ရှိနေမယ်

  • Home
  • ရှိနေမယ်

ရှိနေမယ် Mental health and resilience knowledge hub for children, adolescents, parents and caregivers in Myanmar

30/07/2026

ကိုယ့်ရဲ့ တိတ်ဆိတ်ခြင်းတွေကို နားလည်ပေးနိုင်ပြီး၊ မပြောလည်း အနားမှာ ရှိပေးနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတာက တန်ဖိုးရှိတဲ့ အရာတစ်ခုပါ။ 😇

ဒီနေ့ Friendship Day မှာ ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်ပေးခဲ့တဲ့ သူငယ်ချင်းတွေကို သတိရရင်း…

27/07/2026

စိတ်လေး လန်းဆန်းကြည်လင်နေစေဖို့ 🤩

၁။ ကိုယ်နှစ်သက်တဲ့အရာလေးတွေ (သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ) စတာလေးတွေကို တတ်နိုင်သမျှ လုပ်ပေးပါ။

၂။ ကိုယ့်ရဲ့ တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ ကောင်းတဲ့အရာ သေးသေးလေးတွေကအစ အသိအမှတ်ပြုပြီး ပျော်ရွှင်အောင်နေပါ။

၃။ ကိုယ့်ကို Negative energy ပေးလာမယ့်အရာတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေပါ။

၄။ ကိုယ်ပြုပြင်လို့မရတဲ့ အရာတွေအပေါ်မှာ စိုးရိမ်ပူပန်နေမယ့်အစား ကိုယ်လုပ်နိုင်တဲ့အရာလေးတွေအပေါ်မှာ ပိုပြီး အာရုံစိုက်ပါ။

၅။ ချစ်ရသူ ယုံကြည်ရသူတွေနဲ့ စကားပြောပါ၊ ခံစားချက်တွေကို ရင်ဖွင့်ပါ။

မျှော်လင့်ချက်ဆိုတာ တစ်ခဏအတွင်း ပြန်လည်ရရှိလာတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နေ့စဉ်ဘဝမှာ ကိုယ်လုပ်နိုင်တဲ့ သေးငယ်တဲ့ အပ...
24/07/2026

မျှော်လင့်ချက်ဆိုတာ တစ်ခဏအတွင်း ပြန်လည်ရရှိလာတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နေ့စဉ်ဘဝမှာ ကိုယ်လုပ်နိုင်တဲ့ သေးငယ်တဲ့ အပြုအမူလေးတွေက မျှော်လင့်ချက်ကို တဖြည်းဖြည်း ပြန်လည်ရှင်သန်လာစေနိုင်ပါတယ်။ 🤩

ဒီနေ့မှာ ကိုယ်လုပ်နိုင်တဲ့ အရာသေးသေးလေးတစ်ခုကို စတင်ကြည့်ပါ။ အဲဒီ သေးငယ်တဲ့ ခြေလှမ်းလေးတွေက ယုံကြည်မှုကို တဖြည်းဖြည်း ပြန်လည်တည်ဆောက်ပေးပြီး ရှေ့ဆက်လျှောက်လှမ်းဖို စိတ်ခွန်အားကိုလည်း တိုးပွားလာစေပါတယ်။

သေးငယ်တဲ့ ခြေလှမ်းလေးတွေကနေ စတင်ပြီး မျှော်လင့်ချက်ကို ပြန်လည်ရှာဖွေကြရအောင် 💙

ဘဝမှာ စိတ်ညစ်ရတဲ့အချိန်တွေ ၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊ မျှော်လင့်ချက်တွေ မဲ့ပြီး လက်လွှတ်လိုက်ချင်တဲ့ အချိန်တွေ လူတိုင်းမှာ ရှိဖူးကြမှာပါ။ 😞 ဒီလိုခံစားရချိန်မျိုးမှာ မျှော်လင့်ခြင်းကို ပြန်လည်တည်ဆောက်ခြင်းဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေအတွက် အရေးအကြီးဆုံး တွန်းအားတစ်ခု ဖြစ်လာနိုင်ပါတယ်။

မျှော်လင့်ချက်ကို ပြန်လည်တည်ဆောက်ဖို့ နည်းလမ်းတစ်ခုကတော့ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ဘဝရဲ့အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေခြင်းပါပဲ။ ဒီအတွက် အကောင်းဆုံးနည်းလမ်းကတော့ သေးငယ်ပြီး လက်တွေ့ကျတဲ့ ပန်းတိုင်တွေကို ချမှတ်ဖို့ ဖြစ်ပါတယ်။ 🎯 ဥပမာ - ဒီနေ့ မိနစ် ၃၀ စာအုပ်ဖတ်မယ် 📚၊ လမ်းလျှောက်ထွက်မယ် 🚶‍♀️၊ ကလေးတွေကို အချိန်ပေးမယ် အတူကစားပေးမယ် 🏸 ဒါမှမဟုတ် ကိုယ်ဝါသနာပါရာတစ်ခုခုကို လေ့လာမယ် 🎨 စသဖြင့် ကိုယ်တိုင်လည်း လိုက်လုပ်နိုင်တဲ့ လက်လှမ်းမီတဲ့ အရာလေးတွေကို ရွေးချယ်ချမှတ်နိုင်ပါတယ်။

ဒီလိုသေးငယ်တဲ့ အရာလေးတွေကို စတင်လုပ်ဆောင်ပြီး အောင်မြင်မှုလေးတွေ ရလာတဲ့အခါ အဲ့ဒီအောင်မြင်မှုလေးတွေကို သေချာအသိအမှတ်ပြုပေးပါ။ 👏 ဒါဟာ ဘဝရဲ့ ရည်ရွယ်ချက်ကို ပြန်လည်ရှာဖွေဖို့ ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် ဘဝရဲ့ အပြုသဘောဆောင်တဲ့ အရာလေးတွေ၊ အသေးငယ်ဆုံးအရာလေးတွေအပေါ် အာရုံစိုက်ပြီး ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်ကိုပါ တစ်ပြိုင်တည်း လက်တွေ့လုပ်ဆောင်နိုင်ပါတယ်။

ဒီလို သေးငယ်တဲ့ ခြေလှမ်းလေးတွေကနေစပြီး ကိုယ့်ရဲ့ မျှော်လင့်ချက်ကို ပြန်လည်ရှာဖွေကြရအောင်နော်... ✨💙

ကလေးတွေရဲ့ မျှော်လင့်ချက်တွေ ရှင်သန်လာဖို့အတွက်ဆိုရင် သူတို့လေးတွေကို လုံခြုံတယ်လို့ ခံစားရစေတဲ့ ပတ်ဝန်းကျင်၊ ယုံကြည်စိတ...
20/07/2026

ကလေးတွေရဲ့ မျှော်လင့်ချက်တွေ ရှင်သန်လာဖို့အတွက်ဆိုရင် သူတို့လေးတွေကို လုံခြုံတယ်လို့ ခံစားရစေတဲ့ ပတ်ဝန်းကျင်၊ ယုံကြည်စိတ်ချစွာ ရင်ဖွင့်နိုင်တဲ့ နေရာနဲ့ သူတို့ရဲ့ ခံစားချက်တွေကို အမှန်တကယ် နားထောင်ပေးမယ့် နွေးထွေးတဲ့ စကားဝိုင်းလေးတွေရှိဖို့တော့ လိုအပ်ပါတယ်။ 🤩

တစ်နေ့ကို မိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ် သူတို့လေးတွေနဲ့ နွေးနွေးထွေးထွေး စကားပြောပေးခြင်းက ကိုယ့်ကို နားလည်ပေးတဲ့သူ ရှိတယ် ဆိုတဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်သလို အနာဂတ်ကို မျှော်လင့်ရဲတဲ့ စိတ်ခွန်အားကိုလည်း ပျိုးထောင်ပေးနိုင်ပါတယ်။ 😇

ဒီလို နွေးထွေးတဲ့ စကားဝိုင်းတွေကနေတစ်ဆင့် -
🎯 ကလေးတွေဟာ ကိုယ့်ခံစားချက်ကို လွတ်လပ်စွာ ဖော်ပြတတ်လာမယ်။
🎯 အခက်အခဲရှိတဲ့အခါ အကူအညီတောင်းရမှာကို မကြောက်တော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လာမယ်။
🎯 အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ အဖြေကို အိမ်ဆိုတဲ့ လုံခြုံရာနေရာကနေတစ်ဆင့် သူတို့ ပုံဖော်တတ်လာပါလိမ့်မယ်။

မျှော်လင့်ချက်ဆိုတာ ကိုယ့်ရဲ့ ခံစားချက်တွေ၊
စိုးရိမ်မှုတွေနဲ့ အိပ်မက်တွေကို လုံခြုံစွာ မျှဝေနိုင်
တယ်လို့ ခံစားရတဲ့ နွေးထွေးတဲ့ စကားဝိုင်းလေးတွေကနေလည်း စတင်နိုင်ပါတယ်။ 🙆🏼‍♀️

ဒီနေ့ပဲ ကိုယ့်ကလေးနဲ့အတူ အချိန်လေးနည်းနည်းပေးပြီး မျှော်လင့်ချက်စကားဝိုင်းလေးတွေကို စတင်ကြည့်ရအောင်လား...💙

#ရှိနေမယ်

အားလပ်ရက်မှာ ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးဖို့ အကောင်းဆုံးအချိန်ပါ။ 🤩တစ်ပတ်တာလုံး ပင်ပန်းခဲ့သမျှက...
17/07/2026

အားလပ်ရက်မှာ ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးဖို့ အကောင်းဆုံးအချိန်ပါ။ 🤩

တစ်ပတ်တာလုံး ပင်ပန်းခဲ့သမျှကို ခဏလောက်နားပြီး ကိုယ့်ကိုယ်ကို ပြန်လည်ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်… 🙆🏼‍♀️

ဒီနေ့တော့ "ရှိနေမယ်" ကနေ မျှဝေထားတဲ့ အားလပ်ရက်မှာ စိတ်ရောကိုယ်ပါ အနားယူနိုင်မယ့် နည်းလမ်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် 💙

တစ်ပတ်တာလုံးမှာ အလုပ်တွေကိုယ်စီ တာဝန်တွေကိုယ်စီနဲ့ ပင်ပန်းနေကြပြီလို့ ထင်ပါတယ်။ အခုကတော့ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်လေးပေးပြီး စိတ်ရောကိုယ်ပါ ပြန်လည်အားဖြည့်ဖို့ အချိန်ရောက်ပါပြီ။ ဒါကြောင့် “ရှိနေမယ်”ကနေ အားလပ်ရက်မှာ စိတ်ရောကိုယ်ပါ အနားယူနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ 🤗

📚🎼ဝါသနာပါရာတစ်ခုခုကို အချိန်ပေးပါ အလုပ်တွေနဲ့ ဝေးရာမှာ ကိုယ်တကယ်ပျော်ရွှင်ရမယ့် အရာတစ်ခုကို လုပ်ကြည့်ပါ။ ဥပမာ - စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ပန်းချီဆွဲတာ ဒါမှမဟုတ် သီချင်းနားထောင်တာမျိုးပေါ့။ ဒါက စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။

👩‍🍳 အသစ်အဆန်းတစ်ခုခုကို လေ့လာပါ တစ်ခုခုကို အစအဆုံး လေ့လာဖို့ အချိန်မရရင်တောင်မှ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အချိန်ပေးပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာအသစ်တစ်ခုခုအကြောင်း လေ့လာကြည့်ပါ။ ဥပမာ- ဘာသာစကား၊ ဟင်းချက်နည်းအသစ် ဒါမှမဟုတ် ကိုယ်မသိသေးတဲ့ ဗဟုသုတတစ်ခုခုမျိုးပေါ့။

🏞️ သဘာဝတရားနဲ့ ထိတွေ့ပါ အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူရှိုက်တာက စိတ်ရောလူပါ လန်းဆန်းစေပါတယ်။ ပန်းခြံထဲမှာ လမ်းလျှောက်တာ၊ သစ်ပင်စိမ်းစိမ်းလေးတွေကို ကြည့်တာ ဒါမှမဟုတ် ကိုယ်အကြိုက်ဆုံးနေရာလေးတစ်ခုမှာ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။

💤လုံလောက်စွာ အိပ်စက်အနားယူပါ တစ်ပတ်တာလုံး အလုပ်တွေနဲ့ အိပ်ရေးပျက်ခဲ့တယ်ဆိုရင် အားလပ်ရက်မှာ အချိန်ပေးပြီး ကောင်းစွာအိပ်စက်ပါ။ ကောင်းမွန်တဲ့ အိပ်စက်မှုက ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်လည်အားဖြည့်ပေးပါတယ်။ အိပ်ရေးဝခြင်းက နောက်တစ်ပတ်အတွက် ခွန်အားသစ်တွေ ရရှိစေမှာပါ။

ဒီနည်းလမ်းလေးတွေက သင့်ရဲ့ အားလပ်ရက်ကို အဓိပ္ပာယ်ရှိရှိနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သင်ကရော သင့်ရဲ့ အားလပ်ရက်ကို ဘယ်လိုမျိုး အပန်းဖြေအနားယူလေ့ရှိလဲ? 🤩

#ရှိနေမယ်

“မျှော်လင့်ခြင်းဟာ မရှိမဖြစ်လိုတဲ့အရာ ဖြစ်ပြီး လက်ခံနိုင်စွမ်းဆိုတဲ့ အကာအကွယ်တစ်ခုတော့ ပါဖို့လိုတယ်။ကိုယ်ဖြစ်စေချင်တဲ့အတ...
15/07/2026

“မျှော်လင့်ခြင်းဟာ မရှိမဖြစ်လိုတဲ့အရာ ဖြစ်ပြီး လက်ခံနိုင်စွမ်းဆိုတဲ့ အကာအကွယ်တစ်ခုတော့ ပါဖို့လိုတယ်။

ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ၊ တခြားလူတွေအပေါ်မှာဖြစ်စေ၊ ရလဒ်တွေအပေါ်မှာဖြစ်စေ မျှော်လင့်ချက်တွေ အများကြီး ထားလိုက်တဲ့အခါ အဲဒီမျှော်လင့်ချက်နဲ့ လက်တွေ့ကြားက ကွာဟချက်ကပဲ ကျွန်တော်တို့ကို စိတ်ဖိစီးမှုတွေ ပိုပြီးပေးတတ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း မျှော်လင့်ခြင်းက မရှိလို့ မရဘူး။ မနက်ဖြန်အတွက် မျှော်လင့်ချက်မရှိရင် ဒီနေ့မှာ ကျွန်တော်တို့တွေ အလုပ်တွေလုပ်ဖို့၊ ကြိုးစားဖို့ အကြောင်းပြချက် မရှိတော့သလို ပန်းတိုင်မဲ့နေတဲ့ နေ့ရက်တွေမှာ လမ်းပျောက်သွားနိုင်ပါတယ်။

လိုချင်တဲ့အရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း တစ်ဖက်မှာလည်း ရလာမယ့် ရလဒ်ကို ဘယ်လိုပဲဖြစ်ဖြစ် လက်ခံနိုင်မယ့် စိတ်ကိုပါ တည်ဆောက်ထားနိုင်မယ်ဆိုရင် မျှော်လင့်ခြင်းက ကျွန်တော်တို့အတွက် တကယ့်ခွန်အားတစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်။”
Aung (U-Reporter)

#ရှိနေမယ်

ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ လူတွေဟာ မသေချာမှုတွေ၊ ပဋိပက္ခတွေ၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေနဲ့ နေ့စဉ်ဘဝရဲ့ ဖိအားတွေကို ရင်ဆိ...
12/07/2026

ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ လူတွေဟာ မသေချာမှုတွေ၊ ပဋိပက္ခတွေ၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေနဲ့ နေ့စဉ်ဘဝရဲ့ ဖိအားတွေကို ရင်ဆိုင်နေကြရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် "အရာအားလုံး အဆင်ပြေသွားမှာပါ" လို့ ယုံကြည်ဖို့ ခက်ခဲတဲ့အချိန်တွေလည်း ရှိနိုင်ပါတယ်။

ဒါပေမယ့် မျှော်လင့်ချက်ဆိုတာ အရာအားလုံး ပြည့်စုံနေမှ ရှိလာတဲ့ ခံစားချက်တစ်ခု မဟုတ်ပါဘူး။ အခက်အခဲတွေကြားမှာတောင် "နောက်တစ်လှမ်းတော့ ဆက်လှမ်းနိုင်သေးတယ်" လို့ ယုံကြည်ပြီး ရှေ့ဆက်နိုင်ဖို့ အားပေးတဲ့ စိတ်ခွန်အားတစ်ခု ဖြစ်ပါတယ်။ 🤩

သုတေသနတွေအရ မျှော်လင့်ချက်က စိတ်ဓာတ်ကျမှု၊ စွဲလမ်းမှု၊ အကြမ်းဖက်မှုနဲ့ မိမိကိုယ်ကို အန္တရာယ်ပြုလိုတဲ့ အတွေးအမြင်တွေကို လျော့နည်းစေနိုင်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ဘဝအတွက် ပိုကောင်းတဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ 😇

ဒီနေ့ ဇူလိုင်လ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ “International Day of Hope” ဟာ မျှော်လင့်ချက်ကို လူတိုင်း မွေးမြူနိုင်ပြီး သင်ယူနိုင်တဲ့ စွမ်းရည်တစ်ခုအဖြစ် အသိအမှတ်ပြုသလို၊ စိတ်ပိုင်းဆိုင်ရာကျန်းမာပျော်ရွှင်ဖို့ကို အားဖြည့်ပေးတဲ့အရာဖြစ်ကြောင်း သတိပေးတဲ့နေ့လေးပဲ ဖြစ်ပါတယ်။ 💙

#ရှိနေမယ်

ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှု၊ အပြုအမူနဲ့ ဆက်ဆံရေးပုံစံတွေဟာ ငယ်စဉ်က မိဘတွေ၊ ပြုစုစောင့်ရှောက်သူတွေနဲ့ တည်ဆောက်ခဲ့တဲ့ တွယ...
10/07/2026

ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှု၊ အပြုအမူနဲ့ ဆက်ဆံရေးပုံစံတွေဟာ ငယ်စဉ်က မိဘတွေ၊ ပြုစုစောင့်ရှောက်သူတွေနဲ့ တည်ဆောက်ခဲ့တဲ့ တွယ်တာမှုပုံစံပေါ်မှာ အခြေခံနေပါတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက်အရ တွယ်တာမှုပုံစံ (၄) မျိုး ရှိပါတယ်။

ကလေးတစ်ယောက်ရဲ့ တွယ်တာမှုပုံစံဟာ ငယ်စဉ်က အတွေ့အကြုံတွေကြောင့် ဖြစ်လာပေမယ့် အမြဲတမ်း ဒီအတိုင်းပဲ ရှိနေမှာတော့ မဟုတ်ပါဘူး။ အချိန်ကာလ၊ ပတ်ဝန်းကျင်နဲ့ နွေးထွေးတဲ့ တုံ့ပြန်မှုတွေက ပိုမိုကောင်းမွန်လာအောင် ပြောင်းလဲပေးလို့ ရပါတယ်။ 💙

Reference: The Attachment Project

#ရှိနေမယ်

မိဘတစ်ယောက်ဖြစ်ရတာဟာ ပျော်ရွှင်စရာကောင်းသလို တစ်ခါတလေမှာလည်း စိန်ခေါ်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ကလေ...
01/07/2026

မိဘတစ်ယောက်ဖြစ်ရတာဟာ ပျော်ရွှင်စရာကောင်းသလို တစ်ခါတလေမှာလည်း စိန်ခေါ်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

ကလေးတွေကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်ဖို့ဆိုရင် မိဘတွေကိုယ်တိုင်လည်း စိတ်ရော ကိုယ်ပါကျန်းမာပြီး ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။

မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့နဲ့ စိတ်ဖိစီးမှုတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 💖👨‍👩‍👧‍👦

မိဘတစ်ယောက်ဖြစ်ရတာဟာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေရှိသလို တစ်ခါတလေမှာ စိန်ခေါ်မှုတွေနဲ့လည်း ပြည့်နှက်နေတတ်ပါတယ်။ အလုပ်ကိစ္စ၊ အိမ်မှုကိစ္စ၊ လူမှုဆက်ဆံရေး အမျိုးမျိုးကြောင့် မိဘတွေ၊ ကလေးကို ပြုစုစောင့်ရှောက်နေသူတွေမှာ စိတ်ဖိစီးမှုတွေနဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ရှိတတ်ကြပါတယ်။😥 ဒီလို ခံစားချက်တွေ ဖြစ်လာတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သိထားဖို့က အရေးကြီးပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ လုပ်ဆောင်လို့ရတဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို “ရှိနေမယ်”ကနေ ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ဖိစီးနေကြောင်း သတိထားမိပါ။

မိဘဖြစ်တာဟာ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာ၊ ကျေနပ်မှုတွေရှိသလို စိုးရိမ်မှု၊ စိတ်ပူပန်မှု၊ ဖိစီးမှု စတဲ့ ခံစားချက်မျိုးစုံနဲ့လည်း ရင်ဆိုင်ရတတ်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရတာဟာ ရှောင်လွှဲလို့မရတဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ သေးငယ်တဲ့စိတ်ဖိစီးမှုက အလုပ်တွေကို အာရုံစိုက်နိုင်ဖို့၊ ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေရရှိဖို့ အထောက်အကူဖြစ်ပေမယ့် အလွန်အမင်းစိတ်ဖိစီးလာရင်တော့ စိတ်ကိုပြန်လည်သက်သာရာရအောင် လုပ်ဖို့လိုပါတယ်။ သင့်စိတ်တွေရှုပ်ထွေးနေပြီး စိတ်ဖိစီးမှုတွေ ရှိလာတယ်ဆိုတာကို သင်ကိုယ်တိုင် သတိထားမိဖို့ အရေးကြီးပါတယ်။ တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ်အနားယူဖို့ အချိန်ရောက်နေပြီဆိုတာကိုလည်း သတိပြုပါ။

၂။ ကိုယ့်အတွက် အချိန်ပေးပါ။

ကိုယ့်အတွက် တစ်နေ့ကို ၁၅ မိနစ်လောက် သီးသန့်အချိန်ပေးပါ။ မိဘအများစုက ကိုယ်ပိုင်အချိန်ယူတာဟာ ကလေးတွေကိုပေးရမယ့်အချိန်ထဲက လျော့သွားမယ်လို့ သတ်မှတ်ပြီး တစ်ကိုယ်ကောင်းများဆန်သွားမလား၊ ကလေးကို ဂရုမစိုက်ရာများကျသွားမလားလို့ စဥ်းစားတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှသာ ကလေးတွေကို အရည်အသွေးပြည့်ဝတဲ့ ဂရုစိုက်စောင့်ရှောက်မှုမျိုးပေးနိုင်မှာပါ။ မိမိကိုယ်ကိုဂရုစိုက်တာဟာ ကလေးတွေအတွက်လည်း စံနမူနာဖြစ်စေပြီး သူတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာစေပါတယ်။

၃။ နေ့စဉ်ဘဝမှာ သေးငယ်တဲ့ ဂရုစိုက်မှုလေးတွေ ပြုလုပ်ပါ။

ခဏတဖြုတ် လမ်းလျှောက်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့တာ၊ ကိုယ်နှစ်သက်တဲ့အရာလေးတွေလုပ်တာတွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ဒီလိုအလေ့အကျင့်လေးတွေက စိတ်နဲ့ခန္ဓာကို ပြန်လည်အားပြည့်စေပြီး ပိုမိုလန်းဆန်းတက်ကြွစေမှာပါ။

၄။ အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့။

ကိုယ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ၊ ခံစားချက်တွေကို မိသားစု သို့မဟုတ် ကိုယ်ချစ်ခင်ယုံကြည်ရတဲ့သူတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ ဒီလိုတွေ ခံစားနေရတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ကိုယ့်ဘေးနားမှာကူညီနိုင်မယ့်သူတွေရှိနေတာကို သတိရပါ။ လိုအပ်ရင် ကျွမ်းကျင်သူတွေနဲ့လည်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

မိဘတွေ၊ ကလေးကို ပြုစုစောင့်ရှောက်နေသူတွေအနေနဲ့ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ အထူးလိုအပ်ပါတယ်။ ကိုယ်တိုင်က ပျော်ရွှင်ကျန်းမာနေတဲ့အခါ ကိုယ်ချစ်ရသူတွေနဲ့ ဆက်ဆံရေးကလည်း ပိုမိုအဆင်ပြေပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ 👨‍👩‍👧‍👦💖

လူတွေဟာ စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုနဲ့ မသေချာမရေရာတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်ရဲ့ အရေးပါသူတွေဆီကနေ နှစ်သိမ့်...
29/06/2026

လူတွေဟာ စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုနဲ့ မသေချာမရေရာတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်ရဲ့ အရေးပါသူတွေဆီကနေ နှစ်သိမ့်မှုနဲ့ လုံခြုံမှုကို ရှာဖွေတတ်ကြပါတယ်။ 😇

ဒီအလေ့အကျင့်ဟာ ငယ်စဉ်ကလေးဘဝကတည်းက စတင်ခဲ့တာဖြစ်ပြီး မိဘတွေ၊ ပြုစုစောင့်ရှောက်သူတွေဆီက ရခဲ့တဲ့ ဂရုစိုက်မှု၊ တွယ်တာမှုအပေါ် မူတည်ကာ မိမိကိုယ်ကိုတန်ဖိုးထားမှု၊ အခြားသူများအပေါ် ထားရှိတဲ့ ယုံကြည်မှုပုံစံတွေ တည်ဆောက်ဖြစ်တည်လာတာ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေက လူတစ်ယောက်ရဲ့ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုလို ဖြစ်နေပြီး ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ရမယ့် လူမှုပေါင်းသင်းဆက်ဆံရေးတွေ၊ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတဲ့ ပုံစံကိုပါ ပုံဖော်ပေးသွားတာ ဖြစ်ပါတယ်။

စိတ်ပညာမှာတော့ ဒါကို “Attachment Theory” (တွယ်တာမှုသီအိုရီ) လို့ ခေါ်ပြီး စိတ်ပညာရှင် John Bowlby ဖော်ထုတ်ခဲ့တဲ့ သီအိုရီတစ်ခု ဖြစ်ပါတယ်။

မိဘတွေ၊ ပြုစုစောင့်ရှောက်သူတွေအနေနဲ့ ဒါတွေကို သိထားတဲ့အခါ
✅ ကလေးရဲ့ စိတ်ခံစားချက်တွေကို ပိုပြီး နားလည်ပေးနိုင်လာမယ်။
✅ ကလေးနဲ့ မိဘကြားက သံယောဇဉ်ကို ပိုခိုင်မြဲအောင် တည်ဆောက်နိုင်မယ်။
✅ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း မှန်ကန်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ပါတယ်။

ဆိုတော့ attachment theory ဆိုတာ ဘာလဲ။ သူတို့လေးတွေနဲ့ သင့်ကြားက သံယောဇဉ်နှောင်ကြိုးက ဘယ်လိုအမျိုးအစားထဲမှာ ရှိနေမလဲ။

ဖေဖေမေမေတို့ရဲ့ ပြုစုပျိုးထောင်မှုတွေက သူတို့လေးတွေရဲ့ အနာဂတ်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေသလဲဆိုတာကို သိရှိနိုင်ဖို့ နောက်ရက်တွေမှာ Attachment ပုံစံ (၄) မျိုးအကြောင်းကို အသေးစိတ် ရှင်းပြပေးသွားမှာဖြစ်လို့ Page လေးကို စောင့်ကြည့်ပေးဖို့ မမေ့နဲ့နော်…💙

Ref: The Attachment Project

#ရှိနေမယ်
#တွယ်တာမှုသီအိုရီ

Address


Website

Alerts

Be the first to know and let us send you an email when ရှိနေမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your practice to be the top-listed Clinic?

Share