Aung Specialist Clinic အောင်အထူးကုဆေးခန်း

  • Home
  • Aung Specialist Clinic အောင်အထူးကုဆေးခန်း

Aung Specialist Clinic  အောင်အထူးကုဆေးခန်း Best medical services at once.

🏥 ဆီးပိုက်၊ နှာခေါင်းပိုက် ထည့်ထားတဲ့ လူနာတွေအတွက် အိမ်မှာ ဘာတွေကို သတိထားရမလဲ? မိသားစုထဲမှာ ဆီးပိုက်၊ နှာခေါင်းပိုက် ထည...
05/01/2026

🏥 ဆီးပိုက်၊ နှာခေါင်းပိုက် ထည့်ထားတဲ့ လူနာတွေအတွက် အိမ်မှာ ဘာတွေကို သတိထားရမလဲ?

မိသားစုထဲမှာ ဆီးပိုက်၊ နှာခေါင်းပိုက် ထည့်ထားရတဲ့ လူနာရှိနေပြီဆိုရင် လူနာရှင်တွေအနေနဲ့ တော်တော်လေး စိုးရိမ်ပူပန်တတ်ကြတာ နားလည်ပါတယ်ခင်ဗျာ ....

ပိုက်တွေဆိုတာက လူနာအတွက် အသက်ဆက်ဖို့နဲ့ သက်တောင့်သက်သာဖြစ်ဖို့ ကူညီပေးတာဖြစ်ပေမယ့် စနစ်တကျ မကိုင်တွယ်တတ်ရင်တော့ ပိုးဝင်တာမျိုးနဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဆရာ့အနေနဲ့ အိမ်မှာတင် ဂရုစိုက်လို့ရမယ့် အရေးကြီးတဲ့ အချက်လေးတွေကို ပြောပြပေးပါရစေ ....

👃 နှာခေါင်းပိုက်ကနေ အစာကျွေးတဲ့အခါ အဓိက သတိထားရမှာက "အဆုတ်ထဲ အစာမဝင်သွားဖို့" ပါပဲ။

📌 အစာမကျွေးခင် လူနာကို အနည်းဆုံး ၄၅ ဒီဂရီလောက် ထောင်ထိုင်လျက် အနေအထား ဒါမှမဟုတ် ခေါင်းအုံးမြင့်မြင့်လေးခုပြီး ထားပေးပါ။ အစာကျွေးပြီး နာရီဝက်လောက်အထိ လှဲမချလိုက်ပါနဲ့။
📌 အစာမကျွေးခင်မှာ ပိုက်က နေရာမှန်ရဲ့လားဆိုတာ အမြဲကြည့်ပါ။
📌 အစာကျွေးပြီးတိုင်း ရေနွေးကျက်အေးလေးနဲ့ ပိုက်ကို ဆေးချပေးပါ။ ဒါမှ ပိုက်ထဲမှာ အစာတွေပုပ်ပြီး ပိတ်မသွားမှာပါ။

အခုပြောပြသွားတဲ့ အချက်တွေကတော့ နှာခေါင်းပိုက်ထည့်ထားတဲ့လူနာတွေအတွက် သတိထားစေချင်တဲ့အချက်တွေပါ ....

💧 ဆက်လက်ပြီးဆီးပိုက်ထည့်ထားတဲ့ လူနာတွေအတွက် ဘာတွေကို သတိထားရမလဲဆိုတာ ပြောပြပေးပါ့မယ် ....

ဆီးပိုက်ရဲ့ အကြီးမားဆုံး ရန်သူက "ပိုးဝင်ခြင်း" ပါ။

📍ဆီးပိုက်ကို ဂရုစိုက်ခြင်းရဲ့ ပထမဆုံးအချက်က ဆီးအိတ်ရဲ့ အနိမ့်အမြင့်ကိုကြည့်ရပါမယ်။ ဒါက အရေးကြီးဆုံးပါပဲ။ ဆီးအိတ်ကို လူနာရဲ့ ဆီးခုံထက် အမြဲတမ်း နိမ့်တဲ့နေရာမှာပဲ ထားရပါမယ်။ ဆီးအိတ်က ဆီးတွေ လူနာဆီ ပြန်စီးသွားရင် ပိုးဝင်ဖို့ ရာခိုင်နှုန်း တော်တော်များသွားလို့ပါ။

📍နောက်တစ်ချက်က ကြမ်းပြင်နဲ့ မထိပါစေနဲ့။ ဆီးအိတ်ကို ကြမ်းပြင်ပေါ်မှာ ဒီအတိုင်း ချမထားပါနဲ့။ ချိတ်လေးနဲ့ ချိတ်ထားပေးပါ။

📍ပိုက်ထည့်ထားတဲ့ နေရာတစ်ဝိုက်ကို ရေနဲ့ ဆပ်ပြာအပျော့စားသုံးပြီး တစ်နေ့ အနည်းဆုံး (၂) ကြိမ် သန့်ရှင်းရေး လုပ်ပေးပါ။

⚠️ဘယ်လိုအချိန်မျိုးမှာ ဆရာဝန်နဲ့ အမြန်ပြရမလဲ?
အိမ်မှာ ပြုစုနေရင်း အောက်ပါလက္ခဏာတွေတွေ့ရင် နီးစပ်ရာ ဆေးခန်း ဒါမှမဟုတ် ဆရာဝန်ဆီ ချက်ချင်းပြပါ ....

- လူနာက ချမ်းတုန်ပြီး ဖျားလာခြင်း
- ဆီးအရောင် နောက်လာခြင်း၊ သွေးပါခြင်း ဒါမှမဟုတ် အနံ့အရမ်း နံလာခြင်း
- ပိုက်ကနေ အစာကျွေးလို့မရဘဲ ပြန်လျှံထွက်လာခြင်း
- ပိုက်ပတ်ပန်းကျင်မှာ နီရဲပြီး ရောင်ရမ်းလာခြင်း
- ပိုက် အမှတ်မထင် ကျွတ်ထွက်သွားခြင်း စတဲ့ အခြေအနေတွေမှာ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးပြရပါမယ် ...

👨‍⚕️ လူနာကို ချစ်တဲ့စိတ်နဲ့ ဂရုစိုက်ပေးနေတဲ့ မိသားစုဝင်တွေ အားလုံးဟာလည်း လူနာအတွက်တော့ သူရဲကောင်းတွေပါပဲ။

👨‍⚕️ စနစ်တကျ ပြုစုပေးခြင်းဖြင့် လူနာတွေ အမြန်ဆုံး သက်သာလာပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ ...

အောင် အထွေထွေရောဂါအထူးကုဆေးခန်း

ဘုရင့်နောင်လမ်း၊ အောင်ချမ်းသာ (၂)စျေးရှေ့၊
သန်လျင်မြို့။

☎️ 09960948345




#ဆီးပိုက်နှာခေါင်းပိုက်ပြုစုနည်း

Address

ဘုရင့်နောင်လမ်း အောင်ချမ်းသာ ၂ စျေးရှေ့ သန်လျင်မြို့

Telephone

+95966023657

Website

Alerts

Be the first to know and let us send you an email when Aung Specialist Clinic အောင်အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Specialist Clinic အောင်အထူးကုဆေးခန်း:

Shortcuts

  • Want your practice to be the top-listed Clinic?

Share