Nature's Bounty Myanmar

  • Home
  • Nature's Bounty Myanmar

Nature's Bounty Myanmar The #1 Vitamin and Food Supplement brand from the USA now available in Myanmar! Be your Healthy Best

Nature’s Bounty ရဲ့ Fish Oil ကို ဘယ်နိုင်ငံက ရတာလဲ? ဒီတခါတော့ Nature’s Bounty ချစ်သူတွေကို ဉာဏ်စမ်းမေးခွန်းလေး တခု မေးချ...
02/11/2025

Nature’s Bounty ရဲ့ Fish Oil ကို ဘယ်နိုင်ငံက ရတာလဲ?

ဒီတခါတော့ Nature’s Bounty ချစ်သူတွေကို ဉာဏ်စမ်းမေးခွန်းလေး တခု မေးချင်ပါတယ် ….

ဖြေကြည့်ကြမလားနော်…

အဖြေလေးက သိပ်ကို လွယ်ပါတယ် ….

Nature’s Bounty ရဲ့ ထူးခြားချက်တခုလည်း ဖြစ်၊ ဂုဏ်ယူရတဲ့ အချက်လည်း ဖြစ်တာလေးကို မေးသွားမှာပါ…

ကဲ ဖြေကြည့်ကြရအောင်နော် …

Nature's Bounty က Mini Fish Oil လုပ်တဲ့အခါ ဘယ်နိုင်ငံက ငါးတွေကို အဓိကအရင်းအမြစ်အနေနဲ့ ရရှိပြီး ထုတ်လုပ်ထားတာလဲ?

(၁) ပီရူး

(၂) ဆွစ်ဇလန်

(၃) မြန်မာ

ကဲ… ဒီသုံးခုထဲက အဖြေမှန်လေးက ဘာများဖြစ်မလဲဆိုတာ ဖြေကြည့်ရအောင်နော်….



ဒီအစားအစာတွေထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကို ခန့်မှန်းကြည့်ရအောင်အစာလည်း ဆေး ဆေးလည်း အစာဆိုတဲ့အတိုင်း အစားအသောက...
01/11/2025

ဒီအစားအစာတွေထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကို ခန့်မှန်းကြည့်ရအောင်

အစာလည်း ဆေး ဆေးလည်း အစာဆိုတဲ့အတိုင်း အစားအသောက်ကို သင့်တင့်မျှတစွာ ရွေးချယ်စားသုံးတတ်ခြင်းက ကျန်းမာရေးအတွက် ထူးခြားတဲ့ အကျိုးရလဒ်တွေကို ပေးပါတယ်။

အထူးသဖြင့် ဗီတာမင်နဲ့ သတ္ထုဓါတ်ပါဝင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ?

အခု ဒီအစားအစာတွေမှာရော ဘယ်လို ဗီတာမင်၊ သတ္ထုဓါတ်တွေ ပါဝင်နေလဲ ဆိုတာ ခန့်မှန်းကြည့်ကြမယ်နော်?

(၁) ငှက်ပျောသီး 🍌

(၂) လိမ္မော်သီး 🍊

(၃) ဗာဒံစေ့ 🌰

(၄) ပန်းဂေါ်ဖီစိမ်း 🥦

(၅) ဒိန်ချဥ် 🥛

အခု ဒီအစားအစာတွေကို ရော ကိုယ်တိုင် စားဖြစ်နေလား? ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်တဲ့ တခြား ဘာအစားအစာတွေကရော ကိုယ့်အကြိုက်ဖြစ်မလဲဆိုတာ Comment မှာ ment ခဲ့ပေးပါဦး ။

’sBounty


‘အရိုးပွခြင်းပြဿနာ Nature’s Bounty ရဲ့ Calcium Magnesium Zinc ဆေးနဲ့ ကာကွယ်ပါ’  အသက်အရွယ်ရလာတာနဲ့ အမျှ အရိုးတွေက ပိုကျို...
29/10/2025

‘အရိုးပွခြင်းပြဿနာ Nature’s Bounty ရဲ့ Calcium Magnesium Zinc ဆေးနဲ့ ကာကွယ်ပါ’

အသက်အရွယ်ရလာတာနဲ့ အမျှ အရိုးတွေက ပိုကျိုးလွယ်လာနိုင်ပါတယ်

ဒါဟာ ဘာကြောင့်လဲ ဆိုရင် အရိုးတွေရဲ့ သိပ်သည်းဆက နည်းလာပြီး အရိုးပွလာတာကြောင့်ပါ

အရိုးပွခြင်းဟာ လက္ခဏာအားဖြင့် သိသိသာသာ မပြပေမယ့် အခန့်မသင့်ရင် အရိုးကျိုးပြီး လှုပ်ရှားမှုတွေ ထိခိုက်နိုင်တာကြောင့် သတိထားသင့်တဲ့ အခြေအနေ တခုဖြစ်ပါတယ်။

‘ဒါပေမယ့် စိတ်မပူပါနဲ့’

အရိုးကို အားဖြည့်ပေးမယ့် ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကို ပုံမှန်သောက်ပေးမယ်ဆိုရင် အရိုးပွခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အခုဆိုရင် Nature’s Bounty က ထုတ်လုပ်ထားတဲ့ Calcium Magnesium Zinc အားဆေးက အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင်တွေ ဖြစ်တဲ့ Calcium ၊ Vitamin D ပါဝင်တဲ့အပြင် Magnesium နဲ့ Zinc ပါဝင်တာကြောင့် စိတ်ကျန်းမာရေးအပြင် ကိုယ်ခံအားကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် ခန္ဓာကိုယ်ရော စိတ်ကိုပါ ကျန်းမာစေနိုင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်တဲ့ Calcium Magnesium Zinc အားဆေးနဲ့ အရိုးသန်မာတဲ့ နေ့ရက်တွေကို ဖန်တီးလိုက်ကြရအောင်

’sBounty



‘ပုံမှန် Fish oil တွေထက် သောက်ရလွယ်တဲ့ Nature's Bounty Mini Fish Oil’ငါးကြီးဆီသောက်ချင်တာ အနံ့မကြိုက်လို့ မသောက်ဖြစ်ဘူး၊...
19/10/2025

‘ပုံမှန် Fish oil တွေထက် သောက်ရလွယ်တဲ့ Nature's Bounty Mini Fish Oil’

ငါးကြီးဆီသောက်ချင်တာ အနံ့မကြိုက်လို့ မသောက်ဖြစ်ဘူး၊ ဆေးလုံးကြီးလို့ မျိုချရ ခက်တယ်

ဒီလို လူတွေအတွက် အသင့်တော်ဆုံး နဲ့ အကောင်းဆုံး ငါးကြီးဆီ တမျိုးရှိနေပါပြီ

အဲ့ဒါကတော့ Nature’s Bounty ရဲ့ Mini Fish Oil ပဲ ဖြစ်ပါတယ်

👉 Mini Fish Oil ဆိုတဲ့ အတိုင်း သာမန် ငါးကြီးဆီ ဆေးလုံးတွေထက် ၃၅ ရာခိုင်နှုန်း သေးငယ်တာကြောင့် မျိုချရလွယ်ကူတယ်

👉 ဆေးရဲ့ အပြင်ကနေ coating တထပ် ပါရှိတာကြောင့် မကောင်းတဲ့ အရသာနဲ့ ငါးညှီနံ့ကို လုံးဝ ဖုံးအုပ်ပေးထားတယ်

👉 ပီရူးနိုင်ငံရဲ့ စနစ်တကျ စစ်ဆေးထားတဲ့ စံနှုန်းပြည့် အရည်အသွေးနဲ့ ထုတ်လုပ်ထားလို့ စိတ်ချရတယ်၊ လတ်ဆတ်တယ်၊ သေချာသန့်စင်ပြီးသား ဖြစ်တယ်

Nature’s Bounty ရဲ့ Mini Fish Oil က Omega 3 EPA နဲ့ DHA fatty acids တွေပါဝင်ပြီး
နှလုံးနဲ့ သွေးကြော ကျန်းမာရေးကို အထူးကောင်းမွန်စေမှာ ဖြစ်ပါတယ်…

ဒါ့ကြောင့် ငါးကြီးဆီနဲ့ ပတ်သက်ရင် သောက်ရလည်းလွယ်… အရည်အသွေးလည်း စိတ်ချရတဲ့ Nature’s Bounty Mini Fish Oil ကို သတိရလိုက်ပါနော်…

’sBounty

‘Fish Oil က ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးရှိလဲ?’ငါးကြီးဆီ (Fish Oil) နဲ့ ပတ်သက်ရင် အများစု စိတ်ဝင်စားကြသလို တချို့ကလည...
18/10/2025

‘Fish Oil က ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးရှိလဲ?’

ငါးကြီးဆီ (Fish Oil) နဲ့ ပတ်သက်ရင် အများစု စိတ်ဝင်စားကြသလို တချို့ကလည်း နေ့စဥ် ပုံမှန်သောက်ကြတာလည်း ရှိပါတယ်။ ဒါဆိုရင် ဒီ Fish Oil က ကျန်းမာရေးအတွက် ဘာတွေ ကောင်းကျိုး ရစေတာလဲ။

(၁) နှလုံး ကျန်းမာရေးကောင်းစေတယ်

Fish Oil က သွေးထဲမှာ ရှိတဲ့ မကောင်းတဲ့ အဆီတွေကို လျော့ကျစေသလို သွေးပေါင်ချိန်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ အထူးသဖြင့် သွေးကြောနံရံမှာ ပိတ်ဆို့မှုတွေကို ကာကွယ်ပေးနိုင်တာကြောင့် နှလုံးသွေးကြောကျဥ်းတာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေကို လျော့ကျစေနိုင်ပါတယ်။

(၂) ဦးနှောက်နဲ့ စိတ်ကျန်းမာရေးကို ထောက်ပံ့ပေးတယ်

Fish Oil မှာ ပါဝင်တဲ့ Omega 3 က ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးပါသလို မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါတင်မကပဲ Fish Oil ဟာ စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတွေကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် စိတ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေတာကို တွေ့ရပါတယ်။

(၃) မျက်စိကို ကျန်းမာစေတယ်

Fish oil မှာ ပါဝင်တဲ့ DHA နဲ့ Omega 3 ဟာ မျက်ကြည်လွှာအတွက် လိုအပ်တဲ့ အဓိက အရာတွေ ဖြစ်တာကြောင့် အမြင်အာရုံကို ထိန်းထားပေးနိုင်တဲ့အပြင် တချို့သော အမြင်အာရုံ ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

အခုပြောခဲ့တဲ့ အချက်တွေအပြင် အရိုးအဆစ်တွေ ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေကို သက်သာစေခြင်း၊ အရေပြားရဲ့ ကျန်းမာရေးကို ကောင်းစေခြင်းအပြင် အရိုးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုလည်း အတိုင်းအတာ တခုထိ လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။

Nature’s Bounty ရဲ့ Mini Fish Oil က အရည်အသွေးအားဖြင့် စိတ်ချရပြီး
သောက်ရလွယ်တဲ့ ပုံစံနဲ့ ထုတ်လုပ်ထားတာကြောင့် ကျန်းမာတဲ့ နေ့စဥ်ဘဝအတွက် ပုံမှန်သောက်သုံးနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။

’sBounty

သွေးတွင်းအဆီကျဆေးနဲ့ CoQ10 ဘယ်လိုဆက်စပ်နေလဲ?Statin သွေးတွင််းအဆီကျဆေး သောက်သူတွေအနေနဲ့ တခါတရံမှာ ဆရာဝန်ကနေ COQ10 နဲ့ တွဲ...
16/10/2025

သွေးတွင်းအဆီကျဆေးနဲ့ CoQ10 ဘယ်လိုဆက်စပ်နေလဲ?

Statin သွေးတွင််းအဆီကျဆေး သောက်သူတွေအနေနဲ့ တခါတရံမှာ ဆရာဝန်ကနေ COQ10 နဲ့ တွဲပြီး ဆေးညွှန်းကြတာတွေ ရှိပါတယ်။ ဒီ ဆေး နှစ်မျိုးရဲ့ ဆက်စပ်မှုက ဘယ်လို ရှိမလဲ?

Statin ဆေးကို သွေးတွင်း ကိုလက်စထရော လျှော့ချဖို့အတွက် အဓိကအသုံးပြုတာ ဖြစ်ပြီး သွေးတွင်းအဆီများခြင်းကြောင့် ဖြစ်စေတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ဖို့အတွက် ရေရှည်သောက်သုံးကြရပါတယ်။ Statin ဆေးက ကိုလက်စထရော ထုတ်လုပ်တဲ့ လမ်းကြောင်းမှာ ရှိတဲ့ အင်ဇိုင်းတမျိုးကို တားဆီးခြင်းအားဖြင့် ကိုလက်စထရောပမာဏကို လျော့ကျစေတာ ဖြစ်သလို ဒီလမ်းကြောင်းက COQ10 ထုတ်လုပ်မှုကိုပါ လျော့ကျစေနိုင်ပါတယ်။

COQ10 ကတော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ စွမ်းအင် ထုတ်လုပ်ခြင်းအတွက် အဓိကကျတာကြောင့် Statin ဆေးကြောင့် COQ10 ပမာဏတွေ လျော့ကျလာတဲ့အချိန်မှာ Statin ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ ကြွက်သားနာကျင်ခြင်းကို ပိုဆိုးစေနိုင်တယ်လို့ လေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။ Statin သောက်တဲ့ လူနာတွေမှာ CoQ10 ကိုတွဲပေးတဲ့အခါမှာ Statin ကြောင့် ဖြစ်တဲ့ ကြွက်သားနာကျင်မှုတွေကို သိသိသာသာ သက်သာစေပြီး ဆေးကို ပုံမှန်သောက်ဖြစ်တဲ့ အလားအလာ ပိုများတာကို တွေ့ရှိရပါတယ်။

တချို့လူနာတွေအနေနဲ့ Statin ဆေးကို ရေရှည်သောက်ဖို့ မဖြစ်မနေ လိုအပ်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေကြောင့် ပုံမှန်သောက်ဖြစ်ဖို့ ခက်ခဲနေတယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။

References

https://pmc.ncbi.nlm.nih.gov/articles/PMC11441719/

’sBounty

‘နှလုံးကျန်းမာဖို့ရာ Nature’s Bounty ရဲ့ CoQ10 ကို ပုံမှန်သောက်ပါ’ CoQ10 လို့ ပြောလိုက်ရင် နှလုံးကျန်းမာရေးနဲ့ တွဲမြင်ကြ...
16/10/2025

‘နှလုံးကျန်းမာဖို့ရာ Nature’s Bounty ရဲ့ CoQ10 ကို ပုံမှန်သောက်ပါ’

CoQ10 လို့ ပြောလိုက်ရင် နှလုံးကျန်းမာရေးနဲ့ တွဲမြင်ကြတာ ဘာကြောင့်လဲ?

CoQ10 ဟာ ခန္ဓာကိုယ်အတွက် စွမ်းအင်ထုတ်လုပ်ရာမှာ အရေးပါတဲ့အပြင် နှလုံးအပါအဝင် ခန္ဓာကိုယ်တွင်း ဆဲလ်ပျက်ဆီးမှုကို ဖြစ်စေတဲ့ Free Radicals တွေကိုပါ တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းထက် Antioxidant တမျိုးဖြစ်ပါတယ်။

ဒါ့အပြင် COQ10 ဟာ နှလုံးကျန်းမာရေးအတွက် သောက်ကြရတဲ့ သွေးတွင်းအဆီကျဆေး (Statin) တွေရဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါ့ကြောင့်လည်း COQ10 ကို နှလုံးနဲ့ ဆက်စပ်နဲ့ ကျန်းမာရေး အခြေအနေတွေအတွက် ဆရာဝန်တွေက ညွှန်းဆိုကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် အသက်အရွယ်ကြောင့် ၊ တချို့သော ဆေးဝါးတွေကြောင့်ခန္ဓာကိုယ်မှာ COQ10 ပမာဏ လျော့ကျလာတဲ့အခါမှာလည်း ပြင်ပကနေ ပုံမှန် မှီဝဲဖို့ လိုအပ်တာ ရှိနိုင်ပါတယ်။

Nature’s Bounty က ထုတ်လုပ်ထားတဲ့ COQ10 ဟာ အရည်အသွေးအားဖြင့် ကောင်းမွန်သလို စနစ်တကျ စမ်းသပ်စစ်ဆေးထားတဲ့အတွက် နှလုံးကျန်းမာရေးအတွက် စိတ်ချသုံးစွဲနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။

’sBounty

‘သီတင်းကျွတ်မှာ ဂါဝရပြုဖို့ရာ Nature’s Bounty ကို ရွေးချယ်ပါ’ကျန်းမာခြင်းအတွက် လက်ဆောင်ဟာ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး...
05/10/2025

‘သီတင်းကျွတ်မှာ ဂါဝရပြုဖို့ရာ Nature’s Bounty ကို ရွေးချယ်ပါ’

ကျန်းမာခြင်းအတွက် လက်ဆောင်ဟာ ချစ်ခြင်းမေတ္တာကို အကောင်းဆုံးပြသခြင်းပါ

သင်ချစ်ရတဲ့သူတွေကို ကျန်းမာစေဖို့ ဘာကို ရွေးချယ်ကြမလဲ?

ဒီသီတင်းကျွတ်အတွက် အကောင်းဆုံး လက်ဆောင်ဆိုရင် Nature’s Bounty ကို သတိရလိုက်ပါ

Nature’s Bounty ဟာ အရွယ်သုံးပါးစလုံးအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို အာနိသင်၊ အရည်အသွေး ပြည့်ဝစွာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်

ကုန်ကြမ်းမှစလို့ အစ အလယ်အဆုံး ထုတ်ပိုးမှုအထိ အကောင်းဆုံးတွေကိုသာ ရွေးချယ်ထားလို့ နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့တာ သက်သေပါပဲ….

‘သီတင်းကျွတ်ရဲ့ ချစ်ခြင်းမေတ္တာကို Nature’s Bounty နဲ့ ပြသရင်း ဂါဝရပြုလိုက်ပါ’

’sBounty

#ကန်တော့လက်ဆောင်
#ချစ်ခြင်းမေတ္တာ

‘တနေ့တာ ဗီတာမင်လိုသမျှ ABC Plus နဲ့ ဖြည့်ထားမှ’ပျော်ရွှင်ကျန်းမာတဲ့ တနေ့တာက သင့်အတွက် အားအင်တွေကို ယူဆောင်လာပေးနိုင်ပါတယ...
26/09/2025

‘တနေ့တာ ဗီတာမင်လိုသမျှ ABC Plus နဲ့ ဖြည့်ထားမှ’

ပျော်ရွှင်ကျန်းမာတဲ့ တနေ့တာက သင့်အတွက် အားအင်တွေကို ယူဆောင်လာပေးနိုင်ပါတယ်

ဖျားနာမှုတွေ ကင်းဝေးနေမယ် ၊ တက်ကြွ လန်းဆန်းနေမယ် ၊ အရာရာကို သင်ယူဖို့ အဆင်သင့် ဖြစ်နေတယ် ဆိုရင် သင့်ရဲ့ နေ့ရက်တွေကို အကောင်းဆုံး ပုံဖော်နိုင်မှာ အသေချာပါပဲ

ဒီလို တနေ့တာကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ABC Plus ကို သတိရလိုက်ပါ

ABC Plus မှာ ဗီတာမင် နဲ့ သတ္ထုဓါတ် အမျိုး ၃၀ ကျော်ပါဝင်ပြီး သင့်တင့်မျှတတဲ့ ပမာဏနဲ့ အချိုးကျ ထုတ်လုပ်ထားတဲ့ အားဆေးတလက် ဖြစ်ပါတယ်။

ABC Plus ကို ပုံမှန်သောက်ခြင်းအားဖြင့်

(၁) ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်

(၂) စိတ်ရော ကိုယ်ပါ ကျန်းမာရွှင်လန်းစေမယ်

(၃) ဗီတာမင် ဘီ ပါဝင်တာကြောင့် မှတ်ဉာဏ်စွမ်းအားတိုးတက်စေတယ်

(၄) ကယ်လစီယမ်ဓါတ် ပါဝင်တာကြောင့် အရိုးနဲ့ သွားတွေကို ကျန်းမာကြံ့ခိုင်စေတယ်

(၅) လူတိန်းဓါတ်ပါဝင်တာကြောင့် အမြင်အာရုံကောင်းမွန်စေရန် ထောက်ပံ့ပေးတယ်

အထူးသဖြင့် Iron Free Formula (Iron မပါတဲ့ ဖော်မြူလာ) နဲ့ ထုတ်လုပ်ထားတာကြောင့် Iron ဓါတ် မလိုအပ်သူတွေ၊ Iron ပါဝင်တဲ့ အားဆေးများ ရှောင်လိုသူတွေအတွက် အထူးသင့်တော်ပါတယ်။

‘တက်ကြွလန်းဆန်း ကျန်းမာဖို့ရာ ABC Plus ကို တနေ့တလုံး ပုံမှန်သောက်ပါ’









#တနေ့တာဗီတာမင်လိုသမျှABCPlusနဲ့ဖြည့်ထား

‘ဗီတာမင်အားဆေးတွေ အကြောင်း အယူအဆ အမှားများ’ဗီတာမင် အားဆေးတွေကို လူအများစုက ရင်းနှီးကြပေမယ့် ဗီတာမင်နဲ့ ပတ်သက်တဲ့ အယူအဆမှ...
25/09/2025

‘ဗီတာမင်အားဆေးတွေ အကြောင်း အယူအဆ အမှားများ’

ဗီတာမင် အားဆေးတွေကို လူအများစုက ရင်းနှီးကြပေမယ့် ဗီတာမင်နဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ဗီတာမင်နဲ့ ပတ်သက်ပြီး လူတွေအထင်အမြင် မှားနေကြတဲ့ အချက် (၅) ခုကို ပြောပြပေးချင်ပါတယ်။

အယူအဆမှား (၁) - ဗီတာမင် အားဆေးတွေက တနေ့တာ အာဟာရကို အစားထိုးနိုင်တယ်

ဗီတာမင် အားဆေးတွေက တနေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္ထုဓါတ်တွေ လုံလောက်စွာ ပါဝင်နေရင်တောင်မှ နေ့စဥ်လိုအပ်တဲ့ အာဟာရဓါတ်ကိုတော့ အစားမထိုးနိုင်ပါဘူး။ တနေ့တာ အာဟာရကိုတော့ ပုံမှန် ပြည့်ဝအောင် စားသုံးဖို့ လိုပါတယ်။

အယူအဆမှား (၂) - ဗီတာမင်ဆေးတွေကို များများသောက်တာက ပိုကျန်းမာပြီး အားရှိစေတယ်။

ဗီတာမင်တွေနဲ့ သတ္ထုဓါတ်တွေမှာလည်း တန်ဆေး လွန်ဘေးဆိုတာ ရှိပါတယ်။ တနေ့တာ လိုအပ်တဲ့ ပမာဏထက် ပိုသုံးစွဲမိတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ဘေးထွက်ဆိုးကျိုး ရှိနိုင်တာကြောင့် မလိုအပ်ဘဲနဲ့ ပမာဏ များများ မသောက်သုံးသင့်ပါဘူး။

အယူအဆမှား (၃) - ဗီတာမင် အားဆေးတွေက လုံးဝ မလိုအပ်ဘူး

ဗီတာမင် အားဆေးတွေဟာ တနေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကို ဖြည့်စွက်နိုင်တာကြောင့် အစာအာဟာရကနေ လုံလောက်သင့်တင့်မျှတတဲ့ ဗီတာမင်တွေကို မစားသုံးဖြစ်သူတွေ၊ ကျန်းမာရေးကို အလေးထားသူတွေ အနေနဲ့ ကိုယ်နဲ့ သင့်တော်တဲ့ ဗီတာမင် အားဆေးကို သောက်သုံးတာက တနေ့တာ ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

အယူအဆမှား (၄) - ဗီတာမင်း အားဆေးတိုင်းက အတူတူပဲ ဖြစ်တယ်

စျေးကွက်ထဲမှာ ဗီတာမင် အားဆေး Brand များစွာ ရှိသလို နာမည်အားဖြင့် ကွဲပြားခြားနားသလို ပါဝင်တဲ့ ဗီတာမင် အမျိုးအစားနဲ့ ပမာဏကလည်း မတူညီနိုင်ပါဘူး ။ ဒ့ါကြောင့် ဗီတာမင် အားဆေးတွေကို မသောက်သုံးခင်မှာ ပါဝင်တဲ့ ဗီတာမင်တွေကို သေချာလေ့လာဖို့ လိုသလို ကိုယ့်နဲ့ သင့်တော်တဲ့ ဗီတာမင် အားဆေးကို ရွေးချယ်သောက်သုံးရမှာ ဖြစ်ပါတယ်။

အယူအဆမှား (၅) - အားနည်းနေရင် ဗီတာမင် အားဆေးက သာ အဓိကဖြစ်တယ်

ဗီတာမင် အားဆေးတွေက သင့်ရဲ့ တနေ့တာကို ဖြည့်စွက်ပေးနိုင်ပေမယ့် ပုံမှန် အစားအသောက် စားဖို့လိုသလို အိပ်ချိန်၊ အနားယူချိန်တွေကိုလည်း မပျက်မကွက် ထားဖို့ လိုပါတယ်။ အားနည်းနေတယ်၊ မကြာခဏ ဖျားနာတတ်တယ်ဆိုရင် ဗီတာမင် အားဆေးအပြင် ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ဗီတာမင် အားဆေးတွေနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီလို့ ထင်ပါတယ်။ ဗီတာမင် အားဆေးတွေကို ပုံမှန် မှီဝဲတာက သင့်ရဲ့ ကျန်းမာရေးကို ဂရုတစိုက် အလေးထားရာ ရောက်သလို တနေ့တာကို အကောင်းဆုံး ဖြည့်စွက်ပေးနိုင်မှာ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။


#ဗီတာမင်အားဆေးအကြောင်းအယူအဆအမှားများ

Address

TCW International Co.,Ltd. (San Lwin Trading) အမှတ်(၁၀၆)၊ ကျိုက္ကဆံလမ်း၊ ပျားရည်ကုန်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

Alerts

Be the first to know and let us send you an email when Nature's Bounty Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nature's Bounty Myanmar:

Shortcuts

  • Want your practice to be the top-listed Clinic?

Share