06/10/2026
မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ချိန်မှသည် မွေးဖွားပြီးချိန်အထိ ခန္ဓာကိုယ်ကို ကျန်းမာစေပြီး injury ကင်းတဲ့ ယောဂကျင့်စဉ်တွေကို စနစ်တကျ ပြန်လည်မျှဝေသင်ကြားပေးနိုင်ဖို့အတွက် Prenatal & Postnatal Yoga Teacher Training Course ကို ဖွင့်လှစ်လိုက်ပါပြီ! 🌸
🗓 Nov 30 – Dec 6 (စုစုပေါင်း ၇ ရက်)
👩🏫 Teacher May Myat & Dr. K
📍 Sukha Kula Yoga Studio
💰 Special Price until Nov 15
✨ ဒီသင်တန်းမှာ ဘာတွေ သင်ယူရမလဲ?
✅ Yoga Pose များတင်မကဘဲ - ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးချိန် မေမေတို့အတွက် အမှန်တကယ် လိုအပ်သည့် လေ့ကျင့်ခန်းများ၊ ဆောင်ရန်/ရှောင်ရန်များ
✅ Anatomy (ခန္ဓာဗေဒ) - ကိုယ်ဝန်ဆောင်ချိန် ခန္ဓာကိုယ်ပြောင်းလဲမှုများနှင့် မွေးဖွားပြီးနောက် ခန္ဓာကိုယ်ပြန်လည်ကျန်းမာလာစေရန် ပြုပြင်ရမည့် ခန္ဓာဗေဒဆိုင်ရာ အသိပညာများ
✅ Safe Movement Guidance - မေမေရော ရင်သွေးလေးပါ ဘေးကင်းစေမည့် နည်းလမ်းမှန် လေ့ကျင့်ခန်းစနစ်များ
💡 Course Modules & Options:
Prenatal သက်သက် သို့မဟုတ် Postnatal သက်သက် ခွဲတက်ချင်သူများအတွက်လည်း သီးသန့်တက်ရောက်နိုင်ပါသည်။
👉 ဒါပေမဲ့ Module ၂ ခုလုံး တစ်ဆက်တည်း တက်ရောက်ဖို့ အကြံပြုပါတယ်။ မွေးဖွားခြင်းခရီးစဉ် (Motherhood Journey) ဆိုတာ Prenatal ရော Postnatal ပါ တစ်ဆက်တည်း ဒွန်တွဲနေတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ခန္ဓာကိုယ်ပြင်ဆင်မှုမှသည် မွေးဖွားပြီး ပြန်လည်ကုစားထိန်းသိမ်းမှုအထိ (From preparing for baby to post-birth healing) ကွင်းဆက်မပြတ် နားလည်သဘောပေါက်ထားမှသာ မေမေများကို ပိုမိုပြည့်စုံပြီး ထိရောက်တဲ့ ယောဂကျင့်စဉ်နဲ့ တခြားသောလေ့ကျင့်ခန်းတွေ လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပါတယ်!
ကိုယ်တိုင်လည်း ဗဟုသုတရပြီး မေမေတို့အတွက် အကျိုးပြု ယောဂနည်းပြတစ်ယောက်အဖြစ် အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ အခုပဲ သင်တန်းတက်ရောက်ဖို့ စုံစမ်းစာရင်းသွင်းလိုက်ပါနော် 📩✨
📲 Detail သိရှိလိုပါက Messenger မှာစုံစမ်းမေးမြန်းနိုင်ပါသည်
m.me/DoYogaWithDrK
09 89 2021 063