Daddy Tote's Daddy Notes

Daddy Tote's Daddy Notes A Daddy's simple notes

05/08/2023

ဒီ​နေ့မှ တိုက်တိုက်ဆိုင်ဆိုင်
အိမ်မှာ ဝိုင်ဖိုင် မီးနီလင်း​နေလို့ ..
Live ကို ခန​လေးပဲ ဖုန်းနဲ့လွှင့်လိုက်ရတာ​​ဆောရီးပါဗျာ 🥴✌️

​တော်​သေးတယ် ဘသူမှလဲ သိပ်​တော့
​ရောက်မလာကြလို့ 😅

အမှန်​တော့ ​သေချာ ကျကျနန​လေး
စကား​ပြောကြမယ်ဆိုပြီး
OBS studio ​တွေ​ရော
Driodcam ဘာညာ​တွေ​ရော
Stream ပုံ Stream နည်း​တွေ စာ​တွေသင်ထားတာ 😅😂

See u next weeks guys ❤️🫰


08/04/2023

ကိုယ်တိုင်က အေးချမ်းမှုကို
အရင်ကထက် ပိုနှစ်သက်လာလို့လားမသိဘူး
ဒုက္ခတွေဆို တခြားသူတွေကို လိုက်‌ပေးချင်တဲ့စိတ်ပဲ ရှိတော့တယ်

A  :  ဟုတ်တာ​ပေါ့ဗျာ .. က​လေးငယ်​လေး​တွေကို ပြုစုပျိုး​ထောင်ရတယ်ဆိုတာက နည်းစနစ်ကျဖို့သိပ်လိုတာ​ပေါ့ ... 😌 B  :  ဟုတ် A  ...
09/01/2023

A : ဟုတ်တာ​ပေါ့ဗျာ .. က​လေးငယ်​လေး​တွေကို ပြုစုပျိုး​ထောင်ရတယ်ဆိုတာက နည်းစနစ်ကျဖို့သိပ်လိုတာ​ပေါ့ ... 😌

B : ဟုတ်

A : က​လေး​တွေဆိုတာက အရာရာကို ..

(​​ဖေ​ဖေ့ .. ဖေ​ဖေးးး .. Paw Patrol ထဲက ဒီအ​ကောင်က အညိုဖြစ်သွားတယ်​တွေ့လား .. )

A : 😒 ... က​လေး​တွေဆိုတာက အရာရာကို စူးစမ်းခါစဖြစ်သလို သူတို့ သိ​ကြောင်းတတ်​ကြောင်းကိုလဲ တအားပြန်ပြီး sharing လုပ်ချင်ကြတာ​လေ ..

B : ဟုတ်တယ်​နော် ...

A : ဒါကို ကျ​နော်တို့ လူကြီးဖြစ်တဲ့ မိဘ​တွေက နားလည်ထားရမယ်ဗျ .. 😌

( ​ဖေ​​ဖေ့ .. Huggie Weggie ​တွေက မ​ကောင်းဘူး​နော် သမီးမကြည့်ဘူးသိလား .. သူတို့က ဘာလို့မ​ကောင်းတာလဲ ​မေ့သွားပြီ သမီးကို ပြန်​ပြောပြဦး .. ​ဖေ​ဖေ့ ... )

A : 🤨 အဲ .. အဲ့ .. ဆက်​ပြောရရင်ဗျာ .. သူတို့​လေး​တွေက မသိလို့ ​မေးလာတာ​လေး​တွေကို ပြန်မ​ဖြေတာ .. အဖတ်မလုပ်တာ .. ဒါမှမဟုတ် ပြီးပြီး​ရော ​ဖြေလိုက်တာ​တွေက သူတို့ရဲ့ ​တွေး​ခေါ်ယူဆပုံ​တွေကို အများကြီး အကျိုးသက်​ရောက်နိုင်တာကိုးဗျ သိလား ...

( ​ဖေ​ဖေ .. ​ဖေ​ဖေ့ ဒီမှာကြည့်လို့ဆို .. သမီးအ​ရောင်ခြယ်ထားတာလှလား .. ဒါက Pink color .. ဒါက Purple ​လေး .. )

B : အင်း .. ဟုတ်တာ​ပေါ့

A : ဒါ​ပေါ့ဗျ .. ဟုတ်ဆို သူတို့အရွယ်​လေး​တွေက အသိအမှတ်ပြု​ပေးတာ .. သူတို့ရဲ့ လုပ်နိုင်စွမ်းကို လက်ခံ​ပေးတာကို တအားလိုအပ်တာ​လေ .. အဲ့တာကို နားလည်မ​ပေးဘဲ .. စိတ်ရှုပ်လာလို့ ​အော်​​ငေါက်ပစ်လိုက်တာမျိုးက .. က​လေး​တွေရဲ့ ​Thinking ​ရော Creativity ​​တွေ​ရောကို ရိုက်ချိုးပစ်လိုက်တာနဲ့အတူတူပဲ .. က​လေးက သူ့ခံစားချက်​တွေကို မ​ပြောရဲ​တော့တာ .. တစ်ခုခုဆိုရင် ပြန်မငြင်းရဲ​တော့တာ .. လူ​ကြောက်တတ်လာတာမျိုး​တွေထိ ဖြစ်လာနိုင်တယ်​လေ ...

( ​ဖေ​ဖေ့ ... ဒီကားက ဘယ်လိုပြန်ပြီး သံပတ်​ပေးရတာလဲ .. ​ဖေ​ဖေ့ ... ​ဖေ​ဖေးးး .. ဒီမှာကြည့်လို့ .. )

A : သမီးးးး !!!! 😡😡 ဒီမှာ ဖ​အေ စကား​ပြော​နေတာမမြင်ဘူးလား ..??? ဘာ​တွေအ​ရေးကြီး​နေလဲ အဲ့တာက .. လူကြီးစကား​ပြော​နေရင် ဖြတ်မ​ပြောရဘူးလို့ ​ပြောထားတယ်မဟုတ်ဘူးလား .. !! ဒါ​လေး​တောင် မှတ်မထားဘူးလား .. သမီးက လူဆိုးလား .. ​နောက်တစ်ခါ အဲ့လို လာဖြတ်​ပြောရင် * #& #%%+×÷÷×>

20/11/2022

ပြောဆိုသွားတဲ့အ​ကြောင်းအရာ​လေး
​တော်​​တော်​ချောလို့ .. အဲ​လေ .. ​တော်​တော်​ကောင်းလို့
တင်​ပေးလိုက်တာပါ .. အား​ပေးကြပါဦး​နော် .. 🥰🙏✌️

ပိုမို​ကောင်းမွန်​သော Resolution နဲ့
ပိုမို​သော​ရွေးချယ်စရာ​တွေအတွက်က​တော့

ဂီတပီ​ကေ page နဲ့

TMP Recording You Tube Channel 👇

https://youtu.be/Lgy0BArYam8

မှာဝင်​ရောက်အား​ပေးနိုင်ပါတယ်ခင်ဗျ .. 😉❤️✌️

Host - သုသိ | Program - Gita PK -ဂီတပီကေ

https://fb.watch/gUIau1fVxS/

Address

Yangon
11051

Telephone

+959788788775

Website

Alerts

Be the first to know and let us send you an email when Daddy Tote's Daddy Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Daddy Tote's Daddy Notes:

Share

Category