Smart Care Aesthetics - Yangon

Smart Care Aesthetics - Yangon Your Trusted Aesthetic Clinic in Yangon, Myanmar

နှာတံကြိုထိုးခြင်း (Nose Thread Lift) ရဲ့ ကောင်းကျိူး နဲ့ ဆိုးကျိုးတွေက ဘာတွေလဲ?💛 Nose Thread Lift ဆိုတာက Collagen ကြိုး...
07/06/2026

နှာတံကြိုထိုးခြင်း (Nose Thread Lift) ရဲ့ ကောင်းကျိူး နဲ့ ဆိုးကျိုးတွေက ဘာတွေလဲ?

💛 Nose Thread Lift ဆိုတာက Collagen ကြိုးလေးတွေကို အသုံးပြုပြီး ရှိရင်းစွဲ နှာတံကို ပိုမြင့်ပြီး ပိုထင်းလှပအောင် ပြုပြင်တဲ့ အလှအပရေးရာကုထုံး တမျိုးပဲဖြစ်ပါတယ်။

💛 ကောင်းကျိုးတွေက…
✅ ခွဲစိတ်စရာမလို၊ အချိန်အများကြီးပေးစရာမလို၊ Down time မရှိပဲ မိမိရဲ့နှာတံပုံစံကို ပြောင်းစေတယ်။
✅ မိမိရုပ်ကို သိသိသာသာမပြောင်းပဲ ရှိရင်းစွဲအတိုင်း ပိုလှစေတယ်။
✅ နာကျင်မှုနည်းတယ်။
✅ ကြာချိန် (၁)နှစ်ခွဲ (၂)နှစ်ခွဲဝန်းကျင်မှာ အသားထဲပျော်ဝင်သွားတဲ့အတွက် ပြန်ထုတ်ဖို့မလိုဘူး။
✅ ကုန်ကျစရိတ်နည်းတယ်။

💛 ဆိုးကျိုးတွေက…
🚫 မိမိ နှာခေါင်းတခုလုံးကို လုံးလုံးလျားလျား ပုံစံပြောင်းအောင် ကြိုးထိုးရုံနဲ့မရနိုင်ဘူး။
🚫 ကြာရှည်မခံဘူး။ ကြိုးအမျိုးအစားပေါ်မူတည်ပြီး (၃)-(၄) နှစ်ခံအထိရှိပေမဲ့ အလှအပရေးရာဆရာဝန် အများစုက လူ့ခန္ဓာကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်တဲ့ Pure Collagen ကြိုးတွေကိုသာ အသုံးပြုလို့ အများဆုံး (၁)နှစ်ခွဲ ခန့်အထိသာ ခံနိုင်ပါတယ်။
🚫 ကြိုးထိုးပြီးခါစ အနည်းငယ် ယောင်တာ၊ နာတာ ဖြစ်နိုင်ပါတယ်။

💛 ဒါကြောင့် နှာတံနဲ့ပက်သတ်ပြီး ပြုပြင်တော့မယ်ဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ အသေးစိတ် တိုင်ပင်ဆွေးနွေးပြီးမှသာ ပြုလုပ်သင့်ပါကြောင်း ပြောကြားရင်း….

Smart Care Aesthetic Clinics
🏡တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်း/တောင်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞09764101080, 099696 16888
🚏Bus stop- မြေနီကုန်းဒဂုံစင်တာမှတ်တိုင်

🏡 အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
☎️ 09447203040, 09760540089

ပြီးပြည့်စုံတဲ့ နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်စေဖို့ ... 💋 ရှိရင်းစွဲ နှုတ်ခမ်းထက် ဖူးဖူးတင်းတင်းလေး ဖြစ်ချင်နေလား?💋 ပါးလွှာ...
02/06/2026

ပြီးပြည့်စုံတဲ့ နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်စေဖို့ ...

💋 ရှိရင်းစွဲ နှုတ်ခမ်းထက် ဖူးဖူးတင်းတင်းလေး ဖြစ်ချင်နေလား?

💋 ပါးလွှာတဲ့ နှုတ်ခမ်းကို သဘောမကျတော့လို့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းထူထူလေး လိုချင်နေတာလား?

💋 နှုတ်ခမ်းက မညီမညာလို့ စိတ်ညစ်နေရလား?

💋 အသက်အရွယ်ကြောင့် နှုတ်ခမ်းမှာ အရေးအကြောင်းတွေ ပေါ်နေပြီလား?

ဒီလိုပြဿနာ‌ကို ဖြေရှင်းဖို့ Smart Care Aesthetics မှာ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အဖြေရလဒ်တခု ချက်ချင်းဖော်ဆောင်နိုင်ပါပြီ။

နှုတ်ခမ်းနီဆိုးတိုင်း ယုံကြည်ချက် ပြည့်နေစေဖို့....

🏥 Smart Care Aesthetic Clinics

တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞 09 764 101080, 09 9696 16888
🛑 Bus Stop~ မြေနီကုန်းဒဂုံစင်တာမှတ်တိုင်

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စု လမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
📞 09447203040 ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

Banking တွေနဲ့ ငွေပေးချေနိုင်ပြီး % အပိုပေးစရာလည်း မလိုတဲ့အကြောင်း ထပ်မံ ပြောကြားလိုက်ပါရစေ။ 🥰

Smart Care Aesthetic ဆေးခန်းထပ်တိုး ဖွင့်လှစ်ရန်အတွက် တာဝန်ထမ်းဆောင်ရန် သူနာပြုအကူဝန်ထမ်းများ အလိုရှိပါသည်။📢Vacancy Anno...
07/05/2026

Smart Care Aesthetic ဆေးခန်းထပ်တိုး ဖွင့်လှစ်ရန်အတွက် တာဝန်ထမ်းဆောင်ရန် သူနာပြုအကူဝန်ထမ်းများ အလိုရှိပါသည်။

📢Vacancy Announcement 📢

Beauty Therapists ကျား သို့ မ (၃)ဦး
-အလှအပရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူဖြစ်ရမည်။
- သွက်လက်၍ စကားပြောပြေပြစ်ရမည်။
- ရုပ်ရည်အသင့်အတင့်ရှိရမည်။
- ကျောင်းကိစ္စကင်းရှင်းရမည်။
- Nurse Aid သင်တန်းဆင်းထားသူ(သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူဖြစ်ရမည်။
(အတွေ့အကြုံမရှိလည်း လျှောက်ထားနိုင်သည်)

⏳ အလုပ်ချိန် - (9:00AM to 6:00PM)
တလနားရက် (၄)ရက်
💰 လစာ - အခြေခံလစာ+ရက်မှန်ကြေး+ဘောနပ်

စိတ်ပါဝင်စားသူများသည် CB (သို့) Viber 092023389 သို့ CV Form ပေးပို့ လျှောက်ထားနိုင်ပါသည်။CV form ကို ၂၀၂၆မေလ (၃၀)ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။

🚏Bus Stop- မြေနီကုန်းဒဂုံစင်တာမှတ်တိုင်

🏥 Smart Care Aesthetics - Yangon
တိုက်အမှတ် ၂၃၆၊2Dပထမထပ်၊ရတနာလမ်း၊မြေနီကုန်း(တောင်)ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞 09 764 101080, 09 9696 16888

မှတ်ချက်။ ။ ရွေးချယ်ခံရသူများသည် Training (၁)လ ဆင်းနိုင်ရပါမည်။

11/04/2026

မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယမှာ နှစ်ဟောင်းမှ ဘေးအန္တရာယ်အသွယ်သွယ်ကို အတာရေနဲ့ အတူ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ ကံကောင်းခြင်း၊ စီးပွားလာဘ်လာဘ တိုးပွါးခြင်း၊စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမားခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပေး လိုက်ရပါတယ်။🫶🙏🎉

ကိုယ်ဝန်ဆောင် မေမေ တို့ရေ...ကိုယ်ဝန်‌ဆောင်နေတဲ့ အချိန်ဆိုတာ တကယ့်ကို ထူးဆန်းတဲ့ အတွေ့အကြုံသစ်တစ်ခုပါ။ ဗိုက်ကလေး ပူလာတာ၊ ...
19/03/2026

ကိုယ်ဝန်ဆောင် မေမေ တို့ရေ...

ကိုယ်ဝန်‌ဆောင်နေတဲ့ အချိန်ဆိုတာ တကယ့်ကို ထူးဆန်းတဲ့ အတွေ့အကြုံသစ်တစ်ခုပါ။ ဗိုက်ကလေး ပူလာတာ၊ ပျို့တာ အန်တာ တွေက အစ အရေပြား မှာ ဝက်ခြံတွေ ပိုဆိုးလာတာ၊ အမဲစက်တွေ ထွက်လာတာအထိ အတွေ့အကြုံ မျိုးစုံအောင် ခံစားရမှာပါ။

ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာလည်း လှနေဖို့ လိုအပ်တော့ skin care လုပ်နေဖို့က လိုအပ်ပါတယ်။

ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးကို ထိခိုက်နိုင်တာ၊ ဟော်မုန်းအပြောင်းအလဲတွေဆိုးနိုင်တဲ့ ရှောင်သင့်တဲ့ Ingredients တွေကို ပြောပြပေးချင်ပါတယ်။

သုံးတဲ့ ပစ္စည်းရဲ့ ပါဝင်နှုန်း၊ လူတဦးနဲ့ တဦးရဲ့ အရေပြားအခြေအနေ၊ လိမ်းတဲ့ပမာဏ၊ လိမ်းတဲ့အကြိမ်အရေအတွက်၊ ဘယ်နေရာမှာ လိမ်းသလဲ ဆိုတာတွေ ပေါ်မူတည်ပြီး ဘယ်လောက်ထိ ထိခိုက်နိုင်လဲ ဆိုတာက ကွဲပြားပါတယ်။

ရှောင်သင့်တဲ့ ပါဝင်ပစ္စည်းလေးတွေကတော့...

⚠️ Retinol
Retin-A, Retinyl palmitate လို့လည်း သိကြပါတယ်။ Vitamin A အုပ်စုဝင် တွေ ဖြစ်ပြီး အဓိက ဝက်ခြံကုသတဲ့နေရာမှာ သုံးပါတယ်။ သောက်ဆေးကတော့ လုံးဝ ကို ရှောင်ရမှာဖြစ်ပြီးတော့ လိမ်းဆေးက တော့ မဖြစ်မနေလိမ်းရမယ် ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တဲ့သာ တိုင်ပင်ပြီး လိုအပ်သလောက်သာ သုံးသင့်ပါတယ်။

⚠️ Sunscreen
Sunscreen ဆိုလို့ မလန့်သွားပါနဲ့ဦး။ Oxybenzone, avobenzone စတာတွေ ပါတဲ့ Chemical Sunscreen တွေက ဟော်မုန်းအပြောင်းအလဲ ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Physical Sunscreen တွေကိုပိုရွေးချယ်သင့်ပါတယ်။

⚠️ Benzol peroxide & Salicylic acid
အရေပြားမှာ လိမ်းတာက သိပ်ပြီး မထိခိုက်ပေမဲ့ လိမ်းရမယ် ဆိုရင်တော့ ဆရာဝန်ညွှန်ကြားထားတဲ့ ပမာဏ၊ အတိုင်း လိုအပ်တဲ့နေရာမှာပဲ လိမ်းသင့်ပါတယ်။

⚠️ Hydroquinone
အမဲစက်နဲ့ တင်းတိတ်မှာသုံးတဲ့ ဒါလေးကလည်း ကိုယ်ဝန်ဆောင် ချိန်မှာ ရှောင်သင့်ပါတယ်။

⚠️ Paraben
Skincare တွေနဲ့ Cosmetic ပစ္စည်းတွေ လွယ်လွယ် မပျက်စီးအောင် သုံးတဲ့ Paraben က ကိုယ်ဝန် ပျက်ကျတာ၊ ကလေး ကြီးထွားမှု နှေးတာ၊ ကိုယ်အလေးချိန် နည်းလွန်းတာ တွေ ဖြစ်စေတတ်ပါတယ်။

⚠️ Aluminum Chloride
ချွေးထွက်တာကို တားတဲ့ ဒါလေးကိုလည်း ကိုယ်ဝန်ဆောင် ချိန်မှာ ခဏရှောင်သင့်ပါတယ်။

⚠️ Essential oils
အလွယ်တကူတွေးရရင် သဘာဝက ရတဲ့ ဒီ oil တွေက အန္တရာယ်ကင်းတယ် လို့ ထင်ချင်စရာပါပဲ။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာတော့ မဟုတ်ပါဘူး။ Jasmine & Clary sage oil တွေက သားအိမ် ညှစ်တာကို အားပေးပါတယ်။ အချိန်မတန်ခင် ညှစ်ရင် ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ Sage & Rosemary oil ကတော့ သွေးဆင်း စေနိုင်ပြီး Rosemary oil က သွေးပေါင် တက်စေနိုင်ပါတယ်။ ဘာနဲ့မှ မရောထားတဲ့ Pure Essential Oil တွေကိုတော့ လုံးဝ ရှောင်ရပါမယ်။

ကောင်းတာကတော့ ဘာပဲသုံးသုံး ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသ ဆွေးနွေးပါ လို့ အကြံပြုချင်ပါတယ်။

🏥 Smart Care Aesthetic Clinics

တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞 09 764 101080, 09 9696 16888

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊မြစ်ကြီးနားမြို့။
📞 09 447 203040

🌼 ရာသီဥတုက ပူအိုက်စိုစွတ်‌ တော့ ချွေးထွက်များပြီး အနံ့ဆိုးတွေထွက်နေလား?🌼 အင်္ကျီလှလှလေး ဝတ်ထားပေမဲ့ ချိုင်းကြားနေရာမှာ ခ...
07/03/2026

🌼 ရာသီဥတုက ပူအိုက်စိုစွတ်‌ တော့ ချွေးထွက်များပြီး အနံ့ဆိုးတွေထွက်နေလား?

🌼 အင်္ကျီလှလှလေး ဝတ်ထားပေမဲ့ ချိုင်းကြားနေရာမှာ ချွေးထွက်များပြီး အကွက်လိုက် ဖြစ်ကာ အလှပျက်နေလား?

အဲဒီပြဿနာတွေအတွက် ချိုင်းကြား ဧရိယာကို Botox ဆေးထိုးလို့ရပါပြီ။

🎀 Botox ဆေးထိုးခြင်းအားဖြင့် ချိုင်းချွေးထွက်များခြင်းကို သက်သာစေပြီး အနံ့ဆိုးထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

🎀 ထုံဆေးလိမ်းပြီးမှ ဆေးထိုးတာ ဖြစ်တဲ့အပြင် သေးငယ်တဲ့ အပ်လေးတွေကိုသာ အသုံးပြုတာ ဖြစ်လို့ နာကျင်မှုကလည်း အလွန်နည်းပါတယ်။

🎀 အချိန် နာရီဝက်ကျော်လောက်သာ ပေးရပြီး လူမှုဆက်ဆံရေး ညံ့ဖျင်းစေတဲ့ ချွေးနံ့နံခြင်း၊ ချွေးထွက်လွန်ခြင်းတွေကို သက်သာသေမှာ ဖြစ်လို့...

🏥 Smart Care Aesthetic Clinics

တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞09 764 101080, 09 9696 16888

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စု လမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
📞 09447203040 ကို အမြန်ဆုံးဆက်သွယ်လိုက်ပါ။

🧑‍🦲 လူတယောက်ရဲ့ လှပခြင်း၊ နုပျိုခြင်းတွေ အများကြီးမူတည်နေတဲ့ ဆံပင်က  အသက် အရွယ်ရလာလို့ဖြစ်စေ၊ ကောက်ဆေးဖြောင့်ဆေးတွေကြောင...
06/03/2026

🧑‍🦲 လူတယောက်ရဲ့ လှပခြင်း၊ နုပျိုခြင်းတွေ အများကြီးမူတည်နေတဲ့ ဆံပင်က အသက် အရွယ်ရလာလို့ဖြစ်စေ၊ ကောက်ဆေးဖြောင့်ဆေးတွေကြောင့် ဖြစ်စေ၊ အရက်ဆေး‌လိပ်ကြောင့်ဖြစ်စေ၊ မျိုးရိုးလိုက်လို့ဖြစ်စေ၊ ရောဂါ အခြေအနေ တမျိုးမျိုးကြောင့် ဖြစ်စေ ဆံပင်ကျွတ်တာ၊ ဆံပင် မသန်တာတွေဖြစ်လာတတ်ပါတယ်။

🧑‍🦲 အမျိုးသားအများစုမှာဆိုရင် အသက် (၃၀) ကျော်နောက်ပိုင်း ဆံပင်စကျွတ်လာတတ်ပြီး အသက် (၅၀)နောက်ပိုင်း သိသိသာသာ ဆံပင်ကျဲပြီး ပြောင်လာတာကို တွေ့ရမှာပါ။

⚠️တဖြည်းဖြည်းဆံပင်​တွေကျဲလာတာ
⚠️ဆံပင်​တွေပါးလာတာ၊
⚠️ဆံပင်​တွေအကွက်လိုက် ကျွတ်​နေတာ
⚠️ဆံပင်ကျွတ်ပြီး ထိပ်​ပြောင်ဖြစ်​နေတာ
⚠️အရွယ်တင်လို့​​ကောင်းတဲ့ အသက်ရွယ်မှာ ဆံပင်​​ကြောင့် စိတ်ရှုပ်နေပြီလား ?

ဒီလိုဆိုရင်စိတ်ရှုပ်ခံမ​နေပါနဲ့🧏‍♀️ ဆံပင်ကျွတ်၊ ဆံပင်ကျဲ စတဲ့လက္ခဏာကို သတိထားမိပြီဆိုတာနဲ့ အချိန်မ​နှောင်းခင် ​ကောင်းမွန်တဲ့ ကုထုံး​တွေနဲ့ကုသလို့ ရပါတယ်။

🤔ဘယ်လိုကုသလို့ရလဲ......

​➡️သောက်​ဆေး💊၊ လိမ်းဆေး​🧫 တင်မကဘဲ
➡️ဆံပင်​​အတွက် အ​ကောင်းဆုံး ကုထုံးဖြစ်တဲ့
(Hair PRP💉- ​သွေးရည်ကြည်ကုထုံး)လေးရှိပါတယ်။

➡️🩸သွေးရည်ကြည်ကုထုံးဆိုတာက မိမိရဲ့ ပင်ကိုယ် သွေးကို သွေးရည်ကြည် ရအောင် ထုတ်ယူပြီးတော့ ဦးရေပြားမှာ ထိုးပြီး ကုသရတဲ့ ကုထုံး တစ်မျိုးပါ။

➡️🩸သွေးရည်ကြည်မှာ ပါဝင်တဲ့ Growth Factor တွေ၊ Stem Cell တွေက ဆံပင်ကျွတ်တာကို သက်သာစေတယ်၊ ဦးရေပြားကို ပြန်လည်အားဖြည့်ပေးပြီးတော့ ဆံပင်တွေ သန်စွမ်းလာစေနိုင်ပါတယ်။

ကုသမှု ပြုလုပ်ပုံအဆင့်ဆင့်က....
💉 ‌ကုသမှုခံယူမဲ့နေရာကို ထုံဆေး မိနစ် (၃၀)ခန့် လိမ်းပါတယ်။
💉 သွေးထုတ်ယူပါတယ်။
💉 ထုတ်ယူထားတဲ့သွေးကို စက်ထဲ ထည့်ပြီး သွေးရည်ကြည်ရအောင် ပြုလုပ်ပါတယ်။
💉 သွေးရည်ကြည်ကိုလိုအပ်တဲ့ နေရာမှာ ထိုးပြီး ကုသပေးပါတယ်။
💉 လိုအပ်ပါက Hair Laser ကုထုံး ပြန်ပေးပါတယ်။
💉 နောက်ဆုံးအဆင့်အနေနဲ့ ‌လိုအပ်တဲ့ ဆေးတွေ လိမ်းပါတယ်။

နုပျိုခြင်းက လူ၁​ယောက်ရဲ့ ဆံပင်​မှာအများကြီး မူတည်​နေတာမလို့....... ဆံပင်တွေ ကျွတ်နေပြီဆိုရင်တော့ ကောင်းရာနိုးနိုးဆေးတွေ လိမ်းမနေပဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ထိရောက်တဲ့ ကုသမှုတွေ ခံယူဖို့ လိုအပ်ပါတယ်။

SMART CARE CLINIC မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံးသော ကုသမှုတွေကို ခံယူလိုက်ပါ။

🏥 SMART CARE AESTHETIC CLINICS

တိုက်မှတ်(၂၃၆)2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်း/တောင်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞09 764 101080, 09 9696 16888

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊
မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
📲 09 447 203040

💜 မိမိရဲ့ မျက်နှာ ပုံစံက လုံးဝန်းနေလို့ ပုံစံပြောင်းချင်နေတာလား?💜 မေးရိုးကားလို့ မိန်းကလေးဆန်ဆန် မလှပဘူးလို့ ခံစားနေရပါသ...
04/03/2026

💜 မိမိရဲ့ မျက်နှာ ပုံစံက လုံးဝန်းနေလို့ ပုံစံပြောင်းချင်နေတာလား?

💜 မေးရိုးကားလို့ မိန်းကလေးဆန်ဆန် မလှပဘူးလို့ ခံစားနေရပါသလား?

💜 သွယ်လျတဲ့ မျက်နှာကျလေး လိုချင်နေပါသလား?

💜 ရှိရင်းစွဲ အသက်ထက် ပိုနုငယ်ချင်ပါသလား?

💜 Korea Star တွေလို သေးငယ် သွယ်လျတဲ့ မျက်နှာလေး ရချင်ပါသလား?

ဒီလိုဆိုရင်တော့ V shape Botox လိုအပ်နေပါပြီ။

💜 V shape မျက်နှာ ဆိုတာ သွယ်လျတဲ့ ဘဲဥပုံ မျက်နှာလေးကို ခေါ်တာဖြစ်ပါတယ်။

💜 ကားနေတဲ့ မျက်နှာထက် စာရင် V shape မျက်နှာလေးက ...
❣️ ငယ်ရွယ် နုပျိုတဲ့ အသွင်အပြင်ကို ရစေတယ်။
❣️ နူးညံ့လှပတဲ့ အလှတရားကို ရစေတယ်။
❣️သဘာဝကျတဲ့ လှပမှုကို ဖော်ဆောင်ပေးတယ်။
❣️ အမျိုးသမီးတွေသာ မက အမျိုးသားတွေပါ ပိုမို လန်းဆန်းတက်ကြွ တဲ့ မျက်နှာ သွင်ပြင်လေးကို ဖော်ဆောင်ပေးနိုင်ပါတယ်။

💜 V shape မျက်နှာဖြစ်စေဖို့ ကားနေတဲ့ မေးရိုးကြွက်သားတွေကို Botox ထိုးပြီး သွယ်လျလှပအောင် ပြုပြင်နိုင်ပါတယ်။

💜 V shape Botox ထိုးတော့မယ် ဆိုရင် ...
- ပထမဆုံး မိမိလိုချင်တဲ့ အနေအထား၊ ဆေးအာဏိသင်၊ ဘေးထွက်ဆိုးကျိုး စတာတွေကို ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင် ဆွေးနွေးရပါမယ်။
- ဆွေးနွေးပြီးတဲ့အခါ ကုသမှုခံယူဖို့ မျက်နှာကို သန့်စင်ပေးပါတယ်။
- ထုံဆေး နာရီဝက်ခန့် လိမ်းပါတယ်။
- ကျွမ်းကျင်တဲ့ဆရာဝန်က Botox ဆေး ထိုးပေးပါတယ်။
- ဆေးထိုးပြီး (၁)ပတ်ခန့်အကြာမှာ ဆေးအာဏိသင် စတင်ပြမှာ ဖြစ်ပြီး (၁)နှစ်ဝန်းကျင်ခန့် အာဏိသင် ခံပါတယ်။

💜 ကျွမ်းကျင်တဲ့ ဆရာဝန်တွေကိုယ်တိုင် အရည်အသွေးမြင့် ဆေးတွေကိုသာ အသုံးပြုပြီး ဆွေးနွေးကုသပေးနေတာဖြစ်လို့....

🏥 SMART CARE AESTHETICS
တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်း(တောင်)ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞09 764 101080

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊
မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
📲 09 447 203040, 09 760 5400 89
ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

🎀 သတိ။ မိမိရဲ့ မျက်နှာပေါ်က နှာတံကို ပိုလှချင်သူတွေသာ ဖတ်ရန်။🎀 နှာခေါင်းဆိုတာ မျက်နှာတခုရဲ့ အလယ်မှာရှိပြီး မျက်နှာလှမလှက...
03/03/2026

🎀 သတိ။ မိမိရဲ့ မျက်နှာပေါ်က နှာတံကို ပိုလှချင်သူတွေသာ ဖတ်ရန်။

🎀 နှာခေါင်းဆိုတာ မျက်နှာတခုရဲ့ အလယ်မှာရှိပြီး မျက်နှာလှမလှကို ဆုံးဖြတ်တဲ့ နေရာမှာ အထူးပဲ အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။

🎀 မိမိရဲ့ နှာတံနဲ့ နှာခေါင်းကို စိတ်တိုင်းမကျဘူးဆိုရင်တော့ တိုးတက်လာတဲ့ခေတ်ကြီးမှာ ပိုမိုလှပအောင် အလှအပရေးရာ ဆေးပညာနဲ့ ပြုပြင်ပြောင်းလဲနိုင်နေပါပြီ။

🎀 နှာတံနဲ့ နှာခေါင်းကို ပြုပြင်ကြတဲ့အခါ အောက်ပါနည်းလမ်းတွေကို အသုံးပြုများကြပါတယ်။

1️⃣ နှာတံကြိုးထိုးခြင်း (Nose Thread Lift)
နှာတံပုပုလုံးလုံးကိုပိုင်ဆိုင်ထားလို့ နှာတံပိုမြင့်ပြီး ပိုပေါ်ချင်သူတွေ အတွက်သင့်တော်ပါတယ်။ Collagen ကြိုးများကို အသုံးပြုတာဖြစ်လို့ အချိန်ကုန်သက်သာပြီးချက်ချင်းလှသွားတဲ့အပြင် အန္တရာယ်လည်း ကင်းလို့ လူကြိုက်များတဲ့ အလှအပကုထုံး တမျိုးပဲဖြစ်ပါတယ်။

2️⃣ Nose Filler
ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ Filler ထိုးမှသာ အန္တရာယ်ကင်းကင်းနဲ့ လှပတဲ့ ရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ နှာခေါင်း Filler က အခန့်မသင့်ပါက မျက်စိကွယ်တဲ့အထိ အန္တရာယ်ရှိနိုင်လို့ မကျွမ်းကျင်သူ၊ အတွေ့အကြုံနည်းသူတွေ နဲ့ လုံးဝ လုံးဝ ကို မထိုးသင့်ပါ။

3️⃣ နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း (Rhinoplasty)
မိမိရဲ့ နှာခေါင်းကို လုံးလုံးလျားလျား ပြုပြင်ပြောင်းလဲ ဖို့အတွက် အမျိုးမျိုးသော နည်းစနစ်များကို သုံးပြီး ခွဲစိတ်ပြုပြင်နိုင်ပါတယ်။ ခွဲစိတ်ပြီးနောက် ရလဒ်က ရာသက်ပန် ခံလို့ လူကြိုက်များတဲ့ ခွဲစိတ်ပြုပြင်မှုတမျိုးပဲ ဖြစ်ပါတယ်။

🎀 မိမိရဲ့နှာခေါင်းကို ပြုပြင်ချင်နေပြီဆိုရင်တော့ ပြောင်းလဲချင်တဲ့ နှာ‌တံပုံစံ ကို စဉ်းစားရုံသာ မက ရလဒ်ကောင်းတဲ့ ဆေးခန်း၊ အမှန်တကယ် ကျွမ်းကျင်တဲ့ဆရာဝန်၊ အရည်အသွေးမြင့် ဆေးနှင့် ဆေးဝါးများကို အသုံးပြုခြင်း ရှိမရှိတွေကို ပါစဉ်းစားပြီး ရွေးချယ်ဖို့လိုအပ်ပါတယ်။

🎀 နှာတံသွယ်သွယ် မျက်နှာလှလှ ဖြစ်စေမဲ့အပြင် ဘေးထွက်ဆိုးကျိုး လုံးဝ မရှိတဲ့အထိ အာမခံပေးနိုင်တဲ့အတွက် ...

🏥 Smart Care Aesthetics

တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞09 764 101080

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စု လမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
☎️ 094 47 203040, 09 760 5400 89
ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ ။

☀️ နွေရာသီရောက်လာလို့ အတိုလေးတွေဝတ်မယ်၊ Biki လေးတွေဝတ်မယ် ဆိုကာမှ ဒူး၊ တတောင်တွေမဲနေတာ၊ ဟိုကြား ဒီကြားမဲနေတာ၊ ခြေထောက်မှ...
01/03/2026

☀️ နွေရာသီရောက်လာလို့ အတိုလေးတွေဝတ်မယ်၊ Biki လေးတွေဝတ်မယ် ဆိုကာမှ ဒူး၊ တတောင်တွေမဲနေတာ၊ ဟိုကြား ဒီကြားမဲနေတာ၊ ခြေထောက်မှာ အမဲစက် အမာရွတ်တွေရှိတာကြောင့် စိတ်ညစ်နေရရင် Chemical Peeling ကုသမှုနဲ့ ကုသမှုခံယူနိုင်ပါပြီ။

☀️ Chemical Peeling ကုသမှုဆိုတာ မဲညစ်ပြီး ပျက်စီးနေတဲ့အသားအရေကို ကွာကျစေပြီး အသားအရေ အသစ်ပြန်ဖြစ်စေတဲ့ Exfoliation Treatment တမျိုးပဲဖြစ်ပါတယ်။

☀️ ကုသမှုခံယူပြီး (၃)ရက်ကနေ (၁)ပတ်အတွင်း ညစ်နေ မဲနေတာတွေ ကွာကျပြီး ကြည်လင်ဝင်းပ တဲ့အသားအရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

☀️ ချိုင်းကြား၊ ဒူး၊ တတောင်နဲ့ ဟိုကြား ဒီကြားမဲတာတွေကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး ဖြစ်နေတယ်ဆိုရင် ညီမတို့ Smart Care Aesthetic Clinics ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

🏥Smart Care Aesthetics - Yangon
တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်း(တောင်)ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
☎️09 764 101080

🏠 Smart Care Aesthetics - မြစ်ကြီးနား
အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊
☎️ 09 447 203040

Address

No. 236, 2D 1st Floor, Yadanar Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Smart Care Aesthetics - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share