ပိုင်းလော့ဓမ္မစကူးလ်

ပိုင်းလော့ဓမ္မစကူးလ် တနင်္ဂနွေ အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်း

24/08/2026

ဆရာတော်ဘုရားကို လာဖူးကြတဲ့မိသားစုလေး။

ဖူးမျှော်‌ဖို့စောင့်နေရင်း ဓမ္မာရုံအတွင်းထဲ ရောက်လာကြတယ်။

အချိန်က ဓမ္မစကူးလ်သင်တန်းစဖို့
ဘုရားရှင်ကို နမော တဿဂါထာနဲ့ စတင်ရှိခိုးတဲ့အချိန်။

မြင်ရတဲ့မြင်ကွင်းက
အရဟတော တစ်ထောင့်ငါးရာ ကိလေသာတို့မှ ကင်းဝေးသန့်ရှင်းတော်မူ၍ကနေစပြီး နှလုံးအေးအေးနဲ့ ပူဇော်နေကြတဲ့ ကလေးငယ်လေးတွေ

နမော ရိုသေမြတ်နိုးမာန်ညွန့်ချိုး၍ ရှိခိုးခြင်းသည်
အတ္တုဘဝန္တု စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း

ပူဇော်မှုအဆုံးမှာ နောက်ဆုံးကကြည့်နေကြတဲ့ မိသားစုလေး ဓမ္မာရုံထဲကပြန်ထွက်သွားတယ်။

ပြီးတော့ သူတို့ကားလေးနဲ့ မိသားစုလိုက် အပြင်ကို ပြန်ထွက်သွားကြတာလည်း တွေ့လိုက်မိတယ်။

အချိန် နည်းနည်းကြာမှ မုန့်ထုပ်တွေနဲ့ပြန်ဝင်လာကြတယ်။
ကလေးတွေကို လှူချင်လို့ မုန့်သွားဝယ်ကြတာတဲ့။

ကလေးတွေကို ဒီလိုတွေ့ရတာလည်း
ပီတိဖြစ်မိလို့ပါတဲ့။

အလှူရှင်မိသားစု
ကိုထွဋ်+မစုစုကျော်
သမီးလေးမထွဋ်စန္ဒီဖြိုး မိသားစု

ကုသိုလ်ပီတိအဟုန်ကြောင့်
ဘဝတစ်လျှောက်လုံး စိတ်ချမ်းမြေ့ကြပါစေ။

ဘဝတစ်လျှောက်လုံး
ပြည့်စုံခြင်း
ကြွယ်ဝခြင်
ပျော်ရွှင်ခြင်း
အောင်မြင်ခြင်းအစရှိသော
ကောင်းကျိုးချမ်းသာ မှန်သမျှတို့ အလုံးစုံပြည့်စုံကြပါစေ။

24/08/2026

(၂၃-၈-၂၀၂၆)အာဟာရဒါန အလှူရှင်

တစ်ဖက်သားပြည့်စုံဖို့ ပျော်ဖို့ကိုပဲတွေးပြီး အမြဲဖြည့်စည်းပေးချင်နေ/ပေးနေတတ်တဲ့ မွေးနေ့ရှင် မဇူးဇူးမှ မွေးနေ့ကုသိုလ်အဖြစ်

ပိုင်းလော့ဆရာတော်ဘုရားနဲ့မိဘများအားအမှူးထား၍

မိုးညှင်းသိင်္ဂီကျောင်းတိုက်အတွင်းသီတင်းသုံးကြကုန်သော သံဃာတော်အရှင်မြတ်များနဲ့ သီလရှင်ဆရာလေးများအား နေ့ဆွမ်း(ဖက်ထမင်း)ဆပ်ကပ်လှူဒါန်းခြင်း

ဆရာ/မများနဲ့ဓမ္မစကူးလ်ကလေးများအတွက်ကလေးများကြိက်ကြတဲ့ ဟမ်ဘာဂါမုန့်များနဲ့ကလေးတွေပျော်ရွှင်ဖို့ မဲနှိုက်တဲ့အစီအစဉ်ပါ ထည့်လှူပေးတဲ့အတွက်အားလုံးပျော်ရွှင်ကြရပါတယ်။

၂၈ ရက်နေ့က ဝါခေါင်လပြည့်နေ့(မေတ္တာအခါတော်နေ့)မို့
အခါတော်နေ့အတွက် ဒီတစ်ပါတ်ဓမ္မစကူးလ်မှာ မေတ္တာအကြောင်းတွေပဲ သင်ကြားပေးကြ မေတ္တာတွေလှိုင်လှိုင်ပို့ကြနဲ့ ကလေးတွေရဲ့စိတ်ထဲ မေတ္တာဓါတ်တွေ ဖြည့်ပေးရတဲ့ရက်မှာ
မေတ္တာအပြည့်နဲ့ လာရောက်လှူဒါန်းပေးတဲ့ မွေးနေ့ရှင်မဇူးဇူးလည်း

မေတ္တာအစွမ်းနဲ့ အေးချမ်းပါစေ။
သတ္တဝါအများကိုလည်း အေးချမ်းအောင်စောင့်ရှောက်နိုင်ပါစေ။

မေတ္တာဓါတ်ကြောင့် အသက်ဆက်နိုင်သလို သတ္တဝါအများကိုလည်း သက်ရှည်ကျန်းမာအောင် စောင့်ရှောက်နိုင်နိုင်ပါစေ။

အားလုံးကို ပျော်စေချင် ပြည့်စုံစေချင်တဲ့ မေတ္တာအားကြောင့်
ကိုယ်တိုင်လည်း အမြဲတန်း ပြည့်စုံ ပျော်ရွှင်နိုင်ပါစေ။

မေတ္တာအအေးဓါတ်အစွမ်းကြောင့်
ပညာအလင်းတွေလည်းအားကောင်းလာပြီး ဝဋ်သုံးပါးမှလွတ်မြောက်တဲ့
ဉာဏ်ချမ်းသာကိုလည်း လွယ်ကူလျှင်မြန်စွာ ရနိုင်ပါစေ။

Pilot Dhamma School Team

ဓမ္မစကူးလ်ကလေးဘဝမှနေပြီးဓမ္မစကူးလ် Assistant teacherအဖြစ် ဓမ္မလမ်းပေါ်လျှောက်လှမ်းနေတဲ့ ဆရာမလေး မနှင်းရတီရဲ့ဒီနေ့ကျရောက်...
20/08/2026

ဓမ္မစကူးလ်ကလေးဘဝမှနေပြီး
ဓမ္မစကူးလ် Assistant teacher
အဖြစ် ဓမ္မလမ်းပေါ်လျှောက်လှမ်းနေတဲ့ ဆရာမလေး မနှင်းရတီရဲ့
ဒီနေ့ကျရောက်တဲ့မွေးနေ့မှစပြီး
ဘဝမှာ ပင်ပန်းရတာတွေ လျော့ပါစေ၊ ပျော်ရွှင်ရတာတွေ များပါစေ။ ကိုယ်ပေးခဲ့သမျှ မေတ္တာတွေနဲ့ ထိုက်တန်တဲ့ နွေးထွေးမှုတွေကိုလည်း ပြန်လည်ပိုင်ဆိုင်နိုင်ပါစေ။ Happy Birthday 🎂🤍

Pilot Dhamma School Team

မွေးနေ့မင်္ဂလာပါ ဆရာမသော်ရေ 🎂💐ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် နေတတ်သလို၊ အားလုံးအပေါ် လိုက်လျောညီထွေစွာ ဆက်ဆံတတ်ပြီး က...
19/08/2026

မွေးနေ့မင်္ဂလာပါ ဆရာမသော်ရေ 🎂💐
ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် နေတတ်သလို၊ အားလုံးအပေါ် လိုက်လျောညီထွေစွာ ဆက်ဆံတတ်ပြီး ကလေးတွေအပေါ်မှာတော့ ကြင်နာနွေးထွေးစွာ၊ စိတ်ရှည်ရှည်နဲ့ မေတ္တာပေးတတ်တဲ့ ဆရာမတစ်ယောက်ဖြစ်လို့ ပိုင်းလော့ဓမ္မစကူးလ်အတွက် အားထားရတဲ့ ခွန်အားတစ်ရပ် ဖြစ်ပါတယ်။
ဆရာမသော်ရဲ့ မွေးနေ့မှစပြီး ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်းတွေနဲ့အတူ ကောင်းခြင်းမင်္ဂလာများစွာ ပြည့်စုံပါစေ။
ဓမ္မစကူးလ်အတွက်လည်း ဆရာမရဲ့ စေတနာ၊ မေတ္တာနဲ့ ကြိုးစားအားထုတ်မှုတွေကို ဆက်လက်မျှဝေပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🌷
Happy Birthday ပါ ဆရာမသော်ရေ 🎉🎂

— Pilot Dhamma School Team —

ဓမ္မစကူးလ်ကျောင်းဆိုတာကို ကျွန်မခံယူချက်နှင့် အဓိပ္ပါယ် ကြိုက်သလိုဖွင့်လိုက်ပါဆိုလျှင်...**စိတ်ဓာတ်လေးများပြုပြင်ရာဘဝနေထ...
17/08/2026

ဓမ္မစကူးလ်ကျောင်းဆိုတာကို ကျွန်မခံယူချက်
နှင့် အဓိပ္ပါယ် ကြိုက်သလိုဖွင့်လိုက်ပါဆိုလျှင်...

**စိတ်ဓာတ်လေးများပြုပြင်ရာ
ဘဝနေထိုင်မှုပုံစံလေးများပြုပြင်ရာ
ခံယူချက်များ ပြုပြင်ရာ...
ပြောဆိုနေထိုင်မှုလေးများပြုပြင်ရာ...
နေရာလေးပေါ့။**

စာသင်ချိန်... သင်ခန်းစာ (၂၀) မြောက်... တနင်္ဂနွေ
ရက်နှစ်ဆယ်အကြာမှာ ကျမတို့ရဲ့ကလေးတွေ အတိုင်းအတာတခုထိပြောင်းလဲခဲ့ပါပြီ...

အရင်က လက်ညှိုးကြီးတထိုးထိုးနဲ့ ပြောတတ်တဲ့ အမူအကျင့်တွေ လျော့လာပြီ။

အရင်က ဆရာမစကားတစ်ခွန်းအဆုံး ဆက်သင်၍မရအောင် တုံ့ပြန်မှု၊ ဆန့်ကျင်မှုတွေ မရှိတော့ဘူး။

ကျောင်းသား၊ ကျောင်းသူအချင်းချင်း မောင်နှမတွေ ပမာဖြစ်ခဲ့ကြပြီ။

အပတ်နှစ်ဆယ်အကြာမှာ တန်ဖိုးသိပ်မများပေမယ့် အမှတ်ရစရာ ဆုလေး... ကျမတို့ စီစဉ်ဖြစ်ကြတယ်။

အလိမ္မာဆုံးဆု

မခိုမကပ်၊ စာကိုသေချာ သင်ယူပြီး ကျောင်းတက်မှန်ကာ အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းတယ်... ပူးပေါင်းပါဝင်တယ်... အမြင်မတော်ရင် လုပ်ခိုင်းစရာမလိုပဲ အလိုက်သိတယ်... ထိုအချက်တွေပေါ့။

နောက်တစ်ဆုက...

ပြုပြင်ပြောင်းလဲတဲ့ဆု။

အများကြီး မပြည့်စုံသေးပေမယ့်.....
ကြိုးစားပြီးပြုပြင်နေလို့ ပေးတဲ့ဆုပါ။

(သူတို့ ကြိုးစားနေရှာတာ... သိပ်ချစ်ဖို့ကောင်းနေပြန်ရော...)

ပေးတဲ့ဆုရဲ့ ငွေကြေးတန်ဖိုးထက် ဒီဆုကို ဘာလို့ရတာလဲဆိုတဲ့ ဂုဏ်လေးရဲ့ မြတ်နိုးမှုတန်ဖိုးကို သူတို့ရဲ့ဘဝမှာ အမြဲအမှတ်ရပြီး ကျေကျေနပ်နပ်ကြည်နူး‌နေစေချင်တာလေ။

ဒီဆုလေးနှစ်ခုဟာ လိမ္မာလွန်းတဲ့က‌‌ေလးနဲ့ ကောင်းချင်လွန်းလို့ကြိုးစားနေရှာတဲ့ကလေးတွေကို ပေးဖြစ်တဲ့ဆုပါ။

ဒါဆို ဒီဆုနဲ့ပါက်သက်လို့ တခြားအတန်းဖော်ကလေးတွေကရော...?????
ကျေနပ်ကြပါ့မလား။

သူတို့ကို မေးကြည့်တယ်.... သဘောတူလားပေါ့။
(မျက်ရည်စို့လာက်အောင် ဝမ်းသာအံ့ဩရပါတယ်)
သူတို့သူငယ်ချင်းလေးတွေ ပြုပြင်လာတာ သူတို့ကိုယ်တိုင်လည်း သိနေပါတယ်တဲ့... သူတို့ကတောင် ဂုဏ်ပြုပေးရဦးမှာတဲ့လေ။

ကဲ... ဘယ်လောက်လှတဲ့ စိတ်လေး‌တွေလဲ

ကလေးတယောက်ဆို သူ့ဘဝမှာဆုဆိုတာ ငါနဲ့မသက်ဆိုင်ဘူးလို့ တွေးထားပုံပါ... သူမျှော်လင့်မထားချိန် သူ့နာမည်ကြားလိုက်တော့ ငြိမ်သက်ပြီး. စိုက်ကြည့်နေလိုက်တာ...
ခဏနေတော့ သူ့မျက်ဝန်းလေးမှာ
မျက်ရည်တွေနဲ့‌‌ ရောယှက်နေတဲ့ပျော်ရွှင်မှုအရောင်တွေတလက်လက်နဲ့ပေါ့။

ကျွန်မတို့လည်း သူရင်ထဲထိမြင်နေရသလို
သူ့ရင်ခုန်သံတွလည်းကြားနေရသလိုခံစားနေရပါတယ်။

ကလေးရဲ့ ကြည်နူးမှုမျက်ရည်တွေ
အသဲမမာတဲ့ ကျမတို့ ဆရာမနှစ်ယောက်ဆီကို ကူးဆက်လာလို့ ငိုမချမိအောင် မနည်းထိန်းခဲ့ရတယ်။

**ချစ်ရပါသော ကလေးအားလုံးတို့ရေ...
မေတ္တာတွေ အများကြီးပေးဦးမှာနော်...
မေတ္တာတွေနဲ့ ပြုပြင်ပေးဦးမှာနော်...** ❤️

ဆရာမဒေါ်ထိုက်ထိုက်အောင်(Grade-5)ရဲ့စာကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

17/08/2026

(၁၆-၈-၂၀၂၆)အာဟာရဒါနကုသိုလ်ရှင်များကတော့

August born လေးများရဲ့
မွေးနေ့ကုသိုလ်ပဲဖြစ်ပါတယ်။

မိဘနှစ်ပါးကို အမှူထားကြပြီး
မွေးနေ့ရှင် မခိုင်မာလာမှ သံဃာတော်အရှင်မြတ်များ သီလရှင်ဆရာလေးများနှင့်ဓမ္မစကူးလ်ဆရာ/မများကို နေ့ဆွမ်း/အဟာရဒါန(ကြက်ဆီထမင်း)
လှူဒါန်းသလို
ကလေးများနှင့်ဝေယျာဝစ္စကုသိုလ်ရှင်များကို အာဟာရဒါနအဖြစ် ကြာဇံကြော်များလှူဒါန်းပါတယ်။

နောက်ထပ်မွေးနေ့ရှင်သမီးငယ်လေး
မတိမ်လွှာဦး(Grade-5)မှလည်း
စုဆောင်းထားတဲ့ မုန့်ဖိုးငွေလေးများဖြင့် သီလရှင်ဆရာလေးများ ဆရာ/မများ ဓမ္မစကူးလ်မှကလေးများနှင့်ဝေယျာဝစ္စများကို အာဟာရဒါနအဖြစ် ဟမ်ဘာဂါမုန့်များလှူဒါန်းပေးကြပါတယ်။

ဝမ်းမြောက်ဝမ်းသာလှူဒါန်းကြ
အမျှတွေလည်းပေးဝေကြပြီး
ကျေနပ်ကြည်နူးခဲ့ရတဲ့
မွေးနေ့ရက်မြတ်မင်္ဂလာဖြစ်ခဲ့ကြရပါတယ်။

ခုလို ပြည့်ပြည့်စုံစုံလှူဒါန်းပေးခဲ့ကြတဲ့
မွေးနေ့ရှင်လေးများနဲ့ မိသားစုဝင်အားလုံး
သက်ရှည် ကျန်းမာ စိတ်ချမ်းသာနိုင်ကြပါစေ။
ကောင်းမြတ်သော လိုရာဆန္ဒမှန်သမျှလည်း တောင့်တတိုင်းလွယ်ကူလျှင်မြန်စွာ ပြည့်စုံကြပါစေ။
မွေးဖွားပေးခဲ့ကြတဲ့ကျေးဇူးရှင်မိဘနှစ်ပါးကိုလည်း တစ်သက်တာလုံး
အလုံးစုံပြည့်စုံအောင် စောင့်ရှောက်နိုင်ကြတဲ့ သမီးကောင်းရတနာလေးများ ဖြစ်နိုင်ကြပါစေ။

10/08/2026

(၉-၈-၂၀၂၆)အာဟာရဒါန ကုသိုလ်ရှင်

ပိုင်းလော့ဆရာတော်ဘုရားအား အမှူးထား၍...
မွေးနေ့ကုသိုလ်ရှင် ဒေါ်စန်းစန်းထွေးမိသားစု

ကလေးငယ်များနှင့် ဆရာ/မများ
ဝေယျာဝစ္စကုသိုလ်ရှင်များအားလုံးကို
လာရောက်လှူဒါန်းပေးတဲ့အတွက်
ပိုင်းလော့ဓမ္မစကူးလ်မှ ဝမ်းမြောက်ဝမ်းသာကျေးဇူးမှတ်တမ်းတင်ရင်း

မွေးနေ့ကုသိုလ်ရှင်နှင့် မိသားစုဝင်အားလုံး ဘေးရောဂါ အန္တရာယ်တွေ ကင်းဝေးနိုင်ကြပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတို့ ပြည့်စုံနိုင်ကြပါစေ။
နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ကြပါစေ။

(၂-၈-၂၀၂၆)အာဟာရဒါန ကုသိုလ်ရှင်ကျေးဇူးရှင် မိခင်ကြီး(ဒေါ်ခင်ဋ္ဌေးရီ)(၄)နှစ်ပြည့်အား ရည်စူး၍ကျန်ရစ်သူ သားသမီးများမှ ရည်စူး...
03/08/2026

(၂-၈-၂၀၂၆)အာဟာရဒါန ကုသိုလ်ရှင်

ကျေးဇူးရှင် မိခင်ကြီး(ဒေါ်ခင်ဋ္ဌေးရီ)
(၄)နှစ်ပြည့်အား ရည်စူး၍
ကျန်ရစ်သူ သားသမီးများမှ ရည်စူးကူသိုလ်အဖြစ်
မိုးညှင်းသိင်္ဂီကျောင်းတိုက်အတွင်း သီတင်းသုံးကြသော သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများအား အချိုပွဲ(မုန့်ဆွမ်း)နဲ့

ဓမ္မစကူးလ် ကလေးငယ်များအား အာဟာရဒါန အလှူတို့ကို သဒ္ဓါရွှင်လန်း
လှူဒါန်းကြပါတယ်။

ဤကောင်းမှုအဖို့ဘာဂကို ဘဝတစ်ပါးပြောင်းရွှေ့သွားသော(ဒေါ်ခင်ဋ္ဌေးရီ)သည်လည်း မြင်နိုင်/ကြားနိုင် သာဓုခေါ်နိုင်ပါစေ။

ကျန်ရစ်သူမိသားစုတို့သည်လည်း
ဤကောင်းမှုကံ စေတနာတို့ကြောင့်
ကောင်းကျိုးချမ်းသာ မင်္ဂလာတို့ ပြည့်စုံနိုင်ကြပါစေ။

(၂-၈-၂၀၂၆) မင်္ဂလာရှိတဲ့ မနက်ခင်းလေးတစ်ခုတွင် ပိုင်းလော့ဆရာတော်ဘုရားအားပိုင်းလော့ဓမ္မစကူးလ် သားငယ်/သမီးငယ်များ ဆရာ/မများ...
02/08/2026

(၂-၈-၂၀၂၆)

မင်္ဂလာရှိတဲ့ မနက်ခင်းလေးတစ်ခုတွင် ပိုင်းလော့ဆရာတော်ဘုရားအား
ပိုင်းလော့ဓမ္မစကူးလ် သားငယ်/သမီးငယ်များ ဆရာ/မများ ဝေယျာဝစ္စများက
ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဆရာတော်ဘုရားပင်ပန်းမှာစိုးလို့ ဆရာတော်သီတင်းသုံးရာ ကျောင်းဆောင်ပေါ်မှာ ဆရာ/မတွေနဲ့ပဲ ကပ်ဖို့စီစဉ်ကြပေမဲ့
လျှောက်ထားဖြစ်တော့
ကလေးတွေဆီ ကြွပေးပါ့မယ်တဲ့။

ခုမနက်ခင်လေးမှာ ကလေးငယ်များနှင့် ဆရာ/မများအား
အချိန်ပေး၍ သီလလည်းပေး မေတ္တာလည်းပေး ဩဝါဒလည်းပေးသွားလို့ အားလုံးဝမ်းမြောက်ကြည်နူးခြင်းများဖြင့် ပြည့်နှက်ခဲ့ကြရပါတယ်။🙏

29/07/2026

Address

မိုးညှင်းသိင်္ဂီကျောင်းတိုက်၊ အမှတ်(၁၆)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)
Yangon

Website

Alerts

Be the first to know and let us send you an email when ပိုင်းလော့ဓမ္မစကူးလ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share