Dr.Shan

Dr.Shan ခွေးလေးတွေကြောင်လေးတွေ ကျန်းမာရေးနဲ့ဆိုင်တာများမေးမြန်းနိုင်ပါတယ်။

နွေရာသီမှာ ခွေးလေးတွေအတွက်ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ Heat stroke နဲ့ ကြောင်လေးတွေအတွက် အသက်အန္တရယ်စိုးရိမ်ရတဲ့ Feline P...
02/04/2026

နွေရာသီမှာ ခွေးလေးတွေအတွက်ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ Heat stroke နဲ့ ကြောင်လေးတွေအတွက် အသက်အန္တရယ်စိုးရိမ်ရတဲ့ Feline Panleukopenia Virus အကြောင်း

31/03/2026

🐾 Vital Core တိရစ္ဆာန်အထွေထွေရောဂါကုဆေးခန်း အသစ်ဖွင့်ပွဲ အထူးပရိုမိုးရှင်း 🐾
ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးအတွက် ကျွန်တော်တို့ရဲ့ Vital Core တိရစ္ဆာန်အထွေထွေရောဂါကုဆေးခန်းကို အသစ်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 🏥✨

ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ အထူးအစီအစဉ်တစ်ခုဖြစ်တဲ့ "ခွေးရူးပြန်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း" ကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 💉🐶

✅ ဘာတွေပါဝင်မလဲ?
ခွေးရူးပြန်ရောဂါကာကွယ်ဆေး အခမဲ့ (အကောင် ၂၀ တိတိ)

📅 မည်သည့်နေ့တွင်လဲ?
၁.၄.၂၀၂၆ ရက်နေ့မှ ၇.၄.၂၀၂၆ ရက်နေ့ထိ

📍 ဘယ်နေရာမှာလဲ?
အမှတ် ၂၈၇၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့

အသေးစိတ်သိရှိလိုပါက ဖုန်း - 09400116332, 09955042022 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။




ခွေးမွေးတော့မယ်ဆိုရင်….တိရစ္ဆာန်တစ်ကောင်ကို ပိုင်ဆိုင်ခွင့်ရတယ်ဆိုတာ အခွင့်အရေးတစ်ခုဖြစ်သလို ကြီးမားတဲ့ တာဝန်ယူမှုတစ်ခုလ...
28/02/2026

ခွေးမွေးတော့မယ်ဆိုရင်….

တိရစ္ဆာန်တစ်ကောင်ကို ပိုင်ဆိုင်ခွင့်ရတယ်ဆိုတာ အခွင့်အရေးတစ်ခုဖြစ်သလို ကြီးမားတဲ့ တာဝန်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။ လူတော်တော်များများဟာ အိမ်ခြံမြေလုံခြုံဖို့၊ သူစိမ်းလာရင် ဟောင်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့ ခွေးမွေးတတ်ကြပေမဲ့ တကယ်တမ်း ခွေးတစ်ကောင်ရဲ့ ဘဝမှာ လိုအပ်တဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကိုတော့ လျစ်လျူရှုထားတတ်ကြပါတယ်။

ဒါဟာ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ အလေ့အထဆိုပေမဲ့ ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ ခွေးတစ်ကောင်ရဲ့ ရပိုင်ခွင့်နဲ့ လူသားတွေရဲ့ တာဝန်ယူမှုကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်လာပါပြီ။
ခွေးဆိုတာ စက်ရုပ်မဟုတ်သလို၊ ခြံစည်းရိုးမှာ တပ်ထားတဲ့ CCTV ကင်မရာလည်း မဟုတ်ပါဘူး။ သူတို့မှာ နာကျင်တတ်တဲ့ ခန္ဓာကိုယ်နဲ့ ခံစားတတ်တဲ့ နှလုံးသား ရှိပါတယ်။

တကယ်လို့ သင်ဟာ ခွေးတစ်ကောင်ကို မိသားစုဝင်တစ်ယောက်လို မချစ်နိုင်ဘူး၊ သူ့ရဲ့ ဝေဒနာတွေကို စာနာပေးဖို့ အစီအစဉ်မရှိဘူးဆိုရင် ကျေးဇူးပြုပြီး ခွေးမွေးဖို့ လုံးဝ မစဉ်းစားပါနဲ့။ ခြံလုံချင်ရုံသက်သက်ဆိုရင် ခေတ်မီတဲ့ CCTV ကင်မရာတွေ၊ အချက်ပေးခေါင်းလောင်းတွေနဲ့ ခိုင်ခံ့တဲ့ ခြံစည်းရိုးတွေကိုပဲ အသုံးပြုသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွေးဆိုတာ အသက်မရှိတဲ့ ပစ္စည်းတစ်ခုမဟုတ်ဘဲ နာကျင်တတ်၊ ဆာလောင်တတ်ပြီး ဝမ်းနည်းတတ်တဲ့ သက်ရှိသတ္တဝါဖြစ်လို့ပါပဲ။

ခြံစောင့်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခွေးအတော်များများဟာ နေပူမရှောင် မိုးရွာမရှောင် သံကြိုးတိုတိုနဲ့ ချည်နှောင်ခံထားရတတ်ပါတယ်။ အဲဒီလို လှောင်ပိတ်ခံထားရတဲ့ ခွေးတစ်ကောင်ဟာ စိတ်ပိုင်းဆိုင်ရာအရ အကြီးအကျယ် ထိခိုက်ရပြီး ကြမ်းတမ်းခက်ထန်လာတတ်သလို၊ တစ်ခါတလေမှာ စိတ်ဓာတ်ကျပြီး အစာမစားဘဲ အားအင်ကုန်ခမ်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ပိုဆိုးတာက "ခြံစောင့်ခွေးပဲ" ဆိုပြီး လူစားကြွင်းစားကျန်တွေကိုပဲ ကျွေးတာ၊ အာဟာရမပြည့်ဝတဲ့ အစာတွေကြောင့် ပိန်ခြောက်ပြီး အရိုးပြူးနေတာတွေကို မြင်တွေ့ရတာဟာ စိတ်မကောင်းစရာ အလွန်ကောင်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာမစားရတဲ့အပြင် သန့်ရှင်းတဲ့ သောက်ရေတောင် အချိန်မှန်မရတဲ့ဘဝဟာ ငရဲကျနေသလိုပါပဲ။ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာလည်း ပိုင်ရှင်အများစုဟာ ပေါ့လျော့ကြပါတယ်။

ခွေးတစ်ကောင် ကျန်းမာဖို့ဆိုတာ အစာတင်မကဘဲ ပုံမှန်လုပ်ဆောင်ပေးရမယ့် ကျန်းမာရေး အစီအစဉ်တွေ ရှိပါတယ်။ ကာကွယ်ဆေး ထိုးနှံခြင်း၊ သန်ချဆေး တိုက်ကျွေးခြင်းနဲ့ အထူးသဖြင့် ခြင်ကတစ်ဆင့် ကူးစက်တတ်တဲ့ "နှလုံးသန်ရောဂါ" ကာကွယ်ဆေးတွေကို စနစ်တကျ မလုပ်ပေးဘဲ ထားလိုက်တဲ့အခါ ခွေးလေးတွေဟာ ရောဂါပေါင်းစုံရဲ့ တိုက်ခိုက်မှုကို ခံရပါတော့တယ်။ ခန္ဓာကိုယ်မှာ မွှားတွေ၊ လှေးတွေ ဝိုင်းနေတာကို ပိုင်ရှင်က မသိကျိုးကျွံပြုထားတာ၊ ရောဂါတစ်ခုခုကြောင့် နာကျင်နေတာကို ဂရုမစိုက်တာတွေဟာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု တစ်မျိုးပါပဲ။ အဆိုးဆုံးကတော့ ကျန်းမာတုန်းက ခိုင်းစေပြီး ရောဂါရလာတဲ့အခါ၊ ဒါမှမဟုတ် အိုမင်းမစွမ်း ဖြစ်လာတဲ့အခါမှာ ဆေးကုမပေးဘဲ လမ်းဘေးကို စွန့်ပစ်လိုက်တာပါပဲ။
ဒါဟာ အင်မတန် ရက်စက်တဲ့ လုပ်ရပ်ဖြစ်ပြီး သစ္စာရှိတဲ့ သတ္တဝါတစ်ကောင်ရဲ့ ဘဝကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။
ဒါကြောင့် ခွေးတစ်ကောင်ကို မွေးတော့မယ်ဆိုရင် အောက်ပါမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး မေးကြည့်ဖို့ လိုအပ်ပါတယ် ။

- (၁) သူ့ရဲ့ ၁၀ နှစ်ကနေ ၁၅ နှစ်အထိ သက်တမ်းတစ်လျှောက်လုံး ငါ တာဝန်ယူနိုင်မှာလား?
-(၂) နေမကောင်းဖြစ်ရင် ဆေးခန်းပြဖို့ ငွေကြေးနဲ့ အချိန် ပေးနိုင်လား?
-(၃) သူ့ကို ခြံစောင့်ရုံတင်မဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်လို ချစ်ပေးနိုင်လား?

အကယ်၍ ဒီမေးခွန်းတွေကို "ဟုတ်ကဲ့" လို့ မဖြေနိုင်ဘူးဆိုရင် ကျေးဇူးပြု၍ ခွေးမွေးဖို့ မဆုံးဖြတ်ပါနဲ့။ "မချစ်ရင် မမွေးပါနဲ့" ဆိုတဲ့ စကားဟာ အဲဒီ သက်ရှိလေးတွေရဲ့ ဘဝကို ကာကွယ်ပေးဖို့အတွက် ပြောရခြင်း ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ သက်ရှိလေးတစ်ကောင်ကို မေတ္တာမဲ့တဲ့ ဘဝထဲ ဆွဲမသွင်းပါနဲ့။ သူတို့မှာလည်း နာကျင်တတ်တဲ့ အသားအရေနဲ့ ချစ်တတ်တဲ့ နှလုံးသား ရှိပါတယ်။ ခွေးတစ်ကောင်ကို မွေးပြီဆိုတာနဲ့ သူ့ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးကို သင်က တာဝန်ယူရမှာဖြစ်သလို၊ သူတို့ပေးတဲ့ သစ္စာတရားကိုလည်း သင်က မေတ္တာတရားနဲ့ ပြန်လည်တုံ့ပြန်သင့်ပါတယ်။

ခွေးတစ်ကောင်ကို မွေးရတာမှာ အခက်ခဲဆုံးအရာက ဘာလဲ" လို့ တစ်ယောက်ယောက်က မေးလာရင် ကျွန်တော်တို့အားလုံးရဲ့ အဖြေက တူညီနေပါလိမ့်...
20/02/2026

ခွေးတစ်ကောင်ကို မွေးရတာမှာ အခက်ခဲဆုံးအရာက ဘာလဲ" လို့ တစ်ယောက်ယောက်က မေးလာရင် ကျွန်တော်တို့အားလုံးရဲ့ အဖြေက တူညီနေပါလိမ့်မယ်။ အဲ့ဒါကတော့ "နှုတ်ဆက်ခြင်း (The Goodbye)" ပါပဲ။

သူတို့လေးတွေ ကျွန်တော်တို့ဘဝထဲကို စတင်ခြေချလာတဲ့နေ့က အမြီးတုတ်တုတ်လေးတွေ လှုပ်ရမ်းပြီး ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့ကြတယ်။ အိမ်ပြန်ရောက်တိုင်း အတက်ကြွဆုံး ကြိုဆိုတတ်သူတွေ၊ ကိုယ်ဝမ်းနည်းနေချိန်မှာ ဘာစကားမှမပြောဘဲ ဘေးနားမှာ တိတ်တိတ်လေး အဖော်ပြုပေးတတ်သူတွေ၊ ကိုယ့်ရဲ့ အဆိုးအကောင်း အခြေအနေတိုင်းမှာ တစ်ဖက်သတ် အချစ်တွေနဲ့ သစ္စာရှိခဲ့ကြသူတွေပါ။

ဒါပေမဲ့ တိရစ္ဆာန်လေးတွေရဲ့ သက်တမ်းဆိုတာ လူသားတွေထက် ပိုတိုတောင်းလွန်းတာက ကံကြမ္မာရဲ့ ရက်စက်မှုတစ်ခုပါပဲ။ ကျွန်တော်တို့အတွက် ဆယ်စုနှစ်တစ်ခုစာ အချိန်ဟာ သူတို့အတွက်တော့ တစ်ဘဝစာ ဖြစ်နေတတ်တယ်။ အတူတူ ဆော့ကစားခဲ့တဲ့ အချိန်တွေ၊ အတူတူ လမ်းလျှောက်ခဲ့တဲ့ လမ်းမတွေနဲ့ အတူတူ အိပ်စက်ခဲ့တဲ့ ညတွေဟာ တဖြည်းဖြည်းနဲ့ အမှတ်တရတွေအဖြစ် ပြောင်းလဲသွားရတယ်။

ခွဲခွာခြင်းရဲ့ နာကျင်မှုက ဘယ်လောက်တောင် ပြင်းထန်သလဲဆိုရင် သူတို့လေးတွေ အသက်မရှိတော့တဲ့နောက်ပိုင်းမှာတောင် အိမ်ထဲမှာ သူတို့ရဲ့ ခြေသံလေးတွေ ကြားနေရသလို၊ တစ်နေရာရာကနေ ပြေးထွက်လာမလိုလိုနဲ့ လွမ်းဆွတ်မှုကို တားဆီးလို့မရနိုင်ပါဘူး။ သူတို့ရဲ့ နောက်ဆုံးထွက်သက်ကို ကြည့်နေရတဲ့အချိန်၊ သူတို့ရဲ့ နာကျင်မှုကို မကူညီနိုင်တော့တဲ့အချိန်တွေဟာ ပိုင်ရှင်တစ်ယောက်အတွက်တော့ ကမ္ဘာပျက်သလို ခံစားရတဲ့ အခိုက်အတန့်တွေပါပဲ။

ဒါပေမဲ့ ဒီ "နှုတ်ဆက်ခြင်း" ဟာ အဆုံးသတ်တော့ မဟုတ်ပါဘူး။ သူတို့လေးတွေဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထာဝရ ရှင်သန်နေကြမှာပါ။ သူတို့ပေးသွားတဲ့ အကြွင်းမဲ့မေတ္တာတွေက ကျွန်တော်တို့ရဲ့ လူသားဆန်မှုကို ပိုမိုနက်ရှိုင်းစေခဲ့တယ်။

အခုဆိုရင် သူတို့လေးတွေဟာ နာကျင်မှုတွေ၊ ရောဂါဝေဒနာတွေနဲ့ မောဟိုက်မှုတွေမရှိတော့တဲ့ "Rainbow Bridge" ဆိုတဲ့ တံတားတစ်ဖက်က ကောင်းကင်ဘုံကို ရောက်သွားကြပါပြီ။ အဲ့ဒီမှာ သူတို့တွေ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှားဆော့ကစားရင်း ကျွန်တော်တို့နဲ့ တစ်နေ့ပြန်ဆုံမယ့်အချိန်ကို စောင့်မျှော်နေကြပါလိမ့်မယ်။

နှုတ်ဆက်ခြင်းက ခါးသီးပေမယ့်... သူတို့နဲ့ ဆုံတွေ့ခွင့်ရခဲ့တာဟာ ကျွန်တော်တို့ဘဝရဲ့ အလှပဆုံး ကံကောင်းခြင်းတစ်ခုပါပဲ။

ကောင်းကင်ဘုံမှာ အသက်ဝဝရှုပါသားသား MiloMilo နဲ့ စတင်ဆုံတွေ့ခဲ့ရတဲ့ နေ့ကတည်းက ဒီကလေးဟာ ကျွန်တော့်အတွက်တော့ လူနာတစ်ယောက်ထက်...
16/02/2026

ကောင်းကင်ဘုံမှာ အသက်ဝဝရှုပါသားသား Milo

Milo နဲ့ စတင်ဆုံတွေ့ခဲ့ရတဲ့ နေ့ကတည်းက ဒီကလေးဟာ ကျွန်တော့်အတွက်တော့ လူနာတစ်ယောက်ထက် ပိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က လေပြွန်ကျဉ်းတဲ့ရောဂါ (Severe Trachea Collapse) အသည်းအသန်ဖြစ်ပြီး ဆေးခန်းကို ပထမဆုံးအကြိမ် ရောက်လာခဲ့တာပါ။ အဲ့ဒီအချိန်မှာ တခြားလူနာလေးတွေကို ကုသပေးနေရင်း Milo ရဲ့ အခြေအနေကို ကြည့်လိုက်တော့ လျှာတွေပါ ပြာနှမ်းနေပြီဖြစ်လို့ အချိန်မဆိုင်းဘဲ အရေးပေါ်အောက်စီဂျင် ပေးခဲ့ရတယ်။ ဒါပေမဲ့ ကလေးက အောက်စီဂျင်ပိုက်ကို မကြိုက်တော့ ပိုရုန်းပြီး အသက်ရှူတာ ပိုကြပ်လာခဲ့တယ်။

ကျွန်တော် ပိုင်ရှင်မိသားစုကို ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြခဲ့ရပါတယ်။ "အခုဆေးထိုးမှ ရတော့မယ်၊ ဆေးမထိုးရင် အခြေအနေ ပိုဆိုးပြီး သေသွားနိုင်သလို၊ ဆေးထိုးလိုက်ရင်လည်း အစကတည်းက အခြေအနေက သိပ်ဆိုးနေလို့ သေသွားနိုင်တယ်၊ ဒါပေမဲ့ ဒါဟာ ဆေးကြောင့်သေတာ မဟုတ်ဘူး" ဆိုတာကို မိသားစု ၃ ယောက်ရှေ့မှာ သေချာပြောပြခဲ့တယ်။ သူတို့တွေ အချင်းချင်း တိုင်ပင်နေကြတုန်းမှာပဲ ကျွန်တော်က "တကယ်လို့ ဆေးမထိုးချင်ရင် တခြားဆေးရုံကို လွှဲပေးမယ်၊ အောက်စီဂျင်အိုးပါ ထည့်ပေးလိုက်မယ်" လို့ ပြင်ဆင်ပေးခဲ့သေးတယ်။ ဒါပေမဲ့ Milo ရဲ့ အခြေအနေက ခရီးဝေးသွားဖို့ မဖြစ်နိုင်တော့တာမို့ ဆေးထိုး၊ အောက်စီဂျင်ပေး၊ Nebulizer ပေးပြီး အသည်းအသန် ကုသပေးခဲ့ရတယ်။ ကလေးက ရုန်းကန်နေလို့ အတင်းမလုပ်တော့ဘဲ ကားပေါ်မှာ အဲကွန်းအဆုံးထိဖွင့်၊ နာရီဝက်တစ်ခါ စောင့်ကြည့်ရင်း ၄ နာရီလောက်အကြာမှာတော့ Milo ဟာ ပထမဆုံးအကြိမ် သေမင်းလက်ကနေ လွတ်မြောက်ခဲ့ပါတယ်။

ဆေးတိုက်ရတာ ခက်တဲ့ကလေးမို့ ၅ ရက်ဆက်တိုက် ဆေးခန်းလာပြီး ဆေးထိုးပေးခဲ့ရတယ်။ အဲ့ဒီအချိန်ကစလို့ Milo နဲ့ ကျွန်တော်ဟာ သံယောဇဉ်တွေ စတင်ခဲ့တာပါ။

ဆေးခန်းရောက်ရင် ဆေးထိုးရမှာ ကြောက်လို့ ကျွန်တော့်ကိုမြင်တာနဲ့ မောပြတတ်တဲ့ Milo ကို ကျွန်တော်က အပြင်မှာ လက်ဖက်ရည်ဆိုင်တွေ ခေါ်သွားတတ်တယ်။ ထူးဆန်းတာက လက်ဖက်ရည်ဆိုင်မှာ ၂ နာရီလောက် ငြိမ်ငြိမ်လေး ထိုင်နေရင် သူမမောဘူး။ ဒါပေမဲ့ ဆေးခန်းထဲ ရောက်လို့ ဘာမှမလုပ်ရသေးခင်မှာပဲ ဆေးထိုးမှာ ကြောက်လို့ ဆိုပြီး မောပြတတ်တာက သူ့ရဲ့ ချစ်စရာကောင်းတဲ့ အမူအရာပေါ့။

Milo မှာ နောက်ထပ်ချစ်စရာကောင်းတဲ့ တစ်ချက်က သူ့ရဲ့ ဥနှစ်လုံးကို ကိုင်တာ လုံးဝမကြိုက်တာပါပဲ။ "Milo ရေ... မင်းကွတ်သီးလေး ကိုင်ချင်လို့ပါ" လို့ ပြောလိုက်ရင်ကို စိတ်ဆိုးပြီး ကိုက်ဖို့ပြင်တော့တာ။ အခုတော့လည်း အဲ့ဒီမင်းကွတ်သီးလေးကိုတောင် ကိုင်ခွင့်မရတော့ဘူးပေါ့ သားသားရယ်။ တစ်ခါက ကျွန်တော်နဲ့ သူနဲ့ နှစ်ယောက်တည်း လက်ဖက်ရည်ဆိုင်မှာ ၃ နာရီလောက် ကြာသွားတော့ သူ ပျင်းလာပုံရတယ်။ ကျွန်တော့် လက်လေးကို လာတို့ပြီး ပြန်ရအောင်ဆိုတဲ့ ပုံစံနဲ့ မောပြပြန်ရော။ ဆေးခန်းရောက်တော့လည်း သူ့ကို အကြာကြီး ထားလို့ စိတ်ကောက်တဲ့အနေနဲ့ တွေ့ရာနေရာမှာ အီးတွေပါ၊ သေးတွေလိုက်ပန်းပြီး ကျွန်တော့်ကို သင်ခန်းစာပေးခဲ့သေးတာ။ အိမ်မှာဆို ဘယ်တော့မှ အဲ့လိုမလုပ်တဲ့ကလေးက ကျွန်တော့်ကိုကျမှ တကယ့်ကို အစွမ်းပြတာပါ။

ဒီလိုနဲ့ ဒုတိယတစ်ကြိမ် Spa သွားရင်း မောပြီး အသည်းအသန်ဖြစ်လို့ တစ်ခါ ကယ်ခဲ့ရသလို၊ တတိယတစ်ကြိမ်မှာလည်း စိတ်လှုပ်ရှားပြီး မောလို့ အသက်ပြန်ကယ်ခဲ့ရပြန်တယ်။ ဒါပေမဲ့ မနေ့ကတော့ ကံကြမ္မာက Milo ကို ကျွန်တော်တို့ဆီကနေ အပြီးအပိုင် ခေါ်ဆောင်သွားခဲ့ပါပြီ။ Spa မှာ ၃ နာရီလောက် ကြာသွားတဲ့အချိန်မှာ လူဝင်ကြည့်လို့ မရတာကြောင့် Milo ဘယ်လောက်တောင် မောနေရှာမလဲဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး။ အသည်းအသန်ဖြစ်ပြီး ဆေးခန်းကို ရောက်လာချိန်မှာ လိုအပ်တာတွေ အကုန်လုပ်ပေးနေတုန်း၊ ကျွန်တော့်ကောင်မလေးက "Milo ကို နိုင်ငံခြားသွားရင် စိတ်မချဘူး" လို့ သူ့နားမှာ ပြောနေခဲ့တယ်။
ကျွန်တော် အိမ်သာထဲ ခဏဝင်သွားတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ Milo ဟာ အသက်ပျောက်သွားခဲ့ပါတယ်။ တစ်မိသားစုလုံး ယူကြုံးမရ ဖြစ်ခဲ့ရသလို၊ Spa ပို့မိလို့၊ ကျွန်တော်ကိုယ်တိုင်လည်း Milo အခြေအနေသိရဲ့သားနဲ့ Spa ကို သေချာမမှာမိလို့ ဆိုတဲ့ နောင်တတွေနဲ့ အားလုံး မျက်ရည်ကျခဲ့ရတယ်။ ညတွင်းချင်းပဲ တညင်ဘက်ကို ကားမောင်းပြီး သူ့ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့ရပါတယ်။ မနက် ၄ နာရီလောက်မှာ ခဏလေး မှေးခနဲ အိပ်ပျော်သွားချိန်မှာ ထူးဆန်းတဲ့ အိမ်မက်တစ်ခု မက်ခဲ့တယ်။ Milo လေး ဆေးခန်းတံခါးကို တွန်းဖွင့်ပြီး လမ်းလျှောက်ဝင်လာတယ်။ ကျွန်တော့်ရှေ့မှာ ရပ်ပြီး သူက ပြောရှာတယ်... "သား အသက်ရှူမဝတော့လို့ ထွက်သွားတာပါ၊ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး၊ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့၊ သားကြောင့် မျက်ရည်ကျတာ သားမလိုချင်ဘူး" တဲ့။ အဲ့ဒီစကားလေး ပြောပြီး သူချစ်တဲ့ အိမ်ဘက်ကို လှည့်ထွက်သွားခဲ့တယ်။
အိမ်မက်ကနေ လန့်နိုးလာတဲ့အချိန်မှာ ကျွန်တော် မျက်လုံးတောင် မဖွင့်ရဲခဲ့ဘူး။ တိရစ္ဆာန်လေးတစ်ကောင်က လူလိုစကားပြောပြီး အိမ်မက်ပေးတာဟာ ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ်ပါပဲ။ အခုတော့ Milo လေးရေ... ဆေးခန်းရောက်ရင် ဆေးထိုးမှာ ကြောက်စရာမလိုတော့ဘူးနော်။ ဆရာ့ကိုတွေ့ရင် မောပြစရာလည်း မလိုတော့သလို၊ လျှာလေးတွေ ပြာနှမ်းပြီး အသက်တစ်ရှိုက်အတွက် ရုန်းကန်နေစရာလည်း မလိုတော့ပါဘူး။ ကောင်းကင်ဘုံမှာ မင်းအကြိုက်ဆုံး လက်ဖက်ရည်ဆိုင်လေးတွေ ရှိနေပါစေဦး။

အဲ့ဒီမှာ မောပန်းခြင်းမရှိဘဲ အသက်ကို ဝဝရှူရင်း၊ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ကြီး ပြေးလွှားဆော့ကစားနေပါတော့ Miloရေ။

ပန်းဘဲတန်းရပ်ကွက်ကသူတွေ ကလေးတွေကိုသတိထားကြပါ   ပေးကြပါအုန်း ကလေးတွေ အတွက် ကူညီလို့ရအောင်
03/02/2026

ပန်းဘဲတန်းရပ်ကွက်ကသူတွေ ကလေးတွေကိုသတိထားကြပါ
ပေးကြပါအုန်း ကလေးတွေ အတွက် ကူညီလို့ရအောင်

21/12/2025

Canine Distemper Virus
#ကျောက်ရောဂါ(CDV) ဆိုတာဘာလဲ??
CDV ဆိုတာ ကူးစပ်လွယ်တဲ့ ဗိုင်းရက်စ် ရောဂါ တစ်မျိူးဖြစ်ပြီး ဒီရောဂါသည် အသက်ရူလမ်းကြောင်း၊အူလမ်းကြောင်းနဲ့ အာရုံကြောကို အဓီကထား သက်ရောက်တဲ့ရောဂါဖြစ်ပါတယ်။ ဒီရောဂါက ခွေးလေးတွေမှာသာမက ဝံပုလွေ၊မြေခွေး စသည့် တိရစ္ဆာန်များမှာလဲ ဖြစ်ပွါးပါတယ်။
ကူစက်ခံရလျှင် လူများကဲ့သို့ အအေးမိခြင်း၊နှာစေးခြင်း၊ချောင်းဆိုးခြင်း၊ဖျားခြင်း အပြင်နှာရည်ကျခြင်းများ တွေ့ရပါတယ်။

္ခာတွေကဘာတွေလဲ????
နှာရည်ယိုခြင်း၊ချောင်းဆိုးခြင်း၊အစားစားချင်စိတ်မရှိခြင်း၊ဝမ်းသွားခြင်း၊အော့အန်ခြင်း၊လေးလံထိုင်းမှိုင်းခြင်း၊အဖျားတက်ခြင်း၊မျက်လုံးမှ အဝါရောင်ကဲ့သို့မျက်ချေးများထွက်ခြင်း၊မျက်စိရောင်ခြင်း၊အာရုံကြောထိခိုက်၍မျက်လုံးကွယ်ခြင်း၊စက်ဝိုင်းကဲ့သို့လည်နေခြင်း၊ခေါင်းစောင်းခြင်း၊ကြွက်သားများ မထိန်းချုပ်နိုင်ခြင်း၊တက်ခြင်း၊မေးရိုးများရိုက်ခြင်း၊အကြောသေခြင်း စသည့် ရောဂါလက္ခာပြင်းထန်မူ၊မပြင်းထန်မူ ပေါ်မူတည်ပြီးတွေ့ရပါတယ်။

ြစ်စေရတဲ့အကြောင်းအရင်းကဘာလဲ???
ကျောက်ရောဂါ သည် လေကနေတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်သောရောဂါဖြစ်ပါတယ်။ ကျောက်ရောဂါဖြစ်ပွါးနေသော ခွေးလေးတွေနဲ့ ခွေးပေါက်စလေးတွေမှ ချောင်းဆိုးခြင်း၊နှာချေခြင်းကနေတစ်ဆင့် လေထဲတွင်ရောဂါပိုးများကနေ ပေ၂၀မှာရှိတဲ့ ကျန်းမာရေးကောင်းမွန်နေတဲ့ ခွေးလေးတွေကိုတောင် ကူးစက်နိုင်ပါတယ်။
#ဘယ်လိုမျိူးကူးစက်နိုင်သလဲ???
တိုက်ရိုက်ထိတွေ့ဆော့ကစားခြင်း၊ရောဂါကူးစက်ခံထားရသောခွေးလေးများမှ နှာချေခြင်း၊ချောင်းဆိုးခြင်းကနေ အမှုန်အမွှားများ လေထဲကတစ်ဆင့် ကူးစက်ခြင်း၊ အစာခွက်၊ရေခွက်၊အရုပ်နှင့် အခြားအသုံးအဆောင်ပစွည်းများက တစ်ဆင့်ကူးစက်ခြင်း၊ရောဂါကူးစက်ခံရသော ကိုယ်ဝန်ဆောင်မိခင်က အချင်းမှတစ်ဆင့်သန္ဓေသားကို ကူးစက်ခြင်းကနေ ကူးစက်နိုင်ပါတယ်။ ထို့အပြင် ကာကွယ်ဆေးမထိုးရသေးသော ကာကွယ်ဆေးမစုံသေးသောကလေးများတွင်လဲ ကူးစက်နိုင်ခြေများပါတယ်။

ောဂါကိုဘယ်လိုမျိူးသိရှိနိုင်မလဲ????
မြန်မာနိုင်ငံတွင် test kitနှင့် အလွယ်တကူ စစ်နိုင်ပြီး သိရှိနိုင်ပါတယ်။
တစ်ခါတစ်ရံတွင် ကျောက်ရောဂါ လက္ခဏာများသည် တစ်ခြားသော အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါများနှင့်ဆင်တူသောကြောင့်ကာကွယ်ဆေး မထိုးရသေးသော ကာကွယ်ဆေးမစုံသေးသော ကလေးများတွင် နှာရည်ယိုခြင်း၊မျက်ရည်ယိုခြင်း၊ချောင်းဆိုးခြင်းမျာတွေ့ရပါက CDV ရှိမရှိ ချက်ချင်းစစ်သင့်ပါတယ်။

ောဂါကိုဘယ်လိုမျိူးကုသနိုင်သလဲ???
ကျောက်ရောဂါကို ကုသနိုင်တဲ့ဆေး မရှိပါ သို့သော်လည်း ကျောက်ရောဂါကြောင့် ဖြစ်သောနောက်ဆက်တွဲ လက္ခဏာများနှင့် ခန္ဓာကိုယ်ခုခံအားကောင်းအောင်ပြုလုပ်ပြီး ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။
ထိုအပြင် နောက်ဆက်တွဲ ရောဂါများအတွက် antibiotic (ပိုးသတ်ဆေး)များ ပေးခြင်း ၊ ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးမူနှင့် ဝမ်းသွားခြင်း ၊အန်ခြင်းများအတွက် (IV) dripများ ချိတ်ခြင်း၊အန်ခြင်း၊ဝမ်းသွားခြင်း အတွက် အအန်သက်သာဆေးများ၊ အစာအိမ်ဆေးများပေးခြင်း အပြင် ရောဂါလက္ခဏာပြင်းထန်ခြင်းကြောင့်ဖြစ်သော တက်ခြင်းအတွက် အတက်သက်သာစေသောဆေးများပေးခြင်း၊အာရုံကြောနဲ့ဆိုင်သော နောက်ဆက်တွဲ ပြသနာများအတွက် အာရုံကြောဆေးများပေးခြင်း များပြုလုပ်နိုင်ပါတယ်။

ြစ်ပွါးသောကလေးများပြန်ကောင်းလာနိုင်သလား????
ကလေးအသက်အရွယ်၊ကိုယ်ခံအား၊ရောဂါရဲ့ပြင်းထန်မူနှင့် ရောဂါမပြင်းထန်ချိန် ကုသမူ စသည့်အချက်တွေပေါ်မှာ မူတည်၍ ပြန်လည်ကောင်းမွန်လာသောကလေးများစွာလဲ ရှိပါတယ်။
ရောဂါမှပြန်လည်ကောင်းမွန်လာသောကလေးများတွင်လဲ ကူးစက်ခံရသော ရောဂါ၏ ပြင်းထန်မူ၊မပြင်းထန်မူပေါ်မူတည်ပြီး နောက်ဆက်တွဲ ဆိုးကျိူးများစွာလဲရှိပါတယ်။
ရောဂါမပြင်းထန်ဘဲ ပြန်ကောင်းလာတဲ့ကလေးများတွင် ခြေဖဝါးလေးများမာလာခြင်းနှင့်သွားနှင့်ဆိုင်တဲ့ ပြသာနာတွေတွေ့ရတတ်ပါတယ်။
ရောဂါပြင်းထန်ပြီး ပြန်ကောင်းလာတဲ့ ကလေးတွေမှာတော့ နောက်ဆက်တွဲ အနေဖြင့် တက်ခြင်း၊ကြွက်သားများ မထိန်းချုပ်နိုင်ခြင်း များကို တစ်သက်လုံးတွေ့ရနိုင်ပါတယ်။
နာတာရည်အနေနဲ့ အသက်ရူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြသာနာတွေ အစာအိမ်အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ပြသာနာတွေ တွေ့ရနိုင်ပါတယ်။

ောဂါဖြစ်ပွါးသောကလေးများဘယ်လောက်ရာခိုင်နှူန်းပြန်လည်ကောင်းမွန်လာနိုင်သလဲ??
ရောဂါမပြင်းထန်-အသက်အရွယ်၊ကလေးရဲ့ခုခံအားကောင်းနေလျှင်၊ကုသမူစောစီးစွာ ခံယူရလျှင် ပြန်လည်ကောင်းမွန်လာနိုင်ခြေများပါတယ်။
ရောဂါပြင်းထန်မူ-နောက်ဆက်တွဲအာရုံကြောနဲ့ဆိုင်တဲ့ ပြသာနာများ ပါရှိလျှင် ပြန်လည်ကောင်းမွန်လာနိုင်ခြေ ရှိသော်လည်း ရာခိုင်နှုန်းအလွန်နည်းပါတယ်။
ငယ်သောကလေးများ ကာကွယ်ဆေးမထိုးရသေးတဲ့ကလေးများ မှာတော့ သေဆုံးနိုင်ခြေမြင့်မားပါတယ်။

#ပြန်လည်ကောင်းမွန်လာသောကလေးများကိုဘယ်လိုပြုစုစောင့်လျှောက်မူတွေလိုအပ်သလဲ????

အစာခြေလွယ်သောအစာများ-CDV ကူးစက်ခံရပြီးနောက်ခွေး၏ အစာခြေစနစ်သည် အားနည်းနိုင်ပါတယ် ထိုကြောင့် အစာခြေလွယ်သော အစာများ ကျွေးခြင်း(ကြက်သားရင်ပုံ၊ဟင်းသီး ဟင်းရွက်ပြုတ်)
နှင့် ဗီတာမင်နှင့်သတ္ထူဓာတ်များပါသော အဟာရဖြည့်စွက်စာများကိုဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ကျွေးသင့်ပါတယ်။ရေဓာတ်ပြည့်ဝစေရန်အတွက် ရေသန့်တိုက်ပေးခြင်း
အနားယူခိုင်းခြင်း-ပြန်လည်ကောင်းမွန်လာချိန်တွင် ခွေးလေးများ အားနည်းနေနိုင်ပါတယ် ထို့ကြောင့် ဆော့ကစားခြင်းများမပြူလုပ်ရန် သေချာဂရုစိုက်ရပါမယ်။
နောက်ဆက်တွဲပြသာနာများကိုစောင့်ကြည့်ခြင်း-ပြန်လည်ကောင်းမွန်လာတဲ့ကလေးတွေကို နောက်ဆက်တွဲရောဂါလက္ခဏများအတွက် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီးသွေးစစ်ခြင်းများပြုလုပ်ခြင်း၊

အာရုံကြောလက္ခဏများကျန်ခဲ့သောကလေးများအတွက် အာရုံကြောအားဆေးများတိုက်ခြင်း၊ကြွက်သားများ မထိန်းချူပ်နိုင်ခြင်းအတွက် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ခုခံအားကောင်းစေရန် အားဆေးများတိုက်ခြင်း (omega3) ၊ အစာအိမ်အူလမ်းကြောင်းအတွက် probiotic များတိုက်ခြင်း၊ သွားကျန်းမာရေးအတွက် supplements များတိုက်ခြင်း များကို မိမိသဘောဆန္ဒအတိုင်းမပြုလုပ်ဘဲဆရာဝန်ဖြင့် သေချာဆွေးနွေးတိုင်ပင်ပြီး ပြုလုပ်သင့်ပါတယ်။
Dr Shan

21/12/2025

Parvovirus in dog( သွေးဝမ်းရောဂါ)

#သွေးဝမ်းရောဂါဆိုတာဘာလဲ???

သွေဝမ်းရောဂါဆိုတာခွေးတွေမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အလွယ်တကူ ကူးစက်လွယ်သော ရောဂါဖြစ်ပါတယ်။ သွေးဝမ်းရောဂါဟာ ခွေးတွေမှာပုံစံ၂မျိူး(နှလုံးနဲ့ ဆိုင်တဲ့အပိုင်းရယ် ၊အစာအိမ်အူလမ်းကြောင်းနဲ့ဆိုင်တဲ့အပိုင်း)ကို အဓီကဖြစ်ပွါးပါတယ်၊
ပထမတစ်မျိူးဖြစ်တဲ့ နှလုံးနဲ့ဆိုင်တဲ့အပိုင်းကိုသက်ရောက်တာကတော့တွေ့ရနည်းပြီး ဒီရောဂါပိုးက နှလုံးကြွက်သွားတွေကို အဓီကထားတိုက်ခိုက်ပြီးအသက်၈ပတ်အောက်ကလေးတွေ့ရတတ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ အစာအိမ်အူလမ်းကြောင်းကို အဓီကသက်ရောက်ပြီး ခွေးလေးတွေရဲ့အသက် ၆ပတ်ကနေ ၆လအတွင်း အတွေ့များပါတယ်။

#သွေးဝမ်းရောဂါဘယ်လိုကူးစပ်သလဲ???

တိုက်ရိုက်ကူးစပ်ခြင်း(ခွေးငယ်လေးတွေမှာ သွေးဝမ်းရောဂါဖြစ်နေတဲ့ခွေးများဖြင့်တိုက်ရိုက်ထိတွေ့ခြင်းမစင်များနဲ့ထိတွေ့မိခြင်း၊နမ်းမိခြင်း၊လျှက်မိခြင်း၊ဆော့ကစားခြင်း၊အစာခွက်တူတူစားမိခြင်း)

ကြားခံမှတစ်ဆင့်ကူးစပ်ခြင်း(ရောဂါဖြစ်ပွါးနေသောခွေးများကိုလူကနေတစ်ဆင့်ကိုင်တွယ်ထိတွေ့ ကူးစပ်ခြင်း အဝတ်အစား၊ဖိနပ်၊ကြမ်းပြင်၊ခွေးခြံ၊Pet spa၊အစာခွက်၊ရေခွက်)

#သွေးဝမ်းလက္ခာများ

သွေးဝမ်းရောဂါကူးစက်ခံရသောကလေးများတွင် ၃ရက်မှ ၁၀ရက်အတွင်း
-ဝမ်းသွားခြင်း(သွေးပါခြင်း၊ပုံမှန်ဝမ်းအနံထပ်ပိုနံခြင်း)

-အန်ခြင်း
-လေးလံထိုင်းမှိုင်းခြင်း
-အဖျားတက်ခြင်း
-အားအင်ကုန်ခမ်းခြင်း
-အစာစားခြင်စိတ်မရှိခြင်း
-ခန္ဓာကိုယ်အလေးချိန်ကျခြင်း
-ရေဓာတ်ခမ်းခြောက်ခြင်း များတွေ့ရပါတယ်။
ဒီလိုလက္ခာတွေ တွေ့ရလျှင်နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို ချက်ချင်းသွားရောက်ကုသမူခံယူသင့်ပါတယ်။ သွေးဝမ်းရောဂါဖြစ်လျှင် ကုသမူမခံယူသောကလေးများတွင် သေဆုံးနိုင်ခြေ(၉၀%)အထက် ရှိပါတယ်။

သွေးဝမ်းလက္ခာရှိ မရှိဘယ်လိုသိနိုင်မလဲ???
ဆေးရုံ၊ဆေးခန်းတွေမှာ Parvo test kit နဲ့ စစ်ဆေးနိုင်ပါတယ်။

#ဘယ်လိုမျိုးကုသနိုင်မလဲ??

သွေးဝမ်းရောဂါကို တိုက်ရိုက်ကုသနိုင်တဲ့ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ဝမ်းလျှောခြင်းနှင့်အန်းခြင်းကြောင့် ရေဓာတ်ဆုံးရှုံးမှုကိုပြန်လှည်ဖြည့်တင်းနိုင်ရန် သွေးကြောမှတစ်ဆင့် IV fluids dripပေးခြင်း၊Antibiotic (ပဋိဇိဝဆေးဝါးများပေးခြင်း)၊antibiotics ဆေးဝါးများသည် သွေးဝမ်းရောဂါပိုးကို မသတ်နိုင်သော်လဲ ဘက်တီးရီးယားကြောင့်ဖြစ်သောနောက်ဆက်တွဲ ရောဂါပိုးများအတွက်ပေးခြင်း၊ အအန်သက်သာစေသောဆေးများပေးခြင်းများဖြင့် သက်သာအောင်ကုသနိုင်ပါတယ်။

သတိပြုသင့်သောအချက်မှာ- သွေးဝမ်းဖြစ်နေသောကလေးများသည်အစာ မစားနိုင်သောကြောင့် ပထမဆုံးအနေဖြင့် ရေ၊အစာပျော့များကို ဆေးထိုးပြွန်ဖြင့် အနည်းငယ် မိနစ်ခြားပြီး စမ်းသပ်ကျွေးသင့်ပါတယ် ထိုသို့ကျွေးနေစဉ်အတွင်း ချက်ချင်းအန်ခြင်း၊ဝမ်းသွားချင်းများ ခနခနဖြစ်နေပါက ကျွေးတာကိုရပ်သင့်ပြီး အစာအိမ်အူလမ်းကြောင်းကိုအနားပေးပြီး အနည်းဆုံး၁၂နာရီမှ ၂၄နာရီ fasting ပြုလုပ်သင့်ပါတယ်။ဤအချိန်သည် အရေးကြီးဆုံးသောအချိန်ဖြစ်သည့်အတွက် မိမိ၏ သဘောဆန္ဒအတိုင်း ကလေးကိုစိုးရိမ်လွန်၍ အစားအမြောက်အများကျွေးခြင်း၊အိမ်တွင်းကုထုံးများပေးခြင်းများ မပြုလုပ်မိစေရန် အထူးဂရုစိုက်သင့်ပါသည်။
-ခွေးလေးများတွင် ရောဂါအခြေနေပြင်းထန်မူပေါ်မူတည်ပြီး ၇ရက်မှ၁၀ရက်အချိန်ယူ၍ သေချာကုသလျှင် အသက်ရှင်နိုင်မူသည်၅၀%မှ၉၀% ထိရှိသောကြောင့် သေချာဂရုစိုက် ကုသမူခံယူသင့်ပါတယ်။

#သွေးဝမ်းရောဂါသက်သာပြီးနောက်ဘယ်လိုမျိုးပြုစုစောင့်ရှောက်ရမလဲ???

-သက်သာလာသောကလေးများကို ၂ပတ်မှ၄ပတ်အတွင်း public areasများခေါ်သွားခြင်း ၊တစ်ခြားခွေးများဖြင့်ထိတွေ့ချင်းကိုရှောင်းရှားသင့်ပါတယ်။
-ခွေးလေးများသည် သွေးဝမ်းရောဂါဖြစ်နေစဉ်အတွင်း အစားမစားရသောကြောင့် အလွန်ဗိုက်ဆာတတ်ကြပါတယ် ထိုအချိန်တွင် တစ်ဆက်တည်း အစားအမြောက်အများကျွေးချင်းကိုရှောင်ရှားရပါမယ်။(အစားအနည်းငယ်ကို မိနစ်ခြား နာရီခြား၍သာကျွေးသင့်ပါတယ်)
-ရေအလွန်အကျွံတိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
-ခွေးလေးများ အီးအီးပါသောနေရာများကို သေချာပိုးသတ်ဆေးဖြန်းခြင်း(သွေးဝမ်းရောဂါပိုး မပြန့်ပွါးစေရန်ကာကွယ်ခြင်း) အဘယ်ကြောင့်ဆိုသော သွေးဝမ်းရောဂါပိုးသည် မြေကြီးထဲတွင် လချီ ၊နှစ်ချီနေနိုင်သောကြောင့်ဖြစ်ပါတယ်။
-အိမ်တွင်သက်တောင့်သက်သာထားခြင်း
-မိမိအိမ်တွင်ရှိသော ကာကွယ်ဆေးမထိုးရသေးသောကလေးများနှင့်ခွဲထားခြင်း၊
သွေးဝမ်းရောဂါဖြစ်ပွါးသောကလေးပြန်လည်ကောင်းမွန်လာပါက သွေးဝမ်းကာကွယ်ဆေးကို ၂ပတ်သို့မဟုတ်၄ပတ်ကြာပြီးမှ ထိုးသင့်ပါတယ်။

#သွေးဝမ်းရောဂါဖြစ်သောခွေးလေးများပြန်ကောင်းမွန်လာနိုင်သလား???

ရောဂါစတင်ကူးစက်ခံရလျှင် နီးစပ်ရာဆရာဝန်ဖြင့်ချက်ချင်းကုသနိုင်လျှင် ပြန်လည်ကောင်းမွန်လာနိုင်ခြေများပါတယ်။အသက်၂ပတ်အောက်ကလေးများကတော့ အန္တရယ်ပိုများနိုင်ပါတယ်။
သတိပြူရမည့်အချက်ကတော့ အိမ်တွင်းကုထုံးများဖြင့်ကုသ၍ နောက်ကျလျှင်အသက်ဆုံးရှုံးနိုင်ခြေများနိုင်ပါတယ်)

#သွေးဝမ်းရောဂါဘယ်လိုကာကွယ်ရမလဲ???
-
သွေးဝမ်းရောဂါ ကာကွယ်ဆေးထိုးထားခြင်းသည်အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါတယ်။(အသက်ငယ်သောကလေးများတွင် အသက်၄၅ရက်သားမှ စ၍ ကာကွယ်ဆေးကို ၂ကြိမ် သို့မဟုတ်၃ကြိမ် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေး ထိုးသင့်ပြီးနှစ်စဉ် တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးသင့်ပါတယ်။
-ကာကွယ်ဆေးမစုံသေးသော ကလေးများကို အပြင်ခေါ်သွားခြင်း ၊တစ်ခြားခွေးများနှင့်ဆော့ကစားခြင်း ၊Spaများတွင် ရေချိူးပေးခြင်းများရှောင်ရှားသင့်ပါတယ်။

Dr.Shan

21/12/2025

worm Disease
#နှလုံးသန်ရောဂါအကြောင်း

#နှလုံးသန်ရောဂါဆိုတာဘာလဲ

နှလုံးသန်ရောဂါဆိုတာ Dirofilaria immitis လို့ခေါ်တဲ့ သန်ကောင်တစ်မျိူးကြောင့် ဖြစ်ပွါးပြီး ခွေးလေးတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိူးဖြစ်ပါတယ်။ထိုသန်ကောင်တွေက ခွေးလေးတွေရဲ့ နှလုံး အဆုတ်သွေးကြောနဲ့ သွေးလှည့်ပတ်မူစနစ်တွေမှာနေထိုင်ပြီးကြီးထွားလာကာ ပြင်းထန်ပြီး သေစေနိုင်သောကျန်းမာရေး ပြသနာတစ်ခုဖြစ်ပါတယ်။

#နှလုံးသန်ဘယ်လိုကူးစက်သလဲ?

နှလုံးသန်ရောဂါဟာ ခြင်ကိုက်ရကနေတစ်ဆင့် ကူးဆက်တာဖြစ်ပါတယ်။ နှလုံးသန်ရှိတဲ့ ခွေးကို ကိုက်လိုက်တဲ့ခြင်ဟာ microfilariae လို့ခေါ်တဲ့ baby worm သန်ကောင်လေးတွေကို သယ်ဆောင်ပြီး ခြင်မှာ သားလောင်းအဆင့်ပေါက်ဖွားပြီး တစ်ခြားခွေးများကို ကိုက်ခြင်းကနေ ထိုသားလောင်းတွေက ကူးဆက်ပေါက်ဖွားပြီး နှလုံးသန် ဖြစ်လာတာဖြစ်ပါတယ်။ထိုမှတစ်ဆင့်သန်ကောင်များ များလာပြီး နှလုံးနဲ့ သွေးကြောတွေထဲမှာ နေထိုင်ကြပါတယ်။

#နှလုံးသန်ကောင်တွေဟာဘယ်လောက်ထိအသက်ရှင်နိုင်သလဲ??

နှလုံးသန်ကောင်ဟာ သားလောင်းအဆင့်ကနေ အရွယ်ရောက်ဖို့ ၆လလောက်ကြာပါတယ်။အရွယ်ရောက်တဲ့သန်ကောင်တွေဟာ ခန္ဓာကိုယ်ထဲမှာ ၅နှစ်ကနေ၇နှစ်လောက်ထိ အသက်ရှင်နေနိုင်ပါတယ်။

#ရောဂါလက္ခာတွေကဘာတွေလဲ?

၁-ပထမအစောဆုံးအဆင့်

ပထမအစောပိုင်း အဆင့်မှာ ဆိုလျှင် ရောဂါကူးစက်ခံရပြီး လအနည်းငယ်အတွင်း လက္ခာမပြဘဲရှိနေနိုင်ပါတယ်။

၂-အလယ်အလတ်အဆင့်

အလယ်အလတ်အဆင့်မှာဆိုလျှင် ချောင်းဆိုးခြင်း(လေ့ကျင့်ခန်းလုပ်ပြီးနောက်)၊မအီမသာဖြစ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊အစားစားခြင်စိတ်မရှိခြင်း၊ချောင်းဆိုးခြင်း၊လှုပ်ရှားမူနည်းခြင်း၊အသက်ရူမြန်ခြင်း၊

၃-ပြင်းထန်အဆင့်

ပြင်းထန်တဲ့အဆင့်မှာဆိုလျှင် သွေးအန်ခြင်း၊ဗိုက်ဖောင်းခြင်း(အသည်း၊ကျောက်ကပ်ပျက်စီးခြင်င်း)သတိလစ်ခြင်း၊တက်ခြင်း၊သေဆုံးခြင်းများဖြစ်နိုင်ပါတယ်။
သန်ကောင်တွေများလာပြီဆိုလျှင် နှလုံးထဲသွေးစီးဆင်းမူကိုနှောက်ယှက်ပြီး Heart attack ရပြီး အသက်ရူကြပ်ခြင်း၊ သွားဖုံးများဖြူလာခြင်း ၊သွေးအရောင် သို့မဟုတ် ကော်ဖီအရောင်ကဲ့သို့ဆီးသွားပြီး အသက်သေဆုံးမူဖြစ်စေနိုင်ပါတယ်။

#နှလုံးသန်ရှိမရှိဘယ်လိုသိနိုင်မလဲ???

ဆေးရုံ၊ဆေးခန်းဆွေမှာ နှလုံးသန် ရှိမရှိ test kitမှာနဲ့ စစ်ဆေးနိုင်ပါတယ်။

#နှလုံးသန်မရှိအောင်ဘယ်လိုကာကွယ်ရမလဲ????

နှလုံးသန်ချဆေး လစဉ်တိုက်ပေးခြင်း၊နှလုံးသန်ချဆေး လစဉ်ထိုးပေးခြင်း၊ နှလုံးသန်ချဆေး နှစ်စဉ်ထိုးပေးခြင်း(ProHeart) ၊ထိုပြင် simparica trioတို့ဖြင့်ကာကွယ်နိုင်ပါတယ်။

#နှလုံးသန်ကာကွယ်ဆေးတိုက်နေရင်ရောနှလုံးသန်စစ်စရာလိုပါသလား??

လိုအပ်ပါတယ်။ ခွေးလေးတွေမှာ နှစ်စဉ် တစ်နှစ် တစ်ခါ နှလုံးသန် ရှိ မရှိစစ်သင့်ပါတယ်။
အသက်၃-၇လအောက် ခွေးပေါက်စလေးတွေမှာ နှလုံးသန် စစ်စရာမလိုဘဲ နှလုံးသန်ကာကွယ်ဆေး စတိုက်နိုင်ပါတယ်။(ဘာကြောင့်လဲဆိုတော့ နှလုံးသန်ကူးစပ်ခံရလျှင်တောင် နှလုံးသန်ရှိ မရှိ စစ်ဖို့ အနည်းဆုံး၆လ ကြာမှ သိရမှာဖြစ်လို့ပါ) ဒါပေမယ့် ၆လကြာရင်တော့ နှလုံးသန်ရှိမရှိ စစ်သင့်ပါတယ်။
အသက်၇လ အထပ် အရွယ်ရောက်ပြီး နှလုံးသန်ကာကွယ်ဆေး မတိုက်ထားလျှင် နှလုံးသန်ချဆေး စတိုက်မည်ဆိုလျှင် စစ်သင့်ပါတယ်။ထိုနောက် ၆လ နဲ့ ၁နှစ်နောက်ပိုင်းမှာ နှစ်စဉ် နှလုံးသန်ရှိမရှိ စစ်သင့်ပါတယ်။
ဘာလို့စစ်သင့်သလဲ??
နှလုံးသန်ချဆေးများဟာ အကျိူးသက်ရောက်မူရှိသော်လည်း လစဉ်မတိုက်ဘဲ လကျော်သွားခြင်း၊ပုံမှန်မတိုက်ဘဲ ရက်ကျော်သွားခြင်း၊ဆေးတိုက်သောချိန်တွင် ဆေးမဝင်ဘဲ ထွေးထုတ်ခြင်း၊အန်လိုက်ခြင်း၊ ဆေးထားသိုပုံမမှန်ကန်၍ ဆေးအာနိသင်လျော့ခြင်းများရှိပါက နှလုံးသန်ဖြစ်ပွါးနိုင်ပါတယ် ။ထို့ကြောင့် နှလုံးသန်ချဆေးတိုက်နေပါသော်လည်း တစ်နှစ်တစ်ခါပုံမှန် စစ်နိူင်လျှင် ပိုစိတ်ချရနိုင်ပါတယ်။

#နှလုံးသန်ရှိတဲ့ကလေးတွေကိုဘယ်လိုမျိူးပြုစုစောင့်ရှောက်ရမလဲ???

ဘယ်သူ့ကမှ ကိုယ့်ခွေးလေးတွေမှာနှလုံးသန်ရှိတာကို မနှစ်သက် မကြားခြင်ပါဘူး သို့သော်မယ့်လဲ ကလေးတွေမှာ နှလုံးသန်ရှိနေသော်လည်း ဘာလက္ခာမှမပြသေးဘဲ သိရှိလျှင် ကုသနိုင်လျှင် ပျောက်ကင်းနိုင်ခြေများပါတယ်။
နှလုံးသန်ရှိတဲ့ကလေးများကို လေ့ကျင့်ခန်းလုပ်ခြင်းကို ထိန်းချူပ်ရပါမယ် အဘယ့်ကြောင့်ဆိုတော့ လေ့ကျင့်ခန်း အလွန်ကျွံ လုပ်ခြင်းက နှလုံးနဲ့ အဆုတ်ကို ပျက်စီးစေနိုင်သောကြောင့်ဖြစ်ပါတယ်။တစ်ချို့လှုပ်ရှားမူများတဲ့ ခွေးလေးတွေမှာ ထိန်းချူပ်ရခက်သော်လည်း ရောဂါပြင်းထန်လာတာနဲ့အမျှ အန္တရယ်ပိုရှိစေနိုင်သောကြောင့်ဖြစ်ပါတယ်။

#ကုသမူခံယူပါ

နှလုံးသန်ဖြစ်လျှင် နှလုံးသန်ကုရန်ဆေးများရှိသည့်အတွက် ကလေးအခြေနေပေါ်မူတည်ပြီးဆရာဝန်ဖြင့် သေချာဆွေးနွေးတိုင်ပင်ပြီး ကုသမူခံယူသင့်ပါတယ်။
-ဆေးများကတော့ကလေးအခြေအနေအသက်အရွယ်တစ်ခြားရောဂါရှိမူမရှိဘူးပေါ်မူတည်၍သုံးသောဆေးဝါးများရှိသောကြောင့် အိမ်တွင်ကုသမူမပြုလုပ်ရန်အထူးအရေးကြီးသောကြောင့်ကုသဆေးများကိုမဖော်ပြတော့ပါ။

ခွေးလေးတွေရဲ့ ကျန်းမာရေးကို တည် ငြိမ်အောင်ပြူလုပ်ပါ
တစ်ချို့ခွေးလေးတွေမှာ တစ်ခြားသောရောဂါများရှိနေပါက နှလုံးသန်ရောဂါမကုသခင် တစ်ခြားရောဂါများကို တည်ငြိမ်အောင်ပြုလုပ်ပြီးမှ နှလုံးသန်ရောဂါကုသမူကိုပြူလုပ်သင့်ပါတယ်။
လက္ခာမပြသော ၊ချောင်းဆိုးခြင်း၊လှုပ်ရှားရခက်ခြင်းကဲ့သို့ လက္ခာရှိသော ကလေးများသည် ကုသမူအောင်မြင်နိုင်ခြေမြင့်မားပါတယ်။
ပြင်းထန်သောရောဂါလက္ခာရှိတဲ့ကလေးတွေကို ကုသနိုင်သော်လည်းနောက်ဆက်တွဲပြသနာ ဖြစ်နိုင်ချေများပါတယ်။

#ကုသမူအောင်မြင်ပါကဘယ်လိုမျိူးပြူစုစောက်ရှောက်ကာကွယ်ရမလဲ??
ကုသမူပြီးပါက ၆လအကြာတွင် နှလုံးသန် ပျောက်ကင်းကြောင်းသေချာအောင် စစ်ဆေးရပါမယ်။
နှလုံးသန်ပြန်မဖြစ်စေရန် နှလုံးသန်ချဆေးလစဉ်တိုက်ရပါမယ်။
Dr Shan

Address

South Race Course Stress
Yangon
11211

Alerts

Be the first to know and let us send you an email when Dr.Shan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share