02/06/2026
#ဓာတ်လေးပါးခြုံလုံစေသတည်း
ဆရာပွင့် ယတြာတွေမတင်တော့ဘူးလားလို့မေးနေလို့
တင်ပေးလိုက်ပါပြီ
လောကီနယ်ပယ်မှာ စဓဗဝ ဟာ ဓာတ်လေးပါးကို ကိုယ်စားပြုပါတယ်...ဘုရားလေးဆူ ဓာတ်လေးပါး ကိုယ်စားပြုပါတယ်
ဓာတ်ညီရင် ကျန်းမာရေးကောင်းတယ်
ဓာတ်ညီရင် စီးပွားရေးအဆင်ပြေမယ်
ဓာတ်ညီရင် အရာရာအောင်မြင်မယ်
မိတ်ဝင်မယ် လာဘ်ဝင်မယ်
အချစ်ရေး အိမ်ထောင်ရေး လူမှုရေး အဆင်ပြေမယ်
ဘာကိစ္စနေနေ စဓဗဝ စာမ လေးလုံးနဲ့ ကူလို့ရပါတယ်
အသုံးပြုပုံ ၄မျိုးထဲက အလွယ်ဆုံးတစ်မျိုးကို ဖော်ပြလိုက်ရပါတယ်
ကြွေပန်းကန်ပြား သန့်သန့်တစ်ချပ်မှာ
စဓဗဝ ပုံပါအတိုင်း ဆော့ပင်အနီနဲ့ရေးပြီး
စမအလည်တည့်တည့်မှာ ဖယောင်းတိုင်ထွန်း၍
ဘုရားကျောင်းဆောင်
ဧည့်ကောင်တာ
အလုပ်စားပွဲ သန့်သောအမြင့်နေရာများ၌ ထိုစမလေးလုံးအား
မီးပူဇော်ပေးပါ.....
မီးထွန်းပူဇော်နေသော အချိန်၌
စဓဗဝ ဂါထာဖြစ်သော
"စက္ခုမာစရ မာစိဏ္ဏော ၊ဓမ္မညူ ဓမ္မသာမိကော
ဗလူပေတော ဗလဒဋ္ဌော၊ ဝရဒေါဒေတု မေဝရံ"
ဟု ရွတ်ဖတ်နိုင်သလောက်ရွတ်ဖတ်ပူဇော်ပေးပါ....
ကြွေပုဂံပြား၏ ဘေးပတ်ပတ်လည်တွင် ဆုတောင်းစာများရေး၍
ည်းမီးထွန်းပူဇော်နိုင်ပါတယ်....
မူလအက္ခရာလေးလုံးကိုပူဇော်ခြင်းဖြင့်အကျိုးထူးရကြပါစေ
#ရုက္ခစိုးအကျိုးဆောင်မောင်ပွင့်
#ရွှေအက္ခရာအင်းစမပညာ