Festoevo - SME Business Solution

  • Home
  • Festoevo - SME Business Solution

Festoevo - SME Business Solution Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Festoevo - SME Business Solution, .

Festoevo is built from a dream to support Myanmar SMEs with simple tools for daily business operations, helping small and growing businesses work smarter and grow with better structure.

Glorious Future Institute & International Executive School နဲ့ အတူတွဲလုပ်တဲ့ Networking Event လေး Join ဖြစ်တော့ သတိထားမိ...
27/08/2025

Glorious Future Institute & International Executive School နဲ့ အတူတွဲလုပ်တဲ့ Networking Event လေး Join ဖြစ်တော့ သတိထားမိတာ က သူတို့ share ပေးတဲ့ International Business နဲ့ International Relation PhD program တွေမှာ AI တွေ က one of the subject အနေနဲ့ မပါမဖြစ်ပါလာတာပဲ။

AI တွေ က သိပ်မကြာသေးခင် က emerging technologies လို့ ဆိုပေမယ့် ကိုယ်တွေရဲ့ နေ့စဉ်ဘဝထဲမှာ သတိမထားမိဘဲ google အစားတောင် ယောင်ယောင်ပြီး သွားသွား မေးမိနေတယ်။ ပွဲက အပြန် စာသင်တော့လည်း အဲ့ အကြောင်းလေး ပြန်ပြောပြဖြစ်တော့ ၊ အဲမှာ သင်တန်းသား အမ တစ်ယောက် AI တွေ ကိုယ် မှာ သင်တန်းတက်လို့ရလဲ ? အခု အပြင်မှာ သင်တန်းဖွင့်နေတာ အမျိုးမျိုးနဲ့ ကတော့ ရှုပ်ရှက်ခက်နေတာပဲ။ AI တက်မယ်ဆိုရင် တကယ် ကိုယ်ဘာစိတ်ဝင်စားလဲ ဆိုတာ မူတည်တယ်။

AI field က theoretical → technical → applied → ethical ဆိုပြီး လိုအပ်ချက်အလိုက် learning pathway သွားနိုင်ပါတယ်။

အဈေးကွက်ထဲမှာ အများဆုံးတော့
Generative AI & Prompting - သူကတော့ ဒီတိုင်း Systematically Prompt တွေ ဘယ်လိုရိုက်ပြီး ကိုယ်လိုချင်တဲ့ Result နဲ့ Performance တွေလုပ်ရမလဲဆိုတာကို လေ့လာရတာ။ ဒီတိုင်း English လို ရိုက်လည်းရတယ်၊ ဒါပေမယ့် သုံးရမယ် terms နဲ့ instruction structure တွေသိထားရင်တော့ result တွေ ပိုကောင်းတာပေါ့။

• Generative AI & Prompting – Focuses on AI that creates new content and how to guide it with effective prompts.

အဲ့ဒါအပြင် AI Specialization နဲ့ ဆက်စပ်တဲ့ Course တွေက

AI ရဲ့ ကျောရိုး နဲ့ Infrastructure ဆိုရင်

• Machine Learning & Deep Learning – Teaches how machines learn from data using algorithms and neural networks.

• AI Engineering & Tools – Covers the technical skills, frameworks, and platforms needed to build and deploy AI.

AI Governance အပိုင်း Corporate Department တွေလည်း သိထားလေ့လာထားသင့်တယ်။

• Ethics, Policy & Strategy – Examines responsible AI use, governance, and strategic adoption in organizations.

ကျန်တာက Domain အလိုက်နဲ့ Data Analytics

• Applied / Domain-Specific AI – Explores AI applications tailored to industries like finance, healthcare, and education.

• Data & Analytics – Uses AI to analyze data, uncover patterns, and support decision-making.
ဒါက အပေါ်ယံဘဲ Deep Dive ဆိုရင် အများကြီးပဲ ပြောလို့တောင်မကုန်ဘူး

AI is an interdisciplinary field that combines computer science, mathematics, statistics, engineering, psychology, neuroscience, linguistics, and philosophy to build systems that can learn, reason, and act intelligently.

စိတ်ဝင်စားတယ်ဆိုရင်တော့ Machine Learning နဲ့ Data Science Path way ကို စပြီး ကျန်တဲ့ ဘက်ကို ဆက်သွားသင့်တယ်။

🧠 ကျွန်တော်တို့ Power BI Dashboard တွေတော့ ဆောက်ထားပါရဲ့ ဘာလို့ အလုပ်ကောင်းကောင်းမလုပ်တာလဲလက်တွေ အခြေအနေတွေနဲ့ ဘာလို့ လွ...
23/08/2025

🧠 ကျွန်တော်တို့ Power BI Dashboard တွေတော့ ဆောက်ထားပါရဲ့ ဘာလို့ အလုပ်ကောင်းကောင်းမလုပ်တာလဲ
လက်တွေ အခြေအနေတွေနဲ့ ဘာလို့ လွဲနေတာလဲဆိုတဲ့ အဖြေကတော့ Process တွေရဲ့ အစ Data Collection အပြီး မှာ Data Cleaning အပိုင်းကို သေချာမလုပ်ခဲ့ လို့ဖြစ်တာများတယ်။

🧹 Data Cleaning ဆိုတာ ကိုယ်ရဲ့ ရှုပ်ပွနေတဲ့ အဝတ်ဗီရိုတစ်ခုကို သန့်ရှင်းရေးလုပ်သလိုပဲ
အင်္ကျီတွေက ခြေအိပ်တွေနဲ ရောနေမယ်၊
ဖိနပ်တွေက ဂျာကင်တွေကြားထဲရောက်ရင်ရောက်နေမယ်။
အထပ်ထပ်အလီလီ။
ဘာဝတ်ရမလဲ စဉ်းစားဖို့ နေနေသာ
ကိုယ်မှာ အင်္ကျီဘောင်ဘီး အဝတ်အစား ဘယ်နှထည်ရှိလည်း တောင်မသိ။

ဒါပေမယ် အဲ့ဒီရှုပ်ပွနေတာတွေကို
📦 သူအမျိုးအစားအလိုက်
🧥 အနွေးထည်ဆိုအနွေးထည်
👖 ဘောင်ဘီဆိုဘောင်ဘီ
👔 အပြင်သွားအင်္ကျီ စသဖြင့်
အမျိုးမျိုး သေသေသပ်သပ်စီလိုက်တဲ့ အခါ
📈 ခုနက အစီအစဉ်မကျ ရှုပ်ပွထနေတာကနေ ပိုပြီးအလွယ်တကူ စီမံခန့်ခွဲလိုရသွားတယ်။

အဲ့ဒီအတွက်လည်း
အချိန်တွေ၊
လူပင်ပန်း၊
စိတ်ပင်ပန်တာတွေလျော့ချပြီး
🔍 ကိုယ်လိုချင်တဲ့ အရာတွေကို အလွယ်တကူ ရှာဖွေနိုင်တယ်။

🧠 ကျွန်တော်တို့ Excel နဲ့ Spreadsheet တွေကို Data Cleaning ဆိုတာအဲ့ဒါပဲ။
📅 တစ်နေ့ပြီးတစ်နေလုပ်တဲ့ အလုပ်တွေ
💰 အရောင်း၊
🧾 လစဉ်စာရင်းတွေ၊
📂 ဒါမှမဟုတ် နှစ်စဉ်စာရင်းတွေကို Excel ထဲမှာ စုပြုံ ရိုက်ထားတာနဲ့
🧱 သုံးလို့ရတဲ့ Data တွေဖြစ်မသွားဘူး။

အလွယ်တကူ သိလွယ်မြင်လွယ်တဲ့ တည်ဆောက်ပုံမရှိ
📉 သူဟာ Digital အရှုပ်ထုတ်တစ်ခုပါပဲ။

📊 လုပ်ငန်းတွေမှာလဲ အဲလိုမျိုး
❌ ချက်ချင်း တန်းဖို့ရှိအောင် အသုံးချမရတဲ့ data အရှုပ်ပုံတွေများနေတယ်ဆိုရင်တော့
ဘယ်လို Power BI, Tableau, or Looker visualization software သုံးသုံး
🚫 လုပ်ငန်းအတွက် တကယ်တန်းဖို့ ရှိတဲ့ Dashboard တွေတည်ဆောက်နိုင်မှာမဟုတ်ပါဘူး။

🧾 Format တွေသေချာချမယ်၊
🧩 data တွေကို သေချာခွဲခြားသတ်မှတ်ပြီး
✅ Validation တွေလုပ်ပြီးမှသာ
💡 ခုနက ရှုပ်ပွထနေတဲ့ Data တွေကို
📊 တန်ဖိုး ရှိတဲ့ Data တွေ အဖြစ်ပြောင်းလဲ သွားနိုင်မှာပါ။

🔁 အဲ့လို Data Clean တဲ့ လုပ်ငန်းစဉ် Process တွေပြီးသွားမှသာ
📈 ခုနက Dashboard တွေ တည်ဆောက်တဲ့ အချိန်
⚡ ပိုမိုလွယ်ကူမြန်ဆန်ပြီး
🎯 လုပ်ငန်းအတွက် တန်ဖိုးရှိတဲ့ Insight တွေကို
🧠 အလွယ်တကူဆွဲထုတ်နိုင်မှာဖြစ်ပါတယ်။

✅ Clean first. Visualize later.

Power BI ရှိနေတာပဲ PowerPoint ဘာလို့ သုံးရဦးရမှာလဲ မေးခံရဘူးတယ် ❓အပေါ်ယံမှာတော့ တူသလို့ထင်ရပေမယ် Core Function နဲ့ Purpo...
19/08/2025

Power BI ရှိနေတာပဲ PowerPoint ဘာလို့ သုံးရဦးရမှာလဲ မေးခံရဘူးတယ် ❓
အပေါ်ယံမှာတော့ တူသလို့ထင်ရပေမယ် Core Function နဲ့ Purpose တွေက မတူဘူး။

📊 Excel ကတော့ ကျွန်တော်တို့ အခေါ်အရဆိုရင် Data Sandbox, လုပ်ငန်းတော်တော်တော်များများရဲ့ raw data မှန်သမျှကို clean, manipulate, calculate and model or quick analysis လုပ်လို့ရ နေရာ

📈 Power BI က Microsoft eco system ရဲ့ newer Business Intelligence tools တစ်ခု ဖြစ်တယ်၊ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က source အမျိုးမျိုးက data တွေကို ချိတ်ဆက်ပြီး performance monitor လုပ်မယ် live dashboard တွေဆောက်မယ်

📽 PowerPoint ကတော့ stakeholders နဲ့ Decision Maker တွေ အတွက် အရေးကြီးတဲ့ insightsတွေကို story narrative တစ်ခု တည်ဆောက်ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အချက်အလက်ကျကျ deliver လုပ်ဖို့

ထိုနည်းတူပဲ
Power BI ကို တကယ် real time data တွေနဲ့ မချိတ်ဆက်နိုင်ဘူး 💡
လုပ်ငန်းရဲ့ performance တွေကို အချိန်နဲ့ တပြေးညီ monitor မလုပ်နိုင်ဘူး ဆိုရင် Dashboard တွေဟာ Data Refresh မဖြစ်တာနဲ့ outdated data snapshot ဖြစ်သွားမှာပဲ

🧾 Excel နဲ့ PowerPoint လည်း တူတူပဲ

📌 Excel မှာ data တွေကို စနစ်တကျ clean, transform, calculate, and analysis or model မလုပ်တတ်ရင်
လက်ရေးနဲ့ ချရေးထားတဲ့ စာရင်းတွေနဲ့ ဘာမှ မကွာဘူး
အလုပ်မှာ တစ်ယောက်တစ်မျိုးဖြည့်ထားတဲ့ duplicate file တွေ ပွထသွားတာပဲရှိမယ်၊
တကယ်လည်း Excel ကို အပြင် Ledger မှာ စာရင်းဆောက်သလိုပုံကြီးနဲ့ ဆွဲနေတာ တစ်ပုံကြီးပဲ။

🗣 PowerPoint မှာ Excel တို့ Power BI တို့က အရေးကြီးတဲ့ Insight အချက်အလက်တွ စနစ်တကျစုစည်းပြီး
လူတွေ အလွယ်တကူ သိလွယ် မြင်လွယ်အောင် storytelling မလုပ်နိုင်ဘူးဆိုရင်
ကိုယ်ရဲ့ Presentation ကိုလာနားထောင်တဲ့ သူတွေရဲ့ အချိန်သာ ကုန် သွားမယ်
ဘာတန်ဖိုးရှိတာမှ ရသွားမှာမဟုတ်ဘူး

🔄 လုပ်ဆောင်ချက်တွေ မတူပေမယ် မသိမသာ မှီခိုချိတ်ဆက်နေတာလေးတွေတော့ရှိတယ်။
အကယ်၍ Excel မှာသာ Data Cleaning တွေမလုပ်ခဲ့ဘူးဆိုရင်
Excel ကို မှီခိုထားတဲ့ Power BI Dashboard အတွက် ကောင်းမွန်တဲ့ Data တွေရမှာမဟုတ်သလို
Data တွေက Presentation အတွက် Insight တွေ ဆွဲထုတ်ဖို့လည်း ဘယ်လို့မှ အဆင်ပြေမှာမဟုတ်ဘူး။

✅ အရေးအကြီးဆုံးက use the right tool for the right job.
That’s where real impact happens.

ကံထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာသာ မြင်ရ ဆိုတဲ့ အတိုင်းပဲ Astronomer ရဲ့ CEO, Andy Byron နဲ့ Chief Personal Officer, Krist...
18/07/2025

ကံထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာသာ မြင်ရ ဆိုတဲ့ အတိုင်းပဲ
Astronomer ရဲ့ CEO, Andy Byron နဲ့ Chief Personal Officer, Kristin Cabot နှစ်ယောက် Cold Play Concert က Kiss Cam မှာ ဖက်ပြီး ချစ်ကြည်နူးနေတာကို လူမိသွားတဲ့ သတင်းကတော်တော် နာမည်ကြီးနေပါတယ်။
တစ်ချို့ မသိတဲ့ လူတွေ အတွက် နည်းနည်း လေးရှင်းအောင် ပြောပြချင်လို့
Astronomer ဆိုတာ ၂၀၁၈ က စပြီး တင်တည်ထောင်ခဲ့တာဖြစ်ပြီး အခု ခေတ် AI နဲ့ Data Engineering Tech Company တစ်ခုပါ။ နောက် လက်ရှိ CEO ကတော့ ၂၀၂၃ မှာတာဝန်ပေးအပ်ခံရတာဖြစ်ပြီး နောက်ဆုံး သိရှိထားတာကတော့ ၂၀၂၂မှာ ကုမ္ပဏီရဲ့ တန်ဖိုးဟာ $1 Billion ရှိတယ်လို့ တန်ဖိုး ဖြတ်ခံထားတဲ့ Company တစ်ခုလည်း ဖြစ်ပါတယ်။
Kiss Cam က တော့ သူတို့ ရဲ့ Music Show နဲ့ Sport Event တွေမှာ Couple တွေကို ရွေးချယ် ပြီး Lead Board မှာ သူတို့အချစ်ကို အနမ်းချင် ဖလှယ်ပြီး ဖော်ထုတ်ပြသတဲ့ အလေ့အထတစ်မျိုးပါ။
နောက် လူအများရှယ်နေတဲ့ ပုံထဲ က ပုံက သူမိန်းမမဟုတ်ပါဘူး။ သား Graduation က ပုံ အစစ်ကို ရှယ်ထားပေးပါတယ်။
Social Media နဲ့ တစ်ခြား News Media တွေမှာ တော့ တော်တော် ပြင်းပြင်းထန်ထန် ဝေဖန် ခံရမှုတွေများနေပြီး Astronomer Company ရဲ့ ရှေ့ရေးက ဘာဖြစ်မလဲ မှန်းဆရခက်နေပါတယ်။




12/07/2025

တစ်နေ့က မိန်းမက အိမ်နဲ့ နီးနီးနားနာ supermarket အသစ် လာဖွင့်တယ်၊ အိမ်မှာ လိုနေတာလေးတွေရှိတော့ ဈေးသွားဝယ်ကြည့်လိုက်ဦးမယ် နဲ့ ထွက်သွားပြီး ပြန်လာတော့ မျက်နှာမအီမသာနဲ့။

ဘာဖြစ်လိုလဲ မေးတော့

ဈေးဝယ်ရတာ အဆင်မပြေဘူးတဲ့။ အိတ်ထဲထည့်ပေးတာတွေလည်း စနစ်မကျဘူး၊ အသားတွေနဲ့ ခြင်ဆေးဘူးတွေ ရောလိုရော၊ အသီးအနှံတွေ နဲ့ ဆပ်ပြာမှုန့်တွေနဲ့ ရောထည့်လိုထည့် ကြာလည်းကြာတယ်။ သူဟာနဲ့ သူတော့ ပစ္စည်းတွေရှိပါတယ်၊ အစဉ်မကျဘူး၊ အဲ့ဒီ Counter မှာ ငွေရှင်းတဲ့ အချိန် တော်တော် အဆင်မပြေတာ။

နောက်တစ်ခေါက်သွားဖို့ တော့ တော်တော်စဉ်းစားရမယ်တဲ့…

သူပြောတာလဲ ဟုတ်တော့ဟုတ်ပါတယ်။

အပြင်မှာဈေးဝယ်တာဆိုရင်တော့ တစ်မျိုး

Ocean တို့ အထူးသဖြင့် City Mart လို Supermarket တို့နဲ့ တော်တော်အသားကျနေပြီးဖြစ်တဲ့ ဈေးဝယ်သူတော်တော်များများအနေနဲ့ ဈေးဝယ်တဲ့ အချိန် သတိမထားမိပေမယ့်၊

တခြား Supermarket တွေ ရောက်ရင် ကသီကအောက်လေးတွေခံစား မိလိမ့်မယ်။

City Mart မှာ ဝန်ထမ်းလေးတွေကို ဘယ်ပစ္စည်းဆို ဘာနဲ့ တွဲထည့်၊ သီးသန့် ထည့်ကိုထည့်ရမယ့် ပစ္စည်းတွေက အစ တော်တော် လေး သေချာ Train ပြီး မှ Customer တွေ Service ပေးခိုင်းတာ နောက် Line Manager အမြဲ ရှိတယ်။

အရမ်းကြီး အမွန်းတင်တာမဟုတ်ပါဘူး။ ဒီနိုင်ငံ မှာ သက်တမ်းတစ်ခု ရှိနေပြီးတဲ့ Supermarket Franchise တစ်ခုရဲ့ စနစ်ကျပုံတွေ သတိထားမိလို့ပါ။

တစ်ချို့ကိစ္စလေးတွေ က ကိုယ်လုပ်ငန်းအတွက် အရေးမကြီးဘူး ထင်ပေမယ့် အဲ့လို အသေးအမွှာလေးတွေက အစ ကိုယ်ဝန်ထမ်းတွေကို သေချာလေး ကျွမ်းကျင်နေအောင် Training မပေးထားဘူးဆိုရင် ဝယ်သူတွေ ရဲ့ experience လေးမှာ ကသီကအောက်လေးဖြစ်ပြီး နောက်ပြန်မလာတော့ရင် ကိုယ် ပဲ Customer ဆုံးရှုံးမှာ။

Sayar Ethan


Microsoft PowerPoint မှာ အရမ်းအသုံးဝင်ပြီး လူသိနည်းတဲ့ Feature တစ်ခုက Slide တစ်ခုလုံးမှာ ရှိတဲ့ Font Styleတွေကို အမြန်ပြ...
08/07/2025

Microsoft PowerPoint မှာ အရမ်းအသုံးဝင်ပြီး လူသိနည်းတဲ့ Feature တစ်ခုက Slide တစ်ခုလုံးမှာ ရှိတဲ့ Font Styleတွေကို အမြန်ပြင်လို့ ရတဲ့ Function လေးရှိတယ်။

Home Ribbon အောက်က Editing Tab ကိုနှိပ် Replace Fonts ကို ရွေး

Shortcut က window မှာဆို alt+zn+o2

ကိုယ်ပြင်ချင်တဲ့ Font ကို Replace မှာ ရွေး

အသစ်ပြောင်းချင်တဲ့ Font ကို With မှာထည့်ပြီး “Replace” ကို နှိပ်

ဒါလေး သုံးတတ်ရင်တော့ ကိုယ်ပြင်ထားတဲ့ Slide တစ်ခုချင်စီထောက်ပြီး တော့ Font Style တွေကို လိုက်ပြင်နေစရာမလိုတော့ဘူးပေါ့။
Happy Learning !

Sayar Ethan


27/06/2025

မိဘတွေ အနေနဲ့ ကလေးငယ်တွေ ကို ငြိမ်ရင်ပြီးရော ဖုန်းပေးကြည့်တာ တော်တော် လျော့သင့်တယ်…

အခု အငယ်တန်းလေးတွေ စာသင်ရတော့ attention တွေ အရမ်းကျ ဖုန်းကြည့်ချင် youtube တွေ tiktok တွေ ကြည့်ချင်နဲ့။

Attention ရရပြီးရော view ရှာတဲ့ ai generated content တွေက နုနယ် တဲ့ ကလေးရဲ့ ဦးနှောက်တွေကို တော်တော် ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်။



Video Edition တွေ Graphics Editing လုပ်တာကအစ Computer Programming တွေအဆုံး ဟိုဘက်ကြည့်လည်း AI, ဒီဘက်ကြည့်လည်း AI နောက်ဆု...
26/06/2025

Video Edition တွေ Graphics Editing လုပ်တာကအစ Computer Programming တွေအဆုံး ဟိုဘက်ကြည့်လည်း AI, ဒီဘက်ကြည့်လည်း AI နောက်ဆုံး ဆေးကုသရေးနယ်ပယ်အထိ လူတွေရဲ့ နေ့စဉ်ဘဝမှာ AI က တစ်ဖြေးဖြေးနဲ့ နေရာယူလာတော့ လူငယ်တွေ အတွက် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်း တွေ ဘယ်လိုတွေဖြစ်သွားမလဲ? မိဘတွေ ဆိုလည်း ရင်တွေ လေး ဘာလုပ်ရမှန်မသိ။

သတင်းတွေ ကြည့်လိုက်ရင် နိုင်ငံတကာ လုပ်ငန်းကြီးတွေ က AI အစားထိုးသုံးလိုက်တဲ့ ဝန်ထမ်းတွေ ဘယ်လောက်ထိ လျော့ချလိုက်တယ်၊ ဘယ် လူတွေ အလုပ်ပြုတ်သွားတယ် ဆိုတာတွေကြီးပဲ?

ဒါပေမယ့် တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်၊ လုပ်ငန်းတွေ လည်ပတ်ဖို့ ဝန်ထမ်းလိုအပ်ချက်လျော့လာတာ နည်းတူ AIဟာ လူတစ်ယောက် အနေနဲ့ ပင်ကိုစွမ်းဆောင်ရည်ကို များစွာမြှင့်တင်ပေးတယ်။

လူနည်းနည်းကုန်ကျစရိတ်နည်းနည်းနဲ့ လုပ်ငန်းတွေလည်ပတ်နိုင်တယ်၊ အလုပ်တွေ များများပြီးတယ်၊ လူ ၃၊၄ ယောက် အားသုံးနေရမယ် အလုပ် ကို AI သုံးပြီး လူတစ်ယောက်လောက်နဲ့ အပြီးသတ်နိုင်တဲ့ အလုပ်တွေများလာတယ်။

ဒါတွေက လူတိုင်းအတွက် အခွင့်အလမ်းတွေပဲလိုမြင်တယ်။

တစ်ခုတော့ ရှိတယ်၊ AI တွေရှိနေတာပဲ အသိပညာအတတ်ပညာတွေ သိစရာ တတ်စရာမလိုတော့ဘူး သင်ယူလည်း အလကားပဲလို့ ယူဆလိုက်ရင်တော့ အမှားကြီးမှားသွားမယ်။

ကျွန်တော် အပေါ်မှာပြောခဲ့သလိုပဲ AI ဟာလူတစ်ယောက်ရဲ့ နဂိုစွမ်းဆောင်ရင်ကို မြှင့်တင်ပေးတယ်။

ကိုယ့်မှာ ဘာပင်ကိုယ် အရည်အချင်အစွမ်းအစမှ မရှိဘဲ AI သုံးလည်း ဘာမှ ဖြစ်လာမှမဟုတ်ဘူး။

Coding မသင်တော့ ဘူး AI က Coding တွေ ရေးပေးနိုင်တယ်။ ဟုတ်တယ်၊ ကိုယ်တိုင်ရော AI ရေးထားတဲ့ Coding တွေ မှန်းလား မှားလား ဘယ်နေရာတွေ Improve လုပ်ရမလဲ၊ Performance တက်အောင် ဖတ်တတ်လို့လား?

ထို့နည်းတူ Design တွေ၊ Video Editing တွေ က အစ ကိုယ်မှာ အဲ့ဒီ အရည်အချင်း Skill Set တွေကို ကျွမ်းကျင်ပိုင်နိုင်မှု မရှိသေချာ နားမလည်းရင် AI ဆွဲပေးသည်တိုင် တကယ်ကယ် ကျွမ်းကျင်တဲ့ လူတွေနဲ့ ယှဉ်ရင် ဘောင်မဝင်ပါဘူး။

ရောဂါတွေလည်း မေးလို့ရ ဆေးတွေလည်း မေးလို့ရတယ်၊ ဟုတ်တာပေါ့ ဒါပေမယ် တကယ် ရောဂါဝေဒနာတွေက တကယ်ကို ဆေးပညာကို နှစ်ပေါင်းများစွား အချိန်ယူတက်ရောက်လေ့လာထားတဲ့ ဆရာဝန်တွေ ပဲ အမှန်အမှားသိမှာလေ။ ကိုယ်မှာ အခြေခံမရှိ ဆေးသွားကုလို့ မရဘူး။

တိုက်ဘယ်လိုဆောက်မလဲ AI မေးလိုက်တာ နဲ့ အင်ဂျင်နီယာ ဖြစ်မသွားဘူး။

AI ဟာ အရည်အချင်းရှိပြီးသား လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို အစပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်။

ကိုယ်က နဂိုကထဲက Zero ဆိုရင်တော့ ဘာနဲ့ပဲ မြှောက်မြှောက် Zero ပဲ ဖြစ်မှာပဲ။

AI အနေနဲ့ လည်း အလွယ်တကူ အစားထိုးတဲ့ Role တွေက အကြိမ်ကြိမ် ထပ်ခါ တစ်လဲလဲ ဒါပဲလုပ်နေတဲ့ အလုပ်တွေ၊ ဖန်တီးမှု Idea မပါတာတွေ၊ non-strategic management roles တွေပဲများပါတယ်။

အဲ့တော့ အခုအချိန်မှာ တကယ်လုပ်သင့်တာက ဘယ်ပညာရပ်ပဲ ဖြစ်ဖြစ်တကယ်ကို အခြေခံကျကျနားလည်နေအောင် ကျွမ်းကျွမ်းကျင်ကျင်သင်ယူပြီး ကိုယ်အနာဂတ်အတွက်ပြင်ဆင်တာကောင်းတယ်။

ကိုယ်ဟာ အနာဂတ်မှာ AI က အလွယ်တကူ အစားထိုးနိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်လား၊ AI ကို အသုံးချပြီး ထိပ် ရောက်အောင် တက်လှမ်းမလားဆိုတာ ကိုယ်ရဲ့ အဆုံးအဖြတ်ပေါ်မှာပဲမူတည်ပါတယ်။

Sayar Ethan




Image Generated by Sora

Address


Alerts

Be the first to know and let us send you an email when Festoevo - SME Business Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share