19/07/2026
“ကျွန်မတို့ ကြောက်တဲ့အခါ.. ”😱👿
ကြောက်ရွံ့တဲ့ ခံစားချက်တွေဟာ ကိုင်တွယ်ရ အင်မတန်ခက်ခဲလှတဲ့ ခံစားချက်တွေ ထဲမှာပါတယ်။😫
ကြောက်စိတ်ဖြစ်လာတယ်ဆိုရင် တပန်းရှုံးသွားသလို ပဲ။ 😰
ကြောက်စိတ်ကနေ အမှားတွေ ထပ်လုပ်မိတယ်။ 😥
အမှားပိုများလာတဲ့အခါ ပိုကြောက်လာတဲ့အတွက် ဒီ ကြောက်တဲ့ သံသရာထဲမှာ မထွက်နိုင်ပဲ ပိုပြီး ဆိုးတဲ့ အခြေအနေတွေကိုပဲ ထပ် ပြီး ဖန်တီးမိသလို ဖြစ်ပါတယ်။☠️
လူတိုင်း ကြောက်တဲ့စိတ်ကို မလွဲမသွေ ခံစားဖူးကြမှာပါ။ ❗
ဒီ အထဲမှာမှ လူကြီးတစ်ယောက် ကြောက် စိတ် အပေါ် တုန့်ပြန်ပုံ နဲ့ကလေးတစ်ယောက် ကြောက်စိတ် အပေါ် ပုံ တုန့်ပြန် ပုံ မတူညီနေပါဘူး။ 💭
အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက် ကြောက်ရွံ့တဲ့စိတ်ကိုရင်ဆိုင်တဲ့အခါမှာ လက်ရှိ ကြုံနေရတဲ့ အခြေအနေကို သုံးသပ်နိုင်တဲ့ အသိဥာဏ်၊ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ အင်အားနဲ့ လက်ရှိအခြေအနေကနေ ထွက်သွားနိုင်တဲ့ ခြေလှမ်းတွေ ရှိပါတယ်။ 😊💪
ဒါပေမယ့် ကလေးတစ်ယောက်အတွက် ကြောက်တဲ့စိတ် ဆိုတာ သူ့အတွက် ကမ္ဘာလောက ကြီးတစ်ခုလုံး မဲမှောင်ကျသွားပြီး ပျက်စီးတော့မယ်လို့ ထင်တယ်။ 👶
သူလည်း အဲ့ဒီကမ္ဘာလောကကြီးနဲ့အတူ ဝါးမျိုခံရပြီး ပျက်စီး ပျောက်ကွယ်သွားနိုင်တယ်လို့ ယုံကြည်တဲ့စိတ် နဲ့ အင်မတန် ထိတ်လန့်တုန်လှုပ် ဖွယ်ရာ ခံစားချက်မျိုး ဖြစ်ပါ တယ်။ 👁️
ကလေးတစ်ယောက်ဟာ နူးညံ့ဖွံ့ဖြိုးဆဲ ကာလ ဖြစ်တဲ့ အားလျော်စွာ သူ့ဘေးနားက သူ့ထက် လုပ်နိုင်၊ကိုင်နိုင်တယ်ဆိုတဲ့လူကြီး တွေကို မှီခို အားပြု ရှင်သန်နေရတဲ့အတွက် ပြဿနာတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့ လုံလောက်တဲ့ အင်အားမရှိသေး ပါဘူး။ 🤕🫥
သူ့ရဲ့ အတွေးတွေမှာ အလယ်မှာရှိတဲ့ အရာ တွေကို လူကြီးတစ်ယောက်လို မတွေးနိုင်သေးတော့ Black and White Thinking လို့ ခေါ်တဲ့ အဖြူအမည်း အစွန်းနှစ်ဖက် တွေးခေါ်မှုပုံစံ လေး ထဲမှာပဲ လည်ပတ်နေဆဲ ဖြစ်တယ်။🗨️
ဒါကြောင့် သူ့ ပတ်ဝန်းကျင်မှာ အခက်အခဲ တစ်ခု ကြုံတိုင်း ပတ်ဝန်းကျင်က မတည်ငြိမ်တဲ့ ပြောင်းလဲမှု တိုင်းဟာ သူ့အတွက် အန္တရာယ် ဖြစ်သလို၊ အားကိုးရာမဲ့သွားတဲ့ ခံစားချက်တွေ၊ အပစ်ပယ် ခံလိုက်ရနိုင်တယ်ဆိုတဲ့ ကြောက်ရွံ့မှုတွေ နဲ့ တုန်လှုပ်ခြောက်ခြားမှုတွေ၊ အဆိုးဆုံးဆိုတာတွေ နဲ့ ပြည့်နေပါတယ်။ ‼️🥺
ဒီ အခက်အခဲ တွေ ကြုံရတိုင်း သူ့ အတွက် အသက်ရှင်သန်ခွင့် ရပ်တန့်သွားနိုင်တယ် ဆိုတဲ့ ခံစားချက်တွေကို လည်း ပြင်းပြင်းထန်ထန် ခံစားရ တယ်။ 👣🥺
ဒီထိတ်လန့်တုန်လှုပ်ခဲ့တဲ့ကြောက်ရွံ့တဲ့ ခံစားချက်တွေဟာ ကျွန်မတို့ အသက်ကြီးလာတဲ့အချိန်အထိ မသိစိတ်ထဲမှာ သေသေချာချာ မှတ်မိနေဆဲ ဖြစ်တယ်။ 🫥
အခုလက်ရှိ မှာ လူတစ်ယောက်က ကိုယ့်ကို အသံ ကျယ်ကျယ် ပြောလိုက်တာပဲ ဖြစ်ဖြစ်၊ တစ်ယောက်ယောက် ဆီက ဥပေက္ခာ အပြုခံလိုက်ရတဲ့အခါ မှာပဲ ဖြစ်ဖြစ် အစွန့်ပစ်ခံလိုက်ရတယ်ဆိုတဲ့ အခြေအနေမျိုးကြုံလာရတဲ့အခါမှာ ကျွန်မတို့ရဲ့ ထိတ်လန့်တဲ့ ခံစားချက်ဟာ ပြန်အသက်သွင်းခံလိုက်ရသလို ချက်ချင်း ရောက်လာတတ်ပါတယ်။ ❗👣
ဒီလို အခြေအနေ ရောက်သွားတဲ့အခါ မှာ ကိုယ် လုပ်နိုင် ကိုင်နိုင်၊ တွေးခေါ်နိုင်တဲ့ အစွမ်းအစ တွေ အကုန်လုံး Freeze အလုပ်ခံလိုက်ရသလိုမျိုး လှုပ်လို့ မရတော့အောင်၊ ကိုယ်မဟုတ်တဲ့ သူတစ်ယောက် လို သေးသေးလေး ဖြစ်သွားသလိုနဲ့ အားကိုးရာမဲ့တဲ့နေရာလေးမှာ ဘာမှ မလုပ်တတ်၊ မကိုင်တတ်တွေ ဖြစ်လာပါ တယ်။ 🪨👤
ဒါမှ မဟုတ်ဘူးဆိုရင်လည်း ကြောက်စိတ် ကနေ အခု လက်ရှိ ရှိနေတဲ့ လောကကြီးကို မယုံကြည်တော့ပဲ လောကကြီးမှာ အသက်ရှင်ရတာ မလုံခြုံတဲ့ ခံစားချက်တွေ ခံစားရသလို၊ ကိုယ့်ကို ဘယ်သူမှ ကာကွယ်ပေးမှာ မဟုတ်ဘူးဆိုတဲ့ အစွန်းတစ်ဖက်က ကလေးလေး တစ်ယောက်တွေးခေါ်တဲ့ ပုံစံလေးတွေဆီကို မသိမသာ ပြန်ရောက်သွားတတ် ပါတယ်။ 🥀
ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်မှာ ကြောက်စိတ်တွေ ရှိခဲ့ကြသလို ယခုလက်ရှိအထိလည်း ဒီကြောက်စိတ်တွေ ပြန်လည်နိုးထလာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ❗
ကြောက်စိတ်ကြောင့် ဘာမှမလုပ်နိုင်တော့တဲ့အခါတိုင်း ကျွန်မတို့ဟာ အတင်းအဓမ္မ ဖိနှိပ်ပြီး သန်မာပြဖို့ ကြိုးစားချင်ကြပါတယ်။
ဒါပေမဲ့ ဒီလိုဟန်ဆောင် သန်မာပြလိုက်ခြင်းဟာ တကယ့်စစ်မှန်တဲ့ အကြောက်တရားကင်းမှု တော့ မဟုတ်ပါဘူး။
ကိုယ်ဖိနှိပ်ထားတဲ့ အကြောက်တရားပြန်လာမှာကို စိုးရိမ် နေရသေး တယ်ဆိုရင် ဒါကို စစ်မှန်တဲ့ လွတ်လပ်မှုလို့ မဆိုနိုင်ပါဘူး။
ဒါဟာ ကိုယ့်ရဲ့ ကြောက်စိတ်ကို မမြင်ချင်ယောင်ဆောင်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်တွေ ကို အတင်းအဆက်အသွယ် ဖြတ်တောက်လိုက်တာ သာ ဖြစ်ပါတယ်။
တကယ်တော့ ကြောက်စိတ်ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့ဆိုတာ ကြောက်ရွံ့မှုတွေကို ငြင်းပယ်ပစ်တာမဟုတ်ဘဲ၊ ကြောက်စိတ်နဲ့ အတူ ယှဉ်တွဲနေထိုင်ကြည့် ရင်း ကိုယ့်ရဲ့အတွင်းစိတ်ကို ပြန်လည်တည်ဆောက်ယူရတာ ဖြစ်ပါတယ်။ 🌻
ကိုယ့်အထဲမှာ အင်မတန် ထိတ်လန့်ကြောက်ရွံ့နေတဲ့ ကလေးလေး တစ်ယောက် ခံစားချက် တွေ ကို မေတ္တာနဲ့ ပြန်လည်ထွေးပွေ့ပြီး သူ့ရဲ့ အော်ဟစ်ညည်းတွားနေတဲ့ ကြောက်ရွံ့မှုတွေကို ငယ်ဘဝတုန်းကတော့ နားထောင်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုပေမယ့် အခု လက်ရှိ အချိန်မှာတော့ အခွင့်အရေး ပေးပြီး သူ့ရဲ့ နာကျင်မှုတွေကို လူကြီးတစ်ယောက်လို စိတ်ရှည်စွာ နားထောင်ပေးခြင်းနဲ့ နေရာပေးလိုက်ခြင်းကသာ လက်ရှိဘဝရဲ့ အခက်အခဲတွေကို ရင့်ကျက်တဲ့ လူကြီးတစ်ယောက်လို ရဲရဲဝံ့ဝံ့ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်ရှင်။☘️❤️🩹
"The cave you fear to enter holds the treasure you seek." — Carl Jung
"ကိုယ် ဝင်ဖို့ ကြောက်နေတဲ့ ဂူထဲမှာပဲ ကိုယ် လိုချင်လို့ ရှာနေတဲ့ ရတနာတွေ ရှိနေတာဖြစ်တယ်။" - Carl Jung 💭
Shwe Yi
Therapist of Brief Therapy , Couple Therapist
#ကြောက်စိတ်