Shwe Baho Hospital Yangon - ရွှေဗဟိုအထူးကုဆေးရုံကြီး

  • Home
  • Myanmar
  • Yangon
  • Shwe Baho Hospital Yangon - ရွှေဗဟိုအထူးကုဆေးရုံကြီး

Shwe Baho Hospital Yangon - ရွှေဗဟိုအထူးကုဆေးရုံကြီး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Baho Hospital Yangon - ရွှေဗဟိုအထူးကုဆေးရုံကြီး, Hospital, No 1-33 Thamein Bayan Road, Tamwe, Yangon.

👩🏻‍⚕️မပေါ့ဆသင့်တဲ့ အရေပြားပြောင်းလဲမှုများ...ရိုးရိုးအရေပြားပြဿနာလား?💁🏻ကာလသားရောဂါကြောင့်လား? ရှက်ကြောက်မနေဘဲ အချိန်မီဂရ...
22/08/2026

👩🏻‍⚕️မပေါ့ဆသင့်တဲ့ အရေပြားပြောင်းလဲမှုများ...ရိုးရိုးအရေပြားပြဿနာလား?💁🏻ကာလသားရောဂါကြောင့်လား? ရှက်ကြောက်မနေဘဲ အချိန်မီဂရုစိုက်ကုသကြပါစို့...

📌အရေပြားမှာ အနီကွက်တွေ၊ အဖုအပိမ့်တွေ ထွက်လာတဲ့အခါ ဓာတ်မတည့်တာ ၊ရာသီဥတုကြောင့် ဖြစ်တဲ့ အရေပြားရောဂါမှိုပိုး၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတို့ကြောင့် ဖြစ်ပေါ်သော ရိုးရိုးအရေပြားရောဂါများအပြင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ကာလသားရောဂါ (Syphilis)ကြောင့် လည်း ဖြစ်ပွားနိုင်ပါတယ်...

📌အထက်ပါကျန်းမာရေးပြသာနာတွေမှာ ဖြစ်စေတဲ့ အကြောင်းရင်းနဲ့ ဖြစ်ပေါ်လာသောလက္ခဏာတွေမတူညီဘဲ ကွဲပြားခြားနားချက်တွေ ရှိပါတယ်...

🩺ရောဂါလက္ခဏာများ (Symptoms)
ရိုးရိုးအရေပြားရောဂါများ(ဥပမာ-နှင်းခူ၊ ဓာတ်မတည့်ခြင်း၊ မှိုပိုး)

✅မျက်နှာ၊လက်၊​ခြေထောက်၊ကျောကုန်း စသည့် ခန္ဓာကိုယ် နေရာအနှံ့ တွင် အနီကွက်များထွက်ခြင်း၊ အဖုအပိမ့်များထွက်ခြင်း။

✅နေ့ရောညပါ မခံမရပ်နိုင်အောင် ယားယံခြင်း နှင့် စပ်ဖျဥ်းဖျဥ်း ခံစားရခြင်း။

✅အရေပြားအလွန်အမင်းခြောက်သွေ့ပြီးကွာကျခြင်း။
အရည်ကြည်ဖု များထွက်လာခြင်း
(သို့မဟုတ်) အနာဖြစ်ပြီး ပြည်တည်ခြင်း။

📌ကာလသားရောဂါဆိုင်ရာအရေပြား
ပြဿနာများ

✅ပေါင်ခြံ၊ ဆီးစပ်၊မျိုးပွားအဂါတစ်ဝိုက်(သို့မဟုတ်) ခန္ဓာကိုယ်အနှံ့ အနီကွက် ၊အဖုအပိမ့်၊ အရည်ကြည်ဖု(သို့မဟုတ်) ကြွက်နို့များထွက်လာခြင်း။

✅ယားယံခြင်း၊ စပ်ဖျဥ်းဖျဥ်း ဖြစ်ခြင်း၊
(သို့မဟုတ်) တစ်ခါတစ်ရံ လုံးဝမနာကျင်ဘဲ အနာဖြစ်နေခြင်း။

✅ဆီးသွားစဥ် နာကျင်ပူစပ်ခြင်းနှင့်ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း။

✅ပေါင်ခြံရှိ ပြန်ရည်ကျိတ်များရောင်ရမ်းတင်းမာလာခြင်း။

ဖြစ်ရသည့်အဓိကအကြောင်းအရင်းများ( Causes/Aetiology)

✅ရိုးရိုးအရေပြားရောဂါများ
ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်၊ ဓာတုပစ္စည်း(ဆပ်ပြာ/အလှကုန်) နှင့် အစားအစာအချို့ကြောင့် ဓာတ်မတည့်ခြင်း(Allergies)

စိုထိုင်းဆများပြီး ပူအိုက်သောရာသီဥတုတွင် မှိုပိုး🦠(Fungus)ကြောင့် အရေပြားပြဿနာဖြစ်ခြင်း၊ ဘက်တးရီးယား နှင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်အရေပြားပြဿနာဖြစ်ခြင်း🦠

စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် ကိုယ်ခံအားစနစ် မညီမျှခြင်းကြောင့် ဖြစ်သောနာတာရှည်အရေပြားပြဿနာများဖြစ်ခြင်း

✅ကာလသားရောဂါဖြစ်ရသည့်အကြောင်းအရင်းများ

ကာကွယ်မှုမပါသော လိင်ဆက်ဆံမှုမှတစ်ဆင့် Treponema pallidumဟုခေါ်သော ဘက်တီးရီးယားပိုးကူးစက်ခံရခြင်း။

💥💥ထိုရောဂါလက္ခဏာများကို စောစီးစွာသိရှိပြီး ကုသမှုခံယူဖို့အရေးကြီးပါတယ်...အရေပြားနှင့် လိင်ကျန်းမာရေးဆိုင်ရာပြဿနာများကို အချိန်မီတိုင်ပင်ကုသပါက လုံးဝပျောက်ကင်းသက်သာနိုင်ပါတယ်...

🏥Shwebaho ဆေးရုံတွင် လူနာများ၏ ကိုယ်ရေးအချက်အလက်နှင့် လျှို့ဝှက်ချက်များကို အထူးအလေးထားကာ ကာလသားရောဂါနှင့် အရေပြားရောဂါအထူးကုဆရာဝန်ကြီးများက နွေးထွေးစွာ ဆွေးနွေးတိုင်ပင်ကုသပေးနေပါတယ်...စိုးရိမ်ပူပန်မှုမရှိပဲ အခုပဲလာရောက်ဆွေးနွေးတိုင်ပင်ကုသလိုက်ပါနော်...🤝🏻

ရွှေဗဟိုဆေးရုံရဲ့ ဆေးကုသမှု့နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များသိလိုပါက (ဒါမှမဟုတ်) Booking စာရင်းသွင်းလိုပါက
အောက်ပါ ဖုန်းနံပါတ် များသို့မေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင့်...

📞 09 263 683 904, 01 954 4090

🏬အမှတ် (၁/၃၃)၊ သမိန်ဗရမ်းလမ်း၊ မေတ္တာမွန်အိမ်ရာဝင်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

#အထွေထွေရောဂါကုဆေးရုံကြီး #ရွှေဗဟိုဆေးရုံ #ကျန်းမာရေး
#ကာလသားရောဂါ #အရေပြားရောဂါ

🦠ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infection - UTI) က မွေးကင်းစ ကလေးငယ်များ မှစ၍ သက်ကြီးပိုင်းများအထိ အသက်အရွယ်...
13/08/2026

🦠ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infection - UTI) က မွေးကင်းစ ကလေးငယ်များ မှစ၍ သက်ကြီးပိုင်းများအထိ အသက်အရွယ်မရွေး ကျား/မ မရွေး ဖြစ်ပွားနိုင်သော ရောဂါဖြစ်ပါတယ်.. လူအများစုက ဆီးသွားရင် ပူစပ်ပူလောင် ဖြစ်ရုံတင်ပဲဆိုပြီး
သာမန်ပေါ့ဆထားတတ်ကြပေမယ့် အချိန်မီ စနစ်တကျ မကုသပါဘဲထားပါက အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲ ရောဂါဆိုးတွေထိ ကူးစက်ပြန့်ပွားသွားနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပါတယ်...🧬

အသက်အရွယ်အလိုက် ဖြစ်ပွားရသည့် အကြောင်းရင်းများ နှင့် သတိပြုရမည့် လက္ခဏာများ🚨
👶🏻မွေးကင်းစ နှင့် ကလေးငယ်များ (Pediatric UTI)
Diaper (သေးခံ) စိုစွတ်မှုကို အချိန်မီ မလဲပေးခြင်း၊ 🦠မစင်မှ ဗက်တီးရီးယားများ ဆီးလမ်းကြောင်းသို့ ဝင်ရောက်ခြင်း နှင့် မွေးရာပါ ဆီးလမ်းကြောင်း ပုံမှန်မဟုတ်ခြင်း (Vesicoureteral Reflux) တို့ကြောင့် ဖြစ်ပွားတတ်ပါတယ်... ကလေးငယ်များက အကြောင်းမရှိ အဖျားတက်ခြင်း၊ ဆီးခဏခဏ သွားခြင်း၊ ဆီးနံ့ ပြင်းခြင်း၊ ဆီးက ပန်းရောင် (သို့မဟုတ်) အရောင်နောက်ကျိကျိဖြစ်ခြင်း၊ အန်ခြင်း၊ ဆီးသွားတိုင်း ငိုယိုဂျီကျခြင်း များ ဖြစ်ပေါ်လေ့ရှိပါတယ်...

👦🏻👧🏻လူငယ် နှင့် လူလတ်ပိုင်းများ
အမျိုးသမီးများတွင် ဆီးပြွန် (Urethra) တိုတောင်းသည့်အတွက် အမျိုးသားများထက် ပိုးဝင်နိုင်ခြေ ပိုမို မြင့်မားပါတယ်... ရေသောက်နည်းခြင်း၊ ဆီးခဏခဏ အောင့်ထားတတ်ခြင်း နှင့် အိမ်သာတက်ပြီးပါက စနစ်တကျ သန့်ရှင်းရေး မပြုလုပ်ခြင်းတို့ကြောင့် ဖြစ်ပွားတတ်ပါတယ်... ဆီးသွားစဉ် ပူစပ်ပူလောင် ဖြစ်ခြင်း၊ မကြာခဏ ဆီးသွားချင်ခြင်း၊ ဆီးခုံအောက်ပိုင်း အောင့်ခြင်း နှင့် ဆီးထဲတွင် သွေးစအနည်းငယ် ပါဝင်၍
အရောင်နောက်ကျိခြင်းများ တွေ့ရတတ်ပါတယ်...

👵🏻👴🏻သက်ကြီးရွယ်အိုများ
အမျိုးသားများတွင် ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia - BPH) ကြောင့် ဆီးကျန်ပြီး ပိုးဝင်ခြင်း၊ အမျိုးသမီးများတွင် မီးယပ်သွေးဆုံးပြီးနောက် ဟော်မုန်းပြောင်းလဲမှုကြောင့် ဆီးလမ်းကြောင်း ခုခံအား
ကျဆင်းခြင်း တို့ကြောင့် ဖြစ်ပွားတတ်ပါတယ်...

👨🏻‍⚕️စနစ်တကျ မကုသဘဲ ပေါ့ပေါ့ဆဆနေပါက ကျောက်ကပ် ပြင်းထန်စွာ ပိုးဝင်ခြင်း (Acute Pyelonephritis)၊ သွေးအတွင်း ပိုးပျံ့နှံ့ခြင်း (Urosepsis)၊ နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း (Chronic Kidney Damage) အထိ နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်ပါသည်...

🏨ရွှေဗဟိုအထွေထွေရောဂါကုဆေးရုံ ကြီးတွင် ကလေး၊ သူငယ်များမှစ၍ သက်ကြီးရွယ်အိုများအထိ ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ကလေးအထူးကု ဆရာဝန်ကြီးများနှင့် ဆီး/ကျောက်ကပ် အထူးကု ဆရာဝန်ကြီးများက စနစ်တကျ တိကျစွာ ရောဂါရှာဖွေကုသမှုပေးနေပါသည်..🏪.

ရွှေဗဟိုဆေးရုံရဲ့ ဆေးကုသမှု့နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များသိလိုပါက (ဒါမှမဟုတ်) Booking စာရင်းသွင်းလိုပါက
အောက်ပါ ဖုန်းနံပါတ် များသို့မေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင့်...

📞 09 263 683 904, 01 954 4090

🏬အမှတ် (၁/၃၃)၊ သမိန်ဗရမ်းလမ်း၊ မေတ္တာမွန်အိမ်ရာဝင်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

#အထွေထွေရောဂါကုဆေးရုံကြီး #ရွှေဗဟိုဆေးရုံ #ကျန်းမာရေး

#ဆီးနှင့်ကျောက်ကပ်

🌧️ မိုးရာသီတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ (Acute Diarrhoeal Disease) ကို အထူးသတိပြုသင့်ပါသည်။မိုးရာသီကာလတွင် ရေမသန့်​ရှင်း​...
12/08/2026

🌧️ မိုးရာသီတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ (Acute Diarrhoeal Disease) ကို အထူးသတိပြုသင့်ပါသည်။
မိုးရာသီကာလတွင် ရေမသန့်​ရှင်း​ခြင်းနှင့် အစားအစာ မသန့်ရှင်းခြင်းများ ပိုမိုဖြစ်ပွားနိုင်သောကြောင့် ဝမ်းပျက်
ဝမ်းလျှောရောဂါ(Acute Diarrhoeal Disease)ဖြစ်ပွားနှုန်းမြင့်တက်လာနိုင်ပါသည်။

🦠 ရောဂါသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ် (သို့မဟုတ်) ကပ်ပါးပိုးများကြောင့် ဖြစ်ပွားနိုင်ပြီး မသန့်ရှင်းသော သောက်ရေ၊ အစားအစာ နှင့် မသန့်ရှင်းသော လက်မှတစ်ဆင့် ကူးစက်နိုင်ပါသည်။
🩺 ရောဂါလက္ခဏာများ
🚽 တစ်နေ့လျှင်ဝမ်းအရည် (၃) ကြိမ်နှင့်အထက် သွားခြင်း။

🤢 ဗိုက်အောင့်ခြင်း၊ဗိုက်ရစ်နာခြင်း၊ ပျို့အန်ခြင်း (သို့မဟုတ်) အန်​​ခြင်း။

🤒 အချို့သောလူနာများတွင် အဖျားရှိခြင်း။ ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration) များ ဖြစ်ပွားနိုင်ခြင်း။

⚠️ ရေဓာတ်ခမ်းခြောက်ခြင်း၏ သတိပေးလက္ခဏာများ
🥵 ရေငတ်လွန်ခြင်း။

👅 ပါးစပ်နှင့် လျှာ ခြောက်သွေ့ခြင်း။

🚽 ဆီးနည်းခြင်း (သို့မဟုတ်) ဆီးအရောင် ရင့်ခြင်း။

💫 မူးဝေခြင်း၊ အားနည်းခြင်း။

👶 ကလေးငယ်များတွင် - မျက်ရည်မထွက်ခြင်း၊ မျက်လုံးချိုင့်ဝင်ခြင်း နှင့် ပုံမှန်ထက် ငိုအားနည်းခြင်း။

🛡️ ကာကွယ်ရေးနည်းလမ်းများ
🚰 ကျိုချက်ထားသော (သို့မဟုတ်) စိတ်ချရသောသန့်ရှင်းသည့် သောက်ရေကိုသာ သောက်သုံးပါ။

🍲 အစားအစာများကို ကျက်အောင်ချက်ပြီး လတ်ဆတ်စွာ စားသုံးပါ။

🧼 အစားမစားမီနှင့် အိမ်သာအသုံး
ပြုပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ အောင် ဆေးကြောပါ။

အစားအစာများကို သန့်ရှင်းစွာ သိမ်းဆည်းပြီး ယင်နားခြင်းမှ ကာကွယ်ပါ။

🚨 မည်သည့်အချိန်တွင် ဆေးရုံသို့ သွားရောက်သင့်သနည်း။
အောက်ပါလက္ခဏာများအနက် တစ်ခုခုရှိပါက ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံး သွားရောက်၍ စစ်ဆေးကုသမှု ခံယူသင့်သည် -

🩸 ဝမ်းတွင် သွေးပါခြင်း။

🌡️ အဖျားကြီးခြင်း။

🤮 ဆက်တိုက်အော့အန်၍ ရေပင် မသောက်နိုင်ခြင်း။

💧ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း။

👶 ကလေးငယ်များ၊ 🧓 အသက် (၆၅) နှစ်အထက် လူကြီးများ၊ 🤰 ကိုယ်ဝန်ဆောင်မိခင်များ (သို့မဟုတ်) 🛡️ ကိုယ်ခံအားနည်းသူများတွင် အထက်ပါ လက္ခဏာများ ဖြစ်ပေါ်ခြင်းရှိပါက အမြန်ဆုံး ဆေးရုံသို့ သွားရောက်ပြသရန် အရေးကြီးပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များကို ပြန်လည်ဖြည့်တင်းပေးခြင်းသည် အရေးကြီးကုသမှုတစ်ခုဖြစ်ပါသည်။

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။မိုးရာသီအတွင်း သန့်ရှင်းသောရေနှင့် အစာအစားများကို ဂရုစိုက်ခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါသည်။

အတူတူကျန်းမာဖို့ ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့ 🩺

ရွှေဗဟိုဆေးရုံရဲ့ ဆေးကုသမှု့နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များသိလိုပါက (ဒါမှမဟုတ်) Booking စာရင်းသွင်းလိုပါက
အောက်ပါ ဖုန်းနံပါတ် များသို့မေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင့်...

📞 09 263 683 904, 01 954 5851

🏬အမှတ် (၁/၃၃)၊ သမိန်ဗရမ်းလမ်း၊ မေတ္တာမွန်အိမ်ရာဝင်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။


#ရွှေဗဟိုဆေးရုံ #ကျန်းမာရေး

🥵အဖျားကြီးပြီး ကိုယ်လက်တွေမခံမရပ်နိုင်အောင် ကိုက်ခဲနေပါသလား? နှာရည်ယို၊ နှာပိတ်၊အသက်ရှုမဝခြင်း၊ ချောင်းဆိုး၊ လည်ချောင်းန...
07/08/2026

🥵အဖျားကြီးပြီး ကိုယ်လက်တွေမခံမရပ်နိုင်အောင် ကိုက်ခဲနေပါသလား? နှာရည်ယို၊ နှာပိတ်၊အသက်ရှုမဝခြင်း၊ ချောင်းဆိုး၊ လည်ချောင်းနာ တုပ်ကွေးရောဂါ (Influenza) ဆိုတာ သာမန်အအေးမိတာမဟုတ်ပါဘူး..

လူအများစုဟာ🦠 တုပ်ကွေးရောဂါ (Influenza) ကို သာမန် ရာသီဥတု အကူးအပြောင်းတွင် ဖြစ်ပွားတတ်သော အအေးမိနှာ​စေးခြင်း (Common Cold) နှင့် မှားယွင်းတတ်ကြသည်။ တကယ်တော့ Influenza ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော တုပ်ကွေးရောဂါသည် အဆုတ် နှင့် အသက်ရှူလမ်းကြောင်းစနစ်ကို တိုက်ရိုက်ထိခိုက်စေပြီး ပြင်းထန်သော နောက်ဆက်တွဲ ရောဂါဆိုးများကို ဖြစ်ပေါ်စေနိုင်သည့် အရေးကြီး ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပါသည်။

သာမန် အအေးမိခြင်း နှင့် တုပ်ကွေးရောဂါ (Influenza)ခွဲခြားသိနိုင်သည့် အဓိကလက္ခဏာများမှာ

✅သာမန် အအေးမိခြင်း လက္ခဏာများ

နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်း ၊ လည်ချောင်းနာခြင်း ၊ ချောင်းဆိုးခြင်း ၊ ခေါင်းကိုက်ခြင်း နှင့် ကိုယ်လက်ကိုက်ခဲခြင်း ၊ ခန္ဓာကိုယ်ထဲတွင် အားမရှိသလို ခံစားရခြင်း။

✅တုပ်ကွေး လက္ခဏာများ

ချောင်းခြောက်ဆိုးခြင်း ၊ အဖျားပြင်းထန်စွာတက်ခြင်း ၊ ကြွက်သားနှင့် အဆစ်အမြစ်များ ပြင်းထန်စွာ ကိုက်ခဲခြင်း ၊ အလွန်အမင်း မောပန်း နွမ်းနယ်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ နှာရည်ယိုခြင်း။

🦠တုပ်ကွေးရောဂါကို စနစ်တကျ မကုသဘဲ ပေါ့ပေါ့ဆဆနေပါကအဆုတ်ရောင်ရောဂါ (Pneumonia) ၊ ဦးနှောက်အမြှေးရောင်ခြင်း (Encephalitis) ၊ နှလုံးကြွက်သား ရောင်ရမ်းခြင်း (Myocarditis) နှင့် ခန္ဓာကိုယ်အင်္ဂါများ စနစ်ပျက်စီးခြင်း (Multi-Organ Failure) အထိ ပြင်းထန်သော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

အောက်ပါလက္ခဏာများ တွေ့ရှိပါက အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ကုသပါ...

✅အသက်ရှူရခက်ခွဲခြင်း (သို့) မော​ကြပ်လာခြင်း

✅ရင်ဘတ်အတွင်း စူးခနဲ အောင့်ခြင်း (သို့) ဖိညှစ်ထားသလိုခံစားရခြင်း

✅သတိလစ်မေ့မျောခြင်း (သို့) စကားပြော မပီသတော့ခြင်း

✅ကလေးငယ်များတွင် အဖျားမကျဘဲ အော့အန်ခြင်း ၊ နှုတ်ခမ်းပြာနှမ်းလာခြင်း

ကျွန်ုပ်တို့ဆေးရုံတွင် တုပ်ကွေးရောဂါ သံသယလူနာများအား
ခေတ်မီဓာတ်ခွဲခန်း၌ (Rapid Influenza Diagnostic Tests (RIDTs) များဖြင့် တိကျစွာ ရောဂါရှာဖွေ၍ အထူးကုဆရာဝန်ကြီးများက စနစ်တကျ ထိရောက်စွာ ကုသပေးနေပါသည်။

ရွှေဗဟိုဆေးရုံရဲ့ ဆေးကုသမှု့နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များသိလိုပါက (ဒါမှမဟုတ်) Booking စာရင်းသွင်းလိုပါက
အောက်ပါ ဖုန်းနံပါတ် များသို့မေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင့်...

📞 09 263 683 904, 01 954 4090

🏬အမှတ် (၁/၃၃)၊ သမိန်ဗရမ်းလမ်း၊ မေတ္တာမွန်အိမ်ရာဝင်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

#အထွေထွေရောဂါကုဆေးရုံကြီး #ရွှေဗဟိုဆေးရုံ #ကျန်းမာရေး

🤝🏻 ရွှေဗဟိုအထွေထွေရောဂါကုဆေးရုံကြီး နှင့် အတူတကွ လက်တွဲလုပ်ဆောင်ရန် လစ်လပ်ရာထူးများအမြန်အလိုရှိပါတယ်ရှင့်...🏥ရေ/မီး/ပြင်...
04/08/2026

🤝🏻 ရွှေဗဟိုအထွေထွေရောဂါကုဆေးရုံကြီး နှင့် အတူတကွ လက်တွဲလုပ်ဆောင်ရန် လစ်လပ်ရာထူးများအမြန်အလိုရှိပါတယ်ရှင့်...🏥

ရေ/မီး/ပြင်/ထိန်းဝန်ထမ်း (M & E)- 1 Post (M)

✅ အတွေ့အကြုံရှိသူဦးစားပေးပါမည်။
✅နေထိုင်ဖို့ အဆောင်စီစဥ်ပေးနိုင်ပါသည်။
လစာ - ညှိနှိုင်း

MO (Full Time & Part Time)
✅ဆမ သက်တမ်းရှိပြီးဖြစ်ရမည်။
✅လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးပါမည်။
✅ဆေးရုံ နှင့် သွားရေးလာရေးလွယ်ကူသောနေရာတွင် နေထိုင်သူဦးစားပေးပါမည်။

Nurse Aid (OT & IPD) Full Time & Part Time

✅ လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးပါမည်။
✅ အဆောင်လိုအပ်ပါက စီစဥ်ပေးနိုင်ပါသည်။
လစာ - ညှိနှိုင်း

Reception

✅လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးပါမည်။
✅ အဆောင်လိုအပ်ပါက စီစဥ်ပေးနိုင်ပါသည်။
လစာ- ညှိနှိုင်း

📍 လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို Page CB (သို့)ဖုန်းနံပါတ်များသို့ ပေးပို့၍ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

• 📞 Phone: 09-783907274
(Viber )သို့လည်း CV Form များပို့ထားနိုင်ပါသည်။

&E
#ရွှေဗဟိုဆေးရုံ
#ဆေးရုံ
&E
#ဆေးရုံအလုပ်အကိုင်

✅ ဝန်ထမ်း အမြန်အလိုရှိပါတယ်ရှင့်...✅M&E Supervisor -1Post (Full Time) ✅သက်ဆိုင်ရာဘွဲ့ (သို့) လုပ်ငန်းကျွမ်းကျင်သူဖြစ်ရပါ...
29/07/2026

✅ ဝန်ထမ်း အမြန်အလိုရှိပါတယ်ရှင့်...

✅M&E Supervisor -1Post (Full Time)

✅သက်ဆိုင်ရာဘွဲ့ (သို့) လုပ်ငန်းကျွမ်းကျင်သူဖြစ်ရပါမည်။

✅ သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းခွင်အတွေ့အကြုံရှိရပါမည်။

✅လျှပ်စစ်စနစ်/AC/ ရေနှင့်ပိုက်လိုင်းစနစ် စသည်များအား ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရမည်။

✅ IT Technician - 1 Post (Full Time)
🔹 Computer hardware & software ပြုပြင်ထိန်းသိမ်းခြင်း
🔹 Network (Wi-Fi, LAN, Router) စနစ်များကို စနစ်တကျ စီမံခြင်း
🔹 Software error & system problem များကို ဖြေရှင်းခြင်း
🔹 CCTV, Server, Printer စနစ်များအား စနစ်တကျ စစ်ဆေးခြင်း

📍 လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို Page CB (သို့)ဖုန်းနံပါတ်များသို့ ပေးပို့၍ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

• 📞 Phone: 09-783907274
Viber သို့လည်း CV Form များပို့ထားနိုင်ပါသည်။

&E
#ရွှေဗဟိုဆေးရုံ
#ဆေးရုံ

🌕🪷 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့ ) 🙏       " သန္ဓေ၊ တောထွက် ၊ ဓမ္မစက် "                မိန့်မြွက်သံချို လဝါဆို ၂၀၂...
29/07/2026

🌕🪷 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာအခါတော်နေ့ ) 🙏

" သန္ဓေ၊ တောထွက် ၊ ဓမ္မစက် "
မိန့်မြွက်သံချို လဝါဆို

၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သောဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် (၇)ရက်သား၊သမီီးအားလုံး ဘေးရန်ကင်းကွာ၍ ကောင်းကျိုးလိုရာမှန်သမျှပြည့်ဝကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🌿

#ဝါဆိုလပြည့်နေ့
#ဓမ္မစင်္ကြာအခါတော်နေ့

သိုင်းရွိုက် (Thyroid disease) ရောဂါဆိုတာ လူကြီး၊ လူငယ်၊ ကျား/မ မရွေး ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ 🦋 Thyroid ရ...
28/07/2026

သိုင်းရွိုက် (Thyroid disease) ရောဂါဆိုတာ လူကြီး၊ လူငယ်၊ ကျား/မ မရွေး ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ 🦋 Thyroid ရောဂါသည် အမျိုးသားများထက် အမျိုးသမီးများတွင် (၅) ဆမှ (၈) ဆထိ ပိုမိုဖြစ်ပွားလေ့ရှိပါသည်။

ကျွန်ုပ်တို့ လည်ပင်း အရှေ့ဘက်တွင်ရှိသော လိပ်ပြာပုံသဏ္ဌာန် သိုင်းရွိုက်ဂလင်း (Thyroid gland) သည် ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) စွမ်းအင်၊ နှလုံးခုန်နှုန်း နှင့် အပူချိန်တို့ကို ထိန်းချုပ်ပေးသည့် အဓိက ဟော်မုန်းထုတ်ဂလင်း ဖြစ်ပါသည်။ 🩺✨

သိုင်းရွိုက်ဟော်မုန်း ပုံမှန်မဟုတ်ဘဲ ဟော်မုန်းအထွက်နည်းခြင်း (Hypothyroidism) သို့မဟုတ် ဟော်မုန်းအထွက်များခြင်း (Hyperthyroidism) ဖြစ်ပွားပါက ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါသည်။ ⚠️

⚠️ သိုင်းရွိုက်ဟော်မုန်း ပုံမှန်မဟုတ်ကြောင်း ပြသသည့် သတိပေးလက္ခဏာများ -
💓 မောပန်းလွယ်ခြင်း / ရင်တုန်ခြင်း

💇‍♀️ ဆံပင်ကျွတ်ခြင်း ၊ လက်သည်းများပျက်စီးခြင်း

⚖️ ခန္ဓာကိုယ်ဝလာခြင်း ၊ ပိန်သွားခြင်း

ခံတွင်းပျက်ခြင်း ၊ မကြာခဏဗိုက်ဆာခြင်း

စိတ်အပြောင်းအလဲမြန်ခြင်း 🎭

😴 အိပ်မပျော်ခြင်း ၊ အမြဲအိပ်ငိုက်နေခြင်း

🥶 အအေးဒဏ်၊ အပူဒဏ်ကိုခံစားရလွယ်ခြင်း🥵

🤢 ဝမ်းမမှန်ခြင်း

🩸 ရာသီသွေး မမှန်ခြင်း

🗣လည်ပင်းတွင် အကျိတ်ကြီးလာခြင်း (သို့မဟုတ်) လည်ပင်းယောင်ခြင်း

အထက်ပါလက္ခဏာများ ခံစားမိပါက အချိန်မဆိုင်းဘဲ Thyroid ဟော်မုန်း စစ်ဆေးမှုပြုလုပ်သင့်ပါသည်။အစောပိုင်းအဆင့်တွင် သွေးစစ်ဆေးမှု ပြုလုပ်ရုံဖြင့် တိကျစွာရောဂါရှာဖွေနိုင်ပြီး ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါက ပုံမှန်ကျန်းမာသောဘဝကို ပြန်လည်ရရှိနိုင်ပါသည်။

✅သိုင်းရွိုက်ဟော်မုန်း တိကျစွာစစ်ဆေးပေးခြင်း။
✅Thyroid Ultrasound: လည်ပင်း/သိုင်းရွိုက်အကျိတ်ရှိ/ မရှိ စစ်ဆေးခြင်း။

🏪ယခုအခါ အသစ်တစ်ဖန်ပြန်လည်ဖွင့်လှစ်ထားရှိပြီ ဖြစ်သောတာမွေမြို့နယ် ရွှေဗဟိုဆေးရုံကြီးတွင် Endocrinologist (ဟော်မုန်း နှင့် အင်ဒိုခရိုင်းအထူးကုဆရာဝန်ကြီးများ) ကိုယ်တိုင် စနစ်တကျ တိုင်ပင်ဆွေးနွေးကုသပေးခြင်း၊ ခေတ်မီဓာတ်ခွဲခန်း၊ ဓာတ်မှန်အာထရာဆောင်း၊ ECG စက်များဖြင့် တိကျစွာ ရောဂါရှာဖွေခြင်းများလည်း ပြုလုပ်ပေးနေပါသည်။

ရွှေဗဟိုဆေးရုံရဲ့ ဆေးကုသမှု့နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များသိလိုပါက (ဒါမှမဟုတ်) Booking စာရင်းသွင်းလိုပါက
အောက်ပါ ဖုန်းနံပါတ် များသို့မေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင့်...

📞 09 263 683 904, 01 954 4090

🏬အမှတ် (၁/၃၃)၊ သမိန်ဗရမ်းလမ်း၊ မေတ္တာရိပ်မွန်အိမ်ရာဝင်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

#အထွေထွေရောဂါကုဆေးရုံကြီး #ရွှေဗဟိုဆေးရုံ #ကျန်းမာရေး

#သိုင်းရွိုက် #လည်ပင်းကြီး

✅ Shwe Baho Hospitalတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသော M&E Technician ဝန်ထမ်း အမြန်အလိုရှိပါတယ်ရှ...
28/07/2026

✅ Shwe Baho Hospitalတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသော M&E Technician ဝန်ထမ်း အမြန်အလိုရှိပါတယ်ရှင့်...

✅M&E Technician -1Post (Full Time)

✅သက်ဆိုင်ရာဘွဲ့ (သို့) လုပ်ငန်းကျွမ်းကျင်သူဖြစ်ရပါမည်။

✅ဆေးရုံ ပိုင်းတွင် အတွေ့အကြုံရှိသူဦးစားပေးပါမည်။ သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းခွင်အတွေ့အကြုံရှိရပါမည်။

✅လျှပ်စစ်စနစ်/AC/ ရေနှင့်ပိုက်လိုင်းစနစ် စသည်များအား ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရမည်။

📍 လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို Page CB (သို့)ဖုန်းနံပါတ်များသို့ ပေးပို့၍ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

• 📞 Phone: 09-429847205
Viber သို့လည်း CV Form များပို့ထားနိုင်ပါသည်။

• 🏢 Address: No.1/33 သမိန်ဗရမ်းလမ်း တာမွေ
မေတ္တာရိပ်မွန်အိပ်ရာဝင်း
ရွှေဗဟိုအထွေထွေရောဂါကုဆေးရုံ

&E
#ရွှေဗဟိုဆေးရုံ
#ဆေးရုံ

အရက်မသောက်ဘဲနဲ့လည်း အသည်းအဆီဖုံးရောဂါ (Fatty Liver disease) ဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား?🤔🔰လူအများစုသည် အသည်းအဆီဖုံးခြင...
22/07/2026

အရက်မသောက်ဘဲနဲ့လည်း အသည်းအဆီဖုံးရောဂါ (Fatty Liver disease) ဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား?🤔

🔰လူအများစုသည် အသည်းအဆီဖုံးခြင်းကို အရက်သောက် သုံးသူများတွင်သာ ဖြစ်ပွားလေ့ရှိသည်ဟု ထင်မှတ်ထားကြသည်။သို့သော် အရက်လုံးဝမသောက်သူများတွင်လည်း အစားအသောက်၊ဇီဝရုပ်ဖြစ်ပျက်မှု မမှန်ကန်ခြင်းကြောင့် NAFLD (Non-Alcoholic Fatty Liver Disease) အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါ) ဖြစ်ပွားနိုင်ပါသည်။

အသည်းအဆီဖုံးခြင်းကို ဖြစ်စေသည့် အဓိက အကြောင်းအရင်းများ

✅ကိုယ်အလေးချိန်လွန်ကဲခြင်း (သို့မဟုတ်) ဗိုက်ရွှဲခြင်း ၊ ခန္ဓာကိုယ်တွင် အဆီပိုများ စုပုံလာခြင်း။

✅ဆီးချို၊ သွေးချို နှင့် အင်ဆူလင် တုံ့ပြန်မှုမကောင်းခြင်း။(Insulin Resistance) သွေးတွင်းသကြားဓာတ် မထိန်းချူပ်နိုင်ခြင်း။

✅သွေးတွင်းအဆီဓာတ်မြင့်မားခြင်း။

✅အဆီများသော အစားအသောက်ပုံမှန်စားသုံးခြင်း။
အသည်း အဆီဖုံးရောဂါသည် လက္ခဏာများ မပြတတ်သလို အသည်း လုံးဝပျက်စီးသွားခြင်းကို မဖြစ်စေပါ။ အသည်းသည် ခန္ဓာကိုယ်အတွင်း ဒုတိယအကြီးဆုံးအစိတ်အပိုင်းဖြစ်ပါသည်။ စနစ်တကျကုသခြင်းမရှိပါက ကြာရှည်လာသည်နှင့်အမျှ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာအထိ အသက်အန္တရာယ်ပေးနိုင်ပါသည်။

💢ကာကွယ်ရန်နှင့် ကုသရန်နည်းလမ်းများ
💥ကိုယ်အလေးချိန် ထိန်းချူပ်ခြင်း
💥အစားအသောက်ဆင်ခြင်ခြင်း
💥လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
💥အရက်ဖြတ်ခြင်း
💥ဆေးဝါးများ (လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် ဆီးချို နှင့်သွေးတွင်းအဆီကျဆေးများ သောက်သုံးနိုင်ပါသည်)

သင့်ရဲ့အသည်းကျန်းမာရေးကို စောစီးစွာ သိရှိနိုင်ရန်အတွက် ရွှေဗဟိုဆေးရုံကြီး၏ အသည်းအထူးကုဆရာဝန်ကြီးများနှင့် လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

ရွှေဗဟိုဆေးရုံရဲ့ ဆေးကုသမှု့နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များသိလိုပါက (ဒါမှမဟုတ်) Booking စာရင်းသွင်းလိုပါက
အောက်ပါ ဖုန်းနံပါတ် များသို့မေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင့်...

📞 09 263 683 904, 01 954 4090

🏬အမှတ် (၁/၃၃)၊ သမိန်ဗရမ်းလမ်း၊ မေတ္တာမွန်အိမ်ရာဝင်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

#အထွေထွေရောဂါကုဆေးရုံကြီး #ရွှေဗဟိုဆေးရုံ #ကျန်းမာရေး

#အသည်းအဆီဖုံးရောဂါ #အသည်း #အသည်းကင်ဆာ #အသည်းခြောက်ခြင်း

Address

No 1-33 Thamein Bayan Road, Tamwe
Yangon

Telephone

+959263683904

Website

Alerts

Be the first to know and let us send you an email when Shwe Baho Hospital Yangon - ရွှေဗဟိုအထူးကုဆေးရုံကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category