Thu Kha Nwe Specialist Clinic

Thu Kha Nwe Specialist Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thu Kha Nwe Specialist Clinic, Medical and health, အမှတ် ၄၅၁၊ ကုန်သည်လမ်း ၊ ဗိုလ်ကလေးစျေးနှင့် ၄၃ လမ်းကြား ၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့, Yangon.

19/04/2026

မိုးရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနိုင်ပါပြီ

14/12/2025

မင်္ဂလာပါခဗျာ

သုခနွယ် အထွေထွေရောဂါ အထူးကုဆေးခန်းတွင် အောက်ပါ သားဖွားနှင့်မီးယပ်အထူးကု ဆရာဝန်ကြီးများမှ လူကြီးမင်းတို့အတွက် လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများအတွက် နေ့စဥ်နှင့်အလိုက် ကြည့်ရှူပေးလျှက်ရှိပါတယ်ခဗျာ။

ဆရာဝန်ကြီးများ ဆေးခန်းထိုင်ချိန် အပြောင်းအလဲ ရှိပါသဖြင့် Booking ပေးခြင်းနှင့် အခြာအသေးစိတ် သိရှိလိုခြင်း များအတွက် ဖုန်း 095018892, 018297440 သို့ ဆက်သွယ်နိုင်ပါသည်။

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
ပါမောက္ခ ဒေါက်တာမေမျိုးကြွယ်
ဗဟိုအမျိုးသမီးဆေးရုံကြီး
တနလာ် ကြာသပတေး ညနေ 4:30

12/06/2025

Sharing for caring ပါ

ပြီးခဲ့တဲ့ ၉/၆/၂၀၂၅ နေ့ကမှ စင်ကာပူက NUH မှာ ကျွန်မ အသက် (၅၀) ပြည့်ပြီးသူမို့ ဆရာဝန်က စစ်ခိုင်းလို့ အူမကြီး မှန်ပြောင်းကြည့်ခဲ့ပြီးလို့ ဒီပို့စ်လေးကို အများပြည်သူ အူမကြီးကင်ဆာ ရောဂါ​ဘေးကကြိုတင်ကာကွယ်နိုင်အောင် sharing လုပ်ပေးလိုက်ပါတယ်။

အူမကြီး မှန်ပြောင်းကြည့်တာ အိပ်ဆေးထိုးပေးသလို ဘာမှ မနာမကျင် အချိန် ၁၅ မိနစ်သာကြာပါတယ် ကိုယ်ဆို မအိပ်တဲ့အတွက် တချိန်လုံးသိနေတာမို့ ငါ့ ဗိုက်နဲနဲတင်းလာရင် အော်မယ်ကြံရွယ်ထားပေးမဲ့ အော်ချိန်တောင် မရလိုက်ဘူး ဆရာဝန်က ပြီးသွားပြီဆိုလို့ ပြန်ခဲ့ရပါကြောင်း။ 😆

အူမကြီးကင်ဆာရောဂါက ကာကွယ်မယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>

ကင်ဆာရောဂါကို ကာကွယ်မယ်ဆိုတော့ မင့်ဟာက ဟုတ်ပါ့မလားကွာလို့ မေးစရာရှိတယ်။ ကင်ဆာဆိုတာ ဘယ်သူ့မှာဖြစ်မယ်လို့ ကြိုသိတာမှ မဟုတ်တာ။ ဖြစ်တော့လဲ ကံတရားပေါ့။ ကြိုသိရင် ကြိုစိတ်ညစ်နေရအုန်းမယ်လို့ စောဒက တက်စရာရှိတာပေါ့။

စာဖတ်သူ ကျွန်တော့် မိတ်ဆွေများ စဉ်းစားသလို ကျွန်တော်လဲ အဲ့လိုပဲ ထင်ခဲ့တာပဲဗျ။ ထင်တာမှ ဆရာဝန်ပေါက်စဘဝတင်မကဘူး။ ကိုယ်တိုင် ခွဲစိတ်အထူးကုဆရာဝန် ဖြစ်လာတဲ့ အချိန်အထိတောင် အဲ့လိုပဲထင်တာ။ ဟိုဟာမစားနဲ့ ဟိုဟာရှောင် ဒီလိုမနေနဲ့ ဒါတွေပဲပြောပြီး နောက်ဆုံးကျတော့လဲ ကင်ဆာဆိုတာ ဖြစ်ချင်တဲ့သူဖြစ်တာပါပဲကွာ၊ တယ်လဲ မထူးပါဘူးလို့ ထင်တာ။ ဖြစ်လာတော့လဲ ကြည့်ကျက်လုပ်တာပေါ့၊ မဖြစ်ခင်ငွေကုန်လူပန်း လိုက်ရှာနေလဲ မထူးပါဘူးလို့ တကယ်ထင်ထားတာ။

အဲ့အတွေးက ဘယ်မှာပြောင်းလဲသွားလဲဆိုတော့ ကျွန်တော်ကိုယ်တိုင် Singapore General Hospital (SGH) မှာ clinical fellow ဘဝ နဲ့ ကိုယ်တိုင်ကိုယ်ကျ စလုံးလူနာတွေကို ကြည့်ရှုကုသပေးရတဲ့ အချိန်ရောက်မှ ပြောင်းသွားတယ်။ ဪ ငါထင်တာ မဟုတ်သေးဘူးပဲလို့ ဖြစ်သွားတယ်။ ကင်ဆာနဲ့ ပက်သက်တဲ့ မြန်မာဆန်တဲ့ အတွေးအခေါ်ပြောင်းသွားတယ် ပြောရမယ်။

အဖြစ်က ဒီလို။ ကျွန်တော်ဟာ စလုံးရဲ့ အကြီးဆုံး SGH ဆေးရုံမှာ အလုပ်လုပ်ရတာက နေ့စဉ်နီးပါး တနေ့ကို လူနာ ၂၄ ယောက်ကြည့်ရတယ်။ ကျွန်တော်က ward 47 လို့ခေါ်တဲ့ SGH ရဲ့ အူမကြီး စအိုခွဲစိတ်ဌာနက ခွဲစိတ်ဆရာဝန်ဆိုတော့ လာသမျှ လူနာတိုင်းကတော့ အူမကြီးရောဂါတွေချည်းပဲ။ လူနာတယောက် ကျွန်တော့်ရုံးခန်းထဲမဝင်ခင် သူနာပြုအကူက ကျွန်တော့်ကို ဝင်လာမယ့်လူနာရဲ့ ဆေးမှတ်တမ်းတွေကို ကျွန်တော်ဖတ်ဖို့ ကျွန်တော့်ရှေ့ချချပေးတယ်။ ကျွန်တော် SGH မှာ အလုပ်လုပ်ခဲ့တာက ၂၀၁၄ ။ အဲ့ဒီမှာ အူမကြီးကင်ဆာ ခွဲထားတဲ့ လူနာတွေ အများကြီးကို ကျွ

29/05/2025

5th disease ဖီဖ့်ရောဂါ (Parvovirus B19) – မိဘတွေသိထားဖို့လိုတဲ့အချက်များ ( can see in USA and in Myanmar)

သင့်ကလေးရဲ့ဖျင်နီနီတက်နေတဲ့ skin ( skin rash) ကိုမြင်ပြီး၊ အေးတဲ့အပြင်မှာကစားလို့မဟုတ်ဘူးဆိုရင်တော့ “ဖီဖ့်ရောဂါ” ဖြစ်နိုင်ပါတယ်။

ဒီရောဂါဟာကလေးတွေအကြားမှာဖြစ်လေ့ရှိတဲ့အသားရေဖျားနာခြင်းခြောက်မျိုးအနက်တစ်ခုအဖြစ်သမိုင်းဝင်စာရင်းမှာတွေ့ရလို့ ဒီအမည်ရလာတာပါ။ Parvovirus B19 ဆိုတဲ့ဗိုင်းရပ်စ်ကဖြစ်စေပြီး၊ “Erythema infectiosum” လို့လည်းခေါ်တတ်ကြပါတယ်။

ဖီဖ့်ရောဂါဟာ မူကြိုနဲ့မူလတန်းအရွယ်ကလေးတွေအကြားမှာနွေနောက်ပိုင်း၊ နွေဥတုအစအချိန်တွင် ပျံ့နှံ့လေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာတော့ အေမရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန (CDC) က ဖီဖ့်ရောဂါဖြစ်ပွားမှု တိုးလာနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အထူးသဖြင့် အသက် ၅ မှ ၉ နှစ်အကြားကလေးတွေမှာ များစွာတိုးလာခဲ့ပါတယ်။

ဖီဖ့်ရောဂါရဲ့လက္ခဏာများ

ဖီဖ့်ရောဂါရှိသူအများစုမှာ လက္ခဏာမရှိတာမျိုး သို့မဟုတ် အနည်းငယ်သာရှိတတ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာများမှာ အသားအရေဖျားဖွယ်ရာ, ကိုယ်ပူနာ, နှာစီး, ကြွက်သားနာခြင်းနဲ့ ခေါင်းကိုက်ခြင်း တို့ပါဝင်ပါတယ်။ ဒါပေမဲ့လည်း လူအချို့အတွက်တော့ အန္တရာယ်ဖန်တီးနိုင်တဲ့ရောဂါဖြစ်ပါတယ်။

ဥပမာ – သွေးဆိုင်ရာရောဂါ, ကိုယ်ခံအားအနည်းဆုံးခြင်း,ကင်ဆာရှိတဲ့ကလေးတွေအတွက်တော့ ဆိုးရွားလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေသူများလည်း ပြသနာဖြစ်နိုင်တာကြောင့် တစ်ဖက်တစ်လမ်းထဲသွားပြီး ဆရာဝန်နဲ့အကြံဉာဏ်ယူဖို့လိုပါတယ်။

ကလေးမှာဖီဖ့်ရောဂါရှိ/မရှိကိုဘယ်လိုသိမလဲ။

အခြားဗိုင်းရပ်စ်ရောဂါတွေနဲ့မတူဘဲ မစိစစ်ခင်က ဆရာဝန်ကအသားအရေဖျား ( skin rash) ခြင်းကိုကြည့်ပါတယ်။ ဒါက အရေးကြီးဆုံးလက္ခဏာပါ။ တခါတလေသွေးစစ်မှုတွေလုပ်ပြီး ဗိုင်းရပ်စ်ကိုအတည်ပြုပါသေးတယ်။ တစ်ကြိမ်ဖီဖ့်ရောဂါဖြစ်ပြီးရင်၊ မနက်ဖြန်မှာပြန်မဖြစ်တော့ပါဘူး။

Parvovirus ရဲ့အသားအရေဖျား skin rash ကဘာလဲ။

သွားချောင်းထိုးသလိုနီလာတဲ့ skin rash ပေါ်ဖျားဖျားခြင်းဖြစ်ပါတယ်။ နောက်ပိုင်းတွင် lattice (ချည်သားပုံစံ) ဖျားတစ်ခုပေါ်လာနိုင်ပါတယ်။ ဒုတိယskin rash ဟာ ရင်ဘတ်ကစပြီး လက်ဘက်၊ ခြေဘက်နဲ့ခြေဖျားထိပြန့်တတ်ပါတယ်။ မအေးအေးအေး ဖြစ်နိုင်ပေမယ့် တစ်ပတ်လောက်အတွင်း မပြောပဲပျောက်သွားတတ်ပါတယ်။

ဖီဖ့်ရောဂါကဘယ်လိုကူးစက်သလဲ။

လေဖြတ်မှု (respiratory droplets) နဲ့ကူးစက်ပါတယ်။ အခြားတစ်ဦးရဲ့ရင်ဖွေး, နှာချေ, နှာစေးမှုကြောင့် ဖြစ်ပါတယ်။ ၄

27/02/2025

အသည်းရောင်အသားဝါ အေ ရောဂါ

အသည်းရောင်အသားဝါ အေ ရောဂါသည် HAV ဗိုင်းရပ်စ်ပိုး (Hepatitis A virus) ကူးစက်ခံရခြင်းကြောင့် အသည်းရောင်ရမ်းပြီး အသည်း၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။

ရောဂါပိုးကူးစက်ခံရသူ အများစုသည် အလိုအလျောက် ပြန်လည်သက်သာကောင်းမွန်လာပြီး ရာသက်ပန် ကိုယ်ခံစွမ်းအားကို ရရှိစေနိုင်သည်။ သို့သော် လူအနည်းစုသည် ပြင်းထန်ဆိုးရွားသော အသည်းရောင်ခြင်းမှတစ်ဆင့် အသက်သေဆုံးသည်အထိဖြစ်ပေါ်နိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်နှင့် ရေသန့်ရှင်းမှုတို့ရှိအောင် နေထိုင်စားသောက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်သည်။

________________________________________

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

HAV ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို အခြားသူတစ်ယောက်မှ စားသုံးမိခြင်းကြောင့် ပါးစပ်မှတစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ရောဂါပိုးဝင်ရောက်ကာ ကူးစက်ခြင်း (f***l oral transmission) ဖြစ်သည်။ ထို့အပြင် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိခြင်းကြောင့်လည်း ကူးစက်နိုင်သည်။ သို့သော် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် လေထဲမှတစ်ဆင့် မကူးစက်နိုင်ပါ။

________________________________________

ကူးစက်နိုင်သော နည်းလမ်းများမှာ

ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို စားသောက်မိခြင်း
(အညစ်အကြေးစွန့်ပြီးနောက် လက်ကို စင်ကြယ်စွာမဆေးကြောဘဲ အစားအသောက် ချက်ပြုတ်ပြင်ဆင်ခြင်း၊ စားသောက်ခြင်းမှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်သည်)

မသန့်ရှင်းသော သောက်သုံးရေများကို အသုံးပြုခြင်း

ညစ်ညမ်းသော စွန့်ပစ်ရေများမှ ဖမ်းယူထားသည့် ပင်လယ်စာများကို ကောင်းစွာ ချက်ပြုတ်ဆေးကြောခြင်း မပြုဘဲ အစိမ်းစားခြင်း

ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း (အထူးသဖြင့် စအိုလမ်းကြောင်း၊ ပါးစပ်တို့ဖြင့် လိင်ဆက်ဆံမှု ပြုလုပ်သူများ)

ရောဂါပိုးရှိနေသော အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးနောက် ပါးစပ်ကို လက်ဖြင့်ထိမိခြင်း
(ဗိုင်းရပ်စ်ပိုးသည် အရာဝတ္တုမျက်နှာပြင်များပေါ်တွင် လပေါင်းအနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်သည်)
________________________________________

အသည်းရောင်အသားဝါ အေ ရောဂါပိုးကူးစက်နိုင်ခြေများသူများမှာ

ရောဂါပိုးရှိသူနှင့် တစ်အိမ်တည်းအတူနေသူများ
ရောဂါပိုးရှိသူကို အနီးကပ် ပြုစုစောင့်ရှောက်နေရသူများ
လူဦးရေထူထပ်များပြားသော နေရာဒေသတွင် နေထိုင်သူများ
အိမ်ယာမဲ့နေထိုင်သူများ
အိတ်ချ်အိုင်ဗွီရောဂါရှိသူများ
အညစ်အကြေးစွန့်ပစ်သည့်စနစ် လုံလောက်အောင် သန့်ရှင်းမှု မရှိသော၊ သန့်စင်ဆေးကြောရမည့် ရေအလွယ်တကူ မရရှိနိုင်သော နေရာဒေသများတွင် နေထိုင်လုပ်ကိုင်ကြသူများ
လိင်တူဆက်ဆံသူများ
အသည်းရောင် အသားဝါ အေ အဖြစ်များသော နေရာဒေသများသို့ ခရီးသွားသူများ၊ အလုပ်လုပ်သူများ
မူးယစ်ဆေးဝါး အသုံးပြုသူများ
ကျန်းမာရေးဝန်ထမ်းများ
________________________________________

ရောဂါလက္ခဏာများ

အဖြစ်များသောရောဂါလက္ခဏာများမှာ

ပုံမှန်မဟုတ်သော နုံးချည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
ပျို့အန်ခြင်း
ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း
အစာစားချင်စိတ်မရှိခြင်း
အရေပြားနှင့် မျက်လုံးဝါခြင်း
ကိုယ်ပူခြင်း၊ ဆီးအရောင်ရင့်ရင့်သွားခြင်း၊
ဝမ်းအရောင်ဖျော့ခြင်း တို့ဖြစ်ကြသည်။

ထိုရောဂါလက္ခဏာများသည် သာမန််မျှသာဖြစ်လေ့ရှိပြီး ရက်သတ္တပတ်အနည်းငယ်ကြာလျှင် အလိုအလျောက် သက်သာသွားနိုင်သော်လည်း လူအနည်းစုတွင် အသည်းလုပ်ငန်း စွမ်းဆောင်ရည် ရုတ်တရက် ထိခိုက်ပျက်စီးနိုင်သည်။

________________________________________

ရောဂါရှာဖွေခြင်း

အထက်ပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ လိုအပ်လျှင် သွေးစစ်ဆေးခြင်း (HAV ဗိုင်းရပ်စ်ပိုး ပဋိပစ္စည်း စစ်ဆေးခြင်း၊ ဗိုင်းရပ်စ်ပိုးကောင်စစ်ဆေးခြင်း (RT-PCR)၊ အသည်းလုပ်ငန်းစွမ်းဆောင်ရည်စစ်ဆေးခြင်း) ပြုလုပ်၍ ရောဂါရှာဖွေပြီး ကုသမှုခံယူနိုင်သည်။

________________________________________

ကုသခြင်း

အသည်းရောင်အသားဝါ အေ ရောဂါအတွက် သီးသန့် ကုသမှုမရှိသော်လည်း ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် နေအိမ်၌ပင် ကုသမှုခံယူနိုင်သည်။

လုံလောက်အောင် အနားယူခြင်း
အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း
ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရည်များများ သောက်ခြင်း
အရက်သောက်ခြင်းနှင့် မလိုအပ်သော ဆေးဝါးများသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း

ရောဂါပိုးဝင်ရောက်ပြီးနောက် ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း သက်သာလာသော်လည်း အပြည့်အဝ သက်သာပျောက်ကင်းနိုင်ရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာလျှင် သို့မဟုတ် ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းလက္ခဏာများ (ဥပမာ - မှိန်းခြင်း၊ သတိလစ်ခြင်း၊ သွေးအန်ခြင်းစသည်များ) ဖြစ်ပေါ်လာလျှင် ဆေးရုံတက်၍ စောင့်ကြည့်ကုသမှုခံယူရန် လိုအပ်သည်။

________________________________________

ကာကွယ်ခြင်း

အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်ရန်

ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းအောင်နေထိုင်ခြင်း

သန့်ရှင်းသော အစားအစာနှင့် ရေများကိုသာ စားသောက်ခြင်း

ဘေးကင်းလုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုနည်းလမ်းများကို အသုံးပြုခြင်း

ကာကွယ်ဆေးထိုးခြင်းတို့သည် အထိရောက်ဆုံးသော ကာကွယ်ရေးနည်းလမ်းများ ဖြစ်သည်။
________________________________________

ကာကွယ်ဆေးထိုးခြင်း

အသည်းရောင်အသားဝါ အေ ရောဂါပိုးနှင့် ထိတွေ့မှုမရှိခင် ကြိုတင်ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်သည့်အပြင် ကာကွယ်ဆေးမထိုးထားသောသူများတွင် ရောဂါပိုးနှင့် ထိတွေ့မှုရှိပါက (၂)ပတ်အတွင်းတွင် ကာကွယ်ဆေး (သို့မဟုတ်) ကာကွယ်ဆေးနှင့်အတူ ပဋိပစ္စည်းပူးတွဲထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။

________________________________________

:

: https://www.cllhealth.com/
: https://www.linkedin.com/company/cll-health/
: https://www.youtube.com/



#အသည်းရောင်အသားဝါအေ #အသည်းရောင်

06/12/2024

ကျွန်တော်တို့ သတိမထားမိပဲ ပေါ့ပေါ့လေး နေမိတဲ့အထဲမှာ အန္တရာယ် ရှိတဲ့ ဓလေ့တစ်ခုရှိတယ်။

အဲ့ဒါက အလှူထမင်းဝိုင်းတွေရဲ့ အလယ်မှာ ဘုံသောက် ဆိုပြီး ထားလေ့ရှိတဲ့ ဟင်းချိုခွက်ပဲ။

တစ်ချို့ကလည်း "မင်းကလည်း ကြီးကျယ်တာကွာ...။ မသောက်ချင်မသောက်နဲ့။ သောက်ချင်တဲ့သူ သောက်လိမ့်မယ် " ဆိုပြီး ပြောလိမ့်မယ်။ သောက်ချင်တာ မသောက်ချင်တာထက် ဒီကနေ ဘာဖြစ်တတ်တယ်ဆိုတာကို ရှင်းပြချင်လို့ပါ။

အဓိကကတော့ ကူးစက်ရောဂါပါ။ ရောဂါတစ်ခု က လူတစ်ယောက်ကနေ တစ်ယောက် ကို ကူးဖို့ဆိုရင် နည်းလမ်းတွေ အများကြီးရှိလေ့ရှိတယ်။ လေထဲကနေ အသက်ရှူရုံနဲ့ကူးမလား၊ ထိမိပွတ်မိကိုင်မိရင်ကူးမလား၊ ဒါမှမဟုတ် သွေးသွေးချင်း ထိရာကနေ ကူးမလား စသဖြင့်ပေါ့။ အခုပြောချင်တာကတော့ တံတွေးကနေ ကူးတဲ့ကိစ္စပဲ။

လူရဲ့ တံတွေးထဲမှာ ပျော်ပျော်ကြီး လိုက်ပါ ပြီး တစ်ခြားသူကို ရဲ့ ပါးစပ်ထဲကိုဝင်ရာကနေ ပျော်ပျော်ကြီး ကူးစက်နိုင်တဲ့ရောဂါတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ မြင်သာတာတွေကို ပြောရမယ်ဆိုရင်...

Virus မှာဆိုရင် ...
- Herpes Simples Virus ( HSV-1) ( ရေယုန် )
- Cytomegalovirus ( CMV )
- Epstein-Barr Virus ( EBV )
- Hepatitis B ( HBV ) ( အသည်းရောင် အသားဝါ B )
- Influenza and common Cold Virus ( တုပ်ကွေးဖျားနာ )
- Covid-19 ( SARS-CoV-2 )

Bacteria တွေဆိုရင် ...
- Streptococcus Mutans
- Meningococcal Disease ( ဦးနှောဏ်အမြှေးရောင် )
- Helicobacter pylori ( အစာအိမ်ရောင် / အနာ )

Fungal ပိုင်းမှာဆိုရင် ...
- Oral Thrush (Candida) ( ပါးစပ်အနာ )
- Giardiasis

စတာတွေ ကူးစက်နိုင်ပါတယ်။ တစ်ချို့ ကို တော့ မြန်မာလို ရင်းနှီးတဲ့အခေါ်လေးပါ ကွင်းထဲမှာ ထဲ့ရေးပေးထားပါတယ်။

ဒီတော့ ဒါတွေ ကူးသွားရင် ဘာဖြစ်မလဲဆိုတော့ သက်ဆိုင်ရာ ရောဂါတွေ၊ အနာတွေ ဖြစ်နိုင်ပါတယ်။ တစ်ချို့ကတော့ ခဏပါ။ ဥပမာ ပါးစပ်အနာတို့.... တုပ်ကွေးဖျားနာတာတို့... စတာတွေက အချိန်တစ်ခုဆို ပြန်ပျောက်နိုင်ပါတယ်။

ဒါပေမယ့် အသည်းရောင် အသားဝါ B ပိုးလိုဟာမျိုးကျတော့ ကူးပြီးတာနဲ့ တစ်သက်လုံးပါသွားမယ့် အရာဖြစ်သွားပါတယ်။ အဲ့လိုပါသွားပြီဆိုတော့ ကူးစက်ခံရသူနဲ့ တစ်အိမ်ထဲနေ အိမ်သားတွေပါ ထပ်ပြီး ကူးစက်ခံရနိုင်ချေ အရမ်းများပါတယ်။

ပြီးတော့ ပိုပြီး အန္တရာယ်များတာက ဦးနှောဏ်အမြှေးရောင်တို့၊ ကိုဗစ်တို့၊ နောက်ပြီး အသည်းရောင်အသားဝါကနေ အသည်းရောဂါ ထပ်ဆိုးလာတာတို့ဆိုရင် ဘဝတိမ်းပါးသွားနိုင်တဲ့အထိ ဆိုးရွားစေနိုင်ပါတယ်။

အခုပြောတဲ့ဟာတွေဟာ တံတွေးကနေ ကူးစက်နိုင်တာတွေ ဖြစ်တဲ့အတွက် ဟင်းချိုခွက်တွေသာမကပဲ ကျန်တဲ့ကိစ္စတွေ သူများတံတွေးအစလေး ကိုယ့်ပါးစပ်ထဲရောက်နိုင်ချေရှိတဲ့ အခြေအနေတွေမှာပါ ကူးစက်နိုင်ပါတယ်။ ဇွန်းတူတူသုံးတာတို့၊ သူများသောက်ပြီးသား ပိုက်ကနေ စုပ်သောက်တာတို့ပေါ့။

ဒါပေမယ့်အလည်း အခု သေချာ Focus ထားပြီး ပြောချင်တာကတော့ အလှူထမင်းဝိုင်းတွေ အလယ်က ဘုံသောက်ဟင်းချိုခွက်ကိုပါ။

အလှူရှင်အနေနဲ့ ကုသိုလ်ရဖို့ လှူပြီးကာမှ သတိမထားမိတဲ့ ပေါ့ဆမှုတစ်ခုဟာ သူများမိသားစု ဘဝလမ်းကြောင်းကို မရည်ရွယ်ပဲနဲ့ မကောင်းတဲ့အလှည့်အပြောင်းတစ်ခုလဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မလို့ အလယ်ဘုံသောက်တဲ့ဟင်းချိုခွက် ဓလေ့မထားပဲ တစ်ဦးစီကို ခွက်အသေးလေးတွေနဲ့ စီစဉ်ပေးမယ်ဆို ပိုကောင်း ပိုကုသိုလ်ရပါတယ်။

မတတ်သာလို့ပဲဖြစ်ဖြစ်၊ အလှူရှင်အနေနဲ့ မစီစဉ်နိုင်လို့ပဲဖြစ်ဖြစ် ဟင်းချိုကို အလယ်မှာ တစ်ခွက်ပဲ ချထားတယ်ဆိုရင်တော့ အလှူလာစားတဲ့သူတွေအနေနဲ့က အဲ့ခွက်ထဲကဇွန်းကို ကိုယ့်ပါးစပ်နဲ့ ထိမသောက်ပဲ ကိုယ့်ပန်းကန်ထဲသာ ဆမ်းစားခြင်းနဲ့ ဆင်ခြင်နိုင်ပါတယ်။ တကယ်လို့ ရှေ့က ပြောထားခဲ့တဲ့ ရောဂါတွေ ကူးမှာကို စိတ်မသန့်ရင် အဲ့ဟင်းချိုခွက်ကို ထိကို မထိပါနဲ့တော့။

" ဒါဆိုကွာ... ငါတို့ တစ်ချိန်လုံး ဘော်ဒါတွေနဲ့ ဟော့ပေါ့အိုးထဲ သူ့တူ ကိုယ့်တူနဲ့ စုပြုံနှိုက်နေတာ ဘယ်လိုလုပ်မလဲ " ဆိုရင်....... ပြောရမယ်ဆိုရင်တော့ အဲ့လိုကိစ္စမျိုးဆိုရင် ဟော့ပေါ့အိုးက ကိုယ့်ရှေ့မှာတင် ပွတ်ပွတ်ဆူနေတဲ့အိုးဆိုတော့ တော်ယုံပိုးတွေ ကိစ္စတုံးပြီးသားပါ။ ပြီးတော့ ကိုယ်အတူတူစားနေတာက အကြောင်းသိမောင်းသိ ကိုယ့်ဘော်ဒါတွေလေ။ ဒါမလို့ တော့ relatively ... စိတ်သန့်နိုင်ပါတယ်။ ခုနောက်ပိုင်း ဟော့ပေါ့ဆိုင်တွေတောင် တစ်ယောက်တစ်အိုး စတိုင်တွေလည်း ထားကုန်ကြပါပြီ။

ဒီတော့ အလှူထမင်းဝိုင်းတွေအလယ်က ဟင်းချိုတစ်ခွက်ထဲထားပြီး ဘုံသောက်တဲ့ ဓလေ့ကို ဆင်ခြင်ပေးဖို့လိုပါတယ်။ ကျွန်တော့် personal အနေနဲ့ဆိုရင်တော့ အဲ့လိုခွက်ကို ထိကို မထိတော့ပါဘူး။ သူများကို ကျွန်တော် လိုက်ထိန်းချုပ်နိုင်တာမှ မဟုတ်တာ...။

28/10/2024

၁ ။ .ခွေကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို
အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။

၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေး
ထိုးပါ။ ၄၈နာရီထက် နောက်ကျပြီး ထိုးရင် ဆေးထိုးခြင်း
မထိရောက်ပါတဲ့။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေး တလုံးထိုးပါ။
(တကြိမ်)

၃ ။ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၂.၁၂.၂၀၁၈ရက်နေ့ ကိုက်ခံရရင် အဲနေ့ တလုံးထိုး (၃)ရက်ကြာ၁၅ရက်နေ့ တလုံးထိုးပါ)(၂ကြိမ်)

၄။ ကိုက်ခံရတဲ့နေ့ ပထမ တလုံးထိုးပြီး(၇)ရက်ကြာရင်
တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၁၉ရက်နေ့
တလုံးထပ်ထိုးပါ) (၃ကြိမ်)

၅။ ပထမတလုံးထိုးပြီး (၁၄)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၂၆ရက်နေ့ တလုံးထပ်ထိုးပါ)
(၄ကြိမ်)

၆။ ပထမတလုံးထိုးပြီး (၂၈)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေက စတွက် . .၉ရက်နေ့ နောက်ဆုံး( ၅ကြိမ်)
မြောက်ထိုးရပါမယ်။)

၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။
***ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက် (၂ရက်)ကျော်
သွားပါက အစမှ ပြန်လည်ထိုးရမည်။
***** နောက်ထပ်ပုံစံတမျိုးနဲ့လည်းထိုးလို့ရပါတယ်
Day0 စစချင်းရက်မှာ လက်မောင်းတဖက်စီမှာတလုံးစီနဲ့ တရက်ထဲ 2လုံးထိုးလို့ရပတယ်
Day7 မှာ 1လုံး
Day 21မှာ တလုံး ထိုးရပါမယ် စုစုပေါင်း 4လုံးထိုးတဲ့နည်းပါ

'ခွေးရူး'
======

ခွေးရူး ၂မျိုး ရှိပါသည်။

၁...။ ကြမ်းတမ်းသော ခွေးရူး

လက္ခဏာများမှာ...

ခွေး၏အနေအထိုင်ပြောင်း
လာခြင်း

အကြောင်းမဲ့ပြေးလွှားနေခြင်း

တစ်နေကုန် ဟောင်နေတတ်ခြင်း

တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း

အစာသိပ်မစားတော့ခြင်း

ရန်လိုနေခြင်း

ပြောစကားနားမထောင်ခြင်း

ခွေးကောင်းများကခွေးရူးနောက်မှလိုက်ဟောင်တတ်ခြင်း

ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေ
တတ်ခြင်း

၂...။ လေဖြတ် / အကြောခွေးရူး

လက္ခဏာများမှာ.....

ကြွက်သားများလေဖြတ်ခြင်းကြောင့်
ယိုင်တိယိုင်တိုင် သွားနေခြင်း

အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း

တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း

စသည်တို့သည်ခွေးရူးလက္ခဏာများဖြစ်ပါသည်။

*ခွေးကိုက်ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ?

သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့
တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး
ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြာတတ်ပါ
သည်။
ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

*ခွေးကိုက်ပြိးဘယ်အချိန်အတွင်း ဆေးထိုးသင့်သလဲ ?

ခွေးကိုက်ခံရတိုင်းခွေးရူးကာကွယ်ဆေးချက်ချင်းထိုးသင့်ပါ
သည်။
စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။
တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။
ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

*ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?

ခွေးရူးပြန်ရောဂါကာကွယ်ဆေး
နှင့်ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...

တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေး
မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ
တိမွေးကုဆရာ၀န်များခွေးရူး
ရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူ
များ စသည်တို့ဖြစ်ကြပါသည်။

ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။

ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ကာကွယ်ဆေးထိုးရုံမကဘဲအဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။
ထို့အပြင်မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

ခွေးရူးပြန်ရောဂါလက္ခဏာများ ပြပါကပျောက်ကင်းအောင်
ကုသရန် ခဲယဉ်းပါသည်။

လူနာသက်သာစေရန်နာကျင်မှု
များသက်သာစေရန်ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက်ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။

အိမ်မွေးတိရစ ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်းခွေး
ရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန် ္ဆများကိုထိန်းသိမ်းထားခြင်း အခြားနေရာမှသွင်းလာသော
တိရစ ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း
အကိုက်မခံရအောင်ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ်
နိုင်ပါသည်။

ထို့ပြင်တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

Address

အမှတ် ၄၅၁၊ ကုန်သည်လမ်း ၊ ဗိုလ်ကလေးစျေးနှင့် ၄၃ လမ်းကြား ၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့
Yangon
11161

Opening Hours

09:00 - 17:00

Telephone

+9595018892

Website

Alerts

Be the first to know and let us send you an email when Thu Kha Nwe Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share