CBL Medical Centre

Call Website Contact the practice

CBL Medical Centre CBL Medical Centre for Healthier Life

15/09/2026

Mammogram ရိုက်တော့မယ်ဆိုရင် ဒီအချက်တွေ ဂရုစိုက်ပါ! ✨
ရင်သားဓာတ်မှန် Mammogram ရိုက်တာက ၁၅ မိနစ်တောင် မကြာပါဘူး။ ဒါပေမယ့် စစ်ဆေးတဲ့အခါ အဆင်ပြေလွယ်ကူစေဖို့ ဒီအချက်တွေ လုပ်ပါ။
1️⃣ မရိုက်ခင်မှာ ချိုင်းလိမ်းအဆီ၊ Lotion နဲ့ ပေါင်ဒါမှုန့်တွေ မသုံးပါနဲ့။ သူတို့တွေထဲက ပါဝင်ပစ္စည်းတချို့က ဓာတ်မှန် ပုံရိပ်ဖော်ရာမှာ အနှောက်အယှက်ပေးနိုင်ပါတယ်။ ဓာတ်မှန်ရိုက်ပြီးသွားရင်တော့ ပုံမှန် သုံးနေကြအတိုင်း ပြန်သုံးနိုင်ပါတယ်။
2️⃣ အဝတ်လဲရလွယ်ကူတဲ့ အဝတ် ဝတ်သွားပါ။ အပေါ်အောက် တဆက်တည်း အဝတ်အစားမျိုး မဟုတ်ဘဲ၊ အင်္ကျီသပ်သပ်နဲ့ ထမိန်(သို့)စကပ် စတာမျိုး ဝတ်သွားပါ။ ဒါမှသာ အဝတ်လဲရလွယ်ကူစေမှာပါ။
3️⃣ ရက်ရွေးပါ။ Mammogram ရိုက်မယ်ဆိုရင် ရာသီလာပြီး တပတ်ကျော်မှာ ရိုက်ဖို့ စီစဉ်ပါ။ ရင်သားတစ်သျှူးများ တင်းနေချိန် မဟုတ်လို့ သက်တောင့်သက်သာဖြစ်စေပါတယ်။
4️⃣ မှတ်တမ်းအဟောင်းတွေ ယူသွားပါ။ နေရာအသစ်ကို သွားရိုက်မယ်ဆိုရင်တော့ မှတ်တမ်းဟောင်းတွေ ယူသွားပါ။ (CBL မှာတော့ EMR ထဲမှာ သိမ်းထားပေးလို့ စိတ်ပူစရာ မလိုပါဘူး)
📞 Mammogram ရိုက်ဖို့ စဉ်းစားနေရင်တော့ CBL Medical Centre (ရန်ကုန်) ကို အခုပဲ ဆက်သွယ်လိုက်ပါ။
CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်။
01 8377 878, 09 2611 66664

နေမကောင်းလို့ပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ချင်လို့ပဲ ဖြစ်ဖြစ် သောက်သုံးမည့်ဆေးဝါးတွေက အရည်အသွေးရှိဖို့ လိုအပ...
11/09/2026

နေမကောင်းလို့ပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ချင်လို့ပဲ ဖြစ်ဖြစ် သောက်သုံးမည့်ဆေးဝါးတွေက အရည်အသွေးရှိဖို့ လိုအပ်ပါတယ်။
ကျန်းမာရေးထက် အရေးကြီးတဲ့အရာမရှိတာဖြစ်လို့ မိသားစုနဲ့ မိမိကျန်းမာရေးအတွက် တကယ်စိတ်ချရတဲ့ အရည်အသွေးမြင့် ဆေးဝါးတွေကို အမှန်ကန်ဆုံး ရရှိအောင် ကျွန်ုပ်တို့CBL Medical Centreတွင် ဆက်သွယ်မှာယူနိုင်ပြီ ဖြစ်ပါတယ်။
Page Messenger (သို့) Viberကနေ လိုအပ်တဲ့ဆေးဝါးတွေကို ပုံလေးတွေပြပြီး လွယ်ကူစွာ မေးမြန်းမှာယူနိုင်ပါပြီ။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
09 4226 66666

CBL Medical Centre (Mandalay)
Unit (5), Block (3), မင်္ဂလာမန္တလေးအိမ်ရာ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 58888




Vacancy AnnouncementReceptionist & Cashier CBL Medical Centre, Yangon CBL Medical Centre တွင် လူနာများအား နွေးထွေးပျူငှာ...
10/09/2026

Vacancy Announcement

Receptionist & Cashier
CBL Medical Centre, Yangon

CBL Medical Centre တွင် လူနာများအား နွေးထွေးပျူငှာစွာ ဝန်ဆောင်မှုပေးနိုင်ပြီး ဆေးခန်း၏ လူနာလက်ခံရေးနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများကို တိကျစနစ်တကျ ဆောင်ရွက်နိုင်မည့် Receptionist & Cashier တစ်ဦး ခန့်အပ်လိုပါသည်။

Qualification
• ဘွဲ့တစ်ခုခုရရှိထားပြီးသူဖြစ်ရမည်။

Key Responsibilities
• ဆေးခန်းသို့ လာရောက်သော လူနာများအား ယဉ်ကျေးပျူငှာစွာ ကြိုဆိုလက်ခံပြီး လိုအပ်သည့် ဝန်ဆောင်မှုများကို လမ်းညွှန်ပေးခြင်း။
• လူနာစာရင်းသွင်းခြင်းနှင့် လူနာအချက်အလက်များကို မှန်ကန်စွာ မှတ်တမ်းတင်ခြင်း။
• ဆရာဝန်များနှင့် တွေ့ဆုံရန် ချိန်းဆိုမှုများကို စီစဉ်ပေးခြင်းနှင့် ချိန်းဆိုမှုစာရင်းများကို စနစ်တကျ ထိန်းသိမ်းခြင်း။
• လူနာများ၏ ဖုန်းခေါ်ဆိုမှုများနှင့် မေးမြန်းမှုများကို ယဉ်ကျေးစွာ ဖြေကြားပေးခြင်း။
• ဆေးခန်း ဝန်ဆောင်မှုများအတွက် ကျသင့်ငွေများကို မှန်ကန်စွာ လက်ခံခြင်း။
• နေ့စဉ်ငွေဝင်ငွေထွက်စာရင်းများကို စစ်ဆေးပြီး Finance သို့အပ်နှံခြင်း။
• လူနာများ၏ အကြံပြုချက်များနှင့် တိုင်ကြားချက်များကို ယဉ်ကျေးစွာလက်ခံပြီး သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြခြင်း။
• သတ်မှတ်ပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ခြင်း။

Required Skills
• Receptionist & Cashier လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
• ဆေးခန်း၊ ဆေးရုံ သို့မဟုတ် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း အတွေ့အကြုံရှိသူ ပိုမိုဦးစားပေးမည်။
• ကွန်ပျူတာနှင့် Microsoft Word, Excel, Email တို့ကို အခြေခံကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
• လူနာများနှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
• ငွေကြေးနှင့် စာရင်းများကို ကိုင်တွယ်ရာတွင် တိကျသေချာမှုရှိရမည်။
• အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အသင်းအဖွဲ့စိတ်ဓာတ် ကောင်းမွန်ရမည်။
လျှောက်ထားရန်
စိတ်ပါဝင်စားသူများသည် CBL Medical Centre သို့ အလုပ်လျှောက်လွှာနှင့်အတူ ဓါတ်ပုံ၊ ရရှိထားသော ဘွဲ့လက်မှတ်၊ certificate များ ဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ email မှဖြစ်စေ Viber မှ ဖြစ်စေ စက်တင်ဘာလ (၁၅)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။

CBL Medical Centre
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားဇာတ်ရုံအနီး၊ ဒဂုံမြိုုနယ်။
ဖုန်း - 01 8377878, 018376532
Email : [email protected]
Viber : +959 2611 66662

ပစ်မှတ်ထားကုထုံး(Targeted therapy)ဆိုတာ ဘာလဲ? 🧬🩺ပစ်မှတ်ထားကုထုံးဆိုတာ ကင်ဆာကုသမှုအတွက် ပိုကောင်းမွန်တဲ့ ကုသမှုတစ်ခုဖြစ်ပ...
08/09/2026

ပစ်မှတ်ထားကုထုံး(Targeted therapy)ဆိုတာ ဘာလဲ? 🧬🩺
ပစ်မှတ်ထားကုထုံးဆိုတာ ကင်ဆာကုသမှုအတွက် ပိုကောင်းမွန်တဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ သွေးကင်ဆာတွေမှာ ကုသမှုနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒီကုသမှုနဲ့ သင့်တော်မယ် အကျိုးရှိမယ်တော့ မဟုတ်ပါဘူး။ ကင်ဆာရဲ့ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေ စစ်ဆေးဖို့ လိုအပ်ပါတယ်။
ဘာတွေ စစ်ဆေးဖို့ လိုအပ်နိုင်သလဲ?
1️⃣ အသားစစစ်ဆေးမှု
Biopsy စစ်ဆေးမှုကို ပဏာမ အရင်လုပ်ရပါတယ်
2️⃣ မျိုးရိုးဗီဇ စစ်ဆေးမှုများ
ကင်ဆာဆိုင်ရာ မျိုးရိုးဗီဇပြောင်းလဲမှုများ ရှိမရှိကို စစ်ဆေးရပါတယ်။ (EGFR, HER2 or ALK စသည်ဖြင့်)
3️⃣ သင့်တော်တဲ့ ကုသမှုရွေးချယ်ခြင်း
မျိုးရိုးဗီဇပြောင်းလဲမှု ရှိတယ်ဆိုရင် ကင်ဆာဆဲလ်များကြီးထွားမှုကို ရပ်တန့်စေနိုင်မယ့် ကုသမှုဆေးဝါးကို ရွေးချယ်ရပါတယ်။
သီးခြားမျိုးရိုးဗီဇပြောင်းလဲမှုတွေ မရှိဘူးဆိုရင်တော့ သာမန်ရိုးကျကင်ဆာဆေးသွင်းကုသမှု (သို့) ကိုယ်ခံအားစနစ်အသုံးပြုကုထုံး (Immunotherapy) ကို ရွေးချယ်ဖို့ စဉ်းစားကျရပါတယ်။
🔬အကောင်းမွန်ဆုံးကုသမှု ရရှိဖို့ မှန်ကန်တိကျတဲ့ စစ်ဆေးမှုတွေ လိုအပ်ပါတယ်

အသေးစိတ်စုံစမ်းရန်
CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်။
01 8377 878, 09 2611 66664

CBL Medical Centre (မန္တလေး)
Unit 5, Block 3, မင်္ဂလာမန္တလေး၊ New Ocean အနောက်ဖက်၊ ချမ်းမြသာစည်မြို့နယ်။
09 9706 56666, 09 9706 57777

🎗️Chemotherapyကို နိုင်ငံခြားမှာစတင်ပြီး မြန်မာနိုင်ငံမှာ ဆက်လက်ကုသလို့ ရပါသလား🎗️       သင် (သို့) သင့်ရဲ့မိသားစုဝင်တစ်ဦ...
05/09/2026

🎗️Chemotherapyကို နိုင်ငံခြားမှာစတင်ပြီး မြန်မာနိုင်ငံမှာ ဆက်လက်ကုသလို့ ရပါသလား🎗️
သင် (သို့) သင့်ရဲ့မိသားစုဝင်တစ်ဦးဦးဟာ ကင်ဆာကုသမှုကို စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ (သို့) အခြားနိုင်ငံများတွင် စတင်ခံယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆက်လက်ကုသမှု ပြုလုပ်လိုပါက ကျွန်ုပ်တို့ CBL Chemotherapy Daycare Centreများ၏ အတွေ့အကြုံပြည့်ဝပြီး ကျွမ်းကျင်သော ကင်ဆာအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ သင့်ရဲ့ပြည်ပဆေးကုသမှုမှတ်တမ်းများ၊ Chemotherapy Regimensများနှင့် တိတိကျကျ ကိုက်ညီအောင် ပြုလုပ်ကာ မှန်ကန်ထိရောက်သော ကင်ဆာကုသမှုခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ကူညီပေးနေပါတယ်။
သင့်ရဲ့ကင်ဆာကုသမှုခရီးစဉ်ကို မပြတ်တောက်စေရန်နှင့် မိသားစုအနီးတွင် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုကို ရယူနိုင်ရန်အတွက် CBLမိသားစုမှ ကူညီပေးရန် အမြဲအသင့်ရှိနေသည့်အပြင် CBL Chemotherapy Daycare Centreများ၏ သန့်ရှင်းသပ်ရပ်ပြီး အေးချမ်းဆိတ်ငြိမ်သော Daycareကုသမှု သီးသန့်အခန်းများတွင် မိသားစုဝင်များနှင့်အတူ သက်တောင့်သက်သာရှိစွာ ကုသမှုခံယူနိုင်ပြီး ကုသမှုနည်းလမ်းများ၊ လတ်တလောရောဂါအခြေအနေ၊ ခံစားနေရသော ရောဂါဝေဒနာများနှင့်ပတ်သက်၍ သိရှိနားလည်လိုသည်များကိုလည်း သေချာစွာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
ကင်ဆာဆေးသွင်းကုသမှုများ ပြုလုပ်ရန်အတွက် CBL Chemotherapy Daycare Centreများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်းဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊
စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Mandalay)
Unit (5), Block 3, မင်္ဂလာမန္တလေးအိမ်ရာ၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777




Vacancy Announcement CBL Medical Centre, Yangon တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ ခေါ်ယူနေပါသည်။ Business Develo...
04/09/2026

Vacancy Announcement

CBL Medical Centre, Yangon တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ ခေါ်ယူနေပါသည်။

Business Development Manager - 1 post
Chemo Nurse - 1 post
Receptionist & Cashier - 1 post

အထက်ပါရာထူးများအား လျှောက်ထားရန် စိတ်ဝင်စားသူများသည် အလုပ်လျှောက်လွှာနှင့်အတူ ဘွဲ့လက်မှတ်၊ ရရှိထားသော certificates, မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဓါတ်ပုဲတို့ကို လူကိုယ်တိုင်ဖြစ်စေ၊ email မှ ဖြစ်စေ၊ Viber မှ ဖြစ်စေ စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။

CBL Medical Centre
အမှတ် ၂၄ (၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်။
ဖုန်း - ၀၁ ၈၃၇၇၈၇၈
Email : [email protected]
Viber : + 959 9771 66601 , +959 2611 66662

ဒီလိုလက္ခဏာတွေရှိရင် အချိန်မဆွဲဘဲ ခွဲစိတ်အထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။🚩ပြင်းထန်ဆိုးရွားစွာ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း...
03/09/2026

ဒီလိုလက္ခဏာတွေရှိရင် အချိန်မဆွဲဘဲ ခွဲစိတ်အထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။
🚩ပြင်းထန်ဆိုးရွားစွာ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း
🚩ဆက်တိုက်အော့အန်ခြင်း
🚩အန်သောအခါ (သို့) ဝမ်းထဲတွင် သွေးပါခြင်း
🚩အဖုအကျိတ်များ စမ်းမိခြင်း
🚩မျက်စိ၊ အသားများဝါလာခြင်း
ရောဂါများကို စောစီးစွာ စစ်ဆေးကုသခြင်းဖြင့် နောက်ဆက်တွဲ ရောဂါများကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

🌟အထွေထွေရောဂါ ခွဲစိတ်အထူးကုဆရာဝန်
👨‍⚕️ဒေါက်တာပြည့်ဖြိုး
M.B.,B.S, M.Med.Sc (Surgery), MRCS (Edin)

တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664



👨🏻‍⚕️CBL Medical Centre ရှိ အထူးကုဆရာဝန်များ၊ မိသားစုဆရာဝန်များနှင့် Onlineမှတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ👩🏻‍⚕️    ...
29/08/2026

👨🏻‍⚕️CBL Medical Centre ရှိ အထူးကုဆရာဝန်များ၊ မိသားစုဆရာဝန်များနှင့် Onlineမှတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ👩🏻‍⚕️
သင်နှင့် သင်ချစ်ခင်ရသော မိသားစုဝင်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ရရှိနိုင်ရန် အချိန်နေရာအခက်အခဲများကြောင့် နှောင့်နှေးခြင်းမရှိရအောင် အိမ်တွင်သက်တောင့်သက်သာနေထိုင်ရင်း ယုံကြည်စိတ်ချရသော ကျွမ်းကျင်သော အထူးကုဆရာဝန်များ၊ မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန်အတွက် CBL Medical Centreမှ Telehealth ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေပါပြီ။
အချိန်နေရာမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူလိုသူများအတွက် CBL Medical Centre၏ Telehealth ဝန်ဆောင်မှုကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ ပြသမည့် ရက်ချိန်း ရယူနိုင်ပါတယ်။

CBL Medical Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre (မန္တလေး)
Unit (5), Block 3, မင်္ဂလာမန္တလေးအိမ်ရာ၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777


သင်နှင့် သင်ချစ်ခင်ရသော မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် လိုအပ်သော ဆေးပညာအကြံဉာဏ်များနှင့် ထိရောက်သော အထ...
26/08/2026

သင်နှင့် သင်ချစ်ခင်ရသော မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် လိုအပ်သော ဆေးပညာအကြံဉာဏ်များနှင့် ထိရောက်သော အထူးကုသမှုများအတွက် CBL Medical Centre (ရန်ကုန်)တွင် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးနှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ။

🌟အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး
👩‍⚕️တွဲဖက်ပါမောက္ခ ဒေါက်တာအေးအေးဝင်း
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), FRCP (Edin), Ph.D (CTM, Mahidol)
🗓️တနင်္လာနေ့မှ သောကြာနေ့အထိ

တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါသည်။

CBL Medical Centre (ရန်ကုန်)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊
စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664



🎗️နိုင်ငံရပ်ခြားတွင် ကင်ဆာဆေးသွင်းကုသမှုစတင်ခဲ့သော သင့်ရဲ့ကင်ဆာကုသမှုခရီးစဉ်ကို မြန်မာနိုင်ငံမှာပဲ မိသားစုနှင့်အတူတကွ ရင...
22/08/2026

🎗️နိုင်ငံရပ်ခြားတွင် ကင်ဆာဆေးသွင်းကုသမှုစတင်ခဲ့သော သင့်ရဲ့ကင်ဆာကုသမှုခရီးစဉ်ကို မြန်မာနိုင်ငံမှာပဲ မိသားစုနှင့်အတူတကွ ရင်ဆိုင်ကာ ဆက်လက်လျှောက်လှမ်းနိုင်ရန် CBL Chemotherapy Daycare Centreမှ ကူညီပေးရန် အသင့်ရှိနေပါပြီ🎗️
သင် (သို့) သင့်ရဲ့မိသားစုဝင်တစ်ဦးဦးဟာ ကင်ဆာကုသမှုကို စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ (သို့) အခြားနိုင်ငံများတွင် စတင်ခံယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆက်လက်ကုသမှု ပြုလုပ်လိုပါက ကျွန်ုပ်တို့ CBL Chemotherapy Daycare Centreများ၏ အတွေ့အကြုံပြည့်ဝပြီး ကျွမ်းကျင်သော ကင်ဆာအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ သင့်ရဲ့ပြည်ပဆေးကုသမှုမှတ်တမ်းများ၊ Chemotherapy Regimensများနှင့် တိတိကျကျ ကိုက်ညီအောင် ပြုလုပ်ကာ မှန်ကန်ထိရောက်သော ကင်ဆာကုသမှုခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ကူညီပေးနေပါတယ်။
သင့်ရဲ့ကင်ဆာကုသမှုခရီးစဉ်ကို မပြတ်တောက်စေရန်နှင့် မိသားစုအနီးတွင် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုကို ရယူနိုင်ရန်အတွက် CBLမိသားစုမှ ကူညီပေးရန် အမြဲအသင့်ရှိနေသည့်အပြင် CBL Chemotherapy Daycare Centreများ၏ သန့်ရှင်းသပ်ရပ်ပြီး အေးချမ်းဆိတ်ငြိမ်သော Daycareကုသမှု သီးသန့်အခန်းများတွင် မိသားစုဝင်များနှင့်အတူ သက်တောင့်သက်သာရှိစွာ ကုသမှုခံယူနိုင်ပြီး ကုသမှုနည်းလမ်းများ၊ လတ်တလောရောဂါအခြေအနေ၊ ခံစားနေရသော ရောဂါဝေဒနာများနှင့်ပတ်သက်၍ သိရှိနားလည်လိုသည်များကိုလည်း သေချာစွာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
ကင်ဆာဆေးသွင်းကုသမှုများ ပြုလုပ်ရန်အတွက် CBL Chemotherapy Daycare Centreများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်းဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊
စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊
ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664

CBL Medical Centre ကင်ဆာဆေးသွင်းကုသဌာန (Mandalay)
Unit (5), Block 3, မင်္ဂလာမန္တလေးအိမ်ရာ၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09 9706 56666, 09 9706 57777




Address

No-24(1C) Nawarat Condo, Samone Street, Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959261166664

Alerts

Be the first to know and let us send you an email when CBL Medical Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to CBL Medical Centre:

Shortcuts

Share

Category