Morpheus scent

Morpheus scent • 5ml/10ml decant sharing from �authentic perfume
• most perfume are good at layering and pleased scent

ရေမွှေးဘယ်လိုဆွတ်မလဲ??? The End🎉⏱ဒီတစ်ခါပြောပြမှာကတော့ အချိန်နေရာအလိုက်ဆွတ်ရမယ့်     Spray zone လေးတွေပြောပြချင်ပါတယ်◾️အ...
29/11/2021

ရေမွှေးဘယ်လိုဆွတ်မလဲ??? The End🎉

⏱ဒီတစ်ခါပြောပြမှာကတော့ အချိန်နေရာအလိုက်ဆွတ်ရမယ့်
Spray zone လေးတွေပြောပြချင်ပါတယ်

◾️အကြမ်းဖျဉ်းတော့ (၄)မျိုးခွဲပြီး သူတို့နဲ့လိုက်ပြီးဆွတ်ရမယ်ပုံစံကိုပြောပြသွားမှာပါ

1. Indoors & office (ရုံးသွား ဆေးရုံသွား အခန်းကျဉ်း)
2. Outdoors Daytime (ပန်းခြံသွား စျေးဝယ် အခန်းကျယ်)
3. Night Out (ဘား ကလပ် ဘာညာ ဂေါ်မယ်)
4. On a date ( ချစ်သူနဲ့ နီးနီးကပ်ကပ် ပွေ့ဖက်)

🙄အပြင်ထွက်ခါနီးစဉ်းစား ဘယ်အချက်နဲ့ကိုက်မလဲ အဲ့အတိုင်းဆွတ်လိုက်ပေါ့ဗျာ ခေါင်းမစားတော့ဘူး
မဟုတ်ရင် ဟိုဆွတ်ရမလို ဒီဆွတ်ရမလို ခေါင်းစားနေရမှာ

🤗အဲ့တော့ အစဉ်လိုက်ပြောပြသွားမယ်

☑️1. Indoor

နားရွက်နောက်နား x 1 spray
လည်ပင်းရှေ့အခြေ x 1 spray

ရုံးခန်း ဆေးခန်းလိုမျိုး အလုပ်ခန်းကျဉ်းဆိုတော့ သူများကိုလဲအားမနာရအောင် ကိုယ့်နဲ့စကားပြောမှ ကိုယ်နဲ့နီးကပ်မှအနံ့ရအောင် အဲ့လိုမျိုးဖြစ်ဖို့ဆွတ်ရတာပါ

☑️2. Outdoor

နားရွက်နောက်နား x 2 spray
လည်ပင်းနောက် ဂုတ်ပိုး x 3 spray

Shopping ထွက် ပန်းခြံသွားဆိုတော့ နည်းနည်းပိုဆွတ်ရပါတယ်
scent trail လေးလဲကျန်အောင် ဂုတ်မှာပြောင်းဆွတ်လိုက်တာပါ

☑️3. Night Out

နားရွက်နောက်နား x 2 spray
လည်ပင်းနောက် ဂုတ်ပိုး x 3 spray
ပုခုံးနှစ်ဘက် x 2 spray

ကဲ Bar ဖြစ်ဖြစ် Club ဖြစ်ဖြစ် Party ဖြစ်ဖြစ် ကဲမယ် သောင်းကျန်းမယ် ကမယ်ဆိုတော့ အမွှေးနံ့တွေစုံနေမှာဆိုတော့ ကိုယ်ရနံ့လေးလဲ ထင်ရှားနေမှရမှာလေ

☑️4. Date night

လည်ပင်းအခြေ x 1 spray
OR
Each Jugular x 1 spray
Chest x 1 spray

အဲ့လောက်ဆိုရပါပြီ
ကိုယ့်ရဲ့ချစ်သူကို ထွေးပွေ့ထားသလို ခံစားချက်မျိုးရစေဖို့
ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်

❗️ဆွတ်ရမှာကတော့ အသားပေါ်မှာပဲနော် အဝတ်တွေ ဆံပင်တွေပေါ်မဆွတ်ပါနဲ့
ဆွတ်ပြီးရင်လဲမချေပါနဲ့လို့ ထပ်ပြောပြီး နိဂုံးချုပ်ပါရစေခင်ဗျာ

😍အားလုံးပဲရေမွှေးတွေကို အလေအလွင့်အနဲဆုံးနဲ့ အထာအကျဆုံးဆွတ်နိုင်ကြပါစေဗျာ
အပိုင်းအားလုံးစုစည်းပေးထားပါတယ်

အပိုင်း(၁)
https://www.facebook.com/102184138903576/posts/121397206982269/
အပိုင်း(၂)
https://www.facebook.com/102184138903576/posts/122535940201729/
အပိုင်း(၃)
https://www.facebook.com/102184138903576/posts/127053979749925/

❤️‍🔥စာလေးတွေနှစ်သက်သဘောကျရင် like👍& follow🫂လေးတွေ လုပ်ပေးပါခင်ဗျာ❤️‍🔥


#ရေမွှေးဘယ်လိုဆွတ်မလဲ

Address

Hlaing Buteryon Road
Yangon

Telephone

+9595144070

Website

Alerts

Be the first to know and let us send you an email when Morpheus scent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Morpheus scent:

Share