေ့နဲ့နော်။

196/မင်္ဂလာလမ်း၊ပုသိမ်မြို့။
☎️095116744,09885201115,09428550799



#နှလုံးရောဂါ

"ကျန်းမာရေးကောင်းမွန်ခြင်းဟာပျော်ရွှင်ခြင်း" ရဲ့အခြေခံအုပ်မြစ်တစ်ခုဖြစ်ပါတယ်။"ငါ့မှာ ရောဂါမှမရှိတာ၊ ဘာကြောင့်Check-up လု...
03/07/2026

"ကျန်းမာရေးကောင်းမွန်ခြင်းဟာပျော်ရွှင်ခြင်း" ရဲ့အခြေခံအုပ်မြစ်တစ်ခုဖြစ်ပါတယ်။
"ငါ့မှာ ရောဂါမှမရှိတာ၊ ဘာကြောင့်Check-up လုပ်ရမှာလဲ" လို့တွေးနေမိပါသလား?
တကယ်တော့ Medical Check-up ဆိုတာ ရောဂါကို ရှာဖွေဖို့သက်သက် မဟုတ်ပါဘူး။
"မဖြစ်သေးတဲ့ရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့" နဲ့ "မိသားစုအတွက် ပိုမိုစိတ်အေးချမ်းစွာ အချိန်တွေ ပိုင်ဆိုင်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။

👍ပုသိမ်မြို့မှာ အကောင်းဆုံး
Medical Check-up ဝန်ဆောင်မှုရယူဖို့
ဇီဝကအထူးကုဆေးခန်းကြီးကိုရွေးချယ်နိုင်ပါတယ်ခဗျာ။

✔️ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက အမြဲတမ်း ပိုမိုကောင်းမွန်ပြီး ကုန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။

🏥ဇီဝကအထူးကုဆေးခန်းကြီး (ပုသိမ်) မှာ သင့်ကျန်းမာရေးကို တစ်နေရာတည်းမှာ အသေးစိတ် စစ်ဆေးနိုင်အောင်ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။

🔹 ဘာလို့ဇီဝကမှာ စစ်ဆေးသင့်တာလဲ?
ဆရာဝန်ကြီးများ၏ ကျွမ်းကျင်မှုနှင့် ခေတ်မီနည်းပညာများ ပေါင်းစပ်ထားခြင်း။
သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် မတူညီတဲ့ Package အမျိုးအစားများစွာ ရှိခြင်း။
ပွင့်လင်းမြင်သာပြီး အသေးစိတ်ရှင်းလင်းပေးသည့် ဝန်ဆောင်မှုများကြောင့်ဖြစ်ပါတယ်။

ရွေးချယ်နိုင်တဲ့ Package တွေကတော့ -
👍Pre-Employment Package (လုပ်ငန်းခွင်မဝင်မီ စစ်ဆေးခြင်း)
👍Standard Package (ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း)
👍Advanced Package (အသက် ၅၀ ကျော်သူများအား ကျန်းမာရေးအထူးစစ်ဆေးခြင်း)
👍Cardiac Package (နှလုံးအထူး စစ်ဆေးခြင်း)
👍Comprehensive Package (ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအထူးစစ်ဆေးခြင်းနှင့်ကင်ဆာရောဂါများအား စစ်ဆေးခြင်း) တိုပဲဖြစ်ပါတယ်ခဗျ။
👇Package တခုခြင်းဆီအတွက် အသေးစိတ်အချက်အလက် စစ်ဆေးခြင်းများကို အောက်ပါပုံများဖြင့်လေ့လာကြည့်ရှုနိုင်ပါသည်။

ဒီနေ့ပဲ ဇီဝကမှာ Medical Check-up လုပ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါ။🧡

အမှတ်(၁၉၆)၊မင်္ဂလာလမ်း၊ပုသိမ်မြို့။
☎️095116744
☎️09885201115
☎️09428550799
☎️09792812898


ဦးနှောက်နဲ့ အာရုံကြောရောဂါဝေဒနာ ခံစားနေရပါသလား❓ကျွန်တော်များ ဇီဝကအထူးကုဆေးခန်းကြီး(ပုသိမ်မြို့)တွင်.....❝ ❝ ဦးနှောက်နှ...
03/07/2026

ဦးနှောက်နဲ့ အာရုံကြောရောဂါဝေဒနာ ခံစားနေရပါသလား❓

ကျွန်တော်များ ဇီဝကအထူးကုဆေးခန်းကြီး(ပုသိမ်မြို့)တွင်.....

❝ ❝ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုသမားတော်ကြီး

ဒေါက်တာ မင်းသိန်းနိုင်

M.B.,B.S(Ygn), M.Med.Sc(Internal Medicine)
Dr.Med.Sc(Neurology)
Fellowship in Clinical Neurology
(UMMC,Malaysia)❞ ကိုယ်တိုင်

ဇူလိုင်လ(၄)ရက် စနေနေ့နှင့်
ဇူလိုင်လ(၅)ရက်တနင်္ဂနွေနေ့များတွင်

လာရောက်တိုင်ပင်ဆွေးနွေးကုသပေးသွားမှာဖြစ်တာကြောင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီခဗျ။

ပြသနိုင်တဲ့ရောဂါတွေကတော့-

🔷 လေဖြတ်ရောဂါ
🔷ဦးနှောက်အကျိတ်
🔷ဦးနှောက်သွေးကြောဖောင်းခြင်း
🔷မကြာခဏ ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)
🔷 မူးဝေအားနည်းခြင်း
🔷မကြာခဏ ခေါင်းကိုက်ခြင်း
🔷 မှတ်ဉာဏ်လျော့ပါးလာခြင်း (Dementia)
🔷 ပါကင်ဆန်ရောဂါ
🔷 အတက်ရောဂါ
🔷အာရုံကြောအားနည်းခြင်း စတဲ့ ရောဂါဝေဒနာများ ခံစားနေရတယ်ဆိုရင် အမြန်ဆုံးလာရောက်ဆွေးနွေးကုသဖို့ တိုက်တွန်းပါရစေခဗျာ။

☎ 09 885201115
☎ 09 428550799

🌟အရည်သွေးထိပ်တန်း ဇီဝကဆေးခန်း 🌟

Ziwaka Medical Center
🏨 အမှတ် -၁၉၆၊မင်္ဂလာလမ်း၊ပုသိမ်မြို့။

#ဦးနှောက်

ယနေ့ကျရောက်သော "အဖေများနေ့" မှာ Ziwaka Medical Center မှ ဖေဖေတို့အားလုံး ကျန်းမာရွှင်လန်းပြီး စိတ်ချမ်းမြေ့ပါစေကြောင်း ဂ...
21/06/2026

ယနေ့ကျရောက်သော "အဖေများနေ့" မှာ
Ziwaka Medical Center မှ ဖေဖေတို့အားလုံး ကျန်းမာရွှင်လန်းပြီး စိတ်ချမ်းမြေ့ပါစေကြောင်း ဂုဏ်ပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဖေဖေတို့ရဲ့ ကျန်းမာရေးအတွက် Ziwaka Medical Center က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။

#

✨အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုများပေးနေသော ကျနော်တို့ဇီဝကဆေးခန်းကြီး(ပုသိမ်မြို့)တွင်ဆီးနှင့်ကျောက်ကပ်ဆိုင်ရာအထူးဆရာဝ...
19/06/2026

✨အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုများပေးနေသော
ကျနော်တို့ဇီဝကဆေးခန်းကြီး(ပုသိမ်မြို့)တွင်ဆီးနှင့်ကျောက်ကပ်ဆိုင်ရာအထူးဆရာဝန်ကြီးနှင့်ဦးနှောက်နှင့်အာရုံကြောဆရာဝန်ကြီးတို့မှဆွေးနွေးကုသသွားမည်ဖြစ်ပါတယ်ခဗျာ။

ဆီးနှင့်ကျောက်ကပ် ဆိုင်ရာ ရောဂါများနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက....

👨‍⚕️ဆီး နှင့် ကျောက်ကပ် ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်

ဒေါက်တာဇော်လတ်

M.B.,B.S,M.Med.Sc (Urosurgery)

ဆီး နှင့် ကျောက်ကပ်ခွဲစိတ်ကုဌာန

ကုတင် ၅၀၀ အထူးကုဆေးရုံ ရန်ကုန် မှ...

🗓️(၂၀.၆.၂၀၂၆)စနေနေ့
(၂၁.၆.၂၀၂၆)တနင်္ဂနွေနေ့
အချိန်များမှာ

ဆွေးနွေးကုသပေးမည်ဖြစ်ပါတယ်ခဗျာ။

🧠 ဦးနှောက်နှင့် အာရုံကြော ရောဂါဝေဒနာရှင်များအတွက်...

❝ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ
အထူးကုဆရာဝန်ကြီးဒေါက်တာမင်းသိန်းနိုင်

M.B.,B.S(Ygn), M.Med.Sc(Internal Medicine)
Dr.Med.Sc(Neurology)
Fellowship in Clinical Neurology
(UMMC,Malaysia)❞ မှ

(၂၀.၆.၂၀၂၆) ညနေ(၃:၀၀) နာရီ
(၂၁.၆.၂၀၂၆) မနက်(၁၁:၃၀)နာရီ
အချိန်များတွင်ဆွေးနွေးကုသသွားမည်ဖြစ်ပါတယ်ခဗျာ။

‌👉 ဆေးခန်း ပြသရန်အတွက် ဘိုကင််ယူရန် နှင့် အသေးစိတ်စုံစမ်းသိရှိလိုသည်များရှိပါက.....

🏥 ဇီဝကအထူးကုဆေးခန်းကြီး
☎️Hotline.
09-5116744
09-428550799
09-885201115

တို့ကို (မနက် ၇:၀၀မှ ည ၇:၀၀)အတွင်း

ဆက် သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခဗျာ😊

🏥 ဆေးခန်းလိပ်စာ-

အမှတ်(၁၉၆) မင်္ဂလာလမ်း၊ပုသိမ်မြို့။



Address

အမှတ် (၁၉၂/၁၉၆)မင်္ဂလာလမ်း၊ရွှေမုဠောစေတီတော်မြတ်ကြီးအရှေ့ဘက်မုခ်အနီး၊ပုသိမ်မြို့။
Pathein

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959402090069

Website

Alerts

Be the first to know and let us send you an email when Ziwaka Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ziwaka Medical Center:

Shortcuts

Share