29/09/2026
Being With You နဲ့ 11:11 Cafe & Bistro တို့ ပူးပေါင်းကျင်းပခဲ့တဲ့ "Unlearning Insecurity: Rewiring Love" Private Seminar & Emotional Wellbeing Workshop လေးကို ပြီးခဲ့တဲ့ September 26 (စနေ) နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲလေးမှာ Being With You မှ Dr. Shun Lei Oo က –
📌 "နှောင်ကြိုးတွေအကြောင်း တစေ့တစောင်း" – ဆက်ဆံရေးများတွင် ဖြစ်ပေါ်တတ်သော မလုံခြုံမှုများ၏ အဓိကဇစ်မြစ်များ
📌 Insecurity မှသည် Self-Love ဆီသို့ – စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများကို နားလည်ပြီး တစ်ဆင့်ချင်းစီ ဖြည်လျှော့နည်းများ
📌 Healthy Attachment & Boundaries – ပျော်ရွှင်ကျန်းမာသော ဆက်ဆံရေးတစ်ခုကို ပြန်လည်ပုံဖော် တည်ဆောက်နည်းများ… စသည့် ဗဟုသုတများစွာကို စိတ်ဝင်စားဖွယ် ဆွေးနွေးမျှဝေသွားခဲ့ပါတယ်။ 🌿
တက်ရောက်လာကြပြီး စိတ်ခွန်အားတွေ၊ အသိအမြင်သစ်တွေ အတူတူမျှဝေပေးခဲ့ကြတဲ့ တက်ရောက်သူတစ်ဦးချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
ရှေ့ဆက်ပြီးတော့လည်း စိတ်ချမ်းမြေ့စရာ Wellbeing ပွဲလေးတွေမှာ ပြန်လည်ဆုံတွေ့ကြရအောင်နော်။ 💗 🌸