Aspen Myanmar Co.,Ltd

  • Home
  • Aspen Myanmar Co.,Ltd

Aspen Myanmar Co.,Ltd The Greatest Value With Resonable Price.

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း ရောဂါဘေးအပေါင်းကင်းစင်၍ ကျန...
29/07/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) အခါသမယတွင်
မြန်မာပြည်သူပြည်သားအပေါင်း ရောဂါဘေးအပေါင်းကင်းစင်၍ ကျန်းမာအေးချမ်းကြပါစေကြောင်း ကျွန်တော်များ Aspen Myanmar Co.,Ltd မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နှစ်သစ်ဆုတောင်း 🙏🪴နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီးနှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါ...
18/04/2026

နှစ်သစ်ဆုတောင်း 🙏🪴

နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး
နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါစေ။
မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ကိုယ်စိတ်နှစ်ပါး ကျန်းမာစွာဖြင့် အခက်အခဲအားလုံးကျော်လွှားနိုင်သူများဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ ။ 🌿
#မင်္ဂလာနှစ်သစ်ပါ🙏



#နှစ်သစ်ဆုတောင်း

နိုင်ခြင်းမနိုင်ခြင်းထက်  ။ လူငယ်တွေအားကစားပေါ်မှာ ပျော်ရွင်စွာစိတ်ဝင်စားဖို့လိုပါတယ် ။ #အားကစား #လူငယ်
04/03/2026

နိုင်ခြင်းမနိုင်ခြင်းထက် ။ လူငယ်တွေအားကစားပေါ်မှာ ပျော်ရွင်စွာစိတ်ဝင်စားဖို့လိုပါတယ် ။
#အားကစား
#လူငယ်

အရိုး" ကိုချစ်ဖို့လိုပါတယ် 😍☺️ ။ ဘဝ မှာ ဘာဘဲလုပ်လုပ် အောင်မြင်ခြင်းတွေ  အတွက် လှုပ်ရှား ရှာဖွေဖို့ဆိုရင်ပေါ့ ။🟦 " အရိုး ...
19/02/2026

အရိုး" ကိုချစ်ဖို့လိုပါတယ် 😍☺️ ။
ဘဝ မှာ ဘာဘဲလုပ်လုပ် အောင်မြင်ခြင်းတွေ အတွက် လှုပ်ရှား ရှာဖွေဖို့ဆိုရင်ပေါ့ ။

🟦 " အရိုး ကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်" လေးတွေသိထားရအောင်ပါ ။🟦

​🔹️ အရိုးသန်မာ ဖို့ဆိုတာက ဆေးသောက်ရုံနဲ့ မလုံလောက်ပါဘူး
အစားအသောက် နှင့် နေထိုင် လှုပ်ရှား မှုကလည်း အဓိကပါ ။

​"အသက်ကြီးရင် အရိုးပွမှာပဲ အရိုးကျိုးမှာပဲ"
ဆိုပြီး စိတ်ထားပြီး လက်လျှော့ထားခြင်း မလုပ်သင့်ပါဘူး ။

🔹️ ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင် စားသောက်မှုပုံစံကို
ပြောင်းလဲလိုက်ရုံနဲ့ အသက်ကြီးတဲ့အထိ ခိုင်မာတဲ့ အရိုးအဆစ်တွေကို ပိုင်ဆိုင်နိုင်ပါတယ် ဆိုတာ ယုံကြည်လိုက်ပါ။

​ကျန်းမာရေး ကျွမ်း​ကျင်​သူ ပညာရှင် များရဲ့ အရိုးကျန်းမာရေးအတွက်
"ဘာတွေစားပြီး၊ ဘာတွေရှောင်ရမလဲ"
ဆိုတာကို ပြန်လည် ရှင်းပြပါရစေ ။

​🟢 စားပေးရမယ့် အစားအစာများ (Do’s)

​ကယ်လ်ဆီယမ် (Calcium) ကြွယ်ဝတာတွေ စားပါ ။

🔹️ နွားနို့
🔹️ ဒိန်ချဉ်
🔹️ ငါးအသေးလေးများ (အရိုးပါဝါးစားလို့ရသော)
🔹️ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ (ကန်စွန်းရွက်၊ မုန်ညင်းစိမ်း) မှာ
ကယ်လ်ဆီယမ်ဓာတ် အများကြီးပါဝင်ပါတယ် ။

🟢​ဗီတာမင် ဒီ (Vitamin D) ကို မမေ့ပါနဲ့ ။

🔹️ ကယ်လ်ဆီယမ်ကို
ခန္ဓာကိုယ်က စုပ်ယူနိုင်ဖို့ ဗီတာမင် ဒီ လိုအပ်ပါတယ် ။

🔹မနက်ခင်း နေပူစာလှုံတာအပြင်
ငါးသေတ္တာငါး၊ ကြက်ဥအနှစ်နဲ့ မှို အမျိုးမျိုးကို စားပေးပါ ။

🔹️​ ပရိုတင်း (Protein) လုံလောက်ပါစေ ။

အရိုးရဲ့ တည်ဆောက်ပုံမှာ ပရိုတင်းက အရေးကြီးပါတယ် ။
အသား၊ ငါး၊ ပဲအမျိုးမျိုးကို မျှတအောင် စားပေးပါ ။

​⛔️ လျှော့စား/ရှောင်ရမယ့် အစားအစာများ (Don'ts)

🔶️ ​အငန်ဓာတ် (Salt)

အငန်က ခန္ဓာကိုယ်ထဲက ကယ်လ်ဆီယမ်တွေကို
ဆီးကနေတစ်ဆင့် ပြန်စွန့်ထုတ်ပစ်တာမို့ အငန်ကဲတာတွေကို လျှော့စားသင့်ပါတယ် ။

🔶️​အချိုရည်နဲ့ ကဖင်း (Caffeine)

ကော်ဖီ အလွန်အကျွံသောက်တာနဲ့ အချိုရည် (Soft drinks) တွေက
အရိုးသိပ်သည်းဆကို ကျဆင်းစေနိုင်ပါတယ် ။

🔶️ ​အရက်နဲ့ ဆေးလိပ် ။

ဒါတွေက အရိုးဆဲလ်အသစ်ဖြစ်ပေါ်မှုကို နှောင့်နှေးစေပြီး
အရိုးပွရောဂါကို အရှိန်အဟုန်နဲ့ မြန်မြန် ဖြစ်စေပါတယ် ။

🔵 အကြံပြုချက်

အစားအသောက်အပြင် တစ်နေ့ကို မိနစ် ၂၀ ခန့် ကိုယ်လက်လှုပ်ရှားမှု
လုပ်ပေးတာကလည်း အရိုးတွေကို ပိုမိုခိုင်မာစေပါတယ် ။
​ကျန်းမာသန်စွမ်းတဲ့ အရိုးအဆစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ။

ကဲ ! "အရိုး" ကို စောင့်ရှောက်ကြပါစို့ 😍☺️🪴

​ #အရိုးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်သော (၇၈) ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အား ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါတ...
04/01/2026

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်သော (၇၈) ကြိမ်မြောက်
မြန်မာ့လွတ်လပ်ရေးနေ့အား ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

အကြောက်တရားကင်း အသိတရားတို့ဖြင့် လွတ်လပ်ခြင်း၏ အရသာကို ခံစားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။🌿🪴


#လွတ်လပ်ရေးနေ့

Address

NO. 113 , 50 Street . Pazundaung Township

Alerts

Be the first to know and let us send you an email when Aspen Myanmar Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aspen Myanmar Co.,Ltd:

Shortcuts

  • Want your practice to be the top-listed Clinic?

Share