02/10/2026
ကျောက်ကပ်ဆိုတာ...
လူ့ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး
ကျောရိုးရဲ့ ဘေးတစ်ဖက်တစ်ချက်၊ နံရိုးအောက်နားမှာ တစ်ခုစီရှိပါတယ်…🫘
ကျောက်ကပ်ရဲ့ အဓိကတာဝန်ကတော့ သွေးထဲက အညစ်အကြေးတွေနဲ့ အရည်ပိုတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် စွန့်ထုတ်ပေးတာပါ 🩺
အဲဒိအပြင် ကျောက်ကပ်က ဘာတွေကို လုပ်ဆောင်ပေးနေလဲဆိုတော့...
🫧 အညစ်အကြေးတွေကို စစ်ထုတ်ပေးခြင်း
သွေးထဲက Creatinine, Urea စတဲ့ အညစ်အကြေးတွေနဲ့ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အက်ဆစ်အပိုတွေကို ဖယ်ရှားပေးပါတယ်
🩺 သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
ကျောက်ကပ်က သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်
⚖️ သွေးတွင်း Acid-Base Balance ကို ထိန်းပေးခြင်း
ခန္ဓာကိုယ်အတွင်း သွေးရဲ့ အက်ဆစ်-အယ်လ်ကာလီ မျှခြေကို ထိန်းသိမ်းပေးပါတယ်
🩸 သွေးနီဥထုတ်လုပ်မှုနဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုခြင်း
ကျောက်ကပ်က Erythropoietin (EPO) လို ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးနီဥထုတ်လုပ်မှုကို အထောက်အကူပြုပါတယ်...အဲဒိအပြင် Vitamin D ကို ခန္ဓာကိုယ်က အသုံးပြုနိုင်ဖို့ ပြောင်းလဲပေးရာမှာလည်း ကူညီလုပ်ဆောင်ပေးပါတယ်
💧 ရေနဲ့ သတ္တုဓာတ်မျှခြေကို ထိန်းပေးခြင်း
ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နဲ့ Sodium, Potassium, Calcium, Phosphorus စတဲ့ သတ္တုဓာတ်တွေကို သင့်တင့်မျှတအောင် ထိန်းညှိပေးပါတယ်
🧬 အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်မှုကို ကူညီပေးခြင်း
အာရုံကြောနဲ့ ကြွက်သားတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် Electrolytes တွေကို မျှတအောင် ထိန်းပေးပါတယ်
ဒီလို အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို လူ့ခန္ဓာကိုယ်အတွက် နေ့တိုင်း တာဝန်ထမ်းဆောင်ပေးနေတဲ့ ကျောက်ကပ်လေးတွေ ကျန်းမာနေဖို့ကို နေ့တိုင်း ဂရုစိုက်ပေးဖို့ မမေ့နဲ့နော်...💚
✨𝗥𝗲𝘀𝘁𝗼𝗿𝗶𝗻𝗴 𝗛𝗲𝗮𝗹𝘁𝗵. 𝗥𝗲𝗻𝗲𝘄𝗶𝗻𝗴 𝗛𝗼𝗽𝗲 ✨
မဟာသုခ ကျောက်ကပ်ဆေးစင်တာ
𝗛𝗲𝗺𝗼𝗱𝗶𝗮𝗹𝘆𝘀𝗶𝘀 𝗖𝗲𝗻𝘁𝗲𝗿
☎ 09 7730 22223
🏠 Lan Thit Yeik Thar, Lan Thit Office Tower, Between Phone Gyi Street & Lan Thit Street, Lanmadaw, Yangon.
#မဟာသုခကျောက်ကပ်ဆေးစင်တာ #ကျောက်ကပ်ဆေးစင်တာ #ကျောက်ကပ် #ကျောက်ကပ်ကျန်းမာရေး