Pregna Gold

Pregna Gold Pregna Gold နဲ့အတူ ကျန်းမာလှပ မိခင်နဲ့ ရင်သွေးလေး ဘ၀

Distributed & Marketed by
Pharma Wisdom Pregna Gold နဲ့အတူ ကျန်းမာလှပ မိခင်နဲ့ ရင်သွေးလေးဘ၀

♀️ International Women’s Day ♀️ယနေ့ မတ်လ (၈) ရက်‌နေ့ဟာ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ - International Women's Day" ...
08/03/2026

♀️ International Women’s Day ♀️

ယနေ့ မတ်လ (၈) ရက်‌နေ့ဟာ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ - International Women's Day" ဖြစ်ပါတယ်။

✨ ဒီနှစ် ၂၀၂၆ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ "Give To Gain" ဖြစ်ပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ်များ အားလုံးအတွက် အခွင့်အရေးများ တန်းတူညီမျှရရှိရေး၊ ကျား-မ အခြေပြု အကြမ်းဖက်မှုများ ပပျောက်ရေးဆိုင်ရာ ဦးတည်ချက်များအတွက် နှိုးဆော်ရည်ရွယ်ထားခြင်းပဲ ဖြစ်ပါတယ်။

Pregna Gold ကလည်း အမျိုးသမီးများနဲ့ မိခင်တွေရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံများကို ဦးညွှတ်ရင်း အမျိုးသမီးတိုင်းအတွက် ဘဝနဲ့ အသိပညာ မြှင့်တင်ပေးနိုင်ရေး မျှော်မှန်းချက်များပါ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းရင်း ကမ္ဘာတစ်ဝှမ်းလုံးရှိ နယ်ပယ်ကဏ္ဍအသီးသီးမှာ တက်ကြွစွာ ရှေ့ဆက်နေကြတဲ့ အမျိုးသမီးများ၏ စွမ်းဆောင်ရည်များကို အသိအမှတ်ပြု ဂုဏ်ပြုလိုက်ရပါတယ်ရှင့် 💕

🤰 မေမေတို့ရေ... ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ကိုယ်ခံအားကောင်းပြီး ကျန်းမာနေမှ ဗိုက်ထဲက ဘေဘီလေးလည်း ကျန်းမာမှာဖြစ်လို့ ...
16/10/2025

🤰 မေမေတို့ရေ... ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ကိုယ်ခံအားကောင်းပြီး ကျန်းမာနေမှ ဗိုက်ထဲက ဘေဘီလေးလည်း ကျန်းမာမှာဖြစ်လို့ ကိုယ်၀န်ဆောင်ကာလမှာ အားဆေးသောက်ဖို့ စဉ်းစားနေတဲ့ မေမေတို့အတွက် Pregna Gold ကိုယ်၀န်ဆောင်အားဆေးလေး ရှိပါတယ်နော် 😍

✨ Pregna Gold ကိုယ်ဝန်ဆောင် အားဆေးမှာ မိခင်နဲ့ ရင်သွေးလေးတို့အတွက် လုံလောက်ပြည့်၀တဲ့ အာဟာရသတ္တုဓာတ်တွေအပြင် DHA (Docosahexaenoic Acid), Folic Acid နဲ့ Vitamin B အုပ်စုတို့ ပါ၀င်တဲ့အတွက် ရင်သွေးလေးကို ဉာဏ်ရည်ထက်မြက်စေပြီး အမြင်အာရုံ အားကောင်းစေဖို့အတွက် ကူညီပံ့ပိုးပေးပါတယ်။

Pregna Gold ကိုယ်၀န်ဆောင်အားဆေး (၁) ဘူးမှာ ဆေးတောင့် (၃၀) ပါ၀င်ပြီး တစ်ခါသောက် (၁) တောင့်နှုန်းဖြင့် တစ်နေ့လျှင် တစ်ကြိမ် သောက်သုံးနိုင်သလို သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာ၀န်များ (သို့) ကျွမ်းကျင်ဆရာ၀န်များရဲ့ ညွှန်ကြားချက်ဖြင့်လည်း လိုအပ်သလို သောက်သုံးနိုင်ပါတယ် 💞

🤰 Pregna Gold နဲ့အတူ ကျန်းမာလှပ မိခင် နဲ့ ရင်သွေးလေး ဘ၀

#ကိုယ်ဝန်ဆောင်အားဆေး

ဘေဘီလေး မွေးပြီးတဲ့အခါ မေမေတွေဟာ တစ်နေ့ကို ရှစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်လောက်ထိ နို့ချိုတိုက်ကျွေးရလေ့ ရှိတတ်ကြပါတယ်တဲ့...🤱 ...
11/08/2025

ဘေဘီလေး မွေးပြီးတဲ့အခါ မေမေတွေဟာ တစ်နေ့ကို ရှစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်လောက်ထိ နို့ချိုတိုက်ကျွေးရလေ့ ရှိတတ်ကြပါတယ်တဲ့...🤱

ဒီလို နို့ချိုတိုက်ကျွေးရမှာ အနေအထား မမှန်တဲ့အခါ မေမေရော ကလေးပါ သက်တောင့်သက်သာ မဖြစ်ဘဲ ကလေးမှာလည်း နို့မငုံတတ်၊ နို့မဝတာမျိုး ဖြစ်လာနိုင်တာကြောင့် ကလေးကို နို့ချိုတိုက်ကျွေးတဲ့အခါ အနေအထား မှန်ကန်တဲ့ နို့တိုက်ကျွေးမှုပုံစံကို ပြောပြပေးချင်ပါတယ်နော် 🙋‍♀️

(၁) မိခင်က ကြာရှည်စွာ နို့တိုက်နိုင်မယ့် နေရာမှာ သက်တောင့်သက်သာ ဖြစ်အောင် နေရပါမယ်။

(၂) ကလေးရဲ့ နှာခေါင်းထိပ်ကို မိခင်ရဲ့ နို့သီးခေါင်းဆီ ချိန်ပြီး ချီထားရပါမယ်။

(၃) ကလေးရဲ့ အောက်နှုတ်ခမ်းနဲ့ နို့သီးခေါင်းတို့ ထိတွေ့တဲ့အခါ ကလေးရဲ့ပါးစပ်က အလွယ်တကူ ဟလာပါမယ်။

(၄) ကလေးပါးစပ်အကျယ်ဆုံး ဟတဲ့အချိန်မှာ မိခင်ရဲ့ သားမြတ်ကို ကလေးရဲ့ ပါးစပ်ထဲသို့ ထည့်ပေးရပါမယ်။

(၅) ကလေးက နို့တကယ်စို့နေတဲ့အခါမှာ ကလေးရဲ့ ပါးလေးက ဖောင်းလိုက်၊ ပိန်လိုက် ဖြစ်နေတာကို တွေ့ရပါမယ်။

ဒီလို ပုံစံအနေအထားမှန်မှန် နို့တိုက်ကျွေးမယ်ဆို ကလေးလည်း နို့ဝပြီး မေမေလည်း နို့တိုက်နေစဉ် မသက်မသာ ဖြစ်ခြင်းကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်‌နော် 🤱💗

Pregna Gold နဲ့အတူ ကျန်းမာလှပ မိခင် နဲ့ ရင်သွေးလေး ဘ၀

#ကိုယ်ဝန်ဆောင်အားဆေး ဲ့အတူကျန်းမာလှပမိခင်နဲ့ရင်သွေးလေးဘ၀

Address

34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter
Yangon
11211

Alerts

Be the first to know and let us send you an email when Pregna Gold posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share