တိုင်ပင်ဖော်

တိုင်ပင်ဖော် HIV Call Center

29/12/2025

လေးစားရပါသော လူကြီးမင်းများရှင့် လက်ရှိ တိုင်ပင်ဖော်ဖုန်း ၀၉- ၇၉၇၂၁၁၉၁၉ နှင့် ၀၉-၇၉၇၂၁၁၄၁၄ များဖြင့် Telegram Account အဟတ်ခံထားရတာပါရှင့်။

"ဒီ ဓါတ်ပုံက သင်လား ? " ဆိုပြီး မေးမြန်းသည့်စာနှင့် Link လေး တခုပို့လာခဲ့လျင် ၄င်း message များမှာ "တိုင်ပင်ဖော်" ဖုန်းသုံးစွဲနေသူများမှ ပေးပို့တာ မဟုတ်ကြောင်း နှင့် ထိုစာကိုလည်း ဖွင့်မကြည့်ကြရန်နှင့် ထိုအကြောင်းအရာကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ပါက တိုင်ပင်ဖော် Hotline မှ တောင်းပန်ပါကြောင်း အသိပေးအပ်ပါသည်။

Send a message to learn more

HIV ပိုးကူးစက်မှုနဲ့ ဆက်စပ်တဲ့အပြုအမူတွေကို လေ့လာတဲ့ စစ်တမ်း (IBBS) ဖြေလို့ရနေပြီနော်….စစ်တမ်းအကြောင်း အသေးစိတ်မသိသေးဘူး...
09/10/2025

HIV ပိုးကူးစက်မှုနဲ့ ဆက်စပ်တဲ့အပြုအမူတွေကို လေ့လာတဲ့ စစ်တမ်း (IBBS) ဖြေလို့ရနေပြီနော်….
စစ်တမ်းအကြောင်း အသေးစိတ်မသိသေးဘူးဆိုရင် ဒီလင့်ခ်ကနေ သွားဖတ်ကြည့်ဦးနော် https://www.facebook.com/share/p/177NBFzxAT/?mibextid=wwXIfr

မိမိရဲ့ အသိုင်းအဝန်းကို ကိုယ်စားပြုပြီး ကိုယ်တိုင်ပါဝင်ဖြေဆိုဖို့ တိုက်တွန်းလိုက်ပါတယ်။
မိမိ သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ပါဝင်ဖြေဆိုဖို့ မမေ့ကြနဲ့နော်...
#စစ်တမ်း

သူငယ်ချင်းတို့ရေ… IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား? ✨ ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (MSM...
17/09/2025

သူငယ်ချင်းတို့ရေ…

IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား? ✨

ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (MSM)၊ အမျိုးသမီးကဲ့သို့ လိင်ဝိသေသခံယူထားသူများ (TGW) နဲ့ လိင်အလုပ်သမများ (FSW) အကြား ခေတ်အလိုက် ပြောင်းလဲနေတဲ့ လိင်ဆိုင်ရာ အမူအကျင့်များ နဲ့ HIV ကာကွယ်ရေး၊ ကုသရေးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ကို ထိရောက်အောင် ဆက်လက်လုပ်ဆောင်နိုင်ဖို့ National AIDS Programme မှ ဦးဆောင် ပြုလုပ်နေတဲ့ အရေးပါတဲ့ စစ်တမ်း ဖြစ်ပါသည်။

📅 စစ်တမ်းကောက်ယူမယ့်ကာလ – စက်တင်ဘာလ မှ ဒီဇင်ဘာလ အထိ
📍 သတ်မှတ်မြို့နယ်များ – ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တာချီလိတ်၊ တောင်ကြီး၊ ထားဝယ်၊ ပျဉ်းမနား (အဆိုပါမြို့နယ်တွင်း နေထိုင်သူများသာ ပါဝင်နိုင်ပါမယ်)

ဘာကြောင့် ပါဝင်သင့်သလဲ?
✔️ အမည်၊ လိပ်စာ မလိုအပ်ဘဲ လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်မယ်
✔️ မိမိအသိုင်းအဝိုင်းမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေး အခက်အခဲတွေကို အစွမ်းသတ္တိအပြည့် ဖော်ပြနိုင်မယ်
✔️ အဆင်ပြေတဲ့ အချိန်၊ အွန်လိုင်းကနေ အလွယ်တကူ ဖြေဆိုနိုင်မယ်
✔️ သတ်မှတ်ထားတဲ့ နီးစပ်ရာနေရာမှာ အခမဲ့ သွေး စစ်‌ဆေး ပြုလုပ်နိုင်မယ်
✔️ ဖြေဆိုပြီး သွေးစစ်ဆေး ပြီးရင် ဖုန်းဘေလ် + ခရီးစားရိတ် ရမယ်
✔️ သူငယ်ချင်းတွေကို ဖိတ်ခေါ်ဖြေဆိုနိုင် ရန် ကူပွန်များ ရပါမယ် 🎁

➡️ ကိုယ့်သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို အွန်လိုင်းကနေ ဖြေလိုက်ကြရအောင်နော်…

📌 သတိပေးချက် – အွန်လိုင်းစစ်တမ်း ဖြေဆိုပြီးနောက် သွေးစစ်ဆေးမှသာ စစ်တမ်းအတွက် ပိုမိုမှန်ကန်တဲ့ ရလဒ်များ ရရှိမယ်ဖြစ်ပါတယ်။

#စစ်တမ်း

Address

Yangon
11061

Alerts

Be the first to know and let us send you an email when တိုင်ပင်ဖော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share