ခဏတာအရိပ်ဆေးရုံ-Prometheus

ခဏတာအရိပ်ဆေးရုံ-Prometheus Charity

တော်တော်အလုပ်ရှုပ်ခဲ့ရချိန်များပေါ့ဗျာ ခုကဆီစျေး တစ်ဂါလံ ၅သောင်းဝန်းကျင် 😎
23/08/2026

တော်တော်အလုပ်ရှုပ်ခဲ့ရချိန်များပေါ့ဗျာ ခုကဆီစျေး တစ်ဂါလံ ၅သောင်းဝန်းကျင် 😎

21/08/2026

ညှစ်ညှစ်ညှစ်ညှစ် 😅

ကျွန်တော်တို့ဆရာ ခွဲစိတ်တာ ကလေးမွေးပေးခဲ့တာတွေ ဘယ်လောက်များလဲဆို မရွံမရှာဘေးနား ကော်ဖီအေးဆေးသောက်ပြီး ခိုင်းနေနိုင်ခဲ့တာ...
20/08/2026

ကျွန်တော်တို့ဆရာ ခွဲစိတ်တာ ကလေးမွေးပေးခဲ့တာတွေ ဘယ်လောက်များလဲဆို မရွံမရှာဘေးနား ကော်ဖီအေးဆေးသောက်ပြီး ခိုင်းနေနိုင်ခဲ့တာဘဲကြည့်ပါ 😅

ဒီနေ့ရဲ့ မွေးနေ့ရှင်လေးကတော့ ဆရာလေး မင်းသူ ဖြစ်ပါတယ် ခင်ဗျ 🥳🎂🎉ဒီဆရာလေးကတော့ သေမင်းလက်က သီသီလေး လွတ်ခဲ့ဖူးသူပေါ့။လွန်ခဲ့တ...
17/08/2026

ဒီနေ့ရဲ့ မွေးနေ့ရှင်လေးကတော့ ဆရာလေး မင်းသူ ဖြစ်ပါတယ် ခင်ဗျ 🥳🎂🎉

ဒီဆရာလေးကတော့ သေမင်းလက်က သီသီလေး လွတ်ခဲ့ဖူးသူပေါ့။
လွန်ခဲ့တဲ့ ၁ နှစ်ခွဲသာသာက လေယာဉ်ဗုံးကြဲခံရတော့ ဗုံးစက တင်ပါးဆုံရိုးခွင်ထိမှန်ပြီး အရိုးသွင်သွင်ကျိုးသွားခဲ့တယ်။

ခွဲစိတ်ကုသမှုတွေခံယူခဲ့ပေမဲ့ လအတော်ကြာ လမ်းလျှောက်ဖို့ကအစခက်ခဲခဲ့ပြီး သူအရမ်းချစ်တဲ့ ဘောလုံးအားကစားကို ကွင်းဘေးကနေပဲ ထိုင်ကြည့်ခဲ့ရတယ်။

ပြီးခဲ့တဲ့ ကျေးရွာဘောလုံးပြိုင်ပွဲမှာတော့ ပွဲဦးထွက်မှာ ကျွန်တော့်ကိုယ်စား အသင်းခေါင်းဆောင်အဖြစ် ကွင်းထဲဦးဆောင်ဝင်စေခဲ့ပြီး ဗိုလ်စွဲခဲ့တဲ့ အသင်းရဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်ခွင့်ရစေခဲ့တယ်။

အခုတော့ အတော်လေး သက်သာလာပါပြီ 🤗

ဆရာလေးရေ…
ယနေ့ မွေးနေ့မှစပြီး ရှေ့လျှောက်မှာ အရမ်းချစ်ရတဲ့ ဘောလုံးအားကစားကို အရင်လို အကောင်းဆုံး ပြန်ကစားနိုင်ပါစေဗျာ 🙏😊

Admin - Dr. PK

အခက်အခဲ အတားအဆီးပေါင်း မြောက်များစွာကို ကျော်ဖြတ်ပြီးသကာလ oxygen concentrator လေးတော့ ဆေးရုံကို ရောက်ရှိလာခဲ့ပါပြီ။ဒီစက်...
15/08/2026

အခက်အခဲ အတားအဆီးပေါင်း မြောက်များစွာကို ကျော်ဖြတ်ပြီးသကာလ oxygen concentrator လေးတော့ ဆေးရုံကို ရောက်ရှိလာခဲ့ပါပြီ။

ဒီစက်မျိုးရှိခဲ့လို့သာ အရေးပေါ်လူနာအချို့ အသက်ဆက်ရှင်ခွင့်ရခဲ့တာပါ။
(အနီးဆုံး ဥပမာပြောရရင် လွန်ခဲ့တဲ့ ၄ ရက်လောက်က မွေးခဲ့ရတဲ့ ကလေး ၂ ယောက်)

နာမည်ဖော်ပြလို့မရတဲ့ လှူဒါန်းပေးသူကိုလည်း အထူးကျေးဇူးတင်လျှက်ပါ ခင်ဗျ 🙏😊❤️

Admin- Dr. PK

နောက်ဆုံးတင်ခဲ့တဲ့ post က reach အတော်ရောက်သွားပါတယ်။ဒါပေမဲ့ လာရောက်လှူဒါန်းပေးသူ ၂ ဦးပဲရှိတာမို့ အားငယ်ရပါတယ်။အရင်လတွေလည...
13/08/2026

နောက်ဆုံးတင်ခဲ့တဲ့ post က reach အတော်ရောက်သွားပါတယ်။

ဒါပေမဲ့ လာရောက်လှူဒါန်းပေးသူ ၂ ဦးပဲရှိတာမို့ အားငယ်ရပါတယ်။
အရင်လတွေလည်း တစ်ဦးမှလာမလှူတဲ့လတွေ အများကြီးပါပဲ။
၅ ထောင်၊ ၁ သောင်းလောက်ပဲ ကူနိုင်ကြရင်လည်း ရပါတယ် ခင်ဗျ။

ကူနိုင်၊လှူနိုင်ကြပါစေ ခင်ဗျာ 🙏😊

(ပုံကတော့ ဟိုနေ့က ကလေးတွေကို ခွဲတဲ့ ၉ ပေ x ၅ ပေ ခွဲခန်းလေးထဲ ခွဲစ်တ်နေတုန်းရိုက်ထားတာပါ)

Admin- Dr. PK

ဗိုက်ခွဲမမွေးပေးရတာရက်နည်းနည်းကြာသွားပြီ။ဒီနံနက်တော့ ရဲမေလေးတစ်ဦး ဗိုက်နာတာရက်ကြာပြီး သားအိမ်မပွင့်သေးတာမို့ ခွဲမွေးပေးရ...
11/08/2026

ဗိုက်ခွဲမမွေးပေးရတာရက်နည်းနည်းကြာသွားပြီ။

ဒီနံနက်တော့ ရဲမေလေးတစ်ဦး ဗိုက်နာတာရက်ကြာပြီး သားအိမ်မပွင့်သေးတာမို့ ခွဲမွေးပေးရတယ်။ လက်ပြန်သွေးရလို့ ပျော်ရပါတယ်။ ဒါပေမဲ့ ခွဲလို့မပြီးခင် စကားပြောစက်ထဲကို OPD ကနေ သတင်းလှမ်းပို့တဲ့အသံကြားလိုက်ရတယ်။

သားအိမ်ပွင့်၊ ကလေးခေါင်းမြင့်၊ မမွေးနိုင်တဲ့။ လာထားလေရော့ နောက်တစ်ဗိုက်။

နောက်တစ်ဗိုက်က မခွဲခင်က စမ်းတာလည်း အကြီးကြီးနဲ့။ အနေအထားက တစ်မျိုးဆိုတော့ အမွှာပူးများဖြစ်နေမလားပေါ့။
ခွဲလိုက်တော့မှ တစ်ယောက်တည်း ၉ ပေါင်ကျော်နဲ့ ဟိုက်ရှားဘား။ ဒါကြောင့်မို့ ဗိုက်က အတော်ကြီးနေတာ။

ဖြစ်ချင်တော့ ထွက်လာတဲ့ ကလေး ၂ ယောက်လုံး အရေးပေါ်အသက်ကယ်တာတွေ လုပ်ရတယ်။
ဒုတိယကလေးဆို ကယ်နေရင်း မရလောက်တော့ဘူးထိ တွေးမိသေးတယ်။ Adrenaline တွေဘာတွေတောင် ထိုးလိုက်ရသေးတယ်။

ကိုယ့်မှာ အမေကို ဖွင့်ထားတဲ့သားအိမ်သွေးထိန်းပေးပြီးတာနဲ့ ကလေးပြေးကြည့်။
ဒါမျိုး အရေးပေါ်ဆို ဟိုဘက်ဒီဘက်ဗျာများရတာလည်း ဆေးရုံစဖွင့်ကတည်းက ဆိုပါတော့။ (ဆရာလေး၊ ဆရာမလေးတွေက ထိုက်သင့်သလောက်လုပ်နိုင်နေကြပြီဆိုပေမဲ့ ကိုယ်ရှိနေရင် သူတို့က အားကိုးလို့ ဆရာရေလို့ လှမ်းခေါ်ကြမြဲ)

အခုည သွား round တော့ ကလေးတွေရော အမေတွေရော ၄ ယောက်လုံး အေးချမ်းသာယာနေလေတော့ ပျော်ရပြီပေါ့။
စိတ်ပင်ပန်းပေမဲ့ ဆက်လုပ်ဖြစ်နေတဲ့ အကြောင်းတရားတွေထဲက တစ်ခုပဲပေါ့လေ။

Admin - Dr. PK

လွန်ခဲ့တဲ့သုံးနှစ်ကျော်အချိန်လောက်ကပေါ့ ဆေးရုံလေးဖွင့်တာ နှစ်ဝက်ကျော်ကျော်ဘဲရှိသေးတယ် ဆရာဖြိုးနဲ့ကျွန်တော်က တစ်ဆောင် ဆရာ...
08/08/2026

လွန်ခဲ့တဲ့သုံးနှစ်ကျော်အချိန်လောက်ကပေါ့ ဆေးရုံလေးဖွင့်တာ နှစ်ဝက်ကျော်ကျော်ဘဲရှိသေးတယ် ဆရာဖြိုးနဲ့ကျွန်တော်က တစ်ဆောင် ဆရာရှိုင်းကတစ်ဆောင်
ဆရာဖြိုးကအခန်းထဲအိပ်ပြီး ကျွန်တော်ကအခန်းပြင်မှာအိပ်ပေါ့ အလှူခံလေး ဆယ်သိန်းလောက်ရတာကအစ ပျော်နေကြချိန်

ဆရာဖြိုးကတော့ ဆေးကုတာရော ဆေးရုံကိစ္စအတွက်ရောနဲ့အလုပ်ရှုပ်နေပြီ။ ဆေးရုံဆေးခန်း အခြေတကျတော့ရှိလာပြီး ဆေရုံမှာ volunteers လူနည်းပေမယ့် ပျော်စရာအချိန်တွေများတယ် အလုပ်ဝန်ပိပေမယ့် အကုန်လုံးက အလုပ်အပေါ်မခိုမကပ် အလုပ်ရဖို့ဘဲမျှော်နေကြချိန်( ယခုလို သူများနဲ့လွှဲချပြီး ရှောင်မနေချင်ကြသေး 😅 အချိန်ကြာလာတော့ ပုံမှန်ကိစ္စလိုဖြစ်သွားလို့ထင်)

အလုပ်လေးလုပ်ရဖို့ သူနဲ့ငါအပြိုင် လုနေရချိန်တွေ အဲ့ဒီအချိန်မှာ ဆရာဖြိုးနဲ့ကျွန်တော်က တစ်ခန်းတည်းနေပြီး ကျွန်တော်က အခန်းသန့်ရှင်းရေးမလုပ် အိမ်သာမဆေး စားပြီးမုန့်တွေကို ပေါက်ကရထားတော့ ဆရာဖြိုးခဗျာ မနေနိုင်ဘူးထင်ရှာပါတယ် တံမြက်စည်းတွေထလှဲပြရှာသည်။ ဒီကမောင်မင်းကြီးသားကလဲ ဆရာကိုယ်တိုင်ထလုပ်နေတာကို အလိုက်ကမ်းဆိုးမသိစွာဘဲ ဆရာလိမ္မာနေတာ ဆိုပြီး ဓာတ်ပုံရိုက်ကာ လိုက်ကြွား၏။

ဆရာဖြိုးခင်ဗျာလဲ မပြောချင်လို့ ကိုယ်တိုင်ထလုပ်ပြခါမှ လွန်စွာအလိုက်သိလှသောမိမိအား တော်တော်ထုထောင်းချင်နေလောက်၏။ နောက်တစ်နေ့ နေကြာစေ့ခွံတွေကို သူကိုယ်တိုင် တံမြက်စည်းဖြင့်လှဲပြီးနောက် ညီလေးလာဟုခေါ်ကာ ဂုတ်ပိုးမှနေလက်ဖြင့်ကိုင်၍ ပွစိတက်နေသောအခန်းအား တစ်နေရာချင်းစီ လိုက်ပြကာ

ဒါတွေက မင်းဖွတာလား ငါဖွတာလား ?
ကျွန်တော်ဖွတာလေဆရာ

ဒါဆိုရင် ဒီအလုပ်တွေက ငါလုပ်သင့်သလား.. နေအုံး ဖွတာကငါဆိုရင်တောင် မင်းနဲ့ငါဘယ်သူလုပ်သင့်တာလဲ?
ကျွန်တော်လုပ်သင့်တာပေါ့ဆရာရ

ဒါဆိုလာအုံးဟုခေါ်ကာ ရေအိုးစဥ်သို့ခေါ်သွား၍

ဒီရေအိုးထဲကရေတွေက ဘယ်သူတွေသောက်တာလဲ? ဆရာနဲ့ကျွန်တော်ပေါ့

ဒါဆိုရင်ရော ဒီရေကငါခပ်သင့်တာလား မင်းခပ်သင့်တာလား?
ကျွန်တော်ဘဲပေါ့ဆရာရယ်

အိမ်သာရော....?

ကျွန်တော်ဆေးသင့်တာပေါ့ဆရာ

မင်းများအလိုက်သိမလားလို့ ငါကိုယ်တိုင်လုပ်ပြနေတာ အခုထိကိုအလိုက်သိမလာဘူး... ..

ဟာ....လိမ္မာလိုက်တာဆရာရယ်ဆိုပြီး အရွှန်းပြန်ဖောက်တော့

မင်းကို​တော့ ပြောကိုမပြောချင်တော့ဘူးဆိုတဲ့ မျက်နှာနဲ့ စိတ်ကောက်ပြီးရေချိုးကာ ဆေးခန်းသို့ကြွချီသွားလေသည်။

ကိုယ့်ဟာကိုယ်လဲ ပြန်ဆင်ခြင်မိတာနှင့် ဆရာ့ကိုတော့ စိတ်ကျေနပ်အောင် ပြန်ချော့အုံးမှပါဟုဆိုကာ ဆရာရယ် ကျွန်တော်ကအဲ့လိုဘဲ အလိုက်မသိဘူး ဆရာပြောမှသဘောပေါက်တာ ဆရာအတွက်လက်ဖက်ရည် ကျစိမ့်လေးဖျော်လာခဲ့တယ်နော် ရော့ရော့ ဆိုပြီးပြန်ချော့မှ မျက်နှာပြန်ဝင်းလာပါလေရော။

နောက်ပိုင်းတွင် ကျွန်တော်တို့ အရမ်းအလိုက်သိ၍ လိမ္မာလာသည်ကို ဆရာဖြိုး အသိဆုံးဖြစ်သည်။ ကျွန်တော်တို့ ညီတပည့်တွေကြောင့်ဟုဆိုကာ စိတ်ညစ်လွန်း၍ တရားထိုင်ရသည့် အခါများစွာ ရောက်ရှိလာပြီး ဆရာအရမ်းပင် ကုသိုလ်တွေရခဲ့လေသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ခဏတာအရိပ်ဆေးရုံ-Prometheus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category