Aries Moon

Aries Moon ဘဝအမောတွေကို တားရော့ပညာနဲ့ နှစ်သိမ့်ပေးနိုင်ဖို့မျှော်လင့်ပါတယ်

ငါးလတာအတွင်း ဘာတွေကြုံတွေ့လာရဖို့ရှိမလဲ pile 1 လက်ရှိဖြစ်နေတဲ့အခြေအနေကြီးကိုမလိုချင်ဘူး ပျော်ရွှင်မှုလည်း ဆိတ်သုဉ်းနေတာမ...
27/07/2025

ငါးလတာအတွင်း ဘာတွေကြုံတွေ့လာရဖို့ရှိမလဲ

pile 1

လက်ရှိဖြစ်နေတဲ့အခြေအနေကြီးကိုမလိုချင်ဘူး ပျော်ရွှင်မှုလည်း
ဆိတ်သုဉ်းနေတာမို့ ဘဝကြီးက
နေပျော်စရာမကောင်းတော့ဘူးလို့ ခံစားလာရလိမ့်မယ်
ကိုယ့်ရဲ့တစ်ကိုယ်ရည်ကမ္ဘာကို နှေးနှေးကွေးကွေးပဲ
လည်ပတ်နေမိမယ် အလုပ်တွေလုပ်မယ် စာတွေဖတ်မယ်
ပညာသင်မယ် စသဖြင့်ပေါ့။ ငွေအကြောင်းတော့ ခေါင်းထဲသိပ်မထည့်ထားဘူး။
ဆူပွက်မောပန်းနေရတာတွေ မတွေးချင်လို့လေ။
ဒီလောက်အေးချမ်းဖို့ကြိုးစားတာတောင် ကိုယ့်ကိုနှိပ်စက်မယ့်သူ
ပေါ်လာလိမ့်ဦးမယ်။ ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာ။
နောက်ကျောဓားထိုးတာ။စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ စသဖြင့်ပေါ့။

pile 2
အပျော်အပါး အသောက်အစားနဲ့အချိန်ကုန်တတ်တယ်။ ၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံး ငါးလကို
အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်မယ်ပဲဆိုပါတော့။
ပြတ်သားသင့်တာတွေကို ပြတ်သားနိုင်မယ်။ မလုပ်သင့်ဘူးလို့ခံစားရတဲ့
အမူအကျင့်တွေကိုပြုပြင်နိုင်မယ်။ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုအား
ကောင်းလာမယ်။ အလုပ်တွေကို အကွက်ကျကျ စီမံခန့်ခွဲနိုင်လိမ့်မယ်။

pile 3
ငွေကြေးဆုံးရှုံးမှုတွေရှိလာလိမ့်မယ်။ ပိုက်ဆံတော်တော်များများ
ဆုံးရှုံးရပြီး စိတ်ဓာတ်ကျရတတ်တယ်။ မျှော်လင့်ထားတဲ့ကိစ္စအတွက်
သုံးမယ့်ငွေတွေ ဆုံးရှုံးရလို့ မျှော်လင့်ထားတာတွေ ဖြစ်မလာတော့တာမျိုးလည်း
ဖြစ်နိုင်ပါတယ် ။ သတိကြီးကြီးထားပါ ။



#အခက်အခဲများကျော်လွှားနိုင်ကြပါစေ

Ta**us ရာသီခွင်အတွက် ဇူလိုင်လ အချစ်ရေး အချစ်ရေးကသွက်လက်ပြီး ရင်ခုန်စရာကောင်းတယ် ငြီးငွေ့မှု စိတ်ပျက်မှုလုံးဝမရှိတဲ့အချစ်...
26/07/2025

Ta**us ရာသီခွင်အတွက်
ဇူလိုင်လ အချစ်ရေး

အချစ်ရေးကသွက်လက်ပြီး ရင်ခုန်စရာကောင်းတယ်
ငြီးငွေ့မှု စိတ်ပျက်မှုလုံးဝမရှိတဲ့အချစ်ရေးလေးဆိုပေမဲ့
ရေရှည်ခိုင်မြဲဖို့တော့ အားနည်းနေသေးတယ်
တစ်ဖက်လူ သို့မဟုတ် ကိုယ့်မှာ ရေရှည်သွားမယ်ဆိုတဲ့
စိတ်ကူးမျိုးမရှိသေးဘူး
တစ်ဖက်လူမှာက သူတကယ်သဘောကျတဲ့လူရှိနေတယ်။
တက်ကြွပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့
ဘဝကိုဖြတ်သန်းနေတဲ့မမ သို့မဟုတ် ကိုကို တစ်ယောက်ကို
သဘောကျနေတာမျိုးရှိနိုင်ပါတယ်။
ဒီအချစ်ရေးလေး ပိုပြီးတိုးတက်ချင်ရင် စိတ်တအားကောက်တာ
ဂျီတိုက်တာ မအိပ်မနေစိတ်ညစ်အောင်ဖိအားပေးတာမျိုးတွေရှောင်ပါ
တစ်ဖက်လူကို သူမှသူ ဖူးဖူးမှုတ်ချစ်ပေးတာမျိုးမလုပ်ပါနဲ့
အစစအရာရာ ကိုယ်ချည်းပဲဖြည့်ဆည်းတာမျိုးမလုပ်ပါနဲ့
ပြဿနာတစ်ခုခုရှိလာရင် သေသေချာချာ ချင့်ချိန်စဉ်းစားပြီး
ဖြေရှင်းပါ စိတ်လိုက်မာန်ပါ ဆူပူပေါက်ကွဲတာမျိုး မလုပ်ပါနဲ့နော်

ta**us စင်ဂယ်လေးတွေ အတိတ်ကရခဲ့တဲ့နာကျင်မှုကို
ကုစားနေကြတယ် တဖြည်းဖြည်းနဲ့တော့ မေ့ဖျောက်နိုင်လာပြီဆိုပေမဲ့
သတိရတဲ့အခါ မတ်ဆေ့ချ်ပို့မိတာ ဖုန်းဆက်မိတာ
သူ့အကောင့်ကို တိတ်တိတ်လေးဝင်ကြည့်မိတာတွေရှိနေသေးတယ်
ဇူလိုင်မှာ‌တော့ ချစ်သူမရလာနိုင်သေးပါဘူး။ အပြည့်အဝ move on မလုပ်နိုင်လို့
ဘူပိတ်နေတယ်လို့ပြောရမယ်။ စိတ်ကလည်းပျော်မနေဘူးလေ။
တချို့ ta**us တွေကတော့ အချစ်မရှာဘဲ သွေးသားသောင်းကျန်းဖို့ပဲ
လူရှာနေတာမျိုးရှိတတ်တယ်။
အချစ်ဟောင်းကိုပဲတမ်းတပြီး အသစ်တွေကိုစိတ်မဝင်စားဘဲ
အပေအတေပုံမျိုး ဇိုးပုံစံမျိုး လက်လွတ်စပယ်နေနေတတ်လို့
ဇူလိုင်လမှာ စန်းပိတ်နေတတ်ပါတယ်။

Gemini ရာသီခွင်အတွက် ဇူလိုင်လ အချစ်ရေးအခြေအနေ တည်ငြိမ်ခိုင်မာနေတဲ့ အချစ်ရေးကြားမှာ အမူအကျင့်အတွေးအခေါ်မတူညီမှုတွေကြောင့်...
22/07/2025

Gemini ရာသီခွင်အတွက် ဇူလိုင်လ အချစ်ရေးအခြေအနေ

တည်ငြိမ်ခိုင်မာနေတဲ့ အချစ်ရေးကြားမှာ အမူအကျင့်
အတွေးအခေါ်မတူညီမှုတွေကြောင့် စကားများရတာ
ညှိနှိုင်းရခက်နေတာတွေကြုံရနိုင်တယ်။ တစ်ယောက်နဲ့
တစ်ယောက် နားလည်လက်ခံလာအောင်ပြောနိုင်ဖို့လည်း
မလွယ်ကြဘူး ။ ဒီဇူလိုင်မှာတော့ ရန်တွေဖြစ်ရင်း ညှိနှိုင်းရင်းနဲ့ပဲ
အချိန်တွေကုန်နေမယ့်သဘောရှိပါတယ်။
GEMIN တွေကကြားလူအဝင်မခံဘူး တတိယလူကိုအာရုံကိုမရှိတာ
လက်ရှိအချစ်ရေးကိုပဲ ထိန်းသိမ်းဖို့ကြိုးစားနေတတ်ပါတယ်
ဒီအချစ်ရေးကိုတိုးတက်စေချင်ရင် ဟိုဆတ်ဆတ် ဒီဆတ်ဆတ်
ဘယ်ကိစ္စမဆိုဝင်ပါပြီး ဆတ်ဆော့တဲ့အကျင့်ကိုပြုပြင်ပါ။
အလိုက်ကန်းဆိုးမသိ ကိုယ်ဖြစ်ချင်တာဇွတ်လုပ်တဲ့အကျင့်ကိုလည်းပြင်ပါ။
ပြီးတော့လက်တွေ့ထက် လေထဲမှာတိုက်အိမ်ဆောက်တဲ့
အကျင့် ပလန်တွေချပြီး တကယ်လုပ်ဖို့နှောင့်နှေးနေတဲ့အကျင့်
တွေပြုပြင်ပါ ကိုယ့်ချစ်သူပြောတဲ့စကားကိုအလေးအနက်
နားထောင်ပေးပါ။

Gemini စင်ဂယ်လေးတွေ အတိတ်ကချစ်သူ ဒါမှမဟုတ် ကိုယ်ရင်ခုန်ခဲ့ဖူးသူ
ဇာတ်လမ်းရှိခဲ့ဖူးသူတွေနဲ့ ပြန်ဆုံဖို့ရှိပါတယ်။ မိတ်‌ဆွေသူငယ်ချင်းလိုပဲ
ပြန်ဆုံရတတ်ပါတယ်။ Gemini စင်ဂယ်တွေက လတ်တလောမှာ
ပညာရေးနဲ့ဘဝအလင်းရောင်အတွက် ကြိုးစားနေတဲ့သူတွေများတယ်။
အချစ်အတွက် အချိန်တွေပေးဖို့ သူတို့သိပ်အဆင်မပြေဘူး။ ပြီးတော့
ဘဝထဲကိုအချစ်ရောက်လာရင်စိတ်ဒုက္ခတွေနဲ့ အာရုံနောက်ရမှာကို
ကြိုသိနေတာလည်းပါတယ်။
ဒီတော့ဇူလိုင်လက နာကျင်မောပန်းသမျှကိုပြန်ကုသပြီး
လက်တွေ့ကျတဲ့အမြင်တွေရှိနေတတ်တဲ့ကာလမို့ ချစ်သူရဖို့မရှိသေးပါဘူး။
Gemini စင်ဂယ်လေးတွေ ဇူလိုင်လမှာစန်းပွင့်နေတယ်
လူတွေကိုဆွဲဆောင်နိုင်တဲ့ တောက်ပမှုမျိုးရှိနေတယ်
တစ်ဖက်လူကို အထာပေးသလိုလိုလုပ်ပြမိတတ်ပေမဲ့
တကယ်တမ်းကို ချစ်သူမလိုချင်ပါဘူး


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aries Moon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share