Spirits Of Insight

Spirits Of Insight Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spirits Of Insight, Astrologist & Psychic, Yangon.

Hello 💙Eclipse နဲ့အတူ adminပြန်လာပါပီ အခုကစပီး pageကိုသေချာကိုင်တော့မယ်လို့ဆုံးဖြတ်ထားပါတယ်💫Eclipse seasonနဲ့အတူ မလိုအပ်...
28/08/2026

Hello 💙

Eclipse နဲ့အတူ adminပြန်လာပါပီ
အခုကစပီး pageကိုသေချာကိုင်တော့မယ်လို့ဆုံးဖြတ်ထားပါတယ်💫

Eclipse seasonနဲ့အတူ မလိုအပ်တာတွေအကုန် အခုကစပီး 3 daysအတွင်းလွှတ်ချခဲ့ကြရအောင်။လွှတ်ချခဲ့ပီးရင် အသစ်တဖန်ပြန်မွေးဖွားဖို့လဲမမေ့ပါနဲ့။

Relase လုပ်ဖို့ affirmationတွေအတူဆိုကြည့်ကြမယ်နော်(စိတ်ပါလက်ပါ ဆိုဖို့မမေ့ပါနဲ့)

I release what no longer belongs in my life.
I release what no longer belongs in my life.
I release what no longer belongs in my life.

(တခါတရံမှာ ကိုယ်တိုင်ကမသိလိုက်ပဲ မလိုအပ်တဲ့အရာတွေကိုတွယ်ကပ်မိနေတာလဲရှိသလို တကယ်လဲကိုယ့်အတွက်မလိုအပ်အသုံးမဝင်တော့ဘူး တခန်းရပ်သွားတာကို တွယ်ကပ်မိနေတာတွေရှိရင် တခါထဲ relaseထားခဲ့မယ်နော် mindset/ကိုယ့်ရဲ့မကောင်းတဲ့အမူကျင့်တွေအားလုံးထားခဲ့ရအောင်)

What is leaving my life is making space for something greater.
What is leaving my life is making space for something greater.
What is leaving my life is making space for something greater.

(စွန့်ခွာမှုတွေ အဆုံးသတ်မှုတွေကြုံရမှာမကြောက်ပါနဲ့ ကိုယ်ဖြစ်နေလို့ ကြုံတွေ့နေရတာလဲမဟုတ်သလို ကိုယ်တိုင်ကကံဆိုးနေခြင်းလဲမဟုတ်ပါဘူး တကယ်တန်းကျ ကိုယ်တိုင်က ကောင်းတဲ့အရာတွေလက်ခံ ကြိုဆိုဖို့ spaceရအောင်လုပ်နေယုံပါ)

Affirmation သေချာစိတ်ပါလက်ပါဆိုခဲ့တယ် အဓိပ္ပယ်နားလည်စွာနဲ့ နှလုံးသွင်းနိုင်ခဲ့တယ်ဆိုရင်

ဂုဏ်ယူပါတယ် မနက်ဖြန်ဟာသင့်အတွက် New chapterပါပဲ🕵🏻‍♀️

Divine Light💙Divine lightဆိုတာ စာလုံးတိုတိုလေးဆိုပေမဲ့ အဓိပ္ပယ်ဖွင့်ဆိုပုံကရိုးရှင်းပါတယ် လူတွေရဲ့ဘဝမှာ အမှောင်အတိဖြစ်ခဲ...
19/08/2026

Divine Light💙

Divine lightဆိုတာ စာလုံးတိုတိုလေးဆိုပေမဲ့ အဓိပ္ပယ်ဖွင့်ဆိုပုံကရိုးရှင်းပါတယ် လူတွေရဲ့ဘဝမှာ အမှောင်အတိဖြစ်ခဲ့ဖူးတာတွေရှိမှာပါ ဒါပေမဲ့ ကိုယ်ဘယ်လိုအ​ခြေနေပဲရောက်နေနေ အလင်းရောင်လေးတခုကတော့ မပျောက်သွားပါဘူး ကိုယ့်အတွက် အမြဲလင်းပေးပီး လမ်းပြပေးနေမှာပါ❤။

ကိုယ့်ဘဝမြေပုံပေါ်က Divine lightလေးသိချင်ရင် ရွေးကြည့်ပါ💌

ဒီ post react 500ပြည့်ရင်pileချက်ချင်းတင်ပေးမယ် မပြည့်လဲရတယ်ဘာမှဖြစ်ဘူး ပြည့်တဲ့ရက်မှတင်မယ်😝
10/08/2026

ဒီ post react 500ပြည့်ရင်pileချက်ချင်းတင်ပေးမယ် မပြည့်လဲရတယ်ဘာမှဖြစ်ဘူး ပြည့်တဲ့ရက်မှတင်မယ်😝

မင်္ဂလာပါpage ကသုံးလိုက်မသုံးလိုက်ဖြစ်တာကလေ စိတ်ပါမှတင်တာများတော့ ကျားဖြန့်ထင်ပီးထွက်ပြေးနေကြမှာဆိုးလို့​ပြောပြတာပါ😭😭နော...
10/08/2026

မင်္ဂလာပါ

page ကသုံးလိုက်မသုံးလိုက်ဖြစ်တာကလေ စိတ်ပါမှတင်တာများတော့ ကျားဖြန့်ထင်ပီးထွက်ပြေးနေကြမှာဆိုးလို့​ပြောပြတာပါ😭😭
နောက်ပိုင်းတွေပိုတင်ပေးပါ့မယ် ကိုယ်တိုင်လိုက်လုပ်လို့ရမဲ့ritual tipsလေးတွေပါတင်ပေးမယ်နော်(astroကတော့မတင်ပေးဖြစ်ဖို့များ ရေးမနိုင်တာရယ် ရေးရမှာပျင်းတာရယ်ကြောင့်ပါ တကယ်တန်းတွေးတွေးကြည့်ရင် ကိုယ်ရေးတာဖတ်ဖို့ကလဲ မွေးချိန်မွေးနေရာတွေသိအုန်းမှဆိုတော့လေ ဖြုတ်ထားလိုက်တာပဲကောင်းပါတယ်)

Page အတွက် အကြံပြုလိုတာရှိရင် cmtမှာရေးခဲ့ပေးပါ🙇🏻

Astrology tips တွေတင်ပေးချင်တာ ဒါမဲ့ placement တွေသိဖို့ကလဲ မွေးချိန် မွေးနေရာမှန်ဖို့ကလိုသေးတယ် စာဖတ်သူအများစုက မွေးချိ...
30/07/2026

Astrology tips တွေတင်ပေးချင်တာ ဒါမဲ့ placement တွေသိဖို့ကလဲ မွေးချိန် မွေးနေရာမှန်ဖို့ကလိုသေးတယ် စာဖတ်သူအများစုက မွေးချိန်မသိကြတာများမယ်ထင်တယ်😅 မသိတဲ့လူကျ ဖတ်စရာမရှိတော့အဆင်မပြေပြန်ဘူး pileပဲ ပြန်တင်ရမလား?

10:01💌Moon Signကမင်းကိုယ်တိုင် money makerဖြစ်စေမဲ့ First stepလေးပါပဲ👀။ကိုယ့်ရဲ့ Moon Signက ဘယ်placementမှာရှိနေလဲ ပြောခ...
30/07/2026

10:01💌

Moon Signကမင်းကိုယ်တိုင် money makerဖြစ်စေမဲ့ First stepလေးပါပဲ👀။
ကိုယ့်ရဲ့ Moon Signက ဘယ်placementမှာရှိနေလဲ ပြောခဲ့ပေးနော်❣

Pageက followersတွေဖတ်ဖို့ zodiac signတွေအကြောင်းရေးပေးရမလား👀Sun/Moon/Rising...စသဖြင့်ပေါ့လေသေချာတာတော့ ဖတ်ဖူးနေကျစာတွေလိ...
29/07/2026

Pageက followersတွေဖတ်ဖို့ zodiac signတွေအကြောင်းရေးပေးရမလား👀
Sun/Moon/Rising...စသဖြင့်ပေါ့လေ
သေချာတာတော့ ဖတ်ဖူးနေကျစာတွေလိုမျိုးမထပ်စေရဘူးနော်💌

ဘုန်းကံကြီးမား ရတနာများ(ရတနာနဲ့ပက်သက်တဲ့စွမ်းအင် အကြောင်းစိတ်ဝင်စားသူ/ရတနာဝတ်ရတာကြိုက်သူများသာ သေချာအလေးနက်ဖတ်ပေးပါ)ရတနာ...
11/07/2026

ဘုန်းကံကြီးမား ရတနာများ

(ရတနာနဲ့ပက်သက်တဲ့စွမ်းအင် အကြောင်းစိတ်ဝင်စားသူ/ရတနာဝတ်ရတာကြိုက်သူများသာ သေချာအလေးနက်ဖတ်ပေးပါ)

ရတနာနဲ့ပက်သက်ရင် မကြိုက်တဲ့လူကတော့မရှိလောက်ဘူးလို့ထင်ပါတယ်။ဒါပေမဲ့ မြန်မာလူမျိုးတွေရဲ့ ထုံးစံအရ ကိုယ်နေ့နံလိုက်သော်လည်းကောင်း ဇာတာဖြင့်သော်လည်းကောင်း ကိုက်ညီတဲ့ ရတနာတွေကို အများစုကဝတ်ဆင်ကြမယ်လို့ထင်ပါတယ်။ကိုယ့်နေ့နံ/ဇာတာနဲ့မကိုက်ရင်ကို ရတနာက ဆိုးကျိုးပြုစေတယ် ကံဆိုးစေတယ်လို့ယူဆကြမှာမလွဲမသွဲပါပဲ။
Adminလဲအဲ့လိုတွေးတဲ့ထဲကတစ်ယောက်ပါပဲ။ရတနာအကုန်လုံးကိုကြိုက်ပေမဲ့ ကိုယ့်ဇာတာနဲ့မကိုက်တဲ့ရတနာဆို တအားကြိုက်နေရင်တောင်မဝတ်ရဲဘူး ကိုယ်နဲ့မတည့်ဘူးပြောရအောင်လဲ အဲ့တာဆောင်ဖူးဝတ်ဖူးလို့ အဆင်မပြေဖြစ်ခဲ့လားဆိုတော့လဲမဟုတ်ပြန်ဘူး ခိုက်တတ်တယ်ဆိုတဲ့အတွေးက ခေါင်းထဲမှာကို သံမှိုနဲ့စွဲရိုက်ထားသလိုဖြစ်နေတာ။
Admin ရဲ့ဆရာပြောပြမှပဲ ကိုယ့်ရဲ့ ရတနာနဲ့ပက်သက်တဲ့အယူဆအမှားကြီးကို လုံးဝလွှတ်ချနိုင်သွားတော့တယ်။
ရတနာဆိုတာ ဘုန်းကံရှိမှ ထိုက်မှဝတ်ဆင်ရတာ။တချို့တွေပိုက်ဆံပေါ်လျှံနေအောင်မရှိဘူး ဒါပေမဲ့သူတို့မှာရတနာပစ္စည်းလေးတွေရှိတယ် ဒါကလဲသူတို့ရဲ့အတိတ်ကံပါရမီကြောင့် ဆင်မြန်းခွင့်ရတာပေါ့။တချို့ကျပြန်တော့လဲ ဘာရယ်မဟုတ်ဘူး ဒီရတနာလေးကြောင့်ပဲ အောက်ခြေကနေ အမြင့်ထိရောက်သွားသူလဲရှိပါတယ်။
ရတနာကအဘက်ဘက်က ကောင်းနေတော့ အဆိုးရော်မရှိဘူးလားလို့မေးနိုင်ပါတယ်။
ရတနာကြောင့်ဒုက္ခရောက်သူတွေလဲရှိပါတယ် လက်ထဲရတနာတခုခုရလာလို့ အဆင်မပြေတာတွေဖြစ် နောက်ဆုံးအဲ့တာကြီးထုတ်ရောင်းမှ အဆင်ပြေသွားတဲ့လူတွေလဲတွေ့ဖူးပါတယ်။
ဒါဆို ကောင်းကျိုးဖြစ်ထွန်းပီး ဆိုးကျိုးသက်သာအောင်ဘယ်လိုရွေးချယ်ရမလဲ?
အဖြေကရှင်းပါတယ် နေ့နံဇာတာတွေခနထားလိုက်ပါ
ကိုယ့်ဘုန်းကံမြင့်သထက်မြင့်မားအောင် ကောင်းသောအရာတွေသာတတ်နိုင်သမျှပြုလုပ်ပါ လုံးဝ100%ကြီးကောင်းအောင်နေရမယ်မဆိုလိုဘူးနော် လူအချင်းချင်းကသတ်မှတ်ထားတဲ့limitလဲမတူပြန်ဘူး ဒါကြောင့်မို့ အကောင်းဆုံးသာနေထိုင်ပါ။ကိုယ့်ကံကြောင့်ရတဲ့ ရတနာတွေရှိရင် သေချာဂရုစိုက်ပီးမှတ်သားထားပါ ဒီရတနာကြောင့်ဘာသိသိသာသာပြောင်းလဲခဲရလဲ သိသိသာပြောင်းလဲခဲ့တယ်အကျိုးပြုတယ်ဆိုရင် ဒီရတနာက ဇာတာစစ်စရာမလိုပဲနဲ့ ကိုယ့်အတွက် luckyလေးပါ။
ရတနာဝတ်တာအဆင်မပြေဘူးဆိုရင်တော့ ရတနာကို တရော် နံ့သာနဲ့သန့်စင်ပီး မြတ်စွာဘုရားကိုအပ်ပါလှူပါ လှူပီးရင်တော့ အကျိုးဖြစ်ထွန်းစေမဲ့ရတနာအဖြစ်ပြန်လည်စွန့်ပါလို့ပြောပီးဆောင်ယူလို့ရပါတယ် ဒါဆိုရင် ရတနာတွေရဲ့အခိုက်ကသိသိသာသာလျော့နည်းသွားပါလိမ့်မယ်။
အဆင်မပြေဖြစ်ရခြင်းရဲ့ main pointကတော့ ကိုယ်ကကံဆိုးသူလဲမဟုတ်သလို ရတနာကလဲ ကိုယ့်ကိုသက်သက်မဲ့ဒုက္ခပေးနေတာလဲမဟုတ်ပြန်ပါဘူး
ရတနာဆိုတဲ့အမျိုးကံ ဘုန်းနဲ့ကံနဲ့နတ်ကြီးတဲ့အရာမလို့ မိမိဘက်ကထိုက်တန်တဲ့ဘုန်းကံရှိနေရင် နှစ်ဦးနှစ်ဖက်တအားအကျိုးပြုတဲ့ပစ္စည်းလေးပါ။အဲ့လိုမှမဟုတ်ပဲ ကိုယ်ကကျက်သရေမရှိတာပဲလုပ်မယ် ဘုန်းကံမရှိဘူးဆိုရင်တော့ ရတနာရဲ့ကံကိုလိုက်မမှီနိုင်လို့ ခက်ခဲတယ်အဆင်မပြေဘူးစတာတွေခံစားရစေတာပါ။
ဒီစာဖတ်ပီး မိမိနဲ့ထိုက်သော စစ်မှန်စွာအကျိုးပြုမဲ့ ရတနာများများဝတ်ဆင်နိုင်ကြပါစေ😁🙏🏻🙏🏻(ကိုယ့်ကံကိုစနစ်တကျပြုပြင်ဖို့လဲမမေ့ပါနဲ့နော်✌🏻)

(ပိုင်ဆိုင်တဲ့ရတနာလေးတွေ အကျိုးပြုတယ်ခံစားရတဲ့ရတနာတွေရှိရင်လဲ cmtထဲ reviewလေးချရေးခဲ့ပါအုန်း သူဌေးမင်းတို့💕)

(လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ် ကြိုက်တဲ့အယူကိုသာလက်ခံပါ negative /တဖက်ပိတ်cmtများရေးခြင်းလက်မခံပါ)

Namaste💌pageထဲဝင်လိုက်မဝင်လိုက်နဲ့ အဆက်သွယ်ပျက်နေတာလဲကြာတာရယ် pile ခနခနတင်ပေးရတာ ပျင်းလာလို့ free readingလုပ်ပေးချင်ပါတယ...
05/06/2026

Namaste💌

pageထဲဝင်လိုက်မဝင်လိုက်နဲ့ အဆက်သွယ်ပျက်နေတာလဲကြာတာရယ် pile ခနခနတင်ပေးရတာ ပျင်းလာလို့ free readingလုပ်ပေးချင်ပါတယ်🦋

မိမိဘဝနဲ့သက်ဆိုင်တဲ့ မေးခွန်းတခုသာမေးခွင့်ရှိပါမယ်✌🏻
လူ5ယောက်ပဲရွေးပါ့မယ်
ရွေးထားတဲ့လူတွေကို နောက်အပတ်ကြာသပတေးမှာလာဆက်သွယ်ပေးပါ့မယ်💛

မင်္ဂလာပါဒီနေ့အတွက် pileမတင်ခင် ကြာသပတေးဂြိုဟ်မင်းနဲ့ပက်သက်တဲ့အကြောင်းလေးပြောပြချင်ပါတယ်✌🏻။ကြာသပတေးဂြိုဟ်နဲ့သောကြာဂြိုဟ်...
20/05/2026

မင်္ဂလာပါ

ဒီနေ့အတွက် pileမတင်ခင် ကြာသပတေးဂြိုဟ်မင်းနဲ့ပက်သက်တဲ့အကြောင်းလေးပြောပြချင်ပါတယ်✌🏻။

ကြာသပတေးဂြိုဟ်နဲ့သောကြာဂြိုဟ်ကအလားသဏ္ဍာန်တူတဲ့ စည်းချမ်းသာမှုကိုပေးစွမ်းနိုင်တဲ့ဂြိုဟ်တလုံးပါ။
သောကြာက အများချမ်းသာမှုကိုဆောင်ကျဥ်းပီး ကြာသပတေးဂြိုဟ်က မိမိကိုယ်တိုင်တိုးတက်ရေး ငြိမ်းချမ်းမှုကိုဆောင်ကျဥ်းပေးတဲ့ဂြိုဟ်တလုံးပါ။

ဇာတာမှာ ကြာသပတေးဂြိုဟ်ကောင်းမွန်တဲ့အနေအထားရှိသူဟာ မြင့်မားတဲ့အတွေးခေါ်ရှိခြင်း/ဘာသာတရားကိုင်းရှိုင်းခြင်း စတဲ့အကျိုးကျေးဇူးတွေနဲ့ပြည့်စုံစေပါတယ်။နောက်တခုကတော့ ကြာသပတေးဂြိုဟ်မင်းကို planet of luckလို့ပါတင်စားခေါ်ဝေါ်ကြပါတယ်။ ကောင်းမွန်တဲ့planetအနေအထားရှိသူအဖို့က ပိုက်ဆံရှာရလွယ်ကူခြင်း/ထီကံ/ ငွေကံမြင့်မားခြင်း မိတ်ဆွေကောင်းများပေါ်များခြင်းစတဲ့ အကျိုးကျေးဇူးတွေနဲ့လဲ ပြည့်စုံစေပါတယ်။ 12th houseမှာ ကြာသပတေးဂြိုဟ်ရှိသူအဖို့လဲ မမြင်ရတဲ့ hidden ပုဂ္ဂိုလ်တွေက protection ရလေ့ရှိပါတယ်။

ဒီလကုန်ပီဆိုတာနဲ့ ကြာသပတေးဂြိုဟ်မင်းက ဥုစ်ရာသီဖြစ်တဲ့ ကရကဋ်ရာသီမှာ နေမှာဖြစ်တဲ့အတွက်ကြောင့် လူတိုင်းအဖို့ မိမိရဲ့ဇာတာမှာ ကြာသပတေးဂြိုဟ်တည်နေရာအလိုက် တစတစဖြင့် ကံကောင်းမှုတွေကိုမျက်ဝါးထင်ထင်မြင်တွေရပါလိမ့်မယ်။
ကောင်းမွန်တဲ့အနေအထားရှိတဲ့အချိန်မှာ မိုးရွာတုန်းရေခံဆိုသလို မိမိဘက်ကလဲ ဘာသာတရားရွတ်ဆိုပူဇော်ပွားများခြင်း ကောင်းသောအကျင့်ကျင့်ခြင်းစတဲ့ ကောင်းမှုတွေလုပ်ဆောင်ပေးခြင်းဖြင့် များစွာသောကံကောင်မှုတွေကိုဘဝထဲဆွဲခေါ်နိုင်ပါတယ်။ထီကံ ငွေကံတက်မဲ့ကာလမလို့ မိမိရဲ့ကံကိုလဲစမ်းကြည့်နိုင်ပါတယ် လောဘတက်ပီး လောင်းကစားလုပ်တာတော့အားမပေးပါဘူး။

အပေါ်မှာပြောသလို ကိုယ်ကလုပ်ဖို့မအားဘူး အချိန်မပေးနိုင်သေးဘူးဆိုရင် Adminရှိမှာ တစ်လစာJupiter candle အပ်နှံလို့ရပါတယ်။ဒီ Ritualကအာမခံဖြစ်တဲ့အပြင် ဂြိုဟ်သဘောနဲ့ပေါင်းစပ်ပြုလုပ်တာမို့ ခုလုပ်ခုresultရတာထက် တလအကြာတစိုက်မက်မက်လုပ်ပီးရင်တော့သေချာပေါက် Resultရစေတာမလို့ recomemd ပေးပါတယ်💛။
ကြာသပတေးဂြိုဟ်ကောင်းရင် အပြစ်တစ်သန်းတောင်ကျေစေနိုင်တယ်ဆိုတဲ့ အယူလဲရှိတဲ့အပြင် ကောင်းတဲ့စွမ်းအင်တွေ 100% attract ပေးတာမလို့ လုပ်သင့်ပါတယ်။

Jupiter Candle(1month) Fees= 44000ပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Spirits Of Insight posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share