စိတ်ငြိမ်းချမ်းမှု Peace and Calm

  • Home
  • Myanmar
  • Yangon
  • စိတ်ငြိမ်းချမ်းမှု Peace and Calm

စိတ်ငြိမ်းချမ်းမှု Peace and Calm Life Attains only by Maha Satipatthana Vipassana Meditation!

let's stay at one' s Meditation Centre, Monastry,Nunnery, home on these day and
do meritorious deeds, Speeches, thinks as much as we can!

31/08/2026
31/08/2026

၃။ မဟာစည်ဝိပဿနာ လက်တွေ့ရှုမှတ်နည်းလမ်းညွှန်

ဝိပဿနာဆိုသည်မှာ ရုပ်နာမ်တရားများကို အမှန်အတိုင်းသိရန် အားထုတ်ခြင်းဖြစ်သည်။

၃.၁ အခြေခံ ထိုင်ခြင်းနှင့် ရှုမှတ်ခြင်း

* ဖောင်း-ပိန် ရှုမှတ်ခြင်း: အသက်ရှူသွင်းသည့်အခါ ဝမ်းဗိုက်ဖောင်းတက်လာမှုကို "ဖောင်းတယ်" ဟုလည်းကောင်း၊ အသက်ရှူထုတ်သည့်အခါ ဝမ်းဗိုက်ပိန်ကျသွားမှုကို "ပိန်တယ်" ဟုလည်းကောင်း စိတ်ဖြင့် သတိကပ်၍ ရှုမှတ်ရမည်။
* အာရုံစိုက်မှု: ဝမ်းဗိုက်၏ စတင်လှုပ်ရှားမှုမှ အဆုံးထိ မျက်စိဖြင့် မြင်သကဲ့သို့ ထင်ထင်ရှားရှား သိနေရမည်။ အသက်ရှူခြင်းကို အတင်းအကျပ် မပြင်ရပေ။

၃.၂ စင်္ကြံလျှောက်ခြင်း အဆင့်ဆင့်

စင်္ကြံလျှောက်ရာတွင် ခြေလှမ်းတိုင်းကို သတိကပ်ရန် အောက်ပါအတိုင်း အဆင့်ဆင့် တိုးမြှင့်ရှုမှတ်နိုင်သည် -

* အဆင့် ၁: "ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်" (မြန်မြန်လျှောက်စဉ်)။
* အဆင့် ၂: "ကြွတယ်၊ ချတယ်" (ဖြည်းဖြည်းလျှောက်စဉ်)။
* အဆင့် ၃: "ကြွတယ်၊ လှမ်းတယ်၊ ချတယ်"။

၃.၃ ဝေဒနာနှင့် စိတ်ကူးများကို ကိုင်တွယ်ခြင်း

* ဝေဒနာရှုမှတ်ခြင်း: ညောင်းခြင်း၊ ပူခြင်း၊ နာခြင်းများ ဖြစ်ပေါ်လာပါက "ညောင်းတယ်၊ ပူတယ်" ဟု စူးစိုက်ရှုမှတ်ရမည်။ သည်းခံခြင်းသည် မဂ်ဖိုလ်ရောက်ကြောင်း အခြေခံဖြစ်သည်။
* စိတ်ကူးရှုမှတ်ခြင်း: စိတ်က အပြင်သို့ ထွက်သွားပါက "သွားတယ်၊ ကြံစည်တယ်၊ စဉ်းစားတယ်" ဟု ဖြစ်ပေါ်သည့်အတိုင်း ချက်ချင်းလိုက်မှတ်ရမည်။

၄။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

စင်္ကြံလျှောက် တရားရှုမှတ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အောက်ပါကောင်းကျိုးများကို ပေးစွမ်းနိုင်ကြောင်း လေ့လာမှုများအရ သိရသည် -

* သွေးလည်ပတ်မှု: ခြေထောက်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ထုံကျင်ကိုက်ခဲမှုများကို ကာကွယ်ပေးသည်။ အထိုင်များသူများအနေဖြင့် တစ်နေ့ မိနစ် ၃၀ ခန့် ပြုလုပ်သင့်သည်။
* အစာချေစနစ်: အစာချေစနစ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။
* စိတ်ကျန်းမာရေး: တစ်နေ့လျှင် ၁၀ မိနစ်ခန့် ရှုမှတ်ခြင်းဖြင့် စိုးရိမ်ကြောင့်ကြစိတ်၊ စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်းတို့ကို သိသိသာသာ လျော့ကျစေသည်။
* သွေးတွင်းသကြားဓာတ်: ဆီးချိုအမျိုးအစား (၂) ဝေဒနာရှင်များအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ကျန်းမာရေးကို အထောက်အကူပြုသည်။
* အိပ်စက်ခြင်း: ကြွက်သားတင်းမာမှုနှင့် စိတ်ဖိစီးမှုကို လျော့ကျစေသဖြင့် ညဘက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်စေသည်။

၅။ နိဂုံးနှင့် လက်တွေ့အသုံးချမှု

မဟာစည်နည်းစဉ် ဝိပဿနာသည် နေ့စဉ်ဘဝ၏ လှုပ်ရှားမှုတိုင်း (စားခြင်း၊ သောက်ခြင်း၊ အိပ်ရာဝင်ခြင်း) တွင် သတိကပ်ရန် လိုအပ်သည်။ အရှင်အာနန္ဒာသည်ပင် အိပ်ရာတွင် လှဲလျောင်းရန် ပြင်ဆင်စဉ် "အိပ်တယ်၊ အိပ်တယ်" ဟု ရှုမှတ်ရင်း ရဟန္တာဖြစ်ခဲ့သည်ကို စံနမူနာယူ၍ မည်သည့်အချိန်တွင်မဆို တရားထူးရနိုင်ကြောင်း သတိပြုသင့်သည်။ တရားအားထုတ်သူသည် အားမရှိသော လူမမာကဲ့သို့ ဖြည်းဖြည်းချင်း သိမ်မွေ့စွာ လှုပ်ရှားခြင်းဖြင့် သတိသမာဓိကို ပိုမိုခိုင်မာစေနိုင်ပါသည်။

မှတ်ချက် - မဟာစည်သာသနာ့ရိပ်သာမှ ထုတ်ဝေသော "ကမ္မဋ္ဌာန်းတရားအားထုတ်ရခြင်းအကြောင်း" ကျမ်းစာကို မဟာစည်အက်ပ် (App) နှင့် ကျမ်းစာအုပ်ဆိုင်များတွင် ရယူနိုင်ပါသည်။

Note Book ကို
လုပ်ခိုင်းကြည့်ထားတာပါ

ရှုမှတ်ခိုက် ရှုပွားရင်း သိပုံ ဉဏ်အမြင်ရှင်းပုံထိတော့ ပြည့်စုံအောင် မပါလာသေးဘူး
မှာယွင်းတဲ့ ကောက်ချက် ပါလာရင်တော့ ပြင်ပေးကြတာပေါ့
#တရားတော်များ #မဟာစည်ဆရာတော် #လူငယ်များဆီသို့

31/08/2026

ရွှေမင်းဝံသာသနာ့ရိပ်သာ ရွှေမင်းဝံဆရာတော်ကြီး ပြောပြလေ့ရှိသော ကျေးဇူးတော်ရှင် လှိုင်မဟာစည်ဆရာတော်ဘုရားနှင့် မဟာစည်ဆရာတော်မဟာစည်သာသနာ့ရိပ်သာ

28/08/2026

ဝိပဿနာရှုတယ်ဆိုတာ

အနိစ္စငြိမ်းအေးချမ်းသာရာရကြပါစေ
28/08/2026

အနိစ္စ
ငြိမ်းအေးချမ်းသာရာရကြပါစေ

နီပေါ ရေဘေးကြီးက မျက်စိတမှိတ်အတွင်းမှာ အကုန်ပြောင်းလဲပျက်စီးသွားတာ မယုံနိုင်စရာပဲ 😞

မဖြစ်ခင်ပုံ နဲ့ ဖြစ်ပြီးပုံ

ပညာပြည့်စုံပါသနည်း မဟာနာမ်မေး - ကိတ္တာဝတာ ပန ဘန္တေ ဥပါသကော ပညာသမ္ပန္နော ဟောတိ - ဘန္တေ - မြတ်စွာဘုရား၊ ကိတ္တဝတာ - အဘယ်မျှ...
28/08/2026

ပညာပြည့်စုံပါသနည်း

မဟာနာမ်မေး -
ကိတ္တာဝတာ ပန ဘန္တေ ဥပါသကော ပညာသမ္ပန္နော ဟောတိ -
ဘန္တေ - မြတ်စွာဘုရား၊
ကိတ္တဝတာ - အဘယ်မျှဖြင့်၊
ဥပါသကော - ဥပါသကာသည်၊
ပညာသမ္ပန္နော ဟောတိ - ပညာနှင့် ပြည့်စုံပါသနည်း ဘုရား။

ဗုဒ္ဓအဖြေ -
ဣဓ မဟာနာမ ဥပါသကော ပညာဝါ ဟောတိ၊
ဥဒယတ္ထဂါမိနိယာ ပညာယ သမ္ပန္နာဂတော
အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။
ဧတ္တာဝတာ ခေါ မဟာနာမ
ဥပါသကော ပညာသမ္ပန္နော ဟောတိ။

မဟာနာမ - မဟာနာမ်၊
ဣဓ - ဤသာသနာတော်၌၊
ဥပါသကော - ဥပါသကာသည်၊
နိဗ္ဗေဓိတာယ - ကိလေသာ အစိုင်အခဲကို ဖောက်ခွဲနိုင်သော၊ သမ္မာ - ကောင်းစွာ၊
ဒုက္ခက္ခယဂါမိနိယာ -
ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်စေနိုင်သော၊
အရိယာယ - (ဥပတ္တိလေသကင်းသဖြင့်) ဖြူစင်သော၊
ဥဒယတ္ထဂါမိနိယာ ပညာယ -
(ရုပ်နာမ်တို့၏) ဖြစ်မှုပျက်မှုကို သိစွမ်းနိုင်သောပညာနှင့်၊
သမန္နာဂတော - ပြည့်စုံသည်ဖြစ်၍၊
ပညဝါ ဟောတိ - ပညာရှိ၏။
မဟာနာမ - မဟာနာမ်၊
ဧတ္တဝတာ ခေါ - ဤမျှဖြင့်၊
ဥပါသကော - ဥပါသကာသည်၊
ပညာသမ္ပန္နော ဟောတိ - ပညာနှင့် ပြည့်စုံသတည်း၊
(သာဓု သာဓု သာဓု)

ပညာ ပညာ ပညာ

ကမ္မဿကတဉာဏဝသေန အနဝဇ္ဇိကမ္မာယတန သိပ္ပါယတန ဝိဇ္ဇာဋ္ဌာနပရိစယဝသေန ခန္ဓာယတန ဒိပရိစယ ဝသေန လက္ခဏာတ္တယတီရဏ ဝသေန စ ဉာဏစာရော ဗုဒ္ဓိစရိယာ။
သာ ပန အတ္ထတော ပညာပါရမီယေ၀ စ ဉာဏသမ္ဘာရ ဒဿနတ္ထံဝိသုံ ဂဟဏ။
(အံ၊ ဋီ၊ ၁ - ၁၂၆၊ ဧကပုဂ္ဂလဝဂ္ဂအဖွင့်)

၁။ -ကောင်းကံ မကောင်းကံကြောင့်
ကောင်းကျိုးကောင်းမွေကို ခံစားရတယ်၊
ဆိုးကျိုးဆိုးမွေကို ဆင်းရဲစွာ ခံစားရတယ် - လို့
သိနားလည်သော ဉာဏ်ပညာ။

ဒီ အသိပညာလဲ ရှိဖို့ရာ အရေးကြီးပါတယ်၊
ဒီပညာရှိမှ ကုသိုလ်အလုပ်များကို ပြုလုပ်ဖြစ်ပါတယ်၊
ဒီ ပညာမရှိယင်
အကုသိုလ်တွေကိုချည်း ကျူးလွန်တတ်ကြတယ်။

ပတ်ဝန်ကျင်ကို သုံးသပ်ကြည့်

အရုပ်ဆိုးသူ
ချောလှသူ
ကိုယ်အနံ့အသက်ဆိုးသူ
ကောင်းသူ
အာပုပ်နံ့ထွက်သူ
မထွက်သူ
အသံကောင်းသူ
မကောင်းသူ
စားဝတ်နေရေး စီးပွားရေး ပြေလည်သူ
မပြေလည်သူ -
တက္ကသိုလ်ဘွဲ့ရအောင်
အဂ္ဂမဟာပဏ္ဍိတ
တိပိဋကဓရဘွဲ့ရအောင် ပညာရေးအဆင့်မြင့်သူ
မမြင့်သူ
ရောဂါကင်းဝေး ကျန်းမာရေး ကောင်းသူ
မကောင်းသူ၊
အသက်ရှည်သူ
တိုသူ၊
ဒါတွေဟာ -
ကမ္မံ သတ္တေ ဝိတဇ္ဇတိ ဆိုတဲ့အတိုင်း
ကုသိုလ်ကံ
အကုသိုလ်ကံကြောင့် ကွဲပြားနေကြတာ၊

မိမိရဲ့မျက်စေ့တမြင် နားတကြား
ပတ်ဝန်းကျင်ကို သုံးသပ်ကြည့်ပါလျှင်
ကံအကြောင်းအကျိုးကို သိနားလည်သော
ပညာ ရှိလာပါမယ်၊
ရှိအောင်လဲ အရယူထားသင့်ကြတယ်။

မျက်မှောက်ခေတ်မှာ
ပန်းချီပုံ ဓာတ်ပုံပါတဲ့ စာတွေဖတ်ရတယ်၊
ပြည်တွင်းပြည်ပ ရုပ်ရှင်သတင်းကား အမျိုးမျိုးကြည့်ရတယ်၊
ရေဒီယိုနားထောင်ရတယ်၊
ရုပ်မြင်သံကြားကျတော့ အကြောင်းစုံ မြင်ရ ကြားရတယ်၊ အဲဒီတော့ မျက်စေ့တမြင် နားတကြား ပတ်ဝန်းကျင်က
ကမ္ဘာလူလောကမျှ မရပ်မနား
လဗိမာန်အရောက် ကျယ်ပြန့်ပါတယ်၊
ဘာသာရေးစာပေတွေကို ဖတ်ယင်
တရားတိတ်ခွေတွေကို နားထောင်ယင်
တရားဟောပွဲသွားပြီး နားယူယင်
ဒီ မျက်စေ့တမြင် နားတကြားကလဲ
သုံးဆယ့်တစ်ဘုံကျော်ရောက်အောင် ကျယ်ဝန်းပါတယ်။

အဲဒီလို ပတ်ဝန်းကျင်အားလုံး ကုန်ဆုံးအောင်
သုံးသပ် ဆင်ခြင်ကြည့်ပါလျှင်
ဗုဒ္ဓသာသနာတော်ကြီးကို
တွေ့ရသူ မတွေ့ရသူ၊
ဝိပဿနာအားထုတ်ခွင့်ရသူ မရသူ၊
မဂ်ဖိုလ်ရသူ မရသူ စသည်အထိ ကံစွမ်းရပုံကို
ငုံမိ ခြုံမိအောင် သိနားလည်သော ပညာ ရှိလာပါမယ်။

၂။ -အပြစ်ကင်းသော သက်မွေးဝမ်းကျောင်း သိပ္ပံပညာရပ်
ဝိဇ္ဖာပညာရပ်များကို တတ်ကျွမ်းနားလည်သော ပညာ ရှိလာပါမယ်။

၃။ -ခန္ဓာ
အာယတန
ဓာတ်
သစ္စာ
ရုပ်နာမ်
ဓမ္မ
ဗုဒ္ဓပိဋကတရားတော်များကို တတ်ကျွမ်းနားလည်သော ပညာ။
ဒီပညာနှစ်မျိုးကို ရှင်းမပြလဲ နားလည်ကြပါတယ်။

၄။ -အနိစ္စ ဒုက္ခ အနတ္တကို သိသော ဉာဏ်ပညာ။

အားမငယ်ပါနှင့်

မဂ်ဆိုက် ဖိုလ်ရောက် နိဗ္ဗာန်ပေါက်
ပါရမီတော်စာရင်းဝင်တဲ့ ပညာကို
အခုလို လေးမျိုးပြထားတယ်၊

အမှတ်(၁/၂) ပညာ ၂ - မျိုးကတော့
သာသနာတွင်းကာလ
သာသနာပကာလများမှာလဲ ရနိုင်ပါတယ်၊

အမှတ် (၃/၄) ပညာ ၂ - မျိုးကတော့
သာသနာအတွင်းကာလမှာသာရနိုင်ပါတယ်။

အမှတ် (၃) ပညာက
ဗုဒ္ဓတရားတော်များကို နာယူယင် ရပါတယ်၊
စာဖတ်ယူယင်လဲ ရတယ်၊
နှုတ်လွတ်ကျက်ယူယင်လဲ ရတယ်။

အမှတ် (၄) ပညာကတော့
ဗုဒ္ဓတရားတော်များကို
နာယူ ဖတ်ရှု ကျက်ယူရုံမျှနဲ့မရနိုင်ဖူး။

အရိယာ ဥပါသကာခေါင်းစဉ်အောက် (နှာ/၄၃) မှာ ပြောခဲ့တဲ့အတိုင်း
မဟာသတိပဋ္ဌာန်+ဝိပဿနာတရားအလုပ်ကို
တိတိကျကျ ပြည့်ပြည့်၀၀ မိမိရရ အားထုတ်မှသာ
အမှတ် (၄) ပညာကို ရနိုင်တယ်။

မဟာနာမသုတ် ဥပါသကာဂုဏ်ရည် တရားတော်ကြီးအရ
ဥပါသကာ
ဥပါသိကာတွေမှာ ရရှိပြည့်စုံရမဲ့ ပညာက
အမှတ် (၄) အနိစ္စ ဒုက္ခ အနတ္တ - ကိုသိသောပညာ၊
ဒီပညာရဲ့ဂုဏ်တွေက -
နိဗ္ဗေမိက - ကိလေသာအစိုင်အခဲကို ဖောက်ခွဲနိုင်တယ်၊
အရိယ - ဥပက္ကိလေသ ကင်းလို့ဖြူစင်တယ်၊
သမ္မာ ဒုက္ခက္ခယဂါမိ - မဖေါက်မပြန် ဆင်းရဲကုန်ရာ နိဗ္ဗာန်ကို ရောက်စေနိုင်တယ်၊
ဥဒယတ္ထဂါမိ - (ရုပ်နာမ်တို့၏) ဖြစ်မှု ပျက်မှုကို သိတယ် တဲ့။
နာမရူပပရိစ္ဆေဒ - မှသည်
သာတစ္စံ ကရဏီယံ - (နိဒါနသံယုတ္တ သံ - ၁ ၃၅၁)
သာတစ္စကရိယာယ သမ္ပာဒေတိ - (ဝိသူဒ္ဓိမဂ် - ၂ - ၂၄ဂ)
မနားမရပ်၊ ခြားမပြတ်၊ ရှုမှတ် မြဲရမည်။
ဗလဝါ ဒုဗ္ဗလောရိ၀ - (မိလိန္ဒပဥှ - ၃၄၉၊ ခု - ၂ - ၂၉၄)
လှုပ်ရှားမူရာ၊ လူမမာ၊ တူစွာကျင့်ရမည်။

ဒွါရခြောက်ပါးမှ
ဖြစ်ပေါ်ထင်ရှားတဲ့ ရုပ်နာမ်များကို
သွားနေယင်းရော
အိပ်နေယင်း
ထိုင်နေယင်း
ရပ်နေယင်းရော
ဒီဆောင်ပုဒ် စည်းကမ်းလမ်းညွှန်အတိုင်း
ရှုမှတ်ကြိုးစားရပါမယ်၊
ထိုင်နေစဉ်
မတ်တတ်ရပ်နေစဉ်
လျောင်းအိပ်နေစဉ် အခါများမှာ
ကုစ္ဆိသယဝါယောဇောဋ္ဌဗ္ဗ - ဝမ်းတွင်းအတွေ့လေရုပ် ကို စတင်ရှုမှတ်ကြရတယ်၊
ဝမ်းတွင်းဝါယော ဖောဋ္ဌဗ္ဗာရုပ်ကို
အပြင်ဘက်ကို ရွေ့ရွေ့ပြီး လှုပ်တဲ့အခါ
ဖေါင်းတယ် လို့ အမည်ပေးထားတယ်၊
အတွင်းဖက်ကို ရွေ့ရွေ့ပြီးလှုပ်တဲ့အခါ ပိန်တယ် လို့အမည်ပေးထားတယ်။

ဖေါင်း+ပိန်ခေါ် လှုပ်ရွေ့မှုများရဲ့
အစ အလည် အဆုံးကိုသိအောင်
" ဖေါင်းတယ်" "ပိန်တယ်" လို့ စိတ်ကဆို မှတ်ရတယ်၊
အသံမထွက်စေရဖူး၊
တခြားထင်ရှားဖြစ်ပေါ်တဲ့ အာရုံများကိုလဲ
မိမိနားလည်တဲ့ အရပ်သုံးနာမည်နဲ့
အသံတိတ် စိတ်ကဆိုပြီးမှတ်၊
ပြီးယင် "ဖေါင်း+ပိန်" ပြန်မှတ်ရတယ်။

အဲဒီလို မပြတ်မလပ် မှတ်နေတဲ့ယောဂီဟာ
ဖေါင်းတာတခြား ပိန်တာတခြား
ကွဲကွဲပြားပြားသိလာတယ်၊
ဖောင်းတာတခြား မှတ်သိစိတ်တခြား
ပိန်တာတခြား မှတ်သိစိတ်တခြား
ဒီလို ကွဲကွဲ ပြားပြား သိလာတယ်။

တရုတ်အမျိုးသားယောဂီတဦးက
တပည့်တော်မှာ
ဖေါင်းတာကတယောက် သိတာကတယောက်၊
ပိန်တာကတယောက် သိတာကတယောက်၊
ကိုင်တာ ယူတာကတယောက် သိတာက တယောက်၊
နှစ်ယောက် နှစ်ယောက်ချည်းပဲ ဖြစ်ဖြစ်နေတယ် ဘုရား လို့ လျှောက်တယ်။
နာမရူပပရိစ္ဆေဒဉာဏ်ကို ပြောနေပါတယ်၊
မြန်မာစကားကို ပီပီ သသ မပြောတတ်ရှာပါဖူး။

ဖေါင်းတာ+ပိန်တာရှိနေလို့
ဖေါင်းတယ်+ပိန်တယ် မှတ်သိနေရတယ်၊
မရှိယင် မမှတ်ရဖူး၊
မှတ်စရာတွေက တခုမပြီးသေးဖူး၊
တခုထပ်ပြီးပေါ်လာတယ်၊
ပေါ်တိုင်းပဲ မှတ်နေရတော့တာပဲ လို့လဲ လျှောက်ကြတယ်၊ အဲဒါ ပစ္စယပရိဂ္ဂဟဉာဏ်ကို ပြောနေပါတယ်။

ဖေါင်းတာ+ပိန်တာ တခုတည်း တဆက်တည်းထင်ခဲ့တာ၊ တခုတည်း တဆက်တည်းမဟုတ်ဖူးဘုရား၊
နောက်ပြီး ဖေါင်းတာလဲ တဖေါင်းတည်း မကဖူး၊
သုံး လေး ဖေါင်းလောက်ဖြစ်နေတယ်ဘုရား၊
ပိန်တာလဲ ဒီလိုပဲ သုံး လေး ပိန် ဖြစ်နေတာတွေ့ရတယ်ဘုရား တဲ့၊
ဒီလို ယောဂီများက ရှုမှတ်ယင်း
သူတို့ရဲ့ တွေ့သိပုံတွေကို လျှောက်ကြတယ်။

အဲဒါဟာ
'တတ္ထ တတ္ထေ၀ - ထိုထို ဖေါင်းခိုက်+ပိန်ခိုက်စသော ခဏ၌သာလျှင်၊
ပဗ္ဗံ ပဗ္ဗံ - တဆစ်စီ အပိုင်းအပိုင်း၊
သန္ဓိ သန္ဓိ - တစပ်စီအကန့်အကန့်၊
ဩဓိ ဩဓိ ဟုတွာ - တခြားစီ အပြတ်အပြတ်ဖြစ်လျက်၊
တတ္တကပါလေ ပက္ခိတ္တတိလာ ဝိယ - ပဋာပဋာ ယန္တာ - လောလောပူသော အိုးခင်းထဲ၌
ပစ်ထည့်အပ်သော နှမ်းစေ့တို့သည်
တဖဋ်ဖဋ် တဖျက်ဖျက် မြည်ကုန်လျက်
ပေါက်ကွဲကုန်ဘိသကဲ့သို့၊ ဘိဇ္ဇနိ ္တ - ပျက်စီးကုန်၏' ဆိုတဲ့ (မ - ဋ္ဌ၊ ၁၊ ၂၆၅)
မဟာသတိပဋ္ဌာနသုတ် စတုသမ္ပဇညပဗ္ဗအဖွင့်
မှတ်တမ်းအတိုင်း
ကုစ္ဆိသဝါယောဖေါဋ္ဌဗ္ဗ - ဝမ်းတွင်း အတွေ့လေရုပ်ရဲ့
ဖြစ်ပျက်သိ - ဥဒယဗ္ဗယဉာဏ် ကိုပြောနေပါတယ်။

ဥပက္ကိလေသတရားများ

ဉာဏ - ဉာဏ်
အခုပြောတာ
ဖေါင်းတယ်+ပိန်တယ် - လို့ ခေါ်ရတဲ့
ကုစ္ဆိသဝါယောဖေါဋ္ဌဗ္ဗ -
ဝမ်းတွင်းလေရုပ် ဖြစ်+ပျက်သိပုံကိုပြောတာ၊

ဒွါရခြောက်ပါးမှ -
ဖြစ်ပေါ်ထင်ရှားတဲ့ တခြား ရုပ်နာမ်များရဲ့
ဖြစ်+ပျက်သိပုံကို
တင်ပြ လျှောက်ထားကြတာ မနည်းပါဖူး၊

ဒီလောက်ပြောယင် ပညာရှင်တွေအဖို့
မုဒိတာပွားနိုင်လောက်ပါပြီ၊
ဖောင်းတယ်+ပိန်တယ် ဆိုတာ
ကာယဒွါရမှ ဖြစ်ပေါ်ထင်ရှားတဲ့
ကာယနုပဿနာ သတိပဋ္ဌာန်ပါပဲ။
ဖောင်းမှု+ပိန်မှု စသော မှတ်စရာအာရုံတွေ
ဖြစ်ပေါ်တိုင်း
ပျောက်သွားတိုင်းကို
တအာရုံစီ တအာရုံစီ
ကွဲကွဲပြားပြား ပြတ်ပြတ်သားသား
ပီပီပြင်ပြင် သိလာပါတယ်။

ဪ ဖောင်း+ပိန် ကွေးဆန့် ဝမ်းနည်း ဝမ်းသာ ညောင်းထုံအောင့်နာ - အစရှိတဲ့ ရုပ်နာမ်တွေဟာ
ပေါ်လာပျောက်သွား
ပေါ်လာပျောက်သွား
တရိပ်ရိပ်နဲ့ ပျက်နေကြတာ ဘယ်မှာမြဲလို့လဲ၊

ဒါကြောင့် အနိစ္စဆိုတာ မှန်လိုက်လေ၊
ဖြစ်ပျက်နှိပ်စက်ခံနေရတဲ့ ရုပ်နာမ်
ဖြစ်ပျက်မကင်းတဲ့ ရုပ်နာမ်၊
နှစ်သက်ဖွယ်မကောင်းတဲ့ ရုပ်နာမ်၊
ဒါကြောင့် ဒုက္ခဆိုတာ မှန်လိုက်လေ၊
ဖြစ်ပီးပျက်နေတဲ့ ဒီရုပ်နာမ်တွေမှာ
ခိုင်မာတဲ့ အနှစ်သာရ မရှိဖူး၊
အလိုကျလဲ မဖြစ်ဖူး၊
ဒါကြောင့် အနတ္တဆိုတာ မှန်လိုက်လေ၊
အဲဒီလို ယောဂီရဲ့ အသိကို ဉာဏ=ဉာဏ် ခေါ်တယ်။

တရားထူးထင်

ဒီလို အသိဉာဏ်မျိုး တခါမျှ မဖြစ်ခဲ့ဖူးလို့
ဒီအသိဉာဏ်ကို
မဂ်ဖိုလ်နိဗ္ဗာန် တရားထူးကို ရလို့သာ
ဒီလို သိတာပဲလို့ မှားယွင်းစွာ ယူဆတတ်တယ်၊

တရားထူး တရားမြတ်ကို ရပြီလို့ ယူဆယင်
အဲဒီ အသိဉာဏ်ကို သာယာနေတတ်တယ်၊
နှစ်သက်နေတတ်တယ်၊
ဆက်လက်တရား မမှတ်တော့ဖူး၊
ဒါကြောင့် ဒီ အသိဉာဏ် ကို
ဝိပဿနာ ညစ်ညူးကြောင်း တရားဆိုရတယ်၊
ငါ့မှာသာ ဒီ အသိဉာဏ် မျိုး ဖြစ်တယ်၊
ငါဟာ တခြားယောဂီများထက် ထူးတယ်၊
အဲဒီလို အထင်ကြီး မာနဝင်လာတယ်၊
ဒီလို ထူးထူးခြားခြား သိတာ ငါက သိတယ်၊
သိတာ ငါပဲ၊
ငါ့ရဲ့ အစိတ်အပိုင်းပဲ၊
ဒီလို တွေးခေါ်ယင် ဒိဋ္ဌိ ဖြစ်ရော။

အမှန်က
အသိဉာဏ်နဲ့ ဆက်စပ်ကာ
သာယာ ထောင်လွှား
လွဲမှားတွေးခေါ်ခြင်း
တဏှာ
မာန
ဒိဋ္ဌိများသာ ဝိပဿနာ ညစ်ညူးကြောင်း တရားတွေပါ၊ တဏှာ မာန ဒိဋ္ဌိ ကင်းယင်
ဒီအသိဉာဏ်=ဉာဏဟာ
ဝိပဿနာ ညစ်ညူးကြောင်းတရား မဟုတ်ပါဘူး။

အဓိမောက္ခ=သဒ္ဓါ

မှတ်ယင်း မှတ်ယင်း
ဖြစ်+ပျက် သိဉာဏ် ပေါ်လာယင်
အလွန်ကြည်လင်တဲ့
အဓိမောက္ခ=သဒ္ဓါလဲ ဖြစ်လာတော့တာပဲ။
ကောင်းကံ မကောင်းကံများကြောင့်
ကောင်းကျိုး ဆိုးကျိုး ရပုံများကိုလဲ
ပိုပြီး ယုံကြည်လာတတ်တယ်၊
ဘုရား
တရား
သံဃာကို ပိုပြီးကြည်ညိုတတ်လာတယ်၊

ဆက်စပ်ရာများကို တရားအားထုတ်ဖြစ်အောင် တိုက်တွန်းဖို့

လှိုင်မဟာစည်ဆရာတော်

Address

Kaya 11 Street
Yangon
11021

Alerts

Be the first to know and let us send you an email when စိတ်ငြိမ်းချမ်းမှု Peace and Calm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to စိတ်ငြိမ်းချမ်းမှု Peace and Calm:

Shortcuts

Share