မြတ်ဗုဒ္ဓ၏ယတြာများနှင့် လောကီအစီအရင်များ

  • Home
  • Myanmar
  • Yangon
  • မြတ်ဗုဒ္ဓ၏ယတြာများနှင့် လောကီအစီအရင်များ

မြတ်ဗုဒ္ဓ၏ယတြာများနှင့် လောကီအစီအရင်များ Fortune Telling with `Tarot, Rune and Lenormand Cards Reading

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
29/12/2024

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

🙏🙏🙏စိန္တာမဏိဂါထာတော် (အကြံအစည်များ ပေါက်မြောက်စေနိုင်သောဂါထာ)-------------------~~~~~~~~~~~~~~~~~~~~~စိန္တာမဏိဂါထာ သည် အ...
20/12/2024

🙏🙏🙏စိန္တာမဏိဂါထာတော်
(အကြံအစည်များ ပေါက်မြောက်စေနိုင်သောဂါထာ)
-------------------~~~~~~~~~~~~~~~~~~~~~
စိန္တာမဏိဂါထာ သည် အလွန်အစွမ်းထက်သော
ဂါထာ ဖြစ်သည်။ ၅၅၀ နိပါတ် ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလလုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သည့် ဂါထာဖြစ်သည်။
ထိုဂါထာတတ်မြောက်သည့် ဘုရားလောင်း ပဒကုသလလုလင်သည် ခြေရာကောက်သည့် အတတ်ပညာကို တတ်မြောက်ခဲ့သည်။ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း၊ သန်လျက်ပျောက်ဆုံးမှုတို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ်ကို ခံစားခဲ့ရသည်။
ဤစိန္တာမဏိဂါထာ၌ စိန္တာ ဟူသည် အကြံအစည်ပညာ၊ မဏိ သည် မြကျောက် ပတ္တမြားဟူ၍ အဓိပ္ပါယ်ရသည်။ ပတ္တမြားကဲ့သို့ အဖိုးတန်သော အကြံအစည်ပညာဉာဏ်သည်
စိန္တာမဏိ ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရွတ်ဖတ်ပူဇော်သူသည် အကြံကောင်း ဉာဏ်ကောင်းများ ရနိုင်သည်။ သူတစ်ပါးတို့၏ အကြံများကို ကြိုတင်သိရှိနိုင်သည်။ ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်သည်။

၁။ စိန္တာမဏိရတနာနိ ၊ ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဗုဒ္ဓံ ၊ ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ၊ ဘုရားတည်းဟူသော ရတနာတို့ကို။ သရဏံ၊ ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော၊ ပြုထိုက်သည်ဖြစ်၍။ ကရတိ၊ ပြုသောသူ၌။ ဣစ္ဆာ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ ဆောလျင်စွာလျှင်။ သမဇ္ဈတု၊ ပြည့်စုံပါစေသတည်း။

၂။ စိန္တာမဏိရတနာနိ၊ ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဓမ္မံ၊ တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ၊
တရားတည်းဟူသော ရတနာတို့ကို။ သရဏံ၊ ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော ပြု
ထိုက်သည်ဖြစ်၍။ ကရတိ၊ ပြုသောသူ၌။ ဣစ္ဆာ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ ဆောလျင်စွာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။

၃။ စိန္တာမဏိရတနာနိ၊ ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ သံဃံ၊ သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သဃရတနာနံ၊ တရားတည်းဟူသော ရတနာတို့ကို။ သရဏံ၊ ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော၊ ပြု
ထိုက်သည်ဖြစ်၍။ ကရတိ၊ ပြုသောသူ၌။ ဣစ္ဆာ၊ ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ ဆောလျင်စွာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံပါစေသတည်း။
ကိုးကား
သာသနာတော်ပြန့်ပွားရေးဦးစီးဌာနမှ ထုတ်ဝေသော
ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

ဗုဒ္ဓဘာသာဆေး ကိုးမျိုး၁။ဘုရားဆေးဘုရားဂုဏ်တော်ကိုးပါးကို ရွတ်ဆိုခြင်း၊ ပုတီးစိပ့်ခြင်းလုပ်ရတယ်။အဲ့လိုမျို ဗုဒ္ဓဂုဏ်တော် ပ...
20/12/2024

ဗုဒ္ဓဘာသာဆေး ကိုးမျိုး

၁။ဘုရားဆေး
ဘုရားဂုဏ်တော်ကိုးပါးကို ရွတ်ဆိုခြင်း၊ ပုတီးစိပ့်ခြင်းလုပ်ရတယ်။အဲ့လိုမျို ဗုဒ္ဓဂုဏ်တော် ပွားများအားထုတ်တာကို ဘုရားဆေးလို့ခေါ်တယ်

၂။တရားဆေး
တရားဂုဏ်တော်၆ပါးကို ရွတ်ဆိုရတယ်၊ ပုတီးစိပ့်ရတယ်၊တရားထိုင်ရတယ်။

၃။ သံဃာဆေး
သံဃာဂုဏ်တော် ကိုးပါးကိုရွတ်ဆိုရတယ်၊ပုတီးစိပ့်ရတယ်၊

၄။မိဘဆေး
မိဘကို ပူဇော်ရတယ်၊ကန့်တော့ရတယ်၊ ပြုစုရတယ်၊မိဘကို မပြစ်မှားရဘူး။တချို့ မိဘတို့က ုမိုက်မဲတဲ့မိဘ အပြစ်လုပ်တဲ့ အကုသိုလ်အမျိုးလုပ်တဲ့မိဘကိုလည်း မပြစ်မှားရဘူး၊

၅။ဆရာဆေး
လောကီပညာသင်ပေးတဲ့ဆရာ၊လောကုတ္တရာပညာသင်ပေတဲ့ဆရာသမားကို မပြစ်မှားရဘူး၊ဆရာကိုပူဇော်ရတယ်၊ဆရာသမားကို ဂုဏ်ပြုဖွဲ့ဆိုထားတဲ့ ဂါထာတွေမန္တန်တွေ ရွတ်ဆိုရတယ်။

၆။ ဗြဟ္မာဆေး
မဟာသမယသုတ်၊မေတ္တာသုတ်၊ဓမ္မစကြာသုတ်တို့ကို ရွတ်ဆိုခြင်းပွားများခြင်းသည် ဗြဟ္မာဆေးမည်၏။

၇။နတျဆေး
နတ်နှင့်ပတ်သက်သော ဂါထာမန္တန် ပရိတ်တို့ကို ရွတ်ရတယ်။ပါဠိလို မေတ္တာပို့ရတယ်။ပြီးတော့ ပရိတ်၁၁သုတ်မှာ ဂါထာပရိတ်က၉သုတ်ပါတယ်တဲ့။မန္တန်သုတ်က ၂သုတ်ပါတယ်။မောရသုတ်ဟာ မန္တန်ဖြစ်တယ်၊မန္တန်ဖြစ်ကြောင်းကို "ဗြဟ္မမန္တ "န္တိ အက္ခာတံ ပရိတ္တံ"လို့ပြထားတယ်။ဗော
ဇ္စျင်္ဂသုတ်ဟာလည်း မန္တန်ဘဲ "သွသဓဉ်စ ဣဒံ မန္တံ ဗောဇ္စျင်္ဂါနံ မန္တံ" လို့ဆိုထားတယ်။

၈။ဝိဇ္ဇာဆေး
ဝိဇ္ဇာဆေးဆိုတာ ကျယ်ပြန့်လှပါတယ်တဲ့။ဝိဇ္ဇာကြီးဆေး၊ဇော်ဂျီဆေး၊တပသီဆေး၊ဒီထဲမှာ အင်း အိုင် ခါးလှည့် ဓတ်လုံး ဂါထာ မန္တန် စမ သံ ပြဒါး ကြေး ဘော်စတဲ့ သတ္ထုကို ဓတ်စင်အောင်လုပ်နိူင်ရင် ဆေးဖြစ်တော့တာဘဲတဲ့။ သယံဇာရွှေ ငွေ (ဆေး)ဖြစ်တယ်လို့ ပုဂံစာထွာ နှသစ်က ညွန်းခဲ့ပြန် လောကီဥာဏ်စာထွက်နဲ့ ရာသက်လုံးကြိတ်ဖုံ ဓတ်လေးတွေ အမှန်စင်ကာမှလို့ ဆိုထားတယ်။ဘိုးတော်ရွတ် ပြတာတွေအကုန်လုံးကိုတော့ မမှတ်မိဘူး

၉။ နဂါး ဂဠုန် ကုမ္ဘန် ယက္ခဆေး
ဒါကြတော့ ခက်တာလဲရှိတယ်၊လွယ်တာလဲရှိတယ် ၊ဒီဆေးကြတော့ မှော်ပညာဆေးလို့ ခေါ်တယ်။

အားလုံး အသိသုတ တိုးပွားကြပါစေ။
မူရင်း

အကျိုးထူးပေးနိုင်သော မူရင်း ရှင်အရဟံ ပုတီးစိတ်နည်း အပြည့်အစုံ ၇ ဂါထာ================================ရှင်အရဟံ အရှင်မြတ်၏ ...
20/12/2024

အကျိုးထူးပေးနိုင်သော မူရင်း ရှင်အရဟံ ပုတီးစိတ်နည်း အပြည့်အစုံ ၇ ဂါထာ
================================

ရှင်အရဟံ အရှင်မြတ်၏ မူရင်း ရှင်အရဟံပုတီးစိပ်နည်း အပြည့်အစုံသည် ၇ဂါထာရှိသည်။ အလွန်အစွမ်းထက်သောကြောင့် ထွက်ရပ်ပေါက်သည်အထိ အကျိုးပေးနိုင်သောကြောင့် ထွက်ရပ်လမ်းလိုက်စားသူ များပြားလွန်းသောကြောင့် ရှင်အရဟံ အရှင်သူမြတ်က ၂ဂါထာကို ပယ်ဖြုတ်ခဲ့ပါတယ်။
၂ဂါထာဖြုတ်ထားသော လူအများရွတ်ဖတ်ပူဇော်နေကြသော ရှင်အရဟံ ၅ဂါထာသည်ပင် အင်မတန် အစွမ်းထက်ပါသေးသည်။ ဂါထာအပြည့်အစုံဆိုလျှင်ကား အတိုင်းထက်အလွန်ပင် ဖြစ်ချေ၏။

ရှင်အရဟံ ပုတီးစိပ်သည် အလွန်အစွမ်းထက်သောကြောင့် နေ့စဉ် အခေါက်ရေသက်စေ့စိပ်ပါက ဘေးရန်ကင်းခြင်း၊ စီးပွားရေးအဆင်ပြေခြင်း၊ အဆင်ပြေခြင်း၊ လူချစ်လူခင်ပေါခြင်း ၊ အသက်ရှည် ကျန်းမာခြင်း၊ အရွယ်နုပျိုခြင်း စသော အကျိုးများကို ရရှိစေပါသည်။ ရှင်အရဟံဂါထာ အပြည့်အစုံသည်ပါရမီပါ၍ အထူးကြိုးစားသူတို့အား ထွက်ရပ်ပေါက်စေနိုင်သည် အထိအကျိုးပေးနိုင်ပါသည်။

ထို့ပြင် ဤပုတီးစိပ်သည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ ကို ပွားများပြီးဖြစ်သကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏
အနိစ္စ-မမြဲခြင်း သဘော၊ ဒုက္ခ-ဆင်းရဲခြင်း သဘော၊ အနတ္တ-အစိုးမရခြင်း သဘောတို့ကို ပွားများပြီးလည်း ဖြစ်ပါသည်။

သရဏဂုံဆောက်တည်ရာလည်းရောက် ဝိပဿနာပွားများရာလည်းရောက်သော ရှင်အရဟံပုတီးစိပ်နည်းကို ဖော်ပြလိုက်ပါတယ်။ အနက်အဓိပ္ပါယ် ကိုနှလုံးသွင်းပြီး နေ့စဉ်စွဲမြဲစွာ ရွတ်ဖတ်အားထုတ်ကြပါ။

( မူရင်းရှင်အရဟံ ပုတီးစိပ်အပြည့်အစုံ ၇ဂါထာ)
~~~~~~~~~~~~~~~~~~~

၁။ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ ။

၂။ ဓမ်မံ သရဏံ ဂစ်ဆာမိ
နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ ။

၃။ သံဃံ သရဏံ ဂစဆှာမိ
နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ ။

၄။ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ၊ ဓမ်မံ သရဏံ ဂစ်ဆာမိ ၊
သံဃံ သရဏံ ဂစဆှာမိ ။
နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ ။

၅။ စက်ကဝါဠသေု အနန်တသေု၊
အာကာသေ အနန္တေ တထာ၊
သတ်တနိကာ အနန်တာစ၊
သမ်ဗုဒ်ဓေ ဉာဏ အနန်တာ။

၆။ အန န်တံ ဗလဝံ ဗုဒ်ဓံ ၊ အန န်တံ ဂေါစရံ ဓမ်မံ ၊
အန န္တံ အရိယံ သံဃံ ၊ အနန္တံ ဗောဓိ မုတ္တမံ ။

၇။ အာဂစ္ဆေယျ သဗ္ဗေဒေဝါ၊
အာယု ဝဏ္ဏော သုခံ ဗလံ၊
သဗ်ဗသိဒ်ဓိ မဟိဒ်ဓိကာ၊
ဇယ တဇေ ဒသဒိသာ၊
ဘဝတု မမ သဗဗှဒါ။

( မြန်မာပြန်)
၁။ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၂။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၃။သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၄။- ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
- တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
- သံဃာတော်မြတ်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၅။ စကြဝဠာသည် အဆုံးအပိုင်းအခြားမရှိကျယ်ပြန့်၏။
ထို့အတူ အာကာသသည် အဆုံးအပိုင်းအခြားမရှိ။
သတ္တဝါတို့၏လောကသည်လည်း အဆုံးအပိုင်းအခြားမရှိ။
မြတ်စွာဘုရား ၏ သဗ္ဗညုတဉာဏ်တော်သည်လည်း အဆုံးအပိုင်းအခြားမရှိ ကြီးကျယ်လှ၏။
၆။အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။
- မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်သည် အဆုံးအပိုင်းအခြားရှိတော်မမူသော တန်ခိုးတော်တည်း။
- အရိယာသံဃာတော်မြတ်သည် အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။
-ဗောဓိပက္ခိယတရားတော်များသည် အဆုံးအပိုင်းအခြားမရှိ မြင့်မြတ်ပါပေ၏။
၇။ အလုံးစုံကုန်သော နတ်တို့သည်လည်းကောင်း အလုံးစုံကုန်သော သိဒ္ဓိရှင် မဟိဒ္ဓိရှင်အပေါင်းတို့သည် လာရောက်ကြကုန်သည်ဖြစ်၍ အသက်ရှည်ခြင်း၊အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းတို့ကို ပေးကြပါစေသတည်း။ ငါ့အားအရပ်ဆယ်မျက်နှာမှ အောင်ခြင်းမင်္ဂလာအဖြာဖြာသည် အခါခပ်သိမ်းဖြစ်ပါစေသတည်း။

ပုတီးစိပ်နည်းအညွှန်း
*****************
- (၁) မှ (၇) အဆုံး ပုတီးတစ်လုံးချရပါမည် ။

- နေ့စဉ် အခေါက်ရေ သက်စေ့ သို့မဟုတ် သက်စေ့ထက် တစ်ခေါက်ပိုရွတ်ပါ။

- မိမိတတ်နိုင်သည့် ရက်ကိုပိုင်း၍ ၉ရက် ၊ ၁၈ရက် ၊ ၂၇ရက် ၊ ၄၅ရက် စသည်ဖြင့် အဓိဋ္ဌာန်ဖြင့်စိပ်လေ ပိုကောင်းပါတယ်။

- အကြောင်းတစုံတရာ ထူးခြားကိစ္စရှိလျှင် တစ်နေ့ ၁၀၈ခေါက်ရွတ်နိုင်ပါက အထူးကောင်းမွန်ပါသည်။

#မူရင်းရေးသူနှင့်ပြန်လည်မျှဝေသူအားလုံးကျေးဇူးတင်ပါသည်

Address

Yangon

Opening Hours

Wednesday 07:00 - 12:00
Sunday 07:00 - 12:00

Telephone

+959964211205

Website

Alerts

Be the first to know and let us send you an email when မြတ်ဗုဒ္ဓ၏ယတြာများနှင့် လောကီအစီအရင်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share