16/07/2026
Workplace Mindfulness
အလုပ်အကြောင်း မတွေးဘဲ ခေါင်းထဲရောက်နေတယ်။
လွန်ခဲ့တဲ့ ၆လလောက်တုန်းက သဉ္ဇာ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက် သူ့အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့ အိမ်ပြန်ရောက်တဲ့အထိ စိတ်ညစ်နေရတယ်လို့ ရင်ဖွင့်လာခဲ့တယ်။
အဲ့ဒီအချိန်မှာ သဉ္ဇာ ပြန်ပြောပေးဖြစ်တာက အလုပ်မှာဖြစ်တဲ့အရာတွေကို အိမ်အထိ မသယ်လာနိုင်အောင် ကြိုးစားကြည့်ဖို့ပါပဲ။
ဒါက ပြောရတာတော့ လွယ်ပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ သိပ်မလွယ်လှဘူး။
သဉ္ဇာကိုယ်တိုင်လည်း အလုပ်ကြောင့် စိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါ အလုပ်က ကိစ္စတွေကို ကိုယ့်ရဲ့ personal timeမှာ မတွေးမိအောင် ကြိုးစားရတာ လုံးဝမလွယ်ကူဘူးဆိုတာကတော့ လက်တွေ့ပါပဲ။
ဘာလို့လဲဆိုတော့...သဉ္ဇာတို့က တစ်နေ့တာမှာ အလုပ်အတွက် (၈) နာရီလောက် အချိန်ပေးကြရတယ်။
ဒါပေမယ့်...သဉ္ဇာတို့ စိတ်ကတော့ ၈ နာရီနဲ့ အလုပ်မဆင်းနိုင်ကြဘူး။
အလုပ်က ပြီးသွားပေမယ့်...
ကိုယ်ကတော့ ပြီးသွားတဲ့ အလုပ်ကို စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြန်လုပ်နေတတ်တယ်။
တစ်ယောက်ယောက် ပြောလိုက်တဲ့ စကားတစ်ခွန်းကို ပြန်တွေးတယ်။
ကိုယ်လုပ်လိုက်တဲ့ အမှားတစ်ခုကို အခါခါ ပြန်ဝေဖန်တယ်။
မဖြစ်သေးတဲ့ မနက်ဖြန်ကို ကြိုစိုးရိမ်နေမိကြတယ်။
ဒီလိုနဲ့...အလုပ်က အပြင်မှာတော့ အလုပ်ကပြီးသွားလို့ အိမ်ပြန်ရောက်နေပေမယ့် စိတ်ထဲမှာတော့ အလုပ်ထဲက အကြောင်းအရာတွေက ဆက်ပြီး လည်ပတ်နေတုန်းပဲ။
တကယ်တမ်း...လူကို ပင်ပန်းစေတာက အလုပ်ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။
ပြီးသွားတဲ့ အဖြစ်အပျက်ကို မပြီးသေးတဲ့အရာတစ်ခုလို စိတ်က ဆက်ပြီး သယ်ဆောင်ထားမိတာကြောင့်လည်း ပါပါတယ်။
အဲ့ဒီလို အချိန်မျိုးတွေများလာတဲ့အခါ...သဉ္ဇာတို့ရဲ့ အလုပ်ဆင်းချိန်တွေဟာ အနားယူရမယ့်အချိန် မဟုတ်တော့ဘဲ အလုပ်ရဲ့ နောက်ဆက်တွဲခံစားချက်တွေကို ဆက်လက်သယ်ဆောင်ရတဲ့ အချိန်တစ်ခု ဖြစ်လာတတ်ပါတယ်။
သဉ္ဇာ့အတွက်တော့ အမြဲပြောနေကျ Mindfulnessဆိုတာ အကြောင်းအရာတွေနဲ့ စိတ်ခံစားချက်တွေကို မေ့ပစ်ဖို့ သင်ပေးတာ မဟုတ်ဘဲ
ပြီးသွားတဲ့ အရာကို ပြီးသွားတဲ့အရာအဖြစ် လက်ခံနိုင်ဖို့ သင်ပေးတာပါ။
အလုပ်ချိန်မှာ အလုပ်လုပ်ပါ။
အနားယူချိန်မှာ အနားယူပါ။
အဲ့ဒီနှစ်ခုကြားက နယ်နိမိတ်လေးကို သတိထားနိုင်လာတဲ့အခါ...
အလုပ်က ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေမယ်။
ဘဝတစ်ခုလုံးတော့ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။
သဉ္ဇာလည်း pressure တွေကြုံလာတိုင်း Mindfulness ကို အမြဲသတိတရလေ့ကျင့်ပြီး ကြိုးစားဖြစ်နေဆဲပါပဲ။
ဒီအကြောင်းအရာကနေ ကိုယ့်ရဲ့ အလုပ်ခွင်အတွေ့အကြုံတွေကို ပြန်မြင်မိတယ်ဆိုရင် သဉ္ဇာ လက်ရှိမှာ Workplace Mindfulnes Program တွေကို ပြုလုပ်ပေးနေပါတယ်။
လုပ်ငန်းခွင် ဝင်နေကြသူတွေအနေနဲ့
🔹ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေ၊ အတွေးပုံစံတွေ၊ စိတ်ခံစားချက်တွေကို ပိုနားလည်လာပြီး
🔹အလုပ်ခွင်မှာ ပိုမိုတည်ငြိမ်စွာနဲ့ ဆက်ဆံပြောဆိုနိုင်ဖို့ Mindfulness-based Approach တွေကိုသုံးပြီး လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
အသေးစိတ် သိချင်တယ်ဆိုရင် Page Messenger ကနေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။
Serina