08/09/2026
အရေးပေါ်တားဆေး သောက်ထားရင် သတိထားရမယ့် အချက်များ
အရေးပေါ်တားဆေးသောက်ပြီးနောက်မှာ လူတစ်ယောက်နဲ့တစ်ယောက် ခံစားရတာ မတူနိုင်ပါတယ်။
🌸 မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း
🌸 ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
🌸 ဗိုက်အောင့်ခြင်း
🌸 ရာသီစောလာခြင်း သို့မဟုတ် နောက်ကျခြင်း
🌸 ရာသီသွေးပမာဏ ပြောင်းလဲခြင်း
အရေးပေါ်တားဆေးက ပုံမှန်တားဆေးအစားထိုးအသုံးပြုရန် မဟုတ်ပါဘူး။ မကြာခဏ လိုအပ်နေတယ်ဆိုရင် ပုံမှန်တားဆေးနည်းလမ်းတွေကို ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ရွေးချယ်တာ ပိုသင့်တော်ပါတယ်။ 💗
💊 အရေးပေါ်တားဆေးသောက်ပြီးရင် ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေကို မပေါ့ဆသင့်ပါဘူးနော် 🌸
ရာသီစက်ဝန်းပြောင်းလဲတာတွေ ဖြစ်နိုင်တာကြောင့် ကိုယ့်ရဲ့ရာသီလာမယ့်ရက်ကို မှတ်ထားပေးပါ။ မသေချာတာရှိရင် ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပါရှင် 💗
#အရေးပေါ်တားဆေး #တားဆေး #အမျိုးသမီးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ