Dr Ariel

Dr Ariel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr Ariel, Doctor, အမှတ်၃၉၂ အနောက်နေကျေိာတန်းလမ်း ရွာဘဲရပ် ပြည်မြို့, .

Dr Arielကနေ  ြောင်ကြီးမဖြစ်သွားဖို့သင်ထောက်ကူပစ္စည်း၂ခုနဲ့ 🤭 #ဆံပင်ကျွတ်တာနဲ့ဘောက်ထတာ နှစ်မျိုးလုံးရှိတဲ့သူတွေဆို ဒီ ၂ မ...
05/09/2026

Dr Arielကနေ ြောင်ကြီးမဖြစ်သွားဖို့
သင်ထောက်ကူပစ္စည်း၂ခုနဲ့ 🤭

#ဆံပင်ကျွတ်တာနဲ့ဘောက်ထတာ နှစ်မျိုးလုံးရှိတဲ့သူတွေဆို
ဒီ ၂ မျိုးက ကယ်တင်ရှင်ပဲ🤍✌✌
ပထမတခုက ထွက်တာမကြာသေးဘူး ၄ခါလောက်တော့ရှိပီ
သုံးနေတာ မဆိုးဘူးရယ်

🧡 LILYEVE Grow:Turn Exosome Brush Ampoule

ဒါလေးက ampoule type ဆိုပေမယ့် စေးကပ်ကပ်မနေဘူး
မပျစ်ဘူး ခပ်သွက်သွက်ကလေးပဲ💐💐
လိမ်းတာလက်လွန်ရင်တော့ပူရှိန်းရှိန်းဖြစ်တယ် 🌲
အရမ်းလိမ်းစရာမလိုဘူးနော်❌
တအားပူသွားမှာစိုးလို့

ဆံပင်ကျွတ်တာ၊ ဆံပင်ပါးလာတာနဲ့ ဦးရေပြားဘောက်ထတာတွေကို
Focusလုပ်ထားတယ် ဒီ ampouleလေးက

သူ့ရဲ့အားသာချက်က brush applicator ပါတာ ဖြစ်လို့
ဦးရေပြားပေါ်ကို တိုက်ရိုက်လိမ်းရလွယ်ပြီး လိမ်းရင်းနဲ့ scalp massage လုပ်ပေးသလိုဖြစ်တယ်🌻🌻

plant exosome 3 မျိုး ပါဝင်တယ်လို့ ဖော်ပြထားပြီး
ဆံပင်ပါးတဲ့သူတွေ နဲ့ ဦးရေပြားကျန်းမာရေးကို ကို
အဓိကထားထုတ်ထားပါတယ်🦋🦋
ဘူးလတ် 30ml လေးလဲထွက်လို့ စမ်းကြည့်သင့်တဲ့
Product တခုပါ✅✅

ကဲနောက်တခုကတော့ old but gold ဖြစ်တဲ့
💚 SOME BY MI Cica Peptide Scalp Tonic

#ဘယ်ဟာအသစ်တွေပေါ်ပေါ် #သူ့ကိုဝယ်ကိုဝယ်ထားရတယ်
၄ဘူးမြောက်ပါ ဒါလေးက ၂သောင်းကျော်ခေတ်ထဲကသုံးဖြစ်

Spray typeဆိုတော့ userfriendlyတော်တော်ဖြစ်လို့
အချိန်မရတဲ့နေ့မျိုးဆို ဒီဘူးကိုပဲယူဖြန်းဖြစ်တယ်

သူလဲပူရှိန်းရှိန်းလေးပဲ ကိုယ်တော့ကြိုက်တယ် stressပါပြေသေး

Cica + Peptide ပါပြီး ဦးရေပြားပူတာ၊ ယားယံတာ ဘောက်ထတာတွေ
သက်သာတယ် ဦးရေအဆီပြန်တာလဲသက်သာတယ် ဆံပင်ကျွတ်တာလဲ အနည်းငယ်တော့သက်သာတယ်✅✅

ဆံပင်ကျွတ် + ဘောက်ထ + ဦးရေပြားပူတတ်တာ❄ တွေရှိရင်
ဒီ combo လေးကို scalp care အနေနဲ့ စမ်းသုံးကြည့်ကြောင်း
တလှည့်စီ စိတ်ကူးပေါက်သလိုသုံးပါတယ် Drကတော့💫

နောက် review post လေးတွေမှာ ပြန်လည်တွေ့ဆုံကြမယ်နော်
Your SkinFriendly Dr💫💫
⭐⭐ Dr Ariel⭐⭐

🩷 ဒီနေ့ Dr. Ariel ရဲ့ Hydration Pickကိုယ်တွေလိုအသက်၃၀ ကျော် စိတ်ဖိစီး အလုပ်များတဲ့သူတွေအတွက်အကြိုက်တွေ့လာမယ့် Toner pad ...
30/08/2026

🩷 ဒီနေ့ Dr. Ariel ရဲ့ Hydration Pick
ကိုယ်တွေလိုအသက်၃၀ ကျော် စိတ်ဖိစီး အလုပ်များတဲ့သူတွေအတွက်
အကြိုက်တွေ့လာမယ့် Toner pad 💟

Skinမွဲညစ်နေပီဆို exfoliating(ဂျီးချွတ်)လုပ်တာကိုပဲ
အားသန်ကြတာများပါတယ် မှန်ပါတယ် ဒါပေမယ့် တခါတရံမှာ
Skin barrier ကိုမထိခိုက်စေဘဲ
hydration နဲ့ soothing care ကို
မှန်မှန်ပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။✅

အဲ့တာကြောင့်မလို့ အလုပ်အားရက်တွေမှာ
Skinလေးကို ရေဓာတ်ဖြည့်ပေးပြီး Skin ကို အနားပေးဖြစ်ပါတယ်
(Stepတွေအများကြီးမသုံးပဲ)

ဒီနေ့သုံးဖြစ်တာက I’M FROM Beet Refresh Pad 🍠

Pad လေးက ကြီးပြီး essence စိုစိုလေးမို့ ပါးပေါ်မှာကပ်ပြီး
quick mask အနေနဲ့သုံးရတာ သဘောကျတယ်။

✨ Hydration ပေးတယ်
✨ Dry & dull skin ကို စိုပြေစေတယ်
✨ Skin ကို soothing လုပ်ပေးတယ်
✨ နူးညံ့ပြီး fresh ဖြစ်စေတယ်

အထူးသဖြင့် dehydrated ဖြစ်နေတဲ့နေ့၊
skin ပင်ပန်းနေတဲ့နေ့တွေမှာ skincare steps အများကြီးမလုပ်ဘဲ
ဒီလို gentle hydration လေးပေးတာလည်း ကောင်းပါတယ်။ 🩷
ပေါက်လာဦးမယ့် Toner padလေးပါ

Sometimes, your skin just needs hydration & rest.

— Dr. Ariel🍀🍀

ရန်ကုန်ရောက်တုန်း လမ်းမှာတွေ့တဲ့ ဆိုင်လေးတဆိုင်က
ဝယ်လာဖြစ်ခဲ့တာပါ ဆိုင်နာမည်မမှတ်မိလို့
မြန်မာ official ဖြစ်တဲ့
I'm From Myanmar Exclusive ကိုတချက်မေးကြည့်ပါလို့
ပစ္စည်းအတုမိမှာစိုးလို့🩷🩷

နောက်postတွေမှာ ပြန်တွေ့ကြမယ်နော်😘

26/08/2026

ကိုယ့်ရဲ့skintypeနဲ့ လုံးဝမကိုက်တဲ့
လိုင်းပေါ်trendသမျှ ပစ္စည်းတွေဝယ်သုံးမိတော့
အဖုတွေအမြဲမပြတ်နေတဲ့အမကို

ဆေးခန်းက ဆေးလေးတွေနဲ့
Skincareကိုက်တာ
ပြောင်းပေးလိုက်တော့
#တလအတွင်းအဖုတွေသက်သာသွားရော ✅

ချွေးပေါက်ကျယ်တာအတွက် retinolလေး
စပီး ထည့်ပေးနေပါပီ🥳

နောက်လတွေမှာ ပိုကောင်းတဲ့resultလေးတွေ
ကြည့်ကြမယ်နော်🥰🥰

Your SkinFriendly Dr✅
Dr.Ariel ⭐⭐
_________________________________________
Online Consultation Viber no
09799095068✅
ဖုန်းမခေါ်ကြပါနဲ့နော် စာပဲပို့ထားပေးပါ😘

20/08/2026

Drတို့လို အဆီဖုသမားတွေ Acne Prone Skinတွေအတွက်က
မိတ်ကပ်နဲ့က ရန်သူလိုပဲ မိတ်ကပ်လိမ်းတာ ရက်ဆက်သွားရင်
အဖုတွေပေါက်လာပြန်ရော😑

ကိုယ်ကလဲအပြင်လေးဘာလေးသွားတော့
လှချင်တာပေါ့နော့ သူများတွေလို

ခုတော့ BiodermaကPhotoderm Xdefense Ultra fluid
No1လေးနဲ့ အိုကေစိုပြေနေတယ်⭐⭐⭐

Moisture skipပီးလိမ်းဖြစ်တယ်✅
အပေါ်က Banana Powderလေးနဲ့ အလိုက်ဖက်ဆုံးပဲ

ပေါ့ပေါ့ပါးပါး natural lookလေးလဲရ
Poresတွေပိတ်ပီးလဲ အဖုအသစ်ထပ်ထွက်မလာဘူး

နေ့တိုင်းတော့မလိမ်းဖြစ်ပါဘူး နေ့လည်အပြင်သွားဖြစ်တဲ့နေ့မှ
လိမ်းပါတယ် ⭐⭐

Moisture skipပီးလိမ်းရင် သိပ်အဆီမပြန်ဘူး
4hrs လောက်အေးဆေးခံတယ်

အရမ်းအဆီပြန်တဲ့သူဆိုရင်တော့
powderလေး.အပေါ်ကထပ်ထပ်ပုတ်ပေးပေါ့
ပြန်ပြန်ပီး🧡🧡✅

Drလိမ်းပြထားတာ 🤎 Shade 01 လေးပါ

natural-looking finish လေးရစေပြီး
makeup base အနေနဲ့လည်း သုံးလို့ကောင်းပါတယ်။
🌿 Non-comedogenic

ချွေးပေါက်ပိတ်ပြီး ဝက်ခြံဖြစ်စေဖို့ အလားအလာနည်းအောင် formulation ပြုလုပ်ထားတာကြောင့် acne-prone skin တွေအတွက်
မဆိုးဘူးတကယ်

Sun Protection + Pollution Protection + Hydration + Natural Tint ကို တစ်ခါတည်းလိုချင်တဲ့သူတွေအတွက် နေ့စဉ်သုံးလို့ကောင်းတဲ့ sunscreen လေးပါ။ ☀️🤍

စမ်းကြည့်ကြပါ 🥰🥰🥰

See u in next videos🥰🥰
Your SkinFriendly Dr
⭐⭐Dr.Ariel⭐⭐




2026မှာ Acne-prone skin အတွက် Drအကြိုက်ဆုံး⭐⭐⭐ Sunscreen ၃မျိုး⭐⭐⭐Acne prone skinတွေမှာ  ်ပဲအရွေးမှားရင် အဖုပိုထွက်တတ်လိ...
18/08/2026

2026မှာ Acne-prone skin အတွက် Drအကြိုက်ဆုံး
⭐⭐⭐ Sunscreen ၃မျိုး⭐⭐⭐

Acne prone skinတွေမှာ ်ပဲ
အရွေးမှားရင် အဖုပိုထွက်တတ်လို့ပဲ

Suncreenတခုချင်းစီတိုင်းဟာ texture နဲ့ finish မတူကြလို့
ကိုယ့်အသားအရေအလိုက်မှန်ကန်တာရွေးမိဖို့ အရမ်းအရေးကြီးပါတယ်
✅✅✅✅✅✅✅

1️⃣ Bioderma Photoderm AKN Mat SPF30
________________________________________
ဒါလေးက ရွက်ပုန်းသီးလေး ဘယ်သူမှလဲသိပ်မကြော်ငြာသလို
Reviewပေးတာလဲရှားတယ်

ဝက်ခြံလူနာတွေကိုကုလာတာများလာတော့ ဒါလေးနဲ့
လူတရာမှာ 70လောက်ကပြေကြတယ်

လိမ်းလိုက်ရင်တအားအဆီမပြန်ဘူး
Matte finish နီးပါးသွားတယ်✅
✨ အဆီပြန်လွယ်သူ
✨ Acne-prone skin
✨ Matte finish ကြိုက်သူ
✨ နေ့ခင်းဘက် မျက်နှာအဆီထွက်တာများသူ
တွေဆို ဒါလေးကို စမ်းကြည့်သင့်တယ်နော်
________________________________________

2️⃣ SKIN1004 Madagascar Centella Hyalu-Cica Water-Fit Sun Serum SPF50+ PA++++
💦💦💦❄❄❄

“အဆီအရမ်းပြန်တဲ့သူတော့ သွားမလိမ်းနဲ့
မျက်နှာပြောင်တိုက်နေသလိုပဲ🤭🤭ပြောင်ပြောင်
ပြောင်ပြောင်နဲ့😁😁

Sunscreen ဆိုပေမယ့် serum လို ပေါ့ပါးပြီး စိုစိုလေးဖြစ်တဲ့ texture ဘက်သွားပါတယ်။🌸🌸

Centella နဲ့ Hyaluronic Acid ပါဝင်တာကြောင့် အသားအရေကို hydration လိုနေတဲ့သူတွေ၊ Acne treatment သုံးနေလို့ skin ခြောက်လာတဲ့သူတွေမှာ ပိုစဉ်းစားလို့ကောင်းပါတယ်။

✨ Combination skin
✨ Dehydrated acne-prone skin
✨ Skin barrier အားနည်းပြီး ခြောက်နေသူ
✨ Lightweight & hydrating finish ကြိုက်သူ
တွေဆို ဒါလေးက သုံးကြည့်သင့်တဲ့အထဲပါပါတယ်
စျေးလဲfairဖြစ်တယ် အတုတော့ထွက်တဲ့အတွက်
Authentic skincare shopတွေမှာ ဝယ်ပါနော်
_________________________________________

3️⃣ numbuzin No.1 Clear Filter Sun Essence SPF50+ PA++++🍀🍀🌿🌿
“နောက်ဆုံးတစ်မျိုးက numbuzin No.1 Clear
Filter Sun Essence ပါ။
အရမ်းကြိုက်တယ် စျေးလေးပဲနည်းနည်းကြီးသလိုလိုလေးဖြစ်
အဲ့တာလေးပဲမကြိုက်တာ🤭ဒါပေမယ့် သူ့brandအနေအထားက
ဒီစျေးတန်းတော့သွားမှာပဲ ကောင်းတာကိုးbrandက

ဒီတစ်မျိုးမှာ Cica နဲ့ Hyaluronic Acid ပါပြီး
texture ကလည်း essence type ဖြစ်လို့
ပေါ့ပေါ့ပါးပါးနဲ့ စိုပြေတဲ့ finish ဘက်သွားပါတယ်။

Acne-prone ဖြစ်ပေမယ့်
အသားခြောက်တာ၊ရေဓာတ်နည်းတာမျိုးရှိပြီး
matte sunscreen တွေသုံးရင်
မျက်နှာတင်းတင်းခြောက်ခြောက်ဖြစ်တတ်တဲ့သူတွေ စဉ်းစားလို့ရပါတယ်။

✨ Normal to combination skin
✨ Dehydrated acne-prone skin
✨ Hydrating finish ကြိုက်သူ
✨ Sunscreen အထူကြီးမကြိုက်သူ
တွေအတွက် option တစ်ခုပါ။”

💚 ဘယ်ဟာရွေးမလဲ?
“အတိုချုပ်ပြောရရင်—

အဆီအရမ်းပြန် + Matte finish ကြိုက်✅ → Bioderma AKN Mat
Acne skin + ရေဓာတ်နည်း + Serum texture ကြိုက် → SKIN1004 Hyalu-Cica💦💦

ပေါ့ပါးပြီး စိုပြေတဲ့ Essence finish ကြိုက် → numbuzin 🍀

“ဝက်ခြံရှိလို့ Sunscreen မလိမ်းဘဲ မနေပါနဲ့နော်။
နေရောင်က ဝက်ခြံ ထွက် ပြီးနောက်ကျန်တဲ့
အမည်းစက်တွေ ပိုမည်းလာစေနိုင်ပါတယ်။
_________________________________________

ကိုယ့် skin type ဘာလဲ မသိရင်လက်ရှိသုံးနေတဲ့
Suncreenမှန်မမှန်သိချင်ရင်
Comment မှာ မေးခဲ့လို့ရပါတယ်။ 💚”

နောက်postလေးတွေမှာ ပြန်လည်တွေ့ဆုံကြမယ်နော်
ပစ္စည်းကောင်းလေးတွေကို ဆက်လက်ဝေမျှပေးမယ့်

Your SkinFriendly Dr🌸
⭐⭐ Dr.Ariel⭐⭐

မှိုလေးတွေရော🍄 ပန်းလေးတွေပါ🌺 သုံးလို့ရတဲ့⭐ Yoon Care Inner Cleanser⭐ခရီးသွားရင်း သုံးနေကျ feminine washကုန်သွားတော့ နီးစ...
15/08/2026

မှိုလေးတွေရော🍄 ပန်းလေးတွေပါ🌺 သုံးလို့ရတဲ့
⭐ Yoon Care Inner Cleanser⭐

ခရီးသွားရင်း သုံးနေကျ feminine washကုန်သွားတော့
နီးစပ်ရာcosmetic shopမှာ
yoon careလေးတွေ့တာနဲ့
ဝယ်လိုက်မိတယ် အကြမ်းသုံးလိုက်မယ်ပေါ့.ခရီးသွားတုန်း

First impression မှာတင်
Wow Wow Wow💫💫
________________________
Foamလေးတွေကတော်တော်ကိုနူးညံ့တာပါ
ဆေးချပီးရင်လဲ အိစက်စက်လေးကျန်တယ်
ခြောက်ကပ်မသွားဘူး🌺🌺
အရင်ဘူးတောင် ထပ်မဝယ်မိတော့ဘူး
Yoon Careလေးနဲ့ပဲအရမ်းအဆင်ပြေနေလို့

တခုပြောချင်တာကလေ✅✅
ပန်းလေးတွေကို ဆေးကြောတဲ့အခါမှာ
အတွင်းထဲထိနှိုက်ဆေးစရာ
မလိုပါဘူးနော်❌

အသာအယာလေး ဖွဖွ အပေါ်ယံလေးဆေးပေးပါ
တရက်ခြားတခါလောက်ဆို လုံလောက်ပါပီ

Yoon Careလေးကတော့ mildဖြစ်တော့
နေ့တိုင်းသုံးလဲရတယ်✅

အနံ့ဆိုးတွေအရမ်းထွက်နေတယ် အဖြူဆင်းနေတဲ့သူများကတော့
ဆေးခန်းပြပါနော် ဒါပဲသုံးမနေပဲ📣📣
________________________________

Reviewရေးမယ်ဆိုပီး လေ့လာမိတော့ ထပ်wow
Unisex ရတယ်ရော🥳🥳

“Yoon Care Inner Cleanser Is
Gentle Intimate Care for Men & Women” ပါ🥰

မှိုလေးတွေအတွက်ပါ သုံးလို့ရတယ်ဆိုတော့
လင်မယား အတွဲလေးတွေအတွက် အိုကေစိုပြေပေါ့ကွာ
တဘူးပဲဝယ်ရုံပဲ
လူပျိုလေးတွေလဲ ဝယ်သင့်တယ်နော်🤭🤭

ယောကျာ်းလေးတွေက
အရေပြားမဖြတ်ထားသူဆိုရင် fo****in ကို
နောက်သို့ညင်သာစွာဆွဲပြီး သန့်စင်ပေးပါ

ဆီးထွက်ပေါက်အတွင်းသို့ cleanser မထည့်ပါနဲ့။
❌❌
ပြင်းပြင်းထန်ထန်ပွတ်တိုက်တာလည်း မလုပ်သင့်ပါဘူး။
ပြီးရင် ရေနဲ့ cleanser မကျန်အောင် သေချာပြန်ဆေးချပါ။

သန့်ရှင်းတဲ့ towel နဲ့ ပွတ်မသုတ်ဘဲ ဖိသုတ်ပြီး
ခြောက်အောင်ထားပါ။

Fo****in ရှိရင် မူလနေရာကို ပြန်ထားပေးပါ။
နေ့တိုင်းမလိုပါဘူး ၂ရက်ခြားလောက်သုံးရင်ကိုရပါပီ✅
________________________________________
Personal Hygiene က ကျား/မ မရွေး အရေးကြီးပါတယ်။
💫💫💫💫

အထူးသဖြင့် intimate area က ပူအိုက်ခြင်း၊ ချွေးထွက်ခြင်း၊ အဝတ်အစားကြပ်ကြပ်ဝတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကြောင့် စိုစွတ်ပြီး
အနံ့ဆိုးထွက်နိုင် ဆီးလမ်းကြောင်းပိုးဝင်နိုင်ပါတယ်

ဒါကြောင့် Yoon Care Inner Cleanser ကို မိန်းကလေးတွေသာမက ယောကျာ်းလေးတွေလည်း သန့်စင်ဖို့ အသုံးပြုနိုင်ပါတယ် 🫧

ဒါပေမယ့် ဆရာဝန်အနေနဲ့ သတိပေးချင်တာက — Inner cleanser ဆိုတာ အတွင်းပိုင်းကို ဆေးကြောဖို့မဟုတ်ပါဘူး။
ပြင်ပနေရာကိုသာ နူးညံ့စွာ သန့်စင်ဖို့ အသုံးပြုသင့်ပါတယ်။✅

ယားယံခြင်း၊ ပူစပ်ခြင်း၊ အနံ့အသက်ပြင်းခြင်း၊ အရည်ဆင်းပုံမမှန်ခြင်း စတဲ့ လက္ခဏာတွေရှိနေရင်
ဆရာဝန်နဲ့ စစ်ဆေးတိုင်ပင်ပါနော်🩺

✨ Good hygiene has no gender.🥰

ဝယ်ယူမယ်ဆိုရင်တော့ Official Pageဖြစ်တဲ့
Yoon Skin pageလေးမှာ Promotionလေးတွေ
ရှိနေပါတယ်တဲ့

နောက်postလေးတွေမှာ ပြန်လည်တွေ့ဆုံကြမယ်နော်
ပစ္စည်းကောင်းလေးတွေကို ဆက်လက်ဝေမျှပေးမယ့်

Your SkinFriendly Dr❣❣
⭐⭐Dr.Ariel⭐⭐

13/08/2026

Skin Barrier ပြန်ကောင်းခြင်း အမှတ်တရ🥰🥰
After 8 months journey🥰🥰
Bravo my girl💟

စိတ်ရှည်နည်းမှန်လိမ်းဖို့ရန်barrierအကောင်းမြန်

Your SkinFriendly Dr
⭐ Dr.Ariel⭐
_________________________________________
Online Consultation Viber no
💫 09799095068💫
ဖုန်းမခေါ်ကြပါနဲ့နော် စာပဲပို့ထားပေးပါ😘

ခရီးသွားတာတောင်၂ဘူးလုံးယူကိုယူသွားရတဲ့   💚🤍Drကတော့ မနက်ပိုင်းကို conferenceတွေတက်ရလူအများကြီးနဲ့စကားပြောရ လူနာကြည့်ရတော့...
06/08/2026

ခရီးသွားတာတောင်၂ဘူးလုံးယူကိုယူသွားရတဲ့
💚🤍
Drကတော့ မနက်ပိုင်းကို conferenceတွေတက်ရ
လူအများကြီးနဲ့စကားပြောရ လူနာကြည့်ရတော့
ခံတွင်းနံ့ကိုထိန်းပေးပီး အနံ့ကောင်းစေတဲ့
အစိမ်းလေးကို သေသေချာချာတိုက်ဖြစ်တယ်
🍀🍀🍀🍀

မနက် breakfastစားပီး
အလုပ်မသွားခင်တိုက်သွားတယ်ဆိုရင်
4hrလောက်ကိုခံတယ်အနည်းဆုံးနော်✅

lunchစားပီး mouth washလေး
သုံးရင်သုံး or အနံ့ပြင်းတာစားမိရင်တော့
အစိမ်းdentelloလေး ထပ်ကိုတိုက်တယ်
ကားထဲမှာတဘူးသက်သက်ကိုထည့်ထားတာအစိမ်း💚
_________________________________________

ညဘက်ရောက်တော့မအိပ်ခင် အဖြူလေးနဲ့သေချာတိုက်ဖြစ်တယ်
⭐⭐⭐

ဘာဖြစ်လို့လဲဆိုတော့
ကော်ဖီတအားသောက်တဲ့သူဖြစ်တယ်✅
မာလာအရသာတွေအရမ်းစားဖြစ်တယ်✅
တနေကုန် စားထားတဲ့ food stainတွေကို သက်သာအောင်

သွားဝါတာညစ်နေတာ သက်သာအောင်
#ညဘက်ဆိုအဖြူလေးတိုက်ဖြစ်တယ်⭐
________________________________________

အစိမ်းဝယ်ရမလား အဖြူဝယ်ရမလားဆိုရင်
#၂မျိုးလုံးဝယ်သင့်တယ်လို့ပြောချင်တယ်💚🤍

မနက်လူအများနဲ့ ဆက်ဆံတဲ့အချိန် အာပုတ်နံ့သက်သာအောင်
အစိမ်းလေးနဲ့သေချာတိုက်🍀🍀

ညဘက်ကျ တနေကုန်စားထားတာတွေသောက်ထားတာတွေကြောင့်
သွားညစ်ထေးဝါနေတာ သက်သာအောင်
အဖြူလေးနဲ့ တိုက်ပီးအိပ်သင့်ပါတယ်⭐⭐
________________________________________

တခုတော့ရှိတယ် သွားပိုးစားတတ်တဲ့သူတွေမှာတော့
တခြား fluoride ပါတာလေးသုံးသင့်တယ်
Fluorideပါတာတဘူး သွားဖြူဖို့အဖြူလေးတဘူးဝယ်ပေါ့

အဖြူရောင်လေးက
အရမ်းသွားကျဥ်တတ်တဲ့သူတွေဆိုရင်တော့
#နေ့တိုင်းမတိုက်ပဲ တပတ်၃ရက်လောက်ပဲတိုက်ပါနော်

ပီးတော့ ဒါက တပတ်လောက်တိုက်ပီး
ချက်ချင်းဖွေးဆွတ်မသွားဘူးနော်✅

၂ဘူးမြောက်လောက်ကျ သိသိသာသာ
#သွားကာလာtoneတက်လာတယ်
Naturalဆန်ပီး သွားကြွေလွှာအတွက်safeပိုဖြစ်တာပေါ့နော်
အရမ်းမပြင်းတော့

စျေးကလဲ fairအရမ်းဖြစ်တယ်
#တဘူးကို15000လောက်လားပဲပေးရတယ်⭐
ပီးတော့ ၃လလောက်ကိုခံတယ် ကိုယ်ဒီလောက်တိုက်နေတာတောင်

Drတို့ဆေးခန်းမှာတော့မရပါဘူး #တကယ်ကောင်းလို့✅
ခရီးသွားရင်း honest reviewလေးလာပေးတာပါ

Drကတော့ Dentello pageကနေ ဝယ်ထားတာပါ

နောက် review postလေးတွေမှာ ပြန်လည်တွေ့ဆုံကြမယ်နော်
💛💛💛💛

MDAS Day 2💟💟Korea/ Thailand/ Nepal/ India/ Indonesiaနိုင်ငံတကာ ဆရာကြီးဆရာမကြီးတွေ လာပီး tipတွေပြောပြသေချာသင်ပေးတဲ့ပွဲဖြစ...
05/08/2026

MDAS Day 2💟💟
Korea/ Thailand/ Nepal/ India/ Indonesia
နိုင်ငံတကာ ဆရာကြီးဆရာမကြီးတွေ လာပီး tipတွေပြောပြ
သေချာသင်ပေးတဲ့ပွဲဖြစ်လို့
ကိုယ့်Clientတွေအတွက် အရမ်းအကျိုးရှိခဲ့တဲ့ဗဟုသုတတွေ
များစွာရရှိခဲ့သောပွဲလေးပါ🥰🥰

MDAS Day 1 🥰🥰Myanmar Dermatologic Surgery&Aesthetic Society 🥳ပြည်တွင်းမှ ဆရာကြီးတွေရော InernationalSpeakerများစွာပါဝင်တဲ...
04/08/2026

MDAS Day 1 🥰🥰
Myanmar Dermatologic Surgery&
Aesthetic Society 🥳

ပြည်တွင်းမှ ဆရာကြီးတွေရော Inernational
Speakerများစွာပါဝင်တဲ့ Conferenceကြီးဖြစ်တဲ့အတွက်

ကိုယ့်clientsတွေအတွက် အရမ်းကိုအကျိုးရှိတဲ့
Knowledgeတွေ Tipတွေရရှိခဲ့ပါတယ်🥰

Address

အမှတ်၃၉၂ အနောက်နေကျေိာတန်းလမ်း ရွာဘဲရပ် ပြည်မြို့

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959799095068

Website

Alerts

Be the first to know and let us send you an email when Dr Ariel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your practice to be the top-listed Clinic?

Share