Athena reads the Tarot

Call Website

Athena reads the Tarot ​✨ 𝒀𝒐𝒖𝒓 𝑺𝒐𝒖𝒍’𝒔 𝑮𝒖𝒊𝒅𝒆 𝑻𝒉𝒓𝒐𝒖𝒈𝒉 𝑻𝒂𝒓𝒐𝒕 ✨
​ဘဝရဲ့ မသေချာမှုတွေကြားထဲက အဖြေမှန်နဲ့ စိတ်ခွန်အားတွေကို 𝑻𝒂𝒓𝒐𝒕 ကတ်ပြားလေးတွေနဲ့အတူ ရှာဖွေကြမယ်။ 🔮
(295)

15/09/2026

‎မင်းရဲ့ Ancestors တွေဆီကနေ မင်းဆီ လက်ဆင့်ကမ်း စီးဆင်းလာတဲ့ ပါရမီနဲ့ စွမ်းအားတွေက ဘာတွေလဲ? 🌿🔮
‎
‎​ဒီနေ့မှာတော့ မင်းရဲ့ မျိုးရိုးစဉ်ဆက်ဘိုးဘေး တွေ ဆီကနေ မင်းဆီ စီးဆင်းလာတဲ့ အဓိက ပါရမီနဲ့ စွမ်းအားတွေက ဘာတွေဖြစ်မလဲဆိုတာ ရွေးချယ်ကြည့်လိုက်ရအောင်… ✨
‎စိတ်ကို ရှင်းရှင်းထားပြီး မျက်လုံးထဲ စွဲထင်နေမယ့် ပုံလေးတပုံကို ရွေးချယ်ပြီး အဖြေလေးတွေကို comment box မှာ ဖတ်ကြည့်ပေးပါနော်


မင်းရဲ့ Ancestors တွေဆီကနေ မင်းဆီ လက်ဆင့်ကမ်း စီးဆင်းလာတဲ့ ပါရမီနဲ့ စွမ်းအားတွေက ဘာတွေလဲ? 🌿🔮‎‎​ဒီနေ့မှာတော့ မင်းရဲ့ မျို...
15/09/2026

မင်းရဲ့ Ancestors တွေဆီကနေ မင်းဆီ လက်ဆင့်ကမ်း စီးဆင်းလာတဲ့ ပါရမီနဲ့ စွမ်းအားတွေက ဘာတွေလဲ? 🌿🔮
‎
‎​ဒီနေ့မှာတော့ မင်းရဲ့ မျိုးရိုးစဉ်ဆက်ဘိုးဘေး တွေ ဆီကနေ မင်းဆီ စီးဆင်းလာတဲ့ အဓိက ပါရမီနဲ့ စွမ်းအားတွေက ဘာတွေဖြစ်မလဲဆိုတာ ရွေးချယ်ကြည့်လိုက်ရအောင်… ✨
‎စိတ်ကို ရှင်းရှင်းထားပြီး မျက်လုံးထဲ စွဲထင်နေမယ့် ပုံလေးတပုံကို ရွေးချယ်ပြီး အဖြေလေးတွေကို ဖတ်ကြည့်ပေးပါနော်
‎☯ Personal Tarot Reading လေးနဲ့ သင့်ကံကြမ္မာကိုအတိအကျလေး သိချင်တယ်ဆိုရင်တော့ Page Cb မှာဥာဏ်ပူဇော်ခ စေတနာကြေးဖြင့် Booking ယူပြီး မေးမြန်းနိုင်ပါတယ်နော်☯
📲Viber / Telegram က မေးမယ်ဆိုရင် Phone 09-977253287 မှာ မေးလို့ရပါတယ်📱

10/09/2026

‎ A Blessing for You
‎
‎ဒီနေ့မှာတော့ မင်းဆီကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလာတော့မယ့် လှပတဲ့ ကောင်းချီးလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ပေးသွားမှာပါနော်
‎​စိတ်ကို အေးအေးလေးထားပြီး Pile လေးတစ်ခုကို ရွေးချယ်ကြည့်လိုက်ပါဦး
အဖြေလေးတွေကို comment ထဲမှာတင်ပေးထားပါတယ်
☯ Personal Tarot Reading လေးနဲ့ သင့်ကံကြမ္မာကိုအတိအကျလေး သိချင်တယ်ဆိုရင်တော့ Page Cb မှာဥာဏ်ပူဇော်ခ စေတနာကြေးဖြင့် Booking ယူပြီး မေးမြန်းနိုင်ပါတယ်နော်☯
📲Viber / Telegram က မေးမယ်ဆိုရင် Phone 09-977253287 မှာ မေးလို့ရပါတယ်📱

‎ A Blessing for You‎‎ဒီနေ့မှာတော့ မင်းဆီကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလာတော့မယ့် လှပတဲ့ ကောင်းချီးလေးတွေက ဘာတွေဖြ...
10/09/2026

‎ A Blessing for You
‎
‎ဒီနေ့မှာတော့ မင်းဆီကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလာတော့မယ့် လှပတဲ့ ကောင်းချီးလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ပေးသွားမှာပါနော်
‎​စိတ်ကို အေးအေးလေးထားပြီး Pile လေးတစ်ခုကို ရွေးချယ်ကြည့်လိုက်ပါဦး

☯ Personal Tarot Reading လေးနဲ့ သင့်ကံကြမ္မာကိုအတိအကျလေး သိချင်တယ်ဆိုရင်တော့ Page Cb မှာဥာဏ်ပူဇော်ခ စေတနာကြေးဖြင့် Booking ယူပြီး မေးမြန်းနိုင်ပါတယ်နော်☯
📲Viber / Telegram က မေးမယ်ဆိုရင် Phone 09-977253287 မှာ မေးလို့ရပါတယ်📱

07/09/2026

‎ဒီနေ့မှာတော့ မင်းဆီကို လျှောက်လှမ်းလာမယ့်၊ မင်းရဲ့စိတ်ဝိညာဉ်နဲ့ တစ်ထပ်တည်းကျမယ့် Soulmate လေးက ဘယ်လိုပုံစံမျိုး၊ ဘယ်လိုစရိုက်မျိုးရှိမလဲဆိုတာကို ပြောပြပေးသွားမှာပါ
‎အရင်ဆုံး​မင်းရဲ့စိတ်ကို ဖမ်းစားနိုင်တယ်လို့ ခံစားရတဲ့ Pile တစ်ခုကိုရွေးချယ်လိုက်ပါနော် ပြီးရင် အောက်မှာ အဖြေကို အသေးစိတ်ဖတ်ကြည့်လိုက်ပါ
‎
‎Pile.1
‎
‎​ဒီ Pile လေးကို ကို ရွေးချယ်ထားတဲ့သူရဲ့ Soulmate ကတော့ ရိုးသားဖြောင့်မတ်ပြီး တည်ငြိမ်ရင့်ကျက်သူ တစ်ယောက်ပါ
‎​သူနဲ့ဆုံတွေ့ရတဲ့အခါ ရင်တထိတ်ထိတ်နဲ့ မသေချာမရေရာတာတွေထက် လုံခြုံမှု၊ ငြိမ်သက်မှုနဲ့ အပြန်အလှန် လေးစားမှုကို အပြည့်အဝ ခံစားရပါလိမ့်မယ် သူက အရာရာကို ခေါင်းစဉ်တပ် ဝေဖန်တတ်တာထက် နားလည်ပေးဖို့ ကြိုးစားတတ်ပြီး အမှန်တရားဘက်က ရပ်တည်ပေးတတ်တဲ့ စိတ်နေသဘောထားမျိုး ရှိပါတယ်
‎​ဒီလိုစိတ်လေး ရှိသူမို့ ဆက်ဆံရေးမှာတော့ အတူတူ ညှိနှိုင်းတိုင်ပင်လို့ ကောင်းသလို၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မျှတတဲ့ မေတ္တာတရားကို အပြည့်အဝ ပေးစွမ်းနိုင်မှာပါ မင်းရဲ့ ဘဝခရီးလမ်းမှာ လက်တွဲဖော်ကောင်းတစ်ယောက်အနေနဲ့ ဘေးကနေ အမြဲ အဖော်ပြုပေးမယ့်၊ စိတ်ချယုံကြည်လို့ရတဲ့ ရင့်ကျက်တဲ့ ခိုလှုံရာတစ်ခုလိုပါပဲနော်
‎
‎Pile.2
‎
‎​ဒီ Pile လေးကို ရွေးချယ်ထားတယ် ဆိုရင်တော့ သူက မင်းအတွက် သာမန်ဆက်ဆံရေးမျိုး မဟုတ်ပဲ နက်နဲတဲ့ Soulmate ဆက်ဆံရေးတခုဖြစ်လာမယ်လို့ ဖော်ပြနေပါတယ် မင်းရဲ့ Soulmate က မင်း ဘဝကို အစအဆုံး ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့၊ အတိတ်ဒဏ်ရာတွေကို အပြီးတိုင် ကုစားပေးမယ့်သူမျိုးပါ
‎​သူနဲ့ ဆုံတွေ့ပြီးချိန်မှာ မင်းက လူတစ်ယောက်အနေနဲ့ရော၊ အတွေးအခေါ်ပိုင်းဆိုင်ရာပါ အကြီးအကျယ် ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ် အတိတ်က နာကျင်စရာ အချစ်ရေး အတွေ့အကြုံဟောင်းတွေ၊ စိတ်ဒဏ်ရာတွေကို ဒီလူက သူ့ရဲ့ မေတ္တာစွမ်းအားနဲ့ အကုန်လုံး ဖယ်ရှားပေးသွားပါလိမ့်မယ်နော်​သူနဲ့ ချစ်ကျွမ်းဝင်ရတာကရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လို Dramatic ဆန်ပြီး၊ ရင်ကို တုန်လှုပ်စေနိုင်တဲ့ ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာမျိုးကို ပိုင်ဆိုင်စေမှာပါ အမှောင်ထုထဲကနေ အလင်းရောင်ဆီကို အတူတူ ဆွဲထုတ်ပေးမယ့် ထူးခြားတဲ့ ကံကြမ္မာအဖော်မျိုးပါပဲ
‎
‎Pile.3
‎
‎​ဒီPile လေးကို ရွေးချယ်ထားသူတွေအတွက် Soulmate ကတော့ မင်းရဲ့ စိတ်ဝိညာဉ်နဲ့ တစ်ထပ်တည်းကျမယ့် အေးချမ်းမှုအပြည့်ရှိတဲ့ အဖော်မွန်တစ်ယောက်ပါပဲလို့ ပြနေပါတယ်
‎​သူက စိတ်ရှည်သည်းခံနိုင်စွမ်း အလွန်မြင့်မားပြီး၊ မင်းရဲ့ ပုံစံအမှန်အတိုင်းအပြည့်အဝ လက်ခံပေးနိုင်မယ့် စိတ်ရင်းမှန်ရှိသူ ပါ ရန်ဖြစ်စရာတွေ၊ စိတ်ပင်ပန်းစရာတွေထက် တစ်ယောက်နဲ့တစ်ယောက် ရေစက်ရှိတဲ့ အတိုင်းနားလည်မှုနဲ့ တည်ဆောက်သွားမယ့် ချစ်ခြင်းမေတ္တာမျိုးကို တည်ဆောက်ပေးနိုင်မယ့် သူပါ
‎​စကားတွေအများကြီး ပြောစရာမလိုဘဲ မင်းရင်ထဲ ဘာဖြစ်နေလဲဆိုတာကို အလိုလို ခံစားသိရှိနေတတ်တာက သူရဲ့ အထူးခြားဆုံး အရည် အချင်းပါ အတူရှိနေချိန်တိုင်းမှာ စိတ်ကို လွတ် လပ်ပေါ့ပါးစေပြီး နွေးထွေးအေးချမ်းမှုကို ပေးစွမ်းမယ့် တကယ့် ငြိမ်းချမ်းရာ ခိုလှုံရာအိမ်လေး တစ်လုံးလိုပါပဲ
‎
‎​✨ ကဲ... ပရိသတ်ကြီးရေ၊ ဘယ် Pile လေးက ကိုယ့်ရဲ့ ခံစားချက်နဲ့ အကိုက်ဆုံးဖြစ်မလဲ ကိုယ်ရွေးချယ်ထားတဲ့ Pile လေးက ဘာတွေနဲ့ တိုက်ဆိုင်နေလဲဆိုတာ Comment မှာ မျှဝေပေးသွားကြပါဦးနော် Tarot ဖတ်ရှုမှုအသစ်တွေ ဆက်တင်ပေးဦးမှာမို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်... ❤️
‎

‎✨မင်းရဲ့(Soulmateကဘယ်လိုလူမျိုးလဲ? ✨‎‎ဒီနေ့မှာတော့ မင်းဆီကို လျှောက်လှမ်းလာမယ့်၊ မင်းရဲ့စိတ်ဝိညာဉ်နဲ့ တစ်ထပ်တည်းကျမယ့် ...
07/09/2026

‎✨မင်းရဲ့(Soulmateကဘယ်လိုလူမျိုးလဲ? ✨
‎
‎ဒီနေ့မှာတော့ မင်းဆီကို လျှောက်လှမ်းလာမယ့်၊ မင်းရဲ့စိတ်ဝိညာဉ်နဲ့ တစ်ထပ်တည်းကျမယ့် Soulmate လေးက ဘယ်လိုပုံစံမျိုး၊ ဘယ်လိုစရိုက်မျိုးရှိမလဲဆိုတာကို ပြောပြပေးသွားမှာပါ
‎အရင်ဆုံး​မင်းရဲ့စိတ်ကို ဖမ်းစားနိုင်တယ်လို့ ခံစားရတဲ့ Pile တစ်ခုကိုရွေးချယ်လိုက်ပါနော် ပြီးရင် အောက်မှာ အဖြေကို အသေးစိတ်ဖတ်ကြည့်လိုက်ပါ

‎​✨ ကဲ... ပရိသတ်ကြီးရေ၊ ဘယ် Pile လေးက ကိုယ့်ရဲ့ ခံစားချက်နဲ့ အကိုက်ဆုံးဖြစ်မလဲ ကိုယ်ရွေးချယ်ထားတဲ့ Pile လေးက ဘာတွေနဲ့ တိုက်ဆိုင်နေလဲဆိုတာ Comment မှာ မျှဝေပေးသွားကြပါဦးနော် Tarot ဖတ်ရှုမှုအသစ်တွေ ဆက်တင်ပေးဦးမှာမို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်... ❤️
‎
☯ Personal Tarot Reading လေးနဲ့ သင့်ကံကြမ္မာကိုအတိအကျလေး သိချင်တယ်ဆိုရင်တော့ Page Cb မှာဥာဏ်ပူဇော်ခ စေတနာကြေးဖြင့် Booking ယူပြီး မေးမြန်းနိုင်ပါတယ်နော်☯
📲Viber / Telegram က မေးမယ်ဆိုရင် Phone 09-977253287 မှာ မေးလို့ရပါတယ်📱

01/09/2026

၉ လပိုင်းအတွက် ငွေ​​ကြေးကံကောင်းစေဖို့အဆောင်ကဒ်🍀



#ငွေကံကောင်းစေဖို့

01/09/2026

‎စနေသားသမီးများအတွက် ၉လပိုင်း တစ်လစာဟောစာတမ်း
‎
‎ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများအနေနဲ့
‎​စာချုပ်စာတမ်း ချုပ်ဆိုခြင်း၊ တရားဝင် လုပ်ငန်း မှတ်ပုံတင်ခြင်းများနှင့် အစုရှယ်ယာ ကိစ္စများ အထူးကောင်းမွန်ပါတယ်မျှတစွာ စီမံခန့်ခွဲပါက စီးပွားရေး တိုးတက်မှာပါဥပဒေနှင့် စည်းကမ်းချက်များကို အတိအကျ လိုက်နာပါ၊ မသမာသော နည်းလမ်းများကို လုံးဝရှောင်ပါ
‎​လခစားဝန်ထမ်းများအနေနဲ့လုပ်ငန်းခွင်တွင် မိမိ၏ ကြိုးစားအားထုတ်မှုအတိုင်း ထိုက်တန်သော ရလဒ် သို့မဟုတ် ရာထူး/တိုးမြှင့်မှု ရရှိမည် မတရား စွပ်စွဲခံရခြင်းများ ရှိပါကလည်း အမှန်တရား ပေါ်ပေါက်သွားမယ့်ကာလပါတာဝန်များကို တိကျမှန်ကန်စွာ ဆောင်ရွက်ပြီး ဘက်လိုက်မှုများ မလုပ်ပါနဲ့
‎​အလုပ်အသစ်ရှာဖွေနေသူများ အနေနဲ့ အရည်အချင်းအတိုင်း မျှတစွာ ဆန်းစစ်အကဲဖြတ် ခံရမည်ဖြစ်ပြီး အင်တာဗျူးများနဲ့ အကဲဖြတ်မှုများကို ကောင်းစွာ ကျော်လွှားနိုင်ပါက အလုပ်ရရှိမှာပါ
‎​ပြည်ပကံ ကတော့ ပြည်ပထွက်ခွာမည့် စာချုပ် စာရွက်စာတမ်းများ၊ ဗီဇာ လျှောက်ထားမှုများနှင့် ဥပဒေရေးရာ ကိစ္စများအဆင်ပြေချောမွေ့မှာပါ သို့သော်စာရွက်စာတမ်း အထောက်အထား မပြည့်စုံပါက ငြင်းပယ်ခံရနိုင်၍ သေချာ စိစစ်ပါ
‎​
‎ငွေကြေးကံ ကတော့ မျှတတဲ့ ငွေကြေးဝင်ရောက်မှု ရှိတတ်ပြီး ရရန်ရှိသော အကြွေးများ၊ တရားဥပဒေအရ ရရှိမည့် ငွေကြေးများ ပြန် လည်ရရှိတတ်ပါတယ်
‎
‎​ပညာရေးကံ ကတော့ စာမေးပွဲများနှင့် အမှတ်စာရင်းများတွင် မိမိ စာကျက်ခဲ့သည့် အတိုင်း တိကျသော ရလဒ် ရရှိမှာပါ ကံကို မကိုးကွယ်ဘဲ တင်းပြည့်ကျပ်ပြည့် ကြိုးစားဖို့တော့ လိုပါတယ်
‎​
‎ချစ်သူရှိသူတွေ အနေနဲ့ ​ဆက်ဆံရေးတွင် မှန်မှန်ကန်ကန်နှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံရပြီး အပြန်အလှန် လေးစားမှု သို့မဟုတ် ရှေ့ရေးအတွက်တိုင်ပင်သည့် စေ့စပ်သည့် အဆင့်သို့ ရောက်ရှိနိုင်တဲ့ကာလပါ
‎​ချစ်သူမရှိသူတွေချစ်သူနဲ့လမ်းခွဲထားသူတွေကတော့ စိစစ်ပိုင်းခြားတတ်ပြီး စည်းကမ်းရှိသောသူနဲ့ ဆုံတွေ့ရတတ်ပါတယ်စိတ်လှုပ်ရှားမှုထက် ရေရှည် သင့်တော်မှုရှိမရှိကို ဦးနှောက်ဖြင့် စိစစ်ရွေးချယ်ပါ
‎
‎အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နှင့် တာဝန်များကို မျှတစွာ ခွဲဝေယူရမည် ပြဿနာများရှိပါက အချက်အလက်ကျကျ အေးဆေးစွာ ဖြေရှင်းနိုင်ပါလိမ့်မယ် မိသားစုအတွင်း ဆုံးဖြတ်ချက်များကို ဘက်မလိုက်ဘဲမျှတစွာ ချမှတ်ဖို့လိုပါတယ်
‎​
‎လူမှုရေးမှာတော့ လူမှုအသိုင်းအဝိုင်းတွင် မိမိ၏ မှန်ကန်မှုနှင့် တည်ကြည်မှုကြောင့် လေးစားယုံကြည်ခံရမည် အငြင်းပွားမှုများတွင် အလယ်မှ ဖြောင့်မတ်စွာ ဆုံးဖြတ်ပေးရတတ်ပါတယ်
‎​
‎ကျန်းမာရေးကတော့ ကျောက်ကပ်၊ ဆီးလမ်းကြောင်း သို့မဟုတ် ခန္ဓာကိုယ် ဓာတ်မျှတမှု နဲ့ ပတ်သက်ပြီးဂရုစိုက်ပါရေပုံမှန်သောက်ပါ၊ ဆေးစစ်မှုများ ပြုလုပ်ရန် သင့်တော်သော ကာလဖြစ်ပါတယ်
‎
‎​တစ်လတာအကြံပြုချက် အနေနဲ့ မည်သည့် ကိစ္စတွင်မဆို စိတ်လှုပ်ရှားမှုထက် အချက်အလက်၊ စည်းကမ်းနှင့် ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပါက အောင်မြင်မှု အပြည့်အဝ ရရှိပါလိမ့်မည်
‎​
‎တစ်လတာကံမြင့်အဆင်ပြေစေဖို့လိုအပ်တဲ့ယတြာ ကတော့ ​စနေနေ့များတွင် ဘုရား၌ နှင်းဆီပန်း (၁) ပွင့် သို့မဟုတ် နို့ထမင်း (၁) ခွက် ကပ်လှူပူဇော်ပါ​ဆင်းရဲဒုက္ခရောက်နေသူများအား မျှတစွာ ကူညီစောင့်ရှောက်ပေးပါ

‎​စနေသားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
‎

01/09/2026

‎သောကြာသားသမီးများအတွက် ၉လပိုင်း တစ်လစာ ဟောစာတမ်း
‎
‎ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများအနေနဲ့
‎​စီးပွားရေးတွင် အစွန်းနှစ်ဖက် မရောက်ဘဲ ပုံမှန် အေးအေးချမ်းချမ်း လည်ပတ်နေမှာပါလက်ရှိ အခြေအနေဟောင်းနဲ့ ပုံစံအသစ်များကို ပေါင်းစပ်ပြီး အလုပ်တဖြည်းဖြည်း ချဲ့ထွင်ပါက အဆင်ပြေပါလိမ့်မယ် သို့သော်အလျင်စလို ရင်းနှီးမြှုပ်နှံခြင်း ထက် ရင်းနှီးပြီးသား အရင်းအမြစ်များကို စနစ်တကျ မျှတအောင် ထိန်းသိမ်းသင့်ပါတယ်
‎​လခစား ဝန်ထမ်းများ အနေနဲ့လုပ်ငန်းခွင်အတွင်း သဘောထားကွဲလွဲမှုများ ရှိပါက မိမိက အလယ်က ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ရတတ်ပါတယ် အခြေအနေများ ငြိမ်သက်သွားမည်ဖြစ်ပြီး အလုပ်အကိုင် ပတ်ဝန်းကျင် မျှတအဆင်ပြေမယ့်ကာလပါ စိတ်မြန်လက်မြန် မလုပ်ပါနှင့်၊ စိတ်ရှည်စွာ ဖြေရှင်းဖို့လိုအပ်ပါတယ်
‎​အလုပ်အသစ်ရှာဖွေနေသူများအနေနဲ့
‎အလုပ်အသစ် ရနိုင်ခြေရှိသော်လည်း အချိန်အနည်းငယ် စောင့်ဆိုင်းရနိုင်ပါတယ် လျှောက် ထားသော နေရာများနှင့် မိမိအရည်အချင်း မျှတစွာ ကိုက်ညီမှသာ အခွင့်အလမ်း ပေါ်ပေါက်လာမှာပါချက်ချင်း ရလဒ်မထွက်ပါက စိတ်မပျက်ဘဲစောင့်ဖို့လိုပါတယ်
‎​ပြည်ပကံ ကတော့ ပြည်ပအစီအစဉ်ကိစ္စရပ်များဖြည်းဖြည်းနှင့် မှန်မှန် တိုးတက်လာပြီး ခရီးစဉ်များ ရှိလာနိုင်ပါတယ်အရာရာကို အတင်းတွန်းမလုပ်ဘဲ လုပ်ထုံးလုပ်နည်းအတိုင်း စိတ်ရှည်ဖို့တော့လိုပါတယ်
‎
‎​ငွေကြေးကံကတော့ငွေအဝင် အထွက် မျှတနေမည် ကြီးကြီးမားမား အရှုံးအမြတ် မရှိဘဲ ပုံမှန်စီးဆင်းနေမှာပါဝင်ငွေထက် ထွက်ငွေ မပိုအောင် ဘတ်ဂျက်ကို မျှတစွာ စီမံသင့်တဲ့ကာလပါ
‎​
‎ပညာရေးကံကတော့လေ့လာသင်ယူမှုတွင် အားစိုက်မှုနှင့် အနားယူမှုကို မျှတအောင် လုပ်ဆောင်နိုင်ပါက ရလဒ်ကောင်းမှာပါ ဘာသာရပ်များကို ပေါင်းစပ်လေ့လာခြင်းက ပိုမိုထိရောက်ပါလိမ့်မယ်
‎
‎ချစ်သူရှိသူတွေ အနေနဲ့ အချစ်ရေးမှာချစ်သူနှင့် နားလည်မှု ပိုမိုရရှိလာတတ်သလို အဆင်မပြေ
‎စရာများ ရှိခဲ့ပါကလည်း ပြန်လည်ညှိနှိုင်း၍ အဆင်ပြေသွားမယ့်ကာလပါ မိမိအတ္တနှင့် သူ့ဆန္ဒကို မျှတစွာ ညှိယူပါ
‎​ချစ်သူမရှိသူတွေချစ်သူနဲ့လမ်းခွဲထားသူတွေကတော့စိတ်အေးချမ်းမှုပေးနိုင်သော သို့မဟုတ် မတူညီသော အသိုင်းအဝိုင်း/နယ်ပယ်မှ လူတစ်ယောက်နဲ့ တဖြည်းဖြည်း ရင်းနှီးမှု ရလာနိုင်ပါတယ် အလျင်လို အချစ်စတင်ခြင်းထက် မိတ်ဆွေအဖြစ်မှ စတင်ဖို့လိုပါတယ်
‎
‎အိမ်ထောင်ရေးကံက​တော့အိမ်ထောင်ရေးတွင် သဟဇာတဖြစ်ပြီး အေးချမ်း​မည် ဖြစ်ပြီးမိသားစုတွင်း ပြဿနာများကို အေးဆေးစွာ ဆွေးနွေး ဖြေရှင်းနိုင်မယ့်ကာလမို့ အချင်းချင်း စာနာစိတ်ဖြင့် မျှတစွာ ဆက်ဆံပါ
‎​
‎လူမှုရေးမှာ​တော့ လူမှုအသိုင်းအဝိုင်းတွင် ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်ပြီး မတူညီသော အုပ်စုများကြားတွင် စာနာထောက်ထားစွာ ဆက်ဆံနိုင်၍ ချစ်ခင်သူ ပေါများမယ့်ကာလပါ
‎​
‎ကျန်းမာရေးကတော့ ခန္ဓာကိုယ်အတွင်း အရည်ဓာတ် (ရေ) ဓာတ်မျှတအောင် ဂရုစိုက်ပါ ကိုယ်လက်လှုပ်ရှားမှုနှင့် အနားယူမှုကို မျှတအောင် နေထိုင်ဖို့လိုပါတယ်ရေများများသောက်ပါ၊ အစားအသောက် လွန်ကဲစွာ စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ
‎​
‎တစ်လတာအကြံပြုချက်အနေနဲ့မည်သည့်ကိစ္စတွင်မဆို အစွန်းမရောက်စေဘဲ စိတ်ရှည်သည်းခံမှု၊ ညှိနှိုင်းမှုတို့ဖြင့် ဆောင်ရွက်ပါက ငြိမ်းချမ်းသော အောင်မြင်မှုများ ရရှိပါလိမ့်မည်
‎​
‎တစ်လတာ ကံမြင့် အဆင်ပြေစေဖို့ လိုအပ်တဲ့ယတြာကတော့ ​သောကြာနေ့များတွင် ဘုရား၌ သောက်တော်ရေ (၂၁) ခွက် နှင့် သီးစုံယို ကပ်လှူပူဇော်ပါ ငါး သို့မဟုတ် ရေနေသတ္တဝါများအား လွှတ်ခြင်း၊ ဘုရားရေအိုးများတွင် ရေဖြည့်ပေးခြင်း ပြုလုပ်ပါ
‎
‎​သောကြာသားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

‎

Address

Yangon

Alerts

Be the first to know and let us send you an email when Athena reads the Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share