Healthy Way - USA Vitamin Supplements & Products

Healthy Way - USA Vitamin Supplements & Products Healthy Way မှ100% Authentic USA Vitamin Supplements များကိုနယူးယော?

🍃ဆရာမကြီးပြောပြသည့် Oxalates ဆိုတာ ဘာပါလဲ? အပိုင်း(၁)မှ(၅)✨Oxalates(အပိုင်း -၁)အပင်တွေမှာ သဘာဝအားဖြင့် ပါနေသည့် Oxylic a...
14/04/2026

🍃ဆရာမကြီးပြောပြသည့် Oxalates ဆိုတာ ဘာပါလဲ? အပိုင်း(၁)မှ(၅)

✨Oxalates(အပိုင်း -၁)

အပင်တွေမှာ သဘာဝအားဖြင့် ပါနေသည့် Oxylic acid ဖြစ်ပါတယ်။

အပင်တွေ ကြီးထွားရှင်သန်မျိုးပွါးဖို့အရေးမှာ လိုအပ်ပါတယ်။
ထို့အပြင် အပင်တွေက သူတို့ကို ပိုးမွှားတိရစ္ဆာန် လူတွေပါ မစားနိုင်အောင် သဘာဝ တန်ပြန်လက်နက်တစ်မျိုး ဖြစ်ပါတယ်။

စားပြီးလို့ ခန္ဓာကိုယ်ထဲ ရောက်သွားရင် oxylic acid ဟာ calcium နဲ့ ပေါင်းစပ်သွားပြီး
Calcium oxalate crystals ထုံးမှန်ကျောက်တွေ ဖြစ်သွားတတ်ပါတယ်။
ထုံးမှန်ကျောက်တွေဟာ အချွန်အထက်တွေ ပုံစံ ဖြစ်နေတာမို့ ခန္ဓာကိုယ် နေရာမျိုးစုံမှာ ပြဿနာ ဖြစ်တတ်ပါတယ်။
အဓိက ပြဿနာကတော့ ကျောက်တည်တာပါပဲ။
ကျီးပေါင်းအပါအဝင်ပေါ့။
လူတွေဟာ ကျောက်တည် ဖို့ဆိုရင် Calcium ကြောင့်လို့ပဲ ထင်နေတတ်ကြပါတယ်။

ကျောက်တည်ဖို့ဆိုတာ Calcium တစ်မျိုးတည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာကို သဘောမပေါက်ကြပါ။
ကျောက်တည်ဖို့ Oxalate / Phosphate တွေ လိုပါတယ်။

ကျောက်တည်ရင် Calcium ကိုသာ ရှောင်ခိုင်းတတ်ကြပါတယ်။
Vitamin D ကိုတောင် အဆစ်ဆွဲထည့်လိုက်ကြပြန်ပါတယ်။

“Oxalate / Phytates တွေကို ထည့်ပြီး မစဉ်းစားကြတာ အမှန်ပါပဲ”

အချို့ လူတွေကြပြန်တော့လဲ မွေးရာပါဗီဇတွေကြောင့် အသည်းဟာ Oxalate တွေ ပိုထုတ်တဲ့လူတွေလဲ ရှိပြန်ပါတယ်။
အသက်ငယ်ငယ်လေးတွေနဲ့ ကျောက်တည်တတ်ကြပါတယ်။
ဒီအုပ်စုကတော့ Oxalate တွေကို ကြီးစွာသတိထားပြီး ရှောင်ကိုရှောင်သင့်ပါတယ်။

ဆက်ပါဦးမည်။

Oxalates / phytates တွေအကြောင်းကို သေသေချာချာ နားလည်ပြီးသတိထားမယ်ဆိုရင် ကျီးပေါင်း / ကျောက်တည်ခြင်းမှ အတော်သက်သာလာတာကို လက်တွေ့ ခံစားရပါလိမ့်မယ်။

ရောဂါမှ သက်သာချင်ရင် လိုက်နာသင့်တယ် မဟုတ်ပါလား?

✨Oxalates (အပိုင်း-၂)

ခန္ဓာကိုယ်ထဲမှာ Oxalates ပမာဏများနေတယ်ဆိုတာ ဘယ်လိုသိနိုင်ပါသလဲ?
အဆစ်တွေနာကျင်ကိုက်ခဲ ရောင်ကိုင်းနေမယ်။
အရိုးအရွတ်တွေလဲ နာကျင်နေတတ်ပါတယ်
ဗိုက်နာ အစာမကြေ
ဆီးဟာနောက်နေတတ်တယ်
ဆီးပူ ဆီးခဏခဏသွားချင်နေ ဆီးကြင် ဆီးအောင့် ဆီးထဲမှာ သွေးပါတတ်ပါတယ်
ကျောက်ကပ်ကျောက်တည်တတ်တယ်
သွားတွေ နာနေတတ် သွားနဲ့ သွားဖုံး ကြားထဲမှာ ကြေးတက်တတ် ( dental plaque )
ပါးစပ် ပူစပ်နေတတ်
လိင်အင်္ဂါ ပူစပ်နေတတ်
အရေပြား ယားယံနေတတ်
မျက်စိကြည့်ရတာ အမြင်မရှင်း
ခေါင်းမကြည်
လက်ဖျားခြေဖျားတွေ အေးစက်နေတတ်
အကြောင်းမရှိဘဲ အရိုးကျိုးတတ်
ဝမ်းထဲမှာ သွေးစသွေးန ပါနေတတ်ပါတယ်။

ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ရင်
ဆီးထဲမှာ သွေးပါနေတတ်
သွေးဖောက်စစ်ကြည့်ရင် serum creatinine အနည်းငယ် တက်နေတတ်
eGFR ကျဆင်းနေတတ်
သွေးဥနီ သွေးဥဖြူ ပမာဏ ကျဆင်းနေတတ်
သွေးအားနည်းနေတတ်

Oxalates တွေရဲ့ အဓိကပြဿနာတွေကတော့
ကလာပ်စည်းတွေရဲ့ သတ္တုဓာတ်တွေ အထူးသဖြင့် calcium ထိန်းထားနိုင်မှုကို ပျက်ပြားစေပါတယ်။
Enzymes တွေရဲ့ ဝန်ဆောင်မှုကိုလည်း လျော့ကျ လာစေပါတယ်။
ကလာပ်စည်း စွမ်းအင်ထုတ်လုပ်သည့် စက်ရုံတွေကိုလဲ ပျက်စီးစေပါတယ်။
ကလာပ်စည်း နံရံ ဗီဇတွေကအစ ပျက်စီးယိုယွင်းတတ်ပါတယ်။

အဓိက အရေးကြီးတဲ့ အကြောင်းတစ်ပါးကတော့ အူလမ်းကြောင်းမှ သတ္တုဓာတ်တွေကို စုတ်မယူနိုင်အောင် တားမြစ်တဲ့သတ္တိရှိသည့် anti nutrient ဖြစ်နေပါတယ်။

✨Oxalates (အပိုင်း-၃)

ခန္ဓာကိုယ်ထဲကနေ Oxalates တွေကို ထုတ်ပစ်ဖို့ရာမှာ ကျောက်ကပ်ကနေတဆင့် ဆီးထဲမှ ထုတ်ပစ်ရပါတယ်။

လူတွေ ပြောနေကြတဲ့ ရေများများသောက်ပြီး စွန့်ပစ်လို့ ပြောနေကြတာ မှန်သင့်သလောက်မှန်ပေမဲ့ ကျန်းမာနေတဲ့ကျောက်ကပ်ကနေ ထုတ်ပစ်ပေးနိုင်စွမ်းရှိတဲ့ ပမာဏကလဲ ရှိနေပြန်ပါတယ်။

ကျောက်ကပ်ကနေ ထုတ်ပစ်ပေးနိုင်သည့် ပမာဏထက် ကျော်လွန်သွားရင်တော့ ခန္ဓာကိုယ်ထဲမှာ စုပုံလာပြီ ဖြစ်ပါတယ်။

Kidney threshold လို့ ခေါ်ပါတယ်။

၂၄ နာရီအတွင်း less than 25 mg ဆိုရင်တော့ ကျန်းမာနေတဲ့ ကျောက်ကပ်ဟာ အေးအေးဆေးဆေး ထုတ်ပစ် ပေးနိုင်ပါတယ်။

ပိုပြီးစားလာရင် 26-40 mg ဆိုရင်တော့ ပမာဏဟာ များလာပါပြီ။

အလွန်များတဲ့ပမာဏ ကတော့ 40mg အထက်ပါတဲ့။

စားကြတဲ့အခါ ဘယ်သူကမှ တိတိကျကျ တိုင်းထွာ မကြည့်ကြပါ။

အကြမ်းဖြင်းလောက်သိရင် ပမာဏများတာတွေကို တစ်နေ့တည်းမှာ ပြိုင်တူမစားမိစေဖို့ သတိပြုသင့်ပါတယ်။

ပမာဏ သိပ်များနေလို့ ကျောက်ကပ်က ရှင်းထုတ်ပစ်နိုင်တဲ့ အခြေအနေကို ကျော်လွန်သွားရင်တော့ ခန္ဓာ ကိုယ် နေရာအနှံ့မှာ ကျောက်တည်ခြင်း ဖြစ်လာ
နိုင်ပါတယ်။

ကျောက်ကပ်ကနေ အစချီနိုင်ပါတယ်။

သွေးကြောနံရံတွေမှာလဲ ကျောက်တည်တတ်ပါတယ်။

✨Oxalates (အပိုင်း-၄)

Oxalate ပမာဏ များသည့် အစားအသောက်များ
( မိတ်ဆွေများ တောင်းဆိုချက်အရ )

ဟင်းနုနွယ် Amaranth
ရုံးပတီသီး Okra
မျှစ် Bamboo shoots
ငရုပ်ပွ Bell peppers especially the green ones
ဒန့်သလွန်ရွက် Moringa
အားလူး Potatoes
ကန်စွန်းဥ Sweet potatoes
မုန်လာဥနီ Carrots
သကြားမုန်လာ Beets
အာတာလွတ် Parsnips
ပလောပီနံ Cassava
ပဲမျိုးစုံ Beans and Legumes
နှမ်းမျိုးစုံ Sesame seeds
Almonds/ Peanuts/ Cashews
Soy / Tofu
Soy milk / Almond milk
လက်ဖက်အစို/ လက်ဖက်သုပ်
လက်ဖက်ရည်ကြမ်း ( black tea ) ကြာကြာနှပ်ထားလေ Oxalates ပမာဏများလာလေ
ကွမ်းရွက်/ ကွမ်းသီး/ကွမ်းယာ Paan/ Beetle nut
ပဲမှုံ့ Chick pea powder / Chana Daahl

Oxalate နည်းသည့် အစားအသောက်များ
Arugula မြန်မာလို မသိပါ။
Avocado ထောပတ်သီး
Bok choy တရုပ်မုန်ညင်း
Cabbage ဂေါ်ဖီထုတ်
Cauliflower ပန်းဂေါ်ဖီ
Cilantro နံနံပင်
Cucumber သခွါးသီး
Lettuce ဆလတ်ရွက်
Mustard greens ကျန်မဆိုင် အချဉ်တည်သည့်အရွက်
Mushrooms မှို
Water cress
Onion ကြက်သွန်နီ
Garlic ကြက်သွန်ဖြူ
Bell pepper မစပ်သည့် ငရုပ်ပွ
Green peas ပဲသီးစိမ်း
Kohlrabi နိုကိုဥ

Beef အမဲသား
Chicken ကြက်သား
Fish ငါး
Dairy နွားနို့ ထောပတ် ဒိန်ခဲ
Eggs ကြက်ဥ

ဗဟုသုတအတွက်သာ ဖြစ်ပါတယ်။
မိမိကျန်းမာရေးအခြေအနေအရ ချင့်ချိန်နိုင်ရအောင် တင်ပြပေးခြင်းဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦးဟာလဲ ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေက မတူကြတာမို့ အဆင်ပြေသလို သာ ဆုံးဖြတ်စေချင်ပါတယ်။

✨Oxalates (အပိုင်း-၅)

Oxalates တွေကို ခန္ဓာကိုယ်ထဲကနေ ဘယ်လိုထုတ်
ပစ်ကြမလဲ?

Oxalates ပြဿနာဆိုတာကို မသိကြတဲ့သူတွေ များပါတယ်။
ဗဟုသုတ ရှိလာတဲ့အခါ ကိုယ်ဖြစ်နေတဲ့ရောဂါလက္ခဏာတွေကို သက်သာလာစေချင်တယ်ဆိုရင် ပြု ပြင်လို့ ရနိုင်ပါတယ်။

အစားအသောက်ကနေ ဖြစ်လာတာဆိုတော့ အရေးအကြီးဆုံးက အစားအသောက်ကနေ စပြီးရှောင်ရမယ်ဆိုတာ အဓိပ္ပါယ် ရှိပါတယ်။ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ထဲမှာ စုပုံနေတတ်တာမို့ အချိန်ယူရပါတယ်။

Oxalates များတဲ့ အစားအသောက်ကို ရှောင်ဖို့ဆိုတာ ထိပ်ဆုံးကနေ လာနေပါတယ်။

ခန္ဓာကိုယ်ထဲကနေ ထုတ်ပစ်ဖို့ ထွက်သွားဖို့ဆိုတာဟာလည်း အချက်အမျိုးမျိုးပေါ် မူတည်နေပြန်ပါတယ်။
၁.ကျောက်ကပ် ကျန်းမာရေး ကောင်း မကောင်း
၂.ခန္ဓာကိုယ် ရောင်ကိုင်းခြင်း အခြေအနေ
၃.ဇီဝဖြစ်စဉ် ပုံမှန် ဖြစ် မဖြစ်
၄.အာဟာရဓာတ်အခြေအနေ
၅.မျိုးရိုး ဗီဇ
၆.ခန္ဓာကိုယ်ထဲရှိ Oxalate ပမာဏ

အစကနဦးမှာ ——-
Oxalate ပမာဏများသည့် အစားအသောက်များကို လျော့ချပြီးစားပါ။
စွဲစွဲမြဲမြဲလုပ်ပါ။
အစားအသောက်တွေရဲ့ ပမာဏ အများအနည်းကို သိဖို့လိုအပ်ပါတယ်။

ပမာဏလျော့ကျအောင် ပြုလုပ်နည်း
ချက်လိုက်ရင် Oxalate ဓာတ် လျော့ကျသွားတယ်လို့ဆိုနေပေမဲ့ ဓာတ်အနေနဲ့ကတော့ ပျက်မသွားပါ။ ချက်ပုံချက်နည်းပေါ်မူတည်ပြီး ပမာဏ လျော့ကျသွားနိုင်ပါတယ်။

ရေဆူဆူထဲမှာ ပြုတ်ပစ်ခြင်းဖြင့် ပမာဏ လျော့ကျသွားနိုင်ပါတယ်။ ပြုတ်သည့်ရေကိုတော့ သွန်ပစ်ရပါမယ်။ Oxalate ဓာတ်ဟာ အကုန်လုံးတော့ ကုန်မသွားဘူးနော်။

ရေစိမ်ခြင်း
ရေစိမ်ရင် Lectin and Phytic acid က လျော့ကျသွားပေမဲ့ Oxalate ကတော့ မရပါ။
ပဲမျိုးစုံ / whole grains / ဟင်းသီးဟင်းရွက်မှာက အစုံပါနေပါတယ်။ Oxalates / Lectins / Phytic acid

အချဉ်ဖောက်ခြင်း
Oxalates တွေကို အနည်းအကျဉ်း ဖယ်ရှားပစ်နိုင်ပါတယ်။

Oxalates တွေနဲ့ဆက်နွယ်မှုရှိသော သတ္တုဓာတ်များ
Calcium ဟာ Oxalates နဲ့ ပေါင်းသွားပြီး Calcium Oxalates အသွင်နဲ့ ဝမ်းထဲကနေ ထုတ်ပစ်လိုက်ပါတယ်။
လိုအပ်သည့်အခါ အရိုးကနေ ယူရတာကြောင့် အရိုးပြဿနာလဲ တက်လာနိုင်ပြန်ပါတယ်။

Calcium ကို ပြန်ဖြည့်ပေးဖို့ လိုအပ်လာပါပြီ။
Calcium citrate နဲ့ ပြန်ဖြည့်သင့်ပါတယ်။
500mg a day. အစာစားချိန်မှာ သောက်ပါ။
လိုအပ်ရင် 1000mg - 1500 mg a day အထိ အချိန်ခွဲပြီး သောက်လို့ ရပါတယ်။
Plain calcium citrate ပါ။

Magnesium citrate က လဲ ထိုနည်းတူစွာ အထောက်အကူပြုပါတယ်။
400- 600 mg a day အချိန်ခွဲ သောက်ရမှာ ဖြစ်ပါတယ်။

Sulfur
1000mg a day
Methylsulfonylmethane MSM
Oxalates များနေသူတွေအတွက် အလွန်သင့်တော်ပါတယ်။

ရေကိုလည်းလုံလုံလောက်လောက်သောက်ပါ၊

သောက်ဖို့သင့်တဲ့ Vitamins တွေကတော့
B group of Vitamins —— B1 B6 (p5p ) B7
B complex သောက်လဲ ပြီးသွားတာပါပဲ။

Vitamin D သောက်ပါ။

Oxalate များနေသူများ Vitamin C ကို ပမာဏ အများကြီး မသောက်သင့်ပါ။

အရေးအကြီးဆုံးက Oxalate ပမာဏများသည့် အစား အသောက်တွေကို ရှောင်ဖို့ပါပဲ။
*လေးစားစွာဖြင့်-
To A Better Health

🌿ဆရာမကြီးပြောပြသည့် သွေးဆုံးချိန် (Menopause) အကြောင်း-အပိုင်း(၁.) မှ (၄)✨အပိုင်း-(၁)အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အ...
03/04/2026

🌿ဆရာမကြီးပြောပြသည့် သွေးဆုံးချိန် (Menopause) အကြောင်း-အပိုင်း(၁.) မှ (၄)

✨အပိုင်း-(၁)
အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အသက်၄၅ - ၅၅ နှစ်ကြားကာလမှာ သွေးဆုံးလေ့ ရှိပါတယ်။
သဘာဝတရားရဲ့ စီမံမှုပါပဲ။

သွေးဆုံးရခြင်းအကြောင်းကတော့ သားဥအိမ် အိုမင်းမစွမ်း ဖြစ်လာခြင်းဆိုတဲ့ သင်္ကေတပါ။
သားဥအိမ်ကနေ သားဥမျိုးစေ့အထွက် ကြဲလာရာကနေ နောက်ဆုံး လုံးဝမထွက်တော့သည့် အထိ ဖြစ်သွားပါတယ်။
သားဥ မျိုးစေ့ ထွက်မလာတော့သည့်အခါ ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးဟော်မုန်းဓာတ် ပြောင်းလဲမှုတွေ ဖြစ်ပါတော့တယ်။
It denotes the end of reproductive era.

ဒီဟော်မုန်းဓာတ်တွေဟာ သားအိမ်ရဲ့ အတွင်းနံရံအပေါ် သက်ရောက်မှု ရှိတာကြောင့် ဟော်မုန်းအထွက် နည်းလာတာနဲ့အမျှ သားအိမ်အတွင်းမှ သွေးဆင်းလာမှုဟာလည်း ရပ်တန့်သွားပါတော့တယ်။

သဘာဝတရားကြီးဟာ အမျိုးသမီးရဲ့ သန္ဓေတည်နိုင်စွမ်းရှိသည့်အခြေအနေမှ သန္ဓေတည်နိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ ကူးပြောင်းလိုက်တာ ဖြစ်ပါတယ်။

ခံစားရသည့် ဝေဒနာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါ။
အချို့လဲ သက်သက်သာသာနဲ့ပဲ သွေးဆုံးသည့်ကာလကို ဖြတ်သန်း နိုင်ကြပါတယ်။
အချို့ကလဲ ဝေဒနာတွေ ပြင်းပြင်းထန်ထန်ခံစားရသူများလဲ ရှိပါတယ်။

🌱ဖြစ်လေ့ ဖြစ်ထရှိသည့် ဝေဒနာတွေကတော့
-အပူထပြီး ချွေးထွက်ခြင်း
-ညဖက်မှာ ဇောချွေးတွေ ထွက်ခြင်း
-မကြာခဏ ဆီးသွားခြင်း
-ရာသီလာတာ မမှန် / ရာသီ ရပ်သွားခြင်း
-မိန်းမကိုယ် ခြောက်သွေ့နေခြင်း
-အိပ်မပျော်ခြင်း
-စိတ်ထွေနေခြင်း
-သတိမေ့ခြင်း
-ကိုယ်အလေးချိန် အပြောင်းအလဲ ရှိခြင်းတို့ ဖြစ်ပါတယ်။

🍀သွေးဆုံးချိန် Menopause -အပိုင်း(၂)

သွေးဆုံးချိန်မှာ သွေးဆုံးတာနဲ့ ပြိုင်တူ ဖြစ်တတ်သည့် ရောဂါတွေကလဲ ရှိနေပြန်ပါတယ်။
အချို့အမျိုးသမီးတွေကျတော့ သွေးမဆုံးခင်တည်းက ဖြစ်နေတဲ့ ရောဂါတွေနဲ့ တရှောင်ရှောင် ဖြစ်နေကြသူတွေလဲ ရှိပါတယ်။

သွေးဆုံးချိန်နဲ့ တိုက်ဆိုင်လာသည့်အခါ သွေးဆုံးလို့ဆိုပြီး ချော်လဲရောထိုင် တတ်ကြပါတယ်။
ရောဂါတစ်ခုလို သတ်မှတ်ပြီး သွေးဆုံးကိုင်တယ်လို့ဆိုပြီး ပြောလေ့ရှိကြပါတယ်။

အမှန်ကတော့ သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတွေအတွက် သဘာဝဖြစ်စဉ် တစ်ရပ်ပါ။

သွေးဆုံးချိန်နဲ့ ပြိုင်တူ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည့်ရောဂါကို ဖော်ထုတ်နိုင်မှသာ ခံစားနေရသော ဝေဒနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အဖြစ်အများဆုံးရောဂါကတော့ thyroid ရောဂါပါ။
သွေးဆုံးကိုင်နေတာလား/ ဒါမှ မဟုတ် Thyroid ပြဿနာကို သွေးဆုံးကိုင်တယ်လို့ ထင်နေတာပါလား?

Thyroid ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတယ်။
ယခုခေတ်မှာ Autoimmune ပြဿနာတွေနဲ့ thyroid ပြဿနာဟာ ပိုပြီးများလာနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် thyroid hormone ထုတ်တာ များနေနိုင်သလို/နည်းနေတာလဲ ဖြစ်နိုင်ပါတယ်။

Thyroid hormone ဟာ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကလာပ်စည်း အားလုံးရဲ့ ဇီဝဖြစ်စဉ်ကို ချုပ်ကိုင်ထားတာမို့ thyroid hormone ပြဿနာတက်ရင် တစ်ကိုယ်လုံးမှာ ပြဿနာမျိုးစုံတက်တတ်ပါတယ်။

🌱Thyroid hormone များနေရင် ဖြစ်တတ်သော လက္ခဏာများ-
-အစာကောင်းကောင်းစားနေပေမဲ့ ကိုယ်အလေးချိန် လျော့ကျလာမယ်
-နှလုံးခုန် မြန်နေမယ်/ နှလုံးခုန် မမှန် ဖြစ်တတ်တယ်
-စိတ်လှုပ်ရှား/ စိတ်ပူ/ စိတ်ဆတ်
-အိပ်မပျော်
-နွမ်းလျ
-တုန်တုန်ရီရီဖြစ်
-ကြွက်သားတွေ အားယုတ်
-ချွေးတွေထွက် / အပူမခံနိုင်
-ဆံပင်ကျွတ်/ ဆံပင်ပါး
-ဝမ်းသွားကြိမ်များ
-လည်ပင်းအကြိတ် ကြီးချင်ကြီးနေတတ်ပါတယ်
-စိတ်ဓာတ်ကျဆင်း
-သတိတွေမေ့ / အချို့မှာ Demented ဖြစ်သည်အထိ

🌱Thyroid hormone နည်းနေပြန်ရင် ဖြစ်တတ်သော လက္ခဏာများ-
-နွမ်းလျနေ
-ကိုယ်အလေးချိန်တက်
-အအေးဒဏ် မခံနိုင်
-ဝမ်းချုပ်
-မျက်နှာ ပွနေတတ်ပါတယ်
-ခြေထောက်လဲ ရောင်နေတတ်ပါတယ်
-အဆစ်တွေ/ အသားတွေ နာကျင်နေ
-အသားခြောက်
-ဆံပင်ကြမ်း / ပါးလာ
-နှလုံးခုန်နှုံး နှေးလာ
-စိတ်ဓာတ်ကျဆင်း/ သတိမေ့ / အာရုံ မစူးစိုက်နိုင်
-ရာသီမမှန်

“ဖော်ပြပါ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် သွေးဆုံးချိန်မှာ ဖြစ်တတ်သည့် ခံစားချက်တွေနဲ့ တူနေတာကို တွေ့ရပါလိမ့်မယ်”

“အဖြစ်မှန်ကို သိနိုင်မှ အဖြေမှန် ထွက်လာနိုင်မှာ ဖြစ်ပါတယ်”
အဖြေမှန်ထွက်လာမှ ဝေဒနာခံစားချက်များ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။

ဆက်ပါဦးမည်။

✨သွေးဆုံးချိန် Menopause-(အပိုင်း ၃)

သွေးဆုံးသည့် အသက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများကလဲ ရှိနေပြန်ပါတယ်။
ဒီရောဂါတွေ ဖြစ်လေ့ဖြစ်ထရှိတာ သွေးဆုံးချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပြန်ပါတယ်။

၁.Metabolic syndrome or Insulin resistance syndrome
Metabolic syndrome ဆိုတာ —-
Insulin Resistance ( insulin ဟော်မုန်း ယဉ်ပါးခြင်း ) နှင့်အတူ အောက်ဖော်ပြပါထဲက အချက်၂ချက် ပါရပါမယ်။

ဗိုက်အဆီတက်ခြင်း / ခါးအဆီတက်ခြင်း Central obesity /

ဥပါဒ်ပြုအဆီ Triglycerides များနေခြင်း
(Hypertriglyceridemia: ≥150 mg/dL)

အကျိုးပြုအဆီ HDL လျော့နည်းနေခြင်း
(HDL) cholesterol:

✨ဆရာမကြီးပြောပြသည့်အာလူးအကြောင်းဗဟုသုတ-  မိတ်ဆွေတို့အားလုံး သိကြသည့်အတိုင်း အာလူးဟာ အဓိကအားဖြင့် ကဆီဓာတ် Carbohydrate ဖြ...
03/04/2026

✨ဆရာမကြီးပြောပြသည့်အာလူးအကြောင်းဗဟုသုတ-

မိတ်ဆွေတို့အားလုံး သိကြသည့်အတိုင်း အာလူးဟာ အဓိကအားဖြင့် ကဆီဓာတ် Carbohydrate ဖြစ်ပါတယ်။

ဆိုလိုချင်တာကတော့ စားပြီးရင် သွေးထဲမှာ သကြားဓာတ်အသွင်သို့ ပြောင်းသွားပါတယ်။
ကလာပ်စည်းစွမ်းအင်အဖြစ် အသုံးချတာဖြစ်ပါတယ်။

သာမန်အားဖြင့် အထိုက်အလျောက် စားရင် ရပါတယ်။

သို့ပါသော်လည်း ဆီးချိုရောဂါ ရှိနေရင်သော်လည်း ကောင်း
နာတာရှည် ခန္ဓာကိုယ်ရောင်ကိုင်းခြင်း ဖြစ်နေရင် သော် လည်းကောင်း
အသည်း အဆီဖုံးနေရင်သော်လည်းကောင်း
ကိုယ်အလေးချိန်ကို ကြိုးစားပြီးချနေရင်သော်လည်း ကောင်း စသည်ဖြင့်အခြေအနေတွေမှာ သတိကပ်ထားရင် ကောင်းပါတယ်။

✨Glycemic index ဆိုတာကို နားလည်ဖို့ လိုပါတယ်။
Glycemic index ဆိုတာ —-
ကဆီဓာတ်ပါသည့်အစားအသောက်ကို စားပြီးရင် သွေးထဲမှာ သကြားဓာတ် ဘယ်လောက် မြန်မြန်ဆန်ဆန် တက်လာသလဲဆိုတဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။

✨Pure glucose ကို စံအနေနဲ့ ထားမယ်ဆိုရင် —
Pure glucose glycemic index = 100
Glycemic index 0 = ကဆီဓာတ်မပါသည့် အစားအသောက် ( အသား/ ငါး/ ကြက်ဥ )

✨Low glycemic index 0 - 55 = ဟင်းသီးဟင်းရွက်/whole grains/ အချို့အသီးအနှံများ

✨Medium glycemic index 56 - 69 အတော်အသင့် (ထမင်းဖြူ/ အာလူး/ ပြောင်းဖူး )

✨High glycemic index 70-100 = အချိုရည်ဘူးများ/ ပေါင်မုန့်အဖြူ/ အဆင်သင့်ခေါက်ဆွဲထုတ်များ

အာလူးအကြောင်း ပြောပြနေတာဖြစ်လို့ အာလူးကိုကြည့်မယ်ဆိုရင် အာလူးဟာ ယေဘူယျအားဖြင့် medium to high glycemic index ထဲမှာပါနေပါတယ်။

အာလူးအမျိုးအစား / ချက်ပုံချက်နည်း စသည်ဖြင့် ပေါ် မူတည်ပြီး glycemic index အနည်းငယ် ခြားနားသွားပါတယ်။

-Baked potato: 95
-Boiled white potato: 80-85
-Mashed potato: 70-80
-Sweet potato: 50-60

🌱သတိပြုရန် အချက်တွေကို ပြောပြပါမယ်။

၁.အားလူးကျက်သွားပြီးသည့်အခါ အအေးခံထားလိုက်ရင် ( ရေခဲသေတ္တာထဲ အေးအောင်ထည့်ထားလိုက်ရင် ) Glycemic index လျော့သွားတယ်လို့ ပြောပါတယ်။
Resistant starch ပုံစံ ပြောင်းသွားပါသတဲ့။

၂.စားတဲ့အခါ ဆီ / ထောပတ် / အသားတစ်မျိုးမျိုးနဲ့ရောစားရင်လဲ glycemic index ကျပါသတဲ့။

ဆိုလိုချင်တာက သွေးထဲကို သကြားဓာတ်
မြန်မြန်ကြီး မတက်တော့ဘူးပေါ့။
*လေးစားစွာဖြင့်-
To A Better Health

🌿Vitamin B-12    အက်စစ်ဓာတ် လျော့နည်းသွားရင် ပရိုတင်းဓာတ် ဖြစ်တဲ့ ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ ဓာတ်ရဲ့ ဝန်ဆောင်မှု ကျဆ...
02/04/2026

🌿Vitamin B-12

အက်စစ်ဓာတ် လျော့နည်းသွားရင် ပရိုတင်းဓာတ် ဖြစ်တဲ့ ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ ဓာတ်ရဲ့ ဝန်ဆောင်မှု ကျဆင်းပြီ ဖြစ်ပါတယ်။ Vitamin B12 လျော့ပါးလာခြင်းပြဿနာလည်းဖြစ်ပါပြီ။

အထူးသဖြင့် အစာအိမ်အက်စစ်ပြန်သမားတွေ၊ အစာအိမ်ရောဂါသမားတွေက အစာမျိုရခက်၊ တစ်ဆို့ဆို့ဖြစ်တာတွေ Vitamin B နဲ့ ဆက်စပ်မှုရှိပြီး
Autoimmune atrophic gastritis ရဲ့ ရောဂါလက္ခဏာများ၊ (အဓိက ကတော့ B12 ဓာတ် လျော့ပါးလာခြင်းကြောင့် ပြဿနာတွေ တက်လာတာ ဖြစ်ပါတယ်)

၁။ သွေးအားနည်းနေခြင်း ( Megaloblastic anemia )
သွေးအားနည်းလာတာနဲ့အလျောက် ခေါင်းမူးမယ်၊ နွမ်းလျပြီး အင်အားဆုတ်ယုတ်နေမယ်၊ ချာချာလယ် မူးနေတတ်တယ်၊ နားလေထွက်ပြီးအူနေတတ်တယ်၊ နှလုံးခုန်ရင်တုန်နေတတ်တယ်၊ ရင်အောင့်တတ်တယ်၊ ဆိုးရွားတဲ့အခြေအနေဆိုရင် heart failure လို့ခေါ်တဲ့ နှလုံးက အလုပ်ကောင်းမွန်စွာ မလုပ်နိုင်တော့ပါ။

၂။ အစာလမ်းကြောင်းအနေနဲ့ ကြည့်မယ်ဆိုပြန်ရင်လည်း
လျှာက နီပြီး ရောင်နေတတ်တယ် ( glossitis )
ခံတွင်းပျက်နေတတ်ပြီး ( Anorexia ) စားချင်စိတ်မရှိပဲ ဖြစ်နေတတ်ပါတယ်။
အူမှ စုတ်ယူမှု မကောင်းတာကြောင့် ( malabsorption ) စားနေပေမဲ့ အသားမဖြစ်ဘဲ ခန္ဓာကိုယ်အလေးချိန်လဲ ကျလာတတ်ပါတယ်။
ဝမ်းလဲ လျောတတ်ပါသေးတယ်။

(ဒီလိုမျိုးရောဂါလက္ခဏာတွေရှိသူများဟာ အက်စစ်တွေ များနေတယ်ထင်ပြီး acid blockers တွေ သောက်နေသူများလဲ ရှိနေပြန်ပါတယ်)

ရုတ်တရက် ကြည့်လိုက်ရင် အက်စစ်များနေသလို ပါပဲနော်။
မှန်းဆကြည့်ခြင်းအားဖြင့် ရောဂါလက္ခဏာတွေက အတော်လေးကို တူနေသလို ဖြစ်နေပါတယ်။ အမှန်က အက်စစ်လျော့နည်းနေခြင်း ဖြစ်နေတာ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကို အပေါ်စီးကနေ ခြုံကြည့်တတ်ဖို့ လိုပါတယ်။ လူအတော်များများ ရောဂါ ဖြစ်နေမှန်းမသိကြတာ များပါတယ်။ ရောဂါသံသရာမှာ ချာချာလည်နေတတ်ကြပါတယ်။
အဓိက ​ပြောချင်တာကတော့-
၁။ အသက်ကြီးရင် B12 ​သောက်ထားကြပါ
၂။ အစာအိမ်​ဝေဒနာ​တွေ ဖြစ်ရင် Acid နည်းတာကို များတယ်ထင်ပြီး Acid Blocker ​တွေ ​သောက်​နေသူ​တွေ ရှိပါတယ်၊ ဘယ်​တော့မှ မ​ပျောက်ဘဲ ​ရောဂါ သံသရာမှာ ချာချာလည်​နေပါလိမ့်မယ်။
*လေးစားစွာဖြင့်-
To A Better Health & original writer

Address

Yangon
11181

Telephone

+959750365732

Website

Alerts

Be the first to know and let us send you an email when Healthy Way - USA Vitamin Supplements & Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthy Way - USA Vitamin Supplements & Products:

Shortcuts

Share