CITTA SUKHA - စိတ္တသုခ

CITTA SUKHA - စိတ္တသုခ စိတ်ပိုင်းဆိုင်ရာ၊မိသားစု၊အိမ်ထောင်ရေး၊အချစ်ရေး နှင့် အလုပ်ကိစ္စ အဆင်မပြေမှုများအတွက်ဆွေးနွေးပေးသည်။

Citta Sukha is formed to provide quality mental health care and modern psychological tools needed to live joyfully in the modern age for any Burmese speaking person.

အမျိုးသားများ counseling session ယူတဲ့အခါ(၉)ဒီတခါပြောချင်တာကတော့ provider guilt အကြောင်းပါ၊ အမျိုးသား clients တော်တော်မျ...
22/05/2026

အမျိုးသားများ counseling session ယူတဲ့အခါ(၉)

ဒီတခါပြောချင်တာကတော့ provider guilt အကြောင်းပါ၊ အမျိုးသား clients တော်တော်များများမှာ ဒီကိစ္စ ကို တွေ့ရတတ်ပါတယ်။

“နေမကောင်းရင်လဲ guilty ဖြစ်မိတယ်”
“လူတိုင်းကို စိတ်ပျက်အောင်လုပ်မိမှာ စိုးရိမ်တယ်”
“အိမ်ထောင်ဦးစီးဆိုတော့ တခုခုအဆင်မပြေရင် ကိုယ့်တာဝန်ပဲလေ”

ဒီလိုစကားတွေကို သူ့နယ်ပယ်နဲ့သူ နေရာတခုရထားတဲ့ အမျိုးသားတွေဆီကနေကြားရတာပါ။ သူတို့ရဲ့တူညီချက်က “ငါတာဝန်မကျေဘူး” ဆိုတဲ့ ခံစားချက်ကကြီးစိုးနေတာပါ။

အမျိုးသားတွေဟာ အပြင်မှာ strong and calm ဖြစ်နေပေမယ့် အတွင်းထဲမှာတော့ “ငါမလုံလောက်သေးဘူး” ဆိုတဲ့အသံက မတိတ်သွားပါဘူး။ ယောကျာ်းဆိုတာ ဘယ်လိုရှိရမယ်ဆိုတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေနဲ့ ကြီးပြင်းလာရတဲ့အခါ သူတို့ရဲ့ self-worth ကို ငါဘယ်လောက် အသုံးဝင်သလဲ၊ ဘယ်လောက်provide(ထောက်ပံပေး)နိုင်လဲ ဆိုတာနဲ့ပဲ တိုင်းတာတတ်လာကြပါတယ်။

ဒါကြောင့် ပင်ပန်းရင်တောင် မနားဘူး
အကူအညီလိုရင်တောင် မပြောရဲဘူး
မစွမ်းတဲ့သူ၊ weak ဖြစ်တဲ့သူ ဖြစ်သွားမှာကြောက်လို့။

သူတို့ကို “ဘယ်တော့ ကိုယ့်ကိုယ်ကို လုံလောက်
တယ်လို့ ခံစားရမှာလဲ” လို့ မေးကြည့်ရင်
တချို့က “ဘယ်သူ့ကို ဘာလုပ်ပေးနိုင်ရင်”
တချို့က “ ပိုက်ဆံဘယ်လောက်ရှာနိုင်ရင်”
စသည်ဖြင့် စစချင်း မတိကျတဲ့ ဝေဝေဝါးဝါးအဖြေတွေပေး တတ်ကျပေမယ့်၊ တကယ်အသေအချာအတူတူစဉ်းစားအဖြေရှာလိုက်ရင် “သေချာမသိဘူး” ဆိုတဲ့အဖြေရလေ့ရှိတာကလဲ ကိုယ့်ရဲ့ self worth ကိုတချိန်လုံး တခုခုနဲ့သက်သေပြနေရတာကြောင့်ပါ။

ကိုယ့်ကိုကိုယ်မလုံလောက်ဘူလို့ခံစားရတဲ့အဲ့ဒီ guilt ကိုချက်ချင်း ဖျောက်ဖို့ မကြိုးစားပါဘူး။ အရင်ဆုံး self worth နဲ့ဆိုင်တဲ့ core beliefတွေ ကို တဖြည်းဖြည်း challenge လုပ်ယူပြီး နောက်ပိုင်းမှာတော့ အရာအားလုံးက ကိုယ့်အပြစ်တော့မဟုတ်ဘူး ဆိုတဲ့ belief လိုတွေရှိလာအောင်အစားထိုးရပါတယ်။

သင်လည်း အမြဲ မလုံလောက်သလို ခံစားနေရရင်... အဲ့ဒါ သင် weak ဖြစ်လို့ မဟုတ်ပါဘူး။ “လုံလောက်တဲ့သူ ဖြစ်ဖို့” တစ်ချိန်လုံး ရုန်းကန်နေရလို့ စိတ်က တိတ်တိတ်လေး မောနေခဲ့တာ ဖြစ်နိုင်ပါတယ်။

အမျိုးသားများ counseling ယူတဲ့အခါ(၈)“ဆရာရယ် မွေးတော့လဲတယောက်ထဲ သေလဲယောက်ထဲ ကိုယ့်ဟာကိုယ်နေတာ ပိုကောင်းပါတယ်”သူ ဒီစကားကို...
20/05/2026

အမျိုးသားများ counseling ယူတဲ့အခါ(၈)

“ဆရာရယ် မွေးတော့လဲတယောက်ထဲ သေလဲယောက်ထဲ ကိုယ့်ဟာကိုယ်နေတာ ပိုကောင်းပါတယ်”

သူ ဒီစကားကို ပြောတဲ့အချိန်မှာ
ရယ်သလိုလိုနဲ့ ပြောတာပါ။
ဒါပေမယ့် အဲ့ဒီရယ်သံအောက်မှာ ပန်းနေနွမ်းနယ်နေတဲ့ ခံစားမှု တစ်ခု ရှိနေပါတယ်။

ကိုသူရ(အမည်လွှဲ)က တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။
အပြင်ကနေကြည့်ရင် ပျော်ပျော်နေတတ်တဲ့ပုံပေါ်တယ်။
သူငယ်ချင်းတွေလည်း ရှိတယ်။
စကားပြောလည်း ကောင်းတယ်။
ဒါပေမယ့် relationship တစ်ခု ပျက်သွားပြီးနောက်
သူ့စိတ်အခြေအနေက တဖြည်းဖြည်း ပြောင်းလာပါတယ်။

“လူတွေနဲ့ စကားပြောရတာ ပင်ပန်းလာတယ်”
“ဘယ်သူ့ကိုမှ ရင်မဖွင့်ချင်တော့ဘူး”
“တစ်ယောက်တည်း နေရတာ ပိုအေးတယ်”
လို့ ပြောလာပါတယ်။

Session တွေမှာ သတိထားမိတာက —
သူက vulnerability ကို အရမ်းကြောက်နေပါတယ်။
လူတစ်ယောက်ကို ယုံကြည်လိုက်ရင်
နောက်ဆုံးမှာ နာကျင်ရမယ်လို့သူ့စိတ်ထဲမှာ
ယုံကြည်နေသလိုပါပဲ။

ဒါကြောင့် ဘယ်သူနဲ့မှ အရမ်းမရင်းနှီးတော့ဘူး။ခံစားချက်တွေကို မပြတော့ဘူး။ တစ်ခုခုခံစားရရင်တောင် ဟာသလုပ်ပစ်လိုက်တယ်။topic ပြောင်းပစ်လိုက်တယ်။“အဆင်ပြေပါတယ်” လို့ပဲ ပြောလိုက်တယ်။

အပြင်ကနေကြည့်ရင် independent ဖြစ်တဲ့ပုံပါပဲ။
ဒါပေမယ့် session ထဲမှာ
တဖြည်းဖြည်း မြင်လာရတာက-
“တစ်ယောက်တည်း နေရတာ ကြိုက်တယ်” ဆိုတာထက် “နာကျင်ရမှာ ကြောက်လို့ ဘယ်သူ့ကိုမှ မနီးကပ်ရဲတော့တာ” ကပိုမှန်နေပါတယ်။ ( power of reflection🪞)

1️⃣ Attachment
တချို့လူတွေက relationship ထဲမှာ
စိတ်ပျက်ရတာတွေ၊ နာကျင်ရတာတွေ၊ emotionally unsafe(စိတ်ပိုင်းဆိုင်ရာမလုံမခြုံ) ဖြစ်ရတာတွေ ကြုံပြီးနောက် “မလိုအပ်တော့ဘူး” “ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး” ဆိုတဲ့ protective mode ထဲ ဝင်သွားတတ်ပါတယ်။
တကယ်တော့ အဲ့ဒါက weakness မဟုတ်ပါဘူး
စိတ်က ကိုယ့်ကိုယ်ကို ပြန်ကာကွယ်နေတာပါ
ဒါပေမယ့် အရမ်းကာကွယ်ထားတဲ့အခါတစ်ဖက်မှာလည်း connection က တဖြည်းဖြည်း ပျောက်သွားတတ်ပါတယ်။

Session တစ်ခုမှာ
သူ့ကို မေးခဲ့ပါတယ်။
“ကိုသူရ…တကယ်သာ လုံခြုံမယ် safeဖြစ်မယ်ဆိုရင်
တစ်ယောက်ယောက်ကို ယုံကြည်ချင်တဲ့စိတ်၊ ရင်ဘတ်ချင်းနီးချင်စိတ် လုံးဝမရှိဘူးလား”
သူ ခဏငြိမ်သွားတယ်
ပြီးတော့ တိုးတိုးလေး ပြောလာတယ်
“ရှိတာပေါ့…”
“ဒါပေမယ့်…လူတွေက အမြဲတမ်း မရှိပေးဘူးလေ…”

အဲ့ဒီအချိန်မှာ
ကျနော် သဘောပေါက်သွားတယ်
သူ့ရဲ့ ပြဿနာက “emotion မရှိတာ” မဟုတ်ပါဘူး။

➡️မျှော်လင့်လိုက်ရင် နာကျင်ရမှာ ကြောက်နေတာပါ⬅️

Session တွေထဲမှာတော့
သူ့ကိုချက်ချင်း vulnerable ဖြစ်အောင် မလုပ်ပါဘူး။

အရင်ဆုံး သူ့စိတ်က ဘာကြောင့်
ဒီလောက် protect လုပ်နေရလဲဆိုတာကို
တူတူနားလည်ကြည့်ပါတယ်။

2️⃣ ACT
“ကြောက်စိတ်ရှိနေလို့ connection တွေအကုန်ရှောင်လိုက်တာ”နဲ့
“ကြောက်စိတ် ရှိနေပေမယ့် ကိုယ်တန်ဖိုးထားတဲ့ relationship တွေဘက်ကို ဖြည်းဖြည်းချင်း ရွေ့သွားတာ” ရဲ့ ကွာခြားချက်ကို
တူတူ explore လုပ်ဖြစ်ပါတယ်။

3️⃣ CBT
“ငါ လူတစ်ယောက်ကို ယုံကြည်လိုက်ရင် နောက်ဆုံးအမြဲနာကျင်ရမယ်”ဆိုတဲ့ belief ကိုလည်း
တဖြည်းဖြည်း challenge လုပ်ကြည့်ပါတယ်။

Session တွေကြာလာတဲ့အခါ
သူက အခုလို ပြောလာပါတယ်။
“ကျွန်တော် အခုထိ ကြောက်တုန်းပဲ…”
“ဒါပေမယ့် အရင်လိုလူအားလုံးကို တွန်းထုတ်ချင်တဲ့စိတ်တော့ နည်းလာတယ်…”
“တချို့လူတွေကိုနည်းနည်း trust လုပ်ကြည့်လို့ ရနိုင်မယ်ထင်လာတယ်…” တဲ့။

ဒီနေရမှာ Healing ဆိုတာ
ကြောက်စိတ် လုံးဝပျောက်သွားတာ မဟုတ်ပါဘူး။
တစ်ခါတလေ “ငါကြောက်နေတယ်” ဆိုတာကို
သတိထားမိနေတဲ့အချိန်မှာတောင် relationship တွေထဲကနေ လုံးဝထွက်မပြေးတော့တာကနေ စပါတယ်။(ကြောက်ရင်းနဲ့ပဲ ပိုကောင်းတဲ့ရွေးချယ်မှုကို လုပ်ရတာပါ)

ဒီစာကို ဖတ်နေရင်း
“ငါလည်း အခုနောက်ပိုင်း
ဘယ်သူ့ကိုမှ မယုံချင်တော့ဘူး” လို့
ခံစားရတယ်ဆိုရင် သတိရပါ-
တခါတလေ
အေးစက်သွားတာက
emotion မရှိတော့လို့ မဟုတ်ပါဘူး။

နာကျင်ရမှာ ကြောက်လို့
ကိုယ့်စိတ်က တံခါးပိတ်ထားလိုက်တာ ဖြစ်နိုင်ပါတယ်။

အဲ့ဒီတံခါးကို အတင်းဖွင့်စရာတော့ မလိုပါဘူး။

ဒါပေမယ့်
တစ်နေ့နေ့မှာ
လုံခြုံတဲ့နေရာတစ်ခုမှာ
ဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့်လို့တော့ ရပါတယ်။ 🌿

အမျိုးသားများ counseling session ယူတဲ့အခါ(၇)“ကျွန်တော် အဆင်ပြေပါတယ်…”ဒါပေမယ့် သူ့မျက်နှာကိုကြည့်လိုက်တော့“အဆင်ပြေ” နေတဲ့...
18/05/2026

အမျိုးသားများ counseling session ယူတဲ့အခါ(၇)

“ကျွန်တော် အဆင်ပြေပါတယ်…”

ဒါပေမယ့် သူ့မျက်နှာကိုကြည့်လိုက်တော့
“အဆင်ပြေ” နေတဲ့ပုံ မပေါ်ပါဘူး။

သူက company တစ်ခုမှာ
supervisor လုပ်နေတဲ့သူပါ။
အလုပ်လည်း ပုံမှန်သွားနိုင်တယ်။
လူတွေနဲ့လည်း စကားပြောနိုင်တယ်။
တာဝန်တွေလည်း ယူနိုင်တယ်။

အပြင်ကနေကြည့်ရင်တော့
“ဘဝအဆင်ပြေနေတဲ့ လူတစ်ယောက်” လိုပါပဲ။

ဒါပေမယ့် session ထဲမှာ သူပြောလာတာက —

“ကျွန်တော် မပျော်တော့တာ ကြာပြီ…”

“မနက်နိုးလာရင် အလုပ်သွားရဦးမယ်ဆိုတာကိုပဲ မောနေပြီ…”

“ဘာလုပ်လုပ် meaning မရှိသလို ခံစားရတယ်…”

“တစ်ခါတလေ လူတွေနဲ့ ရယ်နေတယ်…
ဒါပေမယ့် အတွင်းထဲမှာတော့ ဘာမှမခံစားရဘူး…”
တဲ့။

သူ့ကို နားထောင်နေရင်း
သတိထားမိတာက —
သူ depressed ဖြစ်နေတာကို
သူ့ပတ်ဝန်းကျင်က လူတွေတောင်
သတိထားမိမှာ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့
သူ့ဘဝက “ပျက်နေတဲ့ပုံ” မပေါ်ဘူး။

အလုပ်သွားနိုင်တယ်။
တာဝန်ယူနိုင်တယ်။
Socialize လုပ်နိုင်တယ်။

ဒါပေမယ့် အတွင်းမှာတော့
စိတ်က တဖြည်းဖြည်း အားကုန်နေပြီ။

တချို့လူတွေက ဒီလိုမျိုး
“High-functioning depression” ဆိုတဲ့အခြေအနေကို ခံစားရတတ်ပါတယ်။

လူတစ်ယောက်က
အလုပ်လုပ်နိုင်နေသေးတယ်ဆိုတိုင်း
စိတ်ကျန်းမာနေတာ မဟုတ်ပါဘူး။

တချို့သူတွေက
ပြုံးနေရင်းနဲ့ ပင်ပန်းနေတတ်ပါတယ်။

တချို့သူတွေက
နေ့တိုင်း တာဝန်တွေထမ်းနေရင်း
အတွင်းထဲမှာတော့ ဟာနေတတ်ပါတယ်။

တချို့သူတွေက
“ငါဒီလိုခံစားနေရတာ သာမန် stress ပဲနေမှာပါ”
လို့ ထင်နေတတ်ပေမယ့်
တကယ်တော့ သူတို့စိတ်က
အချိန်အကြာကြီး ဖိထားရလို့ ပင်ပန်းနေတဲ့အခြေအနေ ဖြစ်နေတတ်ပါတယ်။

Session တွေထဲမှာ ကျနော်တို့
သူ့ရဲ့ နေ့စဉ် thought pattern တွေကို
အရင် ပြန်ကြည့်ဖြစ်ပါတယ်။

အဲ့လို ကြည့်တဲ့အခါ
သူ့မှာ automatic thoughts တွေ
အရမ်းများနေတာ တွေ့ရပါတယ်။

“နားလိုက်ရင် ငါပျင်းတဲ့လူ ဖြစ်သွားမယ်”

“အလုပ်မလုပ်ဘဲ နေရင် guilty ဖြစ်တယ်”

“ငါ weak ဖြစ်နေတာ မဖြစ်ရဘူး”

“ဒီလောက်နဲ့ ပင်ပန်းနေမယ်ဆို ငါညံ့တာပဲ”

ဆိုတဲ့ self-talk တွေက
တောက်လျှောက် သွားနေတာပါ။

အဲ့ဒီလိုနဲ့စိတ်ပင်ပန်းနေတာကိုတောင်
ကိုယ့်ကိုယ်ကို အနားပေးခွင့် မပေးတော့ဘူး။

တစ်ဖက်မှာလည်း သူက သူ့ခံစားချက်တွေကို
မခံစားချင်တော့ဘဲ
အလုပ်တွေ၊ ဖုန်းတွေ၊ distraction တွေနဲ့
အဆက်မပြတ် ဖုံးနေတတ်ပါတယ်။

ခဏတော့ သက်သာသလို ခံစားရပါတယ်။

ဒါပေမယ့် ညဘက် တစ်ယောက်တည်း
ဖြစ်သွားတဲ့အချိန်မှာတော့
အဲ့ဒီ emptiness က ပြန်လာတတ်ပါတယ်။

Session တစ်ခုမှာ
သူ့ကို မေးခဲ့ပါတယ်။

“နောက်ဆုံးအနေနဲ့
စိတ်တကယ်ပေါ့သွားတယ်လို့ ခံစားရတာ ဘယ်တုန်းကလဲ” လို့ပါ။

သူ ခဏငြိမ်သွားတယ်။

ပြီးတော့ ရယ်သလိုလိုနဲ့ ပြောလာတယ်။

“မမှတ်မိတော့ဘူး…”

အဲ့ဒီအချိန်မှာ
ကျနော့်အတွက် အဲ့ဒီစကားက
အရမ်းလေးသွားစေပါတယ်။

တချို့လူတွေက
အလုပ်လုပ်နိုင်နေသေးတယ်။
လူတွေနဲ့ ပုံမှန်နေပြနိုင်သေးတယ်။

ဒါပေမယ့်
“အသက်ရှင်နေတာ” နဲ့
“တကယ်အသက်ဝင်နေတာ” က မတူပါဘူး။

Therapy ထဲမှာတော့
သူ့ကို ချက်ချင်း positive ဖြစ်အောင် မလုပ်ပါဘူး။

အရင်ဆုံး —
သူပင်ပန်းနေတယ်ဆိုတာကို
သူကိုယ်တိုင် သတိထားမိလာအောင် ကူညီပေးပါတယ်။

ပြီးတော့
သူ့ကိုယ်သူ machine တစ်ခုလို
ဆက်ဆံနေတဲ့ pattern တွေကို
တဖြည်းဖြည်း ပြန်ကြည့်ပါတယ်။

“အမြဲ strong ဖြစ်နေရမယ်”
“အမြဲ productive ဖြစ်နေရမယ်”
ဆိုတဲ့ masculinity conditioning တွေက
သူ့စိတ်ကို ဘယ်လောက်ဖိထားလဲ ဆိုတာကိုလည်း
တူတူ explore လုပ်ကြည့်ဖြစ်ပါတယ်။

Session တွေကြာလာတဲ့အခါ
သူက အခုလို ပြောလာပါတယ်။

“ကျွန်တော် အရင်လို
ဘာမှမခံစားရတော့ဘူးဆိုတဲ့ feeling က နည်းလာတယ်…”

“အခုတော့
ပင်ပန်းရင် ပင်ပန်းတယ်လို့ သတိထားမိလာတယ်…”

“တစ်ခုခုကို avoid လုပ်နေမိတာကိုလည်း သိလာတယ်…” တဲ့။

Healing ဆိုတာ
တစ်ညတည်းနဲ့ happy ပြန်ဖြစ်သွားတာ
မဟုတ်ပါဘူး။

တချို့အချိန်တွေမှာတော့
ကိုယ်ဘယ်လောက် ပင်ပန်းနေခဲ့လဲဆိုတာကို
နောက်ဆုံးမှာ သတိထားမိလာတာကနေ စပါတယ်။

ဒီစာကို ဖတ်နေရင်း
“ဒါ ငါ့အကြောင်းပဲ” လို့ ခံစားရတယ်ဆိုရင် —

သင် lazy ဖြစ်နေတာ မဟုတ်ပါဘူး။
Weak ဖြစ်နေတာလည်း မဟုတ်ပါဘူး။

တချို့အချိန်တွေမှာ
စိတ်က အချိန်အကြာကြီး
strong ဖြစ်ဖို့ ကြိုးစားနေရတာကြောင့်
တိတ်တိတ်လေး ပင်ပန်းနေတတ်ပါတယ်။

အဲ့ဒီပင်ပန်းမှုတွေကို
တစ်ယောက်တည်း ကျိတ်ခံနေဖို့တော့ မလိုပါဘူး။ 🌿

အမျိုးသားများ counseling session ယူတဲ့အခါ(၆)“ကျွန်တော် အခြေအနေတွေကို ပိုပြီး မဆိုးရွားသွားစေချင်လို့ပါ။”ရက်ပေါင်းများစွာ...
08/05/2026

အမျိုးသားများ counseling session ယူတဲ့အခါ(၆)

“ကျွန်တော် အခြေအနေတွေကို ပိုပြီး မဆိုးရွားသွားစေချင်လို့ပါ။”

ရက်ပေါင်းများစွာ ကြာအောင် ပြောဆိုဖို့ ရှောင်ဖယ်နေခဲ့ပြီးတဲ့နောက်မှာ သူက ဒီစကားကို ပြောလာတာပါ။

“ကျွန်တော်တို့က ခဏခဏ ရန်ဖြစ်နေကြတာဆိုတော့... နောက်ထပ် ပြဿနာမတက်ချင်လို့ ဘာမှမပြောဘဲ နေလိုက်တာပဲ” လို့ သူက ဆိုပါတယ်။

အမျိုးသားတော်တော်များများဟာ အခုလိုပဲ ပြုလုပ်တတ်ကြပါတယ်။ သူတို့ဟာ အခြေအနေတွေ အေးအေးဆေးဆေး ဖြစ်သွားဖို့အတွက် ခက်ခဲတဲ့ ဆွေးနွေးမှုတွေကို ရှောင်လွှဲလိုက်ကြပါတယ်။ ဒါပေမဲ့ ဒီလို "ရှောင်လွှဲခြင်း" ကပဲ နောက်ထပ် ပြဿနာသစ်တွေကို ဖန်တီးလိုက်သလို ဖြစ်သွားတတ်ပါတယ်။

အဲဒါတွေကတော့ -
* တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဝေးကွာသွားခြင်း။
* ရင်ထဲမှာ အဖတ်တင်ကျန်ရစ်နေတဲ့ မကျေနပ်မှုများ။
* တစ်ဦးကိုတစ်ဦး အထင်အမြင်လွဲမှားခြင်း တွေပဲ ဖြစ်ပါတယ်။

ပြဿနာတစ်ခုကို ထုတ်မပြောဘဲ ထားလိုက်ရုံနဲ့ အဲဒီပြဿနာက အလိုလို ပျောက်ကွယ်မသွားပါဘူး။ ဒါဟာ ဆက်ဆံရေးတစ်ခုကို တဖြည်းဖြည်းနဲ့ အေးစက်သွားစေတာပဲ အဖတ်တင်ပါတယ်။ အချိန်တွေ အတော်ကြာသွားတဲ့အခါမှာတော့ နှစ်ဖက်စလုံးက ကြိုးစားချင်စိတ်တွေတောင် ကုန်ခမ်းသွားကြပါတော့တယ်။

တစ်ခါတလေမှာ အမျိုးသားတစ်ယောက်အတွက် အသန်မာဆုံး လုပ်ရပ်ဆိုတာ - စိတ်မသက်မသာ ဖြစ်ရရင်တောင်မှ “ငါတို့ စကားပြောဖို့ လိုအပ်တယ်” လို့ ရဲရဲဝံ့ဝံ့ စပြောလိုက်တာပဲ ဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ပြောရရင် - အငြင်းအခုံမဖြစ်အောင် စကားမပြောဘဲ နေလိုက်တာဟာ အပြင်ပန်းမှာ အဆင်ပြေနေသလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ဒါဟာ ဆက်ဆံရေးရဲ့ အုတ်မြစ်ကို တဖြည်းဖြည်းချင်း ဖျက်ဆီးနေတာနဲ့ တူပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တကယ်နားလည်ဖို့ဆိုရင် ခက်ခဲတဲ့ စကားလုံးတွေကိုလည်း ရင်ဆိုင်ပြောဆိုဖို့ လိုအပ်ပါတယ်။

သင်ကော... အခြေအနေတွေ မရှုပ်ထွေးအောင်ဆိုပြီး ကိုယ့်ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားမိနေသလား?

အမျိုးသားများ counseling session ယူတဲ့အခါ(၅)“ဘယ်သူမှ တကယ် နားမထောင်ပေးကြဘူး။”သူက ဒီစကားကို ခပ်တိုးတိုးပဲ ပြောလိုက်တာပါ။ ...
06/05/2026

အမျိုးသားများ counseling session ယူတဲ့အခါ(၅)

“ဘယ်သူမှ တကယ် နားမထောင်ပေးကြဘူး။”

သူက ဒီစကားကို ခပ်တိုးတိုးပဲ ပြောလိုက်တာပါ။ ဒေါသထွက်နေတာမျိုး မဟုတ်ဘဲ တော်တော်လေးကို စိတ်ကုန်နေတဲ့ပုံမျိုးပါ။ “ကျွန်တော် စကားစလိုက်တိုင်း လူတွေက အကြံဉာဏ်တွေပဲ လာလာပေးနေကြတယ်” လို့ သူက ဆိုပါတယ်။

ဒါဟာ အမျိုးသား တော်တော်များများ ကြုံတွေ့နေရတဲ့ အခြေအနေတစ်ခုပါ။ သူတို့က ရင်ဖွင့်လိုက်တာနဲ့ တခြားသူတွေဆီကနေ အခုလို စကားလုံးမျိုးတွေကို ချက်ချင်း ကြားရတတ်ပါတယ် -
* “ဒါဆိုရင် ဒီလိုလုပ်ကြည့်ပါလား..။”
* “အများကြီး မစဉ်းစားနဲ့လေ။”
* “ငါတုန်းကတော့….။”
* “ခဏနေရင် အဆင်ပြေသွားမှာပါ။”
ဒီလိုတွေ ခဏခဏ ကြုံလာရတဲ့အခါမှာတော့ သူတို့ဟာ စကားပြောတာကို ရပ်တန့်လိုက်ကြပါတော့တယ်။

ဒါဟာ ပြောစရာမရှိလို့ မဟုတ်ပါဘူး။ သူတို့ စကားပြောနေချိန်မှာ တစ်ဖက်လူက တကယ် နားထောင်နေတာ မဟုတ်ဘဲ ပြန်ပြောဖို့အတွက်ပဲ စောင့်နေတယ်ဆိုတာကို သိသွားကြလို့ပါ။

အမျိုးသားတော်တော်များများဟာ ပြီးပြည့်စုံတဲ့ အကြံဉာဏ်တွေကို ရှာဖွေနေကြတာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ သူတို့ တကယ် လိုအပ်နေတာက -
* စိတ်လွတ်လပ်ခွင့်ရှိမယ့် နေရာ။
* သူတို့အခြေအနေကို စာနာနားလည်ပေးမှု။
* ချက်ချင်း အပြစ်မတင်ဘဲ နားထောင်ပေးမယ့် လူတစ်ယောက် ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ နှစ်သိမ့်ဆွေးနွေးမှု (Therapy) ဟာ အမျိုးသားတွေအတွက် အထောက်အကူ ဖြစ်စေတာပါ။ အစပိုင်းမှာတော့ ဒါဟာ ပြဿနာကို “ဖြေရှင်းပေးဖို့” သက်သက် မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ရှက်ရွံ့စရာမလိုဘဲ အမှန်အတိုင်း ရင်ဖွင့်နိုင်တဲ့ နေရာတစ်ခု ဖြစ်နေလို့ပါပဲ။

တစ်စုံတစ်ယောက်က ကိုယ့်စကားကို သေသေချာချာ နားထောင်ပေးတယ်လို့ ခံစားရတာဟာ လူတွေထင်ထားတာထက် ပိုပြီးတော့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မိမိကိုယ်ကို အထီးကျန်နေတယ်လို့ ခံစားရမှုကို လျော့နည်းစေပြီး စိတ်သက်သာရာကို ရရှိစေနိုင်လို့ပဲ ဖြစ်ပါတယ်။

အမျိုးသားများ counseling session ယူတဲ့အခါ(၄)“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အလုပ်များနေအောင်ပဲ ထားလိုက်တာပဲ။”သူက ဒီစကားကို အ...
05/05/2026

အမျိုးသားများ counseling session ယူတဲ့အခါ(၄)

“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အလုပ်များနေအောင်ပဲ ထားလိုက်တာပဲ။”

သူက ဒီစကားကို အေးအေးဆေးဆေးပဲ ပြောလိုက်တာပါ။ ဝမ်းနည်းနေတဲ့ပုံလည်း မပေါက်ဘူး၊ စိတ်လှုပ်ရှားနေတဲ့ပုံလည်း မရှိဘူး။ ဒါပေမဲ့ သူ့ကြည့်ရတာ တော်တော်လေးကို ပင်ပန်းနွမ်းနယ်နေပုံ ရပါတယ်။

“ကျွန်တော် ဘာကိုမှ အများကြီး မစဉ်းစားဖြစ်တော့ဘူး။ အမြဲတမ်း တစ်ခုခု လုပ်နေတာပဲ။”
အလုပ်တွေ ပိုလုပ်တယ်၊
ဂိမ်းဆော့တယ်၊
အားကစားလုပ်တယ်၊
ဖုန်းကြည့်တယ်... စသဖြင့်ပေါ့။
သူဟာ သူ့ရဲ့ အတွေးတွေနဲ့ တစ်ယောက်တည်း မရှိနေရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ အာရုံလွှဲနေတာ ဖြစ်ပါတယ်။

အမျိုးသား တော်တော်များများဟာ သူတို့ကိုယ်သူတို့ စိတ်ပင်ပန်းနေတယ်၊ ရုန်းကန်နေရတယ်ဆိုတာကို သတိမထားမိကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ လူမှုပတ်ဝန်းကျင်မှာ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်နေသေးလို့ပါပဲ။ အလုပ်သွားနိုင်သေးတယ်၊ သူငယ်ချင်းတွေကို စာပြန်နိုင်သေးတယ်၊ တာဝန်ဝတ္တရားတွေကို ကျေပွန်နေသေးတယ်။ ဒါကြောင့် တစ်ယောက်ယောက်က “နေကောင်းလား” လို့ မေးတဲ့အခါ “အဆင်ပြေပါတယ်” လို့ပဲ ပြန်ပြောလေ့ရှိကြပါတယ်။ တကယ်တမ်း စိတ်ဓာတ်တွေ အကုန်ပြိုလဲမသွားသေးသရွေ့ သူတို့ကတော့ အဆင်ပြေနေတယ်လို့ပဲ ထင်နေတတ်ကြပါတယ်။

ဒါပေမဲ့ "အာရုံလွှဲထားခြင်း" ဆိုတာ "တကယ် အဆင်ပြေနေတာ" မဟုတ်ပါဘူး။ တစ်ခါတလေမှာ ညဘက်တွေရဲ့ တိတ်ဆိတ်မှုက အမှန်တရားကို ဖော်ပြတတ်ပါတယ်။ အလုပ်တွေအားလုံးပြီးလို့၊ ဖုန်းကို ချထားလိုက်တဲ့အချိန်၊ အရာအားလုံး တိတ်ဆိတ်သွားတဲ့အချိန်မှာမှ ဖုံးကွယ်ထားသမျှ ခံစားချက်တွေ အားလုံးက ပြန်တက်လာတတ်ပါတယ်။

အမြဲတမ်း အလုပ်များနေအောင် နေထိုင်ခြင်းက ခဏတာတော့ စိတ်သက်သာရာ ရစေနိုင်ပေမဲ့ ဒါဟာ ရေရှည်အတွက်တော့ အရမ်းကို ပင်ပန်းစေတဲ့ လူနေမှုပုံစံတစ်ခုပါ။

သင်သာ အခုချက်ချင်း အရာအားလုံးကို ရပ်တန့်လိုက်မယ်ဆိုရင်... သင့်ရင်ထဲမှာ ပထမဆုံး ဘာကို ခံစားရမလဲ?

အမျိုးသားများ counseling sessions ယူတဲ့အခါ(၃)“ဒါတွေကို ကျွန်တော့် ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်လိမ့်မယ် ထင်ခဲ့တာ။”ဒီစကား...
03/05/2026

အမျိုးသားများ counseling sessions ယူတဲ့အခါ(၃)

“ဒါတွေကို ကျွန်တော့် ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်လိမ့်မယ် ထင်ခဲ့တာ။”

ဒီစကားကို ပြောပြီးသူရောက်လာတဲ့အချိန်မှာ သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေတွေက အတော်လေး ကျဆင်းနေပြီး သူ့ရဲ့ relationship ဟာ အတော်လေးကို ပျက်စီးလုနီးပါး ဖြစ်နေပါပြီ။ သူတို့နှစ်ယောက်ကြားမှာ ကောင်းကောင်းမွန်မွန် စကားမပြောဖြစ်ကြတော့ဘူး။ ငြင်းခုံမှုတွေ ပိုများလာပြီး တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ဝေးကွာသွားကြပါတယ်။

“ဘယ်သူ့ကိုမှလည်း ထုတ်မပြောချင်ခဲ့ဘူး။ ဒါတွေက ကိုယ့်ဘာသာ ဖြေရှင်းရမယ့်ကိစ္စလို့ပဲ တွေးခဲ့တာ” လို့ သူက ဆိုပါတယ်။ အမျိုးသား တော်တော်များများဟာ သူ့လိုပဲ ယုံကြည်နေတတ်ကြပါတယ်။ အရာရာကို -
* တစ်ယောက်တည်း ရုန်းကန်ဖြေရှင်းရမယ်။
* ဘယ်သူ့အပေါ်မှာမှ အမှီအခို မကင်းရဘူး။
* စကား အများကြီး မပြောရဘူး။

ဘာလို့လဲဆိုတော့ သူတို့ဟာ
“ယောကျာ်းဆိုတာ သန်မာရမယ်”၊
“ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်း”၊
“အားမငယ်နဲ့” ဆိုတဲ့ စကားလုံးတွေကြားမှာ ကြီးပြင်းလာခဲ့ရလို့ပါပဲ။

ဒါပေမဲ့ တကယ်တမ်းမှာတော့ ပြဿနာတွေဟာ ပြေလည်မသွားဘဲ ပိုပြီးတော့ပဲ နက်ရှိုင်းလာတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပြဿနာကို ဖြေရှင်းမယ့်အစား -
* ဆွေးနွေးညှိနှိုင်းဖို့ကို ရှောင်ဖယ်လာကြတယ်။
* ခံစားချက်မှန်သမျှကို ရင်ထဲမှာပဲ သိမ်းထားကြတယ်။
* ဘာမှမလုပ်ဘဲ အခြေအနေတွေ အလိုလို ကောင်းလာမှာကိုပဲ မျှော်လင့်နေတတ်ကြပါတယ်။

အရာရာကို တစ်ယောက်တည်း ထမ်းပိုးထားတာဟာ အပြင်ပန်းမှာ သန်မာတယ်လို့ ထင်ရပေမဲ့ တကယ့်လက်တွေ့မှာတော့ အခြေအနေတွေကို ပိုဆိုးရွားသွားစေတတ်ပါတယ်။ တစ်စုံတစ်ယောက်ကို ထုတ်ဖော်ပြောဆိုတာဟာ အားနည်းတာမဟုတ်ဘူး၊ သတ္တိရှိတာ၊ရဲရင့်တာ လို့တောင်ပြောချင်တယ်။ဘာလို့လဲဆိုတော့ ဒါဟာ ဖြစ်နေတဲ့ ပြဿနာကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းဖို့ အခွင့်အရေးတစ်ခု၊လမ်းကြောင်းတစ်ခု ဖန်တီးလိုက်တာပဲ ဖြစ်လို့ပါ။

သင်က အရာရာကို တစ်ယောက်တည်း ထမ်းပိုးဖို့ ကြိုးစားနေသူ တစ်ယောက်ဆိုရင်... အဲဒီလို လုပ်နေတာက တကယ်ရော သင့်အတွက် အဆင်ပြေရဲ့လားဆိုတာ ပြန်လည်ဆန်းစစ်ကြည့်စေချင်ပါတယ်။

အမျိုးသားများ counseling sessions ယူတဲ့အခါ (၂)“ကျွန်တော် ဘာခံစားချက်မှ မရှိတော့ဘူး။”သူက ဒီစကားကို ဘာခံစားချက်မှ မပါတဲ့ လ...
02/05/2026

အမျိုးသားများ counseling sessions ယူတဲ့အခါ (၂)

“ကျွန်တော် ဘာခံစားချက်မှ မရှိတော့ဘူး။”

သူက ဒီစကားကို ဘာခံစားချက်မှ မပါတဲ့ လေသံအေးအေးနဲ့ ပြောလိုက်တာပါ။ စိတ်လှုပ်ရှားမှုမရှိ၊ အသံကလည်း တိုးတိုးပဲ။ “အရင်ကတော့ ကျွန်တော် အရာရာကို ဂရုစိုက်ခဲ့ပါတယ်။ အခုတော့... ဘာကိုမှ ဂရုမစိုက်မိတော့ဘူး” တဲ့။

ဒီလို "ထုံထိုင်းသွားတဲ့ ခံစားချက်" (Emotional Numbness) ဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ပါဘူး။ အမျိုးသား အတော်များများဟာ ရုတ်တရက်ကြီး ထုံထိုင်းသွားကြတာ မဟုတ်ဘဲ အချိန်အတော်ကြာ စိတ်ဖိစီးမှုတွေ၊ တာဝန်ဝတ္တရားတွေနဲ့ ငြင်းပယ်ခံရမှုတွေကို ရင်ဆိုင်ရင်းနဲ့ ဖြစ်လာတာပါ။ အဲဒီ နာကျင်မှုတွေကို မခံစားချင်လို့ သူတို့ဟာ အလုပ်တွေထဲ စိတ်နှစ်တာ၊ ဂိမ်းဆော့တာ ဒါမှမဟုတ် အရက်သောက်တာမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အာရုံလွှဲတတ်ကြပါတယ်။

အစပိုင်းမှာတော့ ဒါဟာ နာကျင်မှုကို သက်သာစေတယ်လို့ ထင်ရပေမဲ့ တဖြည်းဖြည်းနဲ့ နာကျင်မှုတင်မကဘဲ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနဲ့ တခြားသူတွေနဲ့ ရင်းနှီးနွေးထွေးမှုတွေကိုပါ မခံစားနိုင်တော့တဲ့အထိ ဖြစ်လာတတ်ပါတယ်။

သတိထားရမှာက ဒီလို ဘာမှမခံစားရတော့တာဟာ "စိတ်အေးချမ်းတာ" မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့ ခံစားချက်တွေကို အကြာကြီး လျစ်လျူရှုထားခဲ့တဲ့အတွက်ကြောင့် ဖြစ်လာတဲ့ ရလဒ်တစ်ခုသာ ဖြစ်ပါတယ်။

သင်ဟာ အရာရာကို ခံစားဖို့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားပေးစရာ မလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ခံစားချက်တွေဆီကနေ ထွက်ပြေးနေတာကိုတော့ ရပ်တန့်ဖို့ လိုပါလိမ့်မယ်။ အဲဒါကမှ ကုစားမှုရဲ့ အစပဲ ဖြစ်ပါတယ်။

သင့်မှာကော အခုလို အခြေအနေမျိုးကို သတိထားမိနေပြီလား?

အမျိုးသားများ counseling session ယူတဲ့အခါ (၁)သူ အခန်းထဲဝင်လာပြီး sofa ပေါ်ထိုင်လိုက်တာနဲ့ပြောတာက -  “ကျွန်တော် ဘာမှတော့ ...
01/05/2026

အမျိုးသားများ counseling session ယူတဲ့အခါ (၁)

သူ အခန်းထဲဝင်လာပြီး sofa ပေါ်ထိုင်လိုက်တာနဲ့ပြောတာက - “ကျွန်တော် ဘာမှတော့ သိပ်ပြောစရာမရှိဘူး။”

မထူးဆန်းပါဘူး။ ဒါဟာ သက်လတ်ပိုင်း အမျိုးသားတွေ ပထမဆုံး counseling session မှာပြောလေ့ရှိတဲ့စကားမျိုးပါ။ ပုခုံးတွေကို တင်းထားပြီး ကြမ်းပြင်ကို ကြည့်နေတဲ့ သူ့ဆီကနေ eye contact မရပါ။ သူပြောလိုက်တဲ့ ဒီစကားက session ကိုမစခင်ကတည်းက အဆုံးသတ်လိုက်သလိုပါပဲ။

ကျွန်တော် သူ့ကို အတင်းအကျပ် မတိုက်တွန်းဘူး။ စကားလုံးတွေနဲ့လည်း ဖိအားမပေးဘူး။ ကျွန်တော်တို့ နှစ်ယောက် ခဏလေး တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်ကပဲ အေးအေးဆေးဆေး စကားစလိုက်ပါတယ်။

“ကောင်းပါပြီ။ ခင်ဗျား မပြောချင်ရင် မပြောလို့ ရပါတယ်။ ဒါပေမဲ့ တစ်ခုခုကတော့ ခင်ဗျားကို စိတ်အနှောင့်အယှက် ပေးနေတယ်ဆိုတာ ကျွန်တော် သိနေတယ်။”

နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်တယ်။ ခဏအကြာမှာတော့ သူက ခပ်တိုးတိုးပဲ ဝန်ခံလိုက်ပါတယ်။

“ဒီရက်ပိုင်း ကျွန်တော် ခဏခဏ ဒေါသထွက်နေမိတယ်ဗျာ။”

ဒါဟာ အမျိုးသား တော်တော်များများဆီမှာ တွေ့ရလေ့ရှိတဲ့ အခြေအနေတစ်ခုပါ။ သူတို့ဟာ စိတ်ခံစားချက်တွေကို ဖွင့်ဟဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်သိမ့်ဆွေးနွေးမှုကို လာတတ်ကြတာ မဟုတ်ပါဘူး။ သူတို့ လာရတဲ့ အကြောင်းရင်းကတော့ -

* ခဏခဏ ရန်ဖြစ်နေမိလို့။
* စိတ်ရှည်သည်းခံနိုင်စွမ်းတွေ ကုန်ခမ်းနေလို့။
* ချစ်ခင်ရသူတွေနဲ့ ဆက်ဆံရေးတွေ ပိုဆိုးလာလို့
စတဲ့ pattern တွေကို သတိထားမိလာလို့ပါ။

တကယ်တော့ ဒေါသဆိုတာ "အကာအကွယ်" တစ်ခုသာ ဖြစ်ပါတယ်။ ဒေါသရဲ့ အောက်ခြေမှာ တကယ့် စစ်မှန်တဲ့ ခံစားချက်တွေ ပုန်းကွယ်နေတတ်ပါတယ်။ အဲဒါတွေကတော့ -

* တစ်ခုခုအပေါ် အပြစ်မကင်းသလို ခံစားနေရတဲ့ “နောင်တ”။
* မိမိကိုယ်ကို အားမရတဲ့ “ရှက်ရွံ့စိတ်”။
* "ငါဟာ မစွမ်းဆောင်နိုင်တော့ပါလား" ဆိုတဲ့ **အားငယ်စိတ်** တွေပဲ ဖြစ်ပါတယ်။

ယောင်္ကျားတွေအတွက် ဒေါသထွက်ရတာက ခံစားချက်တွေကို ထုတ်ပြောရတာထက် ပိုပြီး လွယ်ကူတယ်လို့ ယူဆကြပါတယ်။ ဘယ်သူကမှ သူတို့ကို “ငါ တကယ် စိတ်နာနေရတယ်”၊ “ငါ ရှုံးနိမ့်နေသလို ခံစားနေရတယ်” ဒါမှမဟုတ် “ငါ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး” လို့ ပြောဖို့ ဘယ်သူမှ မသင်ပေးခဲ့ကြဘူး။ အဲဒီအတွက်ကြောင့် အဲဒီ ခံစားချက်တွေဟာ ဒေါသအနေနဲ့ပဲ ပေါက်ကွဲထွက်လာကြတာပါ။

စာဖတ်သူအနေနဲ့လည်း အခုလို ခံစားနေရပြီဆိုရင် ဒါဟာ သင်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီဒေါသတွေကို မကုစားဘဲ ထားလိုက်မယ်ဆိုရင် သင့်ရဲ့ ဆက်ဆံရေးတွေကို တဖြည်းဖြည်းချင်း ဖျက်ဆီးသွားပြီး မိသားစုအရေး၊စီးပွါးရေး တွေဟာပြိုလဲသွားမှာဖြစ်ပါတယ်။ ဒါကြောင့်အချိန်မီ ပြုပြင်ဖို့ လိုပါတယ်။

ဒါတွေကို တစ်ယောက်တည်း ဖြေရှင်းဖို့ မလိုပါဘူး။ တစ်ခါတလေမှာ သင့်ကို ဘယ်သူကမှ အပြစ်မတင်ဘဲ နားထောင်ပေးမယ့် နေရာမျိုး၊ လူမျိုးကို သင် လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။

စာဖတ်သူကော ကိုယ့်မှာ ဘယ်လို patternတွေရှိလဲ ဆိုတာသတိထားမိကြလား?

မိသားစုဆိုတာ ကျွန်တော်တို့ရဲ့ ပထမဆုံးသော လုံခြုံရာအရပ်ဖြစ်ရမှာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အစိမ်းသက်သက်လူတွေထက် မိသားစုဝင်တ...
05/02/2026

မိသားစုဆိုတာ ကျွန်တော်တို့ရဲ့ ပထမဆုံးသော လုံခြုံရာအရပ်ဖြစ်ရမှာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အစိမ်းသက်သက်လူတွေထက် မိသားစုဝင်တွေဆီကရတဲ့ ဒဏ်ရာက ပိုပြီး နက်ရှိုင်းနေတတ်ပါတယ်။

စိတ်ပညာအရ ပြောရရင်... နာကျင်မှုဆိုတာ လုပ်ရပ်ကြောင့်တင်မဟုတ်ဘဲ "မျှော်လင့်ချက်" (Expectation) ကြောင့် ဖြစ်တာပါ။ မိသားစုဆိုတာ ကိုယ့်ကို အချစ်ဆုံး၊ အနားလည်ဆုံးဖြစ်ရမယ်လို့ ငါတို့ မျှော်လင့်ထားကြတယ်။ ဒါကြောင့်ပဲ သူတို့ဆီကရတဲ့ လျစ်လျူရှုမှုတွေ၊ ဝေဖန်မှုတွေက တခြားသူတွေထက် ဆယ်ဆမက ပိုပြီး ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်တာပါ။

သွေးသားရင်းချာတွေ ဖြစ်လေလေ...

🏡သူတို့ဟာ ကိုယ့်ရဲ့ အားနည်းချက်နဲ့ အတိတ်က ဒဏ်ရာတွေကို အသိဆုံးဖြစ်နေတတ်တယ်။
🏡သူတို့အပေါ်ထားတဲ့ ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ တွယ်တာမှုက အတိုင်းအဆမရှိ ကြီးမားတယ်။
🏡ကိုယ့်ရဲ့ မသိစိတ်က သူတို့ကို "ဘေးကင်းရာ" လို့ မှတ်ယူထားတဲ့အတွက် သူတို့ဆီကရတဲ့ အဆိပ်သင့်စကားတွေဟာ "သစ္စာဖောက်ခံရခြင်း" လိုမျိုး ခံစားရစေတယ်။

ဒါကြောင့် မိသားစုဝင်တစ်ယောက်က ကိုယ့်ကို အပြစ်တင်တာ ဒါမှမဟုတ် ပစ်ပယ်တာမျိုး လုပ်တဲ့အခါ ကိုယ့်ရဲ့အာရုံကြောစနစ်က ဒါကို သာမန်ရန်ဖြစ်တာလို့ မမြင်ဘဲ ကိုယ့်ရဲ့ တည်ရှိမှု (Identity) ကိုပါ ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရတာပါ။

ဒါကြောင့်လည်း...

🏡တခြားသူတွေရဲ့ ဆဲဆိုမှုထက် မိသားစုဝင်ရဲ့ "တိတ်ဆိတ်နေခြင်း" က ပိုပြီး နှိပ်စက်ရာရောက်တယ်။
🏡"မိဘမို့လို့၊ သားသမီးမို့လို့" ဆိုတဲ့ စကားလုံးတွေအောက်မှာ ဒဏ်ရာတွေကို ဖုံးကွယ်ထားရတတ်တယ်။
🏡"မင်းကောင်းဖို့ ပြောတာပါ" ဆိုတဲ့ စကားတစ်ခွန်းက ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို မပျောက်ကွယ်စေနိုင်တာပါ။

မိသားစုဝင်တွေက ကိုယ့်ကို နာကျင်အောင် လုပ်မိတာဟာ သူတို့က ကိုယ့်ကို မချစ်လို့ မဟုတ်ဘဲ မျိုးဆက်လိုက် ပါလာတဲ့ (Generational Trauma) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်တိုင်လည်း သူတို့မိဘတွေဆီက အချစ်ကို မှန်မှန်ကန်ကန် မရခဲ့ဖူးတာ၊ ဒေါသနဲ့ပဲ ဆက်သွယ်တတ်တဲ့ အကျင့်ဆိုးတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

သတိပြုရမယ့် အချက်တစ်ခုကတော့ - သွေးသားရင်းချာဖြစ်တယ်ဆိုတာ တစ်ဖက်လူကို စိတ်ကြိုက် နာကျင်အောင် လုပ်ပိုင်ခွင့်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

တကယ်လို့ မိသားစုကြားမှာ သင် နာကျင်နေရပြီဆိုရင် -

🏡တစ်ခါတစ်ရံမှာ ခပ်ခွာခွာနေခြင်း (Distance) ဟာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ခြင်းတစ်မျိုးပါပဲ။
🏡သင့်ရဲ့ နာကျင်မှုကို "နုလွန်းတယ်" လို့ အပြစ်တင်စရာ မလိုပါဘူး။
🏡စည်းကမ်း (Boundaries) သတ်မှတ်တာဟာ မိသားစုကို မချစ်တာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တာပါ။

တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ဖို့ဆိုရင် "နီးကပ်နေခြင်း" ထက် "စိတ်အေးချမ်းရခြင်း" ကိုပဲ ဦးစားပေး ရွေးချယ်လိုက်ပါ။

Holiday Blues ဆိုတာ ပျော်ရွှင်တယ် အပန်းပြေတယ်လို့ မခံစားရတော့ဘဲ စိတ်ခံစားမှု ကျဆင်းသွားစေတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ...
06/01/2026

Holiday Blues ဆိုတာ ပျော်ရွှင်တယ် အပန်းပြေတယ်လို့ မခံစားရတော့ဘဲ စိတ်ခံစားမှု ကျဆင်းသွားစေတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါ။ ပတ်ဝန်းကျင်က Alive ဖြစ်နေပင်မယ့် မိတ်ဆွေကိုယ်တိုင်က မောပန်းတာ၊ အဆက်အသွယ် ပြတ်တောက်နေသလို ခံစားရတာ၊ ဖိစီးမှုများတာ ဒါမှမဟုတ် ရုတ်တရက် စိတ်လှုပ်ရှားလွယ်တာမျိုးတွေ ဖြစ်နေနိုင်ပါတယ်။

ဒီလိုခံစားရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ 👇
😮‍💨လူမှုရေး ဖိအားတွေ ရှိနေလို့
😮‍💨ကိုယ့်ဘဝကို အွန်လိုင်းပေါ်က Influencers တွေနဲ့ နှိုင်းယှဥ်မိလို့
😮‍💨အရင်က အခိုက်အတန့်တွေကို သတိရနေမိလို့
😮‍💨တစ်နှစ်လုံး စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်လာလို့
😮‍💨မျှော်လင့်ထားတာတွေက လက်တွေ့နဲ့ ကွာဟနေလို့
😮‍💨ငွေကြေး သို့မဟုတ် မိသားစု ပြဿနာတွေ စုပုံလာလို့
😮‍💨ဒီဇင်ဘာလမှာ စိတ်ထိခိုက်စရာတွေ စုပုံလာလို့

မိတ်ဆွေဟာ မကြာသေးခင်ကမှ စိတ်လေးလံတာ၊ အလုပ်လုပ်ချင်စိတ် ကုန်ဆုံးတာ ဒါမှမဟုတ် ထူးဆန်းစွာ တိတ်ဆိတ်နေတယ်ဆိုရင် မိတ်ဆွေရဲ့ Mind & Body Balance ဖြစ်ဖို့လိုအပ်နေတယ်ဆိုတာ ပြသနေတာပါပဲ

Holiday Blues ကို သက်သာစေမယ့် နည်းလမ်းများ ✨
✨ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ နားနားနေနေ နေလိုက်ပါ။
✨မခံစားရတဲ့ ပျော်ရွှင်မှုကို အတင်းအကြပ် ဖန်တီးဖို့ မကြိုးစားပါနဲ့။
✨နှိုင်းယှဉ်မှု ဖြစ်စေရင် Social Media သုံးတာကို လျှော့ချပါ။
✨စိတ်ချရတဲ့၊ သက်တောင့်သက်သာရှိစေတဲ့ သူတွေနဲ့ အချိန်ပေးပါ။
✨Citta Sukha ရဲ့ ရပ်ဝန်းလေးကို လာခဲ့လိုက်ပါ။

တစ်နှစ်တစ်ခါမှရတဲ့ Holiday ကို ပေးစပ်လိုက်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကို နူးညံ့စွာ ဖေးမပေးနိုင်ဖို့ Citta S**a က မိတ်ဆွေနားမှာအမြဲရှိနေမှာပါ။

📞 𝟬𝟵 𝟳𝟱𝟱 𝟰𝟭𝟵 𝟴𝟭𝟲
📧 𝗰𝗶𝘁𝘁𝗮𝘀𝘂𝗸𝗵𝗮𝗺𝘆𝗮𝗻𝗺𝗮𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
💙

Address

Yangon

Alerts

Be the first to know and let us send you an email when CITTA SUKHA - စိတ္တသုခ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to CITTA SUKHA - စိတ္တသုခ:

Shortcuts

Share