Honest Hour

Honest Hour Mental, Physical, Spiritual Wellbeing တွေအတွက် တစ်နေရာတည်းမှာဆွေးနွေး၊ ကုစား၊ ပြောင်းလဲနိုင်မယ့် Honest Hour Application

Digital Burnout ကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ပြီး လက်တွေ့ဘဝမှာ အာရုံစိုက်ရခက်ခဲနေပါသလား...?" 💭Digital ကမ္ဘာက...
04/09/2026

Digital Burnout ကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ပြီး လက်တွေ့ဘဝမှာ အာရုံစိုက်ရခက်ခဲနေပါသလား...?" 💭

Digital ကမ္ဘာကြီးထဲမှာ မျောပါရင်း မသိမသာနဲ့ စိတ်အမောပန်းခြင်း၊ အာရုံပျံ့လွင့်ခြင်းနဲ့ Digital Burnout တွေကို ကျွန်မတို့ ကြုံတွေ့နေရတတ်ပါတယ်။ တကယ်တော့ ဒါဟာ မိမိရဲ့ Willpower ညံ့ဖျင်းလို့ မဟုတ်ပါဘူး။

အာရုံတွေကို ပြန်လည်စုစည်းပြီး စိတ်အေးချမ်း ပေါ့ပါးသွားစေဖို့ Honest Hour မှ မကြာမီ ပြုလုပ်မယ့် "Reclaiming Attention and Overcoming Digital Burnout" Free Online Workshop လေးဆီ ဖိတ်ခေါ်ချင်ပါတယ်ရှင်။

ဒီ Workshop လေးမှာ Counsellor Ma Yu Sett (C08) ကနေပြီး နွေးထွေးလုံခြုံတဲ့ Safe Space လေးထဲမှာ သင့်ရဲ့ စိတ်လေး ပေါ့ပါးသွားအောင် အတူတူ ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်။

💡 Workshop Outline (ဆွေးနွေးသွားမည့် အကြောင်းအရာများ):
1️⃣ Introduction: မိတ်ဆက်ခြင်းနှင့် နွေးထွေးစွာ စတင်ခြင်း
2️⃣ Not a failure of your willpower: အာရုံမစိုက်နိုင်ခြင်းဟာ ကိုယ့် Willpower ညံ့ဖျင်းလို့ မဟုတ်ကြောင်း နားလည်ခြင်း
3️⃣ The dopamine loop: ဖုန်းနှင့် digital ပစ္စည်းများ၏ Dopamine Loop သံသရာကို ဆန်းစစ်ခြင်း
4️⃣ Digital burnout & brain fog: Digital အဆိပ်သင့်မှုကြောင့် ခေါင်းထဲ မကြည်မလင်ဖြစ်ခြင်း
5️⃣ Passive digital habits: မသိစိတ်အတိုင်း ငေးမောသုံးစွဲမိသည့် Digital အလေ့အထများ
6️⃣ Quick self-assessment: မိမိ၏ လက်ရှိအခြေအနေကို ချက်ချင်း ဆန်းစစ်ကြည့်ခြင်း
7️⃣ Recovery & redesigning one moment: စိတ်ပြန်လည်လန်းဆန်းစေရန်နှင့် နေ့စဉ်အခိုက်အတန့်များကို ပြန်လည်ပုံဖော်ခြင်း
8️⃣ Q&A and wrap up: မေးခွန်းများ မေးမြန်းခြင်းနှင့် နိဂုံးချုပ်ခြင်း

📅 Workshop Details:
Speaker: Counsellor Ma Yu Sett (C08)
Date: 6.9.2026 (Sunday)
Time: 7:30 PM – 8:30 PM (MMT)
Duration: 1 Hour
Platform: Zoom Online
Cost: Completely FREE (အခမဲ့)

Digital အဆိပ်အတောက်တွေကနေ ခဏလောက် ရုန်းထွက်ပြီး ကိုယ့်ရဲ့ အတွင်းစိတ်ဆီ ပြန်လည်ချိတ်ဆက်ဖို့ အချိန် ၁ နာရီလောက် သီးသန့်ပေးလိုက်ရအောင်နော်... 🤍
Comment မှာ “ Join” လို့ချန်ခဲ့ပြီး စာရင်းပေးသွင်းဖို့ မမေ့ပါနဲ့နော်...

02/09/2026

အတိတ်က နောင်တတွေကို အပြုသဘောဆောင်တဲ့ သင်ခန်းစာအဖြစ် ပြောင်းလဲပစ်ကြရအောင် ✨

Honest Hour ရဲ့ Mental Break Series: "Rewrite Your Regret" Workshop မှာ ဒေါက်တာနန္ဒကျော်စွာနဲ့အတူ အတိတ်က ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချပြီး ပစ္စုပ္ပန်အတွက် စိတ်ဓာတ်ခွန်အားတွေ မွေးမြူခဲ့ကြပါတယ်။ 🌿

ဒီ Session ကနေ
• Self-Compassion: ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ ခွင့်လွှတ်ပေးဖို့
• Reframing: အမှားတွေထဲက သင်ခန်းစာ ဖော်ထုတ်ဖို့
• Emotional Closure: အတိတ်ကို လွှတ်ချပြီး ပစ္စုပ္ပန်မှာ ပေါ့ပါးစွာ ရှေ့ဆက်နိုင်ဖို့ တို့ကို သင်ယူရရှိခဲ့ကြပါတယ်။
နောက်လတွေမှာလည်း ဘယ်လို In Person အစီအစဥ်တွေ လာဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးပါဦး✨

02/09/2026

တစ်နေကုန်လုံး စိတ်ခွန်အား၊ လူခွန်အား အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ Mindful Morning Challenge လေး လာ Join ပါ...

နေ့စဉ်ဘဝရဲ့ ဆူညံပြေးလွှားမှုတွေကြားမှာ ကိုယ့်စိတ်ကလေးကို အေးချမ်းစွာ အနားပေးပြီး၊ စွမ်းအင်အပြည့်နဲ့ သက်ဝင်လန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်စေဖို့ Honest Hour ရဲ့ "Mindful Morning 45-Day Challenge" လေး ပါဝင်ဖို့ မမေ့ပါနဲ့နော်...

☀️ Challenge အသေးစိတ်
September လကုန်အထိ 2026
Time: မနက်ခင်း 6:00 AM – 6:30 AM (နေ့စဉ် မိနစ် ၃၀)
Duration: ၄၅ ရက်ဆက်တိုက်

ဒီ challenge လေးမှာ ပါဝင်ဖို့အတွက် အောက်ပါ register link လေးမှာ စာရင်းပေးထားဖို့ မမေ့နဲ့အုံးနော်…
Link: https://forms.gle/ULBRdgUyd5J3H5Yw6

Register form ကနေတစ်ဆင့် Zoom Link ရယူနိုင်ပါတယ်ရှင်။

ကြားထဲမှာ Join ဖို့ပျက်သွားခဲ့ရင်လည်း ဆက်လက် Join ပေးလို့ရပါတယ်။
Challenge ပြီးဆုံးသွားတဲ့အခါ အများဆုံး Join ခဲ့တဲ့ လူတွေထဲက တစ်ယောက်ကို Honest Hour services တွေမှာ ပြန်အသုံးပြုနိုင်ဖို့ Cash back 300,000 Lucky Draw ပြန်ဖောက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်🥰🤍

ငါ အဆင်ပြေပါတယ် ဆိုတဲ့ စကားလုံးနောက်မှာ စိတ်ရဲ့ မောပန်းမှုတွေကို တစ်ယောက်တည်း ထမ်းပိုးထားရတာ ပင်ပန်းနေပြီလား? 🤍Don't Car...
31/08/2026

ငါ အဆင်ပြေပါတယ် ဆိုတဲ့ စကားလုံးနောက်မှာ စိတ်ရဲ့ မောပန်းမှုတွေကို တစ်ယောက်တည်း ထမ်းပိုးထားရတာ ပင်ပန်းနေပြီလား? 🤍

Don't Carry It Alone — သင့်ရဲ့စိတ်အပူတွေကို အတူတူ မျှဝေကုစားပေးပါရစေ 🤝✨

ဘဝရဲ့ စိန်ခေါ်မှုတွေ၊ အတွေးလွန်ခြင်းတွေ၊ မွန်းကြပ်မှုတွေကို တစ်ယောက်တည်း မနားတမ်း ကြိုးစားကျော်ဖြတ်နေရလို့ ပင်ပန်းနေပြီလား?

စိတ်ရဲ့ လေးလံမှုတွေကို တစ်ယောက်တည်း ထမ်းထားစရာ မလိုပါဘူး။ Honest Hour ရဲ့ နွေးထွေးတဲ့ Safe Space လေးထဲမှာ ကျွမ်းကျင် Professional Counsellors တွေနဲ့အတူ အတူတူ အဖြေရှာကြည့်ရအောင်ပါ။

ဒီ Promotion ကာလလေးမှာ ကိုယ့်ရဲ စိတ်ပိုင်းဆိုင်ရာ Wellbeing ကို အထူးဂရုစိုက်ဖို့အတွက် Counselling Session တွေမှာ discount အစီအစဉ်တွေ စီစဉ်ပေးထားပါတယ်ရှင်။

🗓️ Promotion Dates: August 31st – September 3rd, 2026

💖 Promotion Offers:

Individual Session: 10% OFF (တစ်ဦးချင်း ဆွေးနွေးမှုများအတွက်)

With Buddy: 15% OFF EACH (သူငယ်ချင်း၊ ချစ်ရသူတစ်ယောက်နဲ့အတူ counselling booking ရယူလိုပါက တစ်ဦးစီအတွက် 15% discount)

လေးရက်တာသာ ပြုလုပ်မယ့် Limited-time offer ဖြစ်တာကြောင့် အခုပဲ Booking ရယူပြီး စိတ်အေးချမ်းမှုကို ရှာဖွေလိုက်ပါနော်။

💬 Booking ရယူရန်: Honest Hour Page Messenger မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်နိုင်သလို 📞 ဖုန်းနံပါတ် 09 79 282 4522 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

(English Below)ခေါင်းဆောင်တစ်ယောက်ဖြစ်လာတဲ့အခါ…ဘယ်သူ့ရှေ့မှာမှ မပြောဖြစ်တဲ့ ဇာတ်လမ်းတွေ ရှိလာတတ်ပါတယ်။“အဆင်ပြေပါတယ်” လို...
30/08/2026

(English Below)
ခေါင်းဆောင်တစ်ယောက်ဖြစ်လာတဲ့အခါ…
ဘယ်သူ့ရှေ့မှာမှ မပြောဖြစ်တဲ့ ဇာတ်လမ်းတွေ ရှိလာတတ်ပါတယ်။

“အဆင်ပြေပါတယ်” လို့ ပြောနေရင်း
တကယ်တမ်းကျတော့ ပင်ပန်းနေတဲ့ Executive တစ်ယောက်…
ဆုံးဖြတ်ချက်တွေကြားမှာ ကိုယ့်ခံစားချက်တွေကို နောက်ဆုံးမှာထားနေရတဲ့ Leader တစ်ယောက်…

Team ကို အားပေးနေရင်း ကိုယ်တိုင်အားကုန်နေတဲ့သူတစ်ယောက်…
Leadership Burnout ဆိုတာ အလုပ်များလွန်းတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

အမြဲတမ်း ခိုင်မာနေရမယ်ဆိုတဲ့ ဖိအား၊
လူတိုင်းအတွက် ဆုံးဖြတ်ပေးရတဲ့ တာဝန်၊
ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ထားရတဲ့ အထီးကျန်မှုတွေကနေ ဖြစ်လာနိုင်ပါတယ်။

ဒီလို Untold Stories of Executives တွေကို
ပြောလို့ရမယ့်နေရာတစ်ခု လိုအပ်ပါတယ်။

🌿 THE RESTED LEADER RETREAT
Leadership Burnout, Untold Stories of Executives
ဒီ Retreat မှာ Leadership ကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာထက် Leader တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ဂရုစိုက်မလဲ ဆိုတာကို ပြန်လည်ရှာဖွေသွားမှာပါ။

🌿 Connect.
💭 Reflect.
🧘‍♀️ Reset.
✨ Return with clarity.

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို အမြဲတမ်း ခိုင်မာနေရန် မလိုပါဘူး။

တစ်ခါတလေ… ခဏရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်နားထောင်ဖို့ပဲ လိုတာပါ။

📩 Your leadership deserves rest, too.

The Rested Leadership Retreat ကို လိုက်ပါချင်တယ်ဆိုရင် Honest Hour page မှာဖြစ်စေ၊ 09 792824522 နဲ့ 09 967077901 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

When you become a leader…
There are stories you may never tell anyone.

An Executive who keeps saying, “I’m fine,”
while feeling exhausted inside…

A Leader who keeps putting their own emotions last
while making countless decisions…

Someone who keeps supporting and motivating their team
while quietly running out of energy themselves…

Leadership Burnout is not simply about having too much work.

It can come from the pressure to always stay strong,
the responsibility of making decisions for everyone,
and the loneliness of having to hide your own vulnerabilities.

These are the Untold Stories of Executives
that deserve a space to be heard.

🌿 THE RESTED LEADER RETREAT
Leadership Burnout, Untold Stories of Executives
This Retreat is not about becoming a better leader.
It is about rediscovering
how to take care of yourself as a leader.

🌿 Connect.
💭 Reflect.
🧘‍♀️ Reset.
✨ Return with clarity.
You don’t always have to be strong to be a good leader.

Sometimes, you simply need to pause
and listen to yourself again.

📩 Your leadership deserves rest, too.

If you’re interested in joining The Rested Leadership Retreat, feel free to contact us through the Honest Hour page or reach us at 09 792824522 or 09 967077901 for more information.

[English Below]ဝန်ထမ်းတွေရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရွှင်လန်းမှု (Employee Wellbeing) ကို အလေးထားတဲ့အနေန...
29/08/2026

[English Below]

ဝန်ထမ်းတွေရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရွှင်လန်းမှု (Employee Wellbeing) ကို အလေးထားတဲ့အနေနဲ့ DSV ရုံးမှာ Honest Hour ရဲ့ Yoga Session လေးကို အောင်မြင်စွာ ပြုလုပ်ပေးခဲ့ပါတယ် 🧘‍♀️🌿

ဒီ session လေးဟာ ဝန်ထမ်းတွေအတွက် အလုပ်ချိန်အတွင်း ခဏမျှ နားခိုပြီး -

-စိတ်ဖိစီးမှုတွေနဲ့ ကိုယ်ခန္ဓာညောင်းညာမှုတွေကို ဖြေလျှော့နိုင်ဖို့၊
-ကိုယ့်ကိုယ်ကို ပြန်လည်ဂရုစိုက်ပြီး သတိတရား (Mindfulness) ကို လေ့ကျင့်နိုင်ဖို့၊
-ပေါ့ပါးလန်းဆန်းတဲ့ စွမ်းအင်တွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

Honest Hour အနေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်မှုဟာ ကျန်းမာတဲ့ လုပ်ငန်းခွင်တစ်ခု (Healthy & Sustainable Workplace) တည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အချိန်တစ်ခု သီးသန့်ပေးလိုက်ခြင်းက ဝန်ထမ်းတွေကို ပိုမိုကျန်းမာပျော်ရွှင်တဲ့ မျှခြေတစ်ခုကို ရရှိစေပါတယ်။

ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ဦးစားပေးပြီး Honest Hour နဲ့ လက်တွဲကာ ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို အတူတကွ ပုံဖော်ပေးခဲ့တဲ့ DSV ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်❤️

သင့်ရဲ့လုပ်ငန်းမှာလည်း Honest Hour Wellbeing Services တွေကို ရယူချင်တယ်ဆိုရင် Honest Hour သို့ 09 79 282 4522 ကိုဖြစ်စေ၊ Email: [email protected] ကိုဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Honest Hour was pleased to conduct a Yoga Session at DSV as part of its commitment to employee wellbeing.
The session provided employees with an opportunity to pause, reconnect with themselves, release physical tension, and cultivate greater mindfulness during the workday.

At Honest Hour, we believe that employee wellbeing is an essential part of a healthy and sustainable workplace. Creating space for physical and mental wellbeing can help employees feel more balanced, energized, and connected.

Thank you to DSV for prioritizing the wellbeing of its people and for partnering with Honest Hour to create a healthier workplace.

For detailed information regarding Honest Hour’s Corporate Wellbeing Services, please feel free to reach out to us at 09 79 282 4522 or email us at [email protected].

28/08/2026

[English Below]
HR တိုင်းမှာလည်း သူတို့ကိုယ်တိုင်အတွက် အနားယူဖို့နဲ့ ဂရုစိုက်ခံရဖို့ အချိန် လိုအပ်ပါတယ် ❤️

Activo: Professional Outsourcing Firm မှ ဦးစီးကျင်းပခဲ့တဲ့ “HR AS HUMAN” ပွဲလေးမှာ Honest Hour မှ ပူးပေါင်းပါဝင်ခဲ့ပြီး HR များအတွက် Wellbeing ကို အလေးပေးစောင့်ရှောက်တဲ့ အစီအစဥ်လေးတွေ ပြုလုပ်ခဲ့ပါတယ်။

-နေ့စဉ် တာဝန်ဝတ္တရားတွေကြားထဲက ခဏတာ ရပ်နားပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အနားယူနိုင်ဖို့
-လုပ်ဖော်ကိုင်ဖက် HR တွေနဲ့ လွတ်လပ်စွာ ရင်ဖွင့် ချိတ်ဆက်နိုင်ဖို့
-မိမိကိုယ်တိုင်၏ Wellbeing ကို ပြန်လည် ဆန်းစစ် ဂရုစိုက်နိုင်ဖို့
ရည်ရွယ်ပြီး ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

HR ဆိုတာ လုပ်ငန်းခွင် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ဝန်ထမ်းတွေကို အစဉ်မပြတ် ကူညီပံ့ပိုးပေးနေကြသူတွေပါ။ ဒါပေမဲ့ "HR တွေဟာလည်း လူသားတွေပါပဲ" ဆိုတဲ့ အသိနဲ့ သူတို့အတွက် Rest & Recharge လုပ်ဖို့ အချိန်ပေးသင့်ကြောင်း ဒီ Session လေးက ပြသပေးခဲ့ပါတယ်။

HR တွေကိုလည်း ပြန်လည်ဂရုစိုက်ပေးဖို့ အရေးကြီးကြောင်း အသိအမှတ်ပြုပြီး Honest Hour ကို ဒီလို အဓိပ္ပာယ်ရှိတဲ့ Wellbeing Experience လေး ဖန်တီးခွင့်ပေးခဲ့တဲ့ Activo ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

သင့်ရဲ့လုပ်ငန်းမှာလည်း Honest Hour Wellbeing Services တွေကို ရယူချင်တယ်ဆိုရင် Honest Hour သို့ 09 79 282 4522 ကိုဖြစ်စေ၊ Email: [email protected] ကိုဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🌿 HR AS HUMAN | A Moment to Pause, Rest & Reconnect

Honest Hour was honored to facilitate “HR AS HUMAN,” a restorative wellbeing session hosted by Activo, created to give HR leaders the space to step away from their daily responsibilities, refresh their minds, reconnect with peers, and reflect on their own wellbeing.

HR professionals spend so much time caring for others, supporting employees, and navigating workplace challenges. This session was a reminder that HR professionals are human too—and they deserve time to rest, recharge, and take care of themselves.

A heartfelt thank you to Activo for giving Honest Hour the opportunity to facilitate this meaningful wellbeing experience and for recognizing the importance of caring for those who care for others.

Because when HR is well, they can lead with greater empathy, balance, and clarity. 🌱

For detailed information regarding Honest Hour’s Corporate Wellbeing Services, please feel free to reach out to us at 09 79 282 4522 or email us at [email protected].

မွန်းကြပ်မှုတွေကြားကနေ သင့်စိတ်ကလေး လွတ်လပ်အေးချမ်းသွားဖို့... 🌱✨ကျွန်တော်တို့ဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့အတွက် ဗီတာ...
26/08/2026

မွန်းကြပ်မှုတွေကြားကနေ သင့်စိတ်ကလေး လွတ်လပ်အေးချမ်းသွားဖို့... 🌱✨

ကျွန်တော်တို့ဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့အတွက် ဗီတာမင်တွေ၊ အားဆေးတွေ ဂရုတစိုက် ဝယ်ယူသောက်သုံးကြပေမဲ့... နေ့စဉ်ဘဝရဲ့ ဖိစီးမှုဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ဝိညာဉ်နဲ့ တလိပ်လိပ်တက်လာတတ်တဲ့ စိုးရိမ်စိတ်တွေအတွက်ရော ဘာတွေ ပြင်ဆင်ဖြည့်တင်းပေးထားပြီးပြီလဲဟင်? 🤔

တစ်ခါတလေ ခန္ဓာကိုယ်ထက် စိတ်က ပိုပြီး အားဖြည့်ပေးဖို့ လိုအပ်နေတတ်ပါတယ်။ အရှိန်အဟုန်ပြင်းတဲ့ ကမ္ဘာကြီးထဲမှာ လေးလံနေတဲ့ သင့်စိတ်ကလေးအတွက် အကောင်းဆုံး နွေးထွေးမှုနဲ့ အားဆေးတစ်ခွက် ဖြစ်လာစေဖို့ Honest Hour ရဲ့ "စိုးရိမ်စိတ်မှ လွတ်မြောက်ရာ (လမ်းညွှန်)" ဆိုတဲ့ လက်စွဲ Guide Book လေး ရှိနေပေးပါတယ်။

ဒီစာအုပ်လေးထဲမှာ...
• စိုးရိမ်စိတ်ရဲ့ သဘောတရားကို သိမြင်ခြင်း - မိမိရင်ထဲက မွန်းကြပ်မှုတွေကို မျက်ကွယ်မပြုဘဲ အကြင်နာတရားနဲ့ သေချာနားလည်လာစေဖို့၊

• ချက်ချင်းသက်သာစေမယ့် အသက်ရှူလေ့ကျင့်ခန်းများ - စိတ်ပူပန်မှုတွေရှိလာတဲ့အခါ လက်တွေ့ကျကျ စိတ်ငြိမ်စေမယ့် နည်းလမ်းကောင်းတွေ၊
အတွေးအမှားတွေကို ပြုပြင်ခြင်း - သင့်ကို ပိတ်လှောင်ထားတဲ့ အတွေးနွံထဲကနေ ရုန်းထွက်ပြီး စိတ်ပေါ့ပါးလွတ်လပ်မှုကို ရှာဖွေဖို့ စတဲ့ အဖိုးတန်လမ်းညွှန်ချက်တွေကို ရိုးရှင်းစွာ ဝေမျှပေးထားပါတယ်။

မရေရာမှုတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် အလေးထားဂရုစိုက်ဖို့အတွက်ဖြစ်စေ၊ ကိုယ်သိပ်ချစ်ရပြီး အမြဲစိတ်ပူပေးရတဲ့သူတွေအတွက် နွေးထွေးတဲ့လက်ဆောင်မွန်အဖြစ် ပေးအပ်ဖို့ဖြစ်စေ အခုပဲ အော်ဒါတင်ပြီး ဝယ်ယူအားပေးနိုင်ပါပြီရှင်။ 📦✨

📖 တန်ဖိုး - ၈,၅၀၀ ကျပ်
🛒 “စိုးရိမ်စိတ်မှလွတ်မြောက်ရာ (လမ်းညွှန်)” ဆိုတဲ့ Anxiety Guide Book လေးကို အမြန်ဆုံး လက်ဝယ်ရရှိနိုင်ဖို့ အောက်ပါ Link ကနေတစ်ဆင့် လွယ်ကူစွာ Order ရယူနိုင်ပါတယ်ရှင်။

👉 https://forms.gle/SW6JmKMRxF6nX4Rt5
#စိုးရိမ်စိတ်မှလွတ်မြောက်ရာ

📣ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့ entrepreneurs တွေ၊ Corporate ရဲ့ Managerial Role မှာ လုပ်ကိုင်နေရသူတွေအနေနဲ့  ခေါင်းဆေ...
25/08/2026

📣ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့ entrepreneurs တွေ၊ Corporate ရဲ့ Managerial Role မှာ လုပ်ကိုင်နေရသူတွေအနေနဲ့ ခေါင်းဆောင်မှုပိုင်းနှင့် Decision Making တွေကို ပြန်လည်သုံးသပ်နိုင်စေဖို့ "The Rest Leader Retreat" Program လေးက လာမယ့် September လမှာ စောင့်ကြိုနေပါတယ်။

ဒီ Retreat လေးဟာ leadership style and philosophy တွေကို ပြန်လည်သုံးသပ်ပြီး အနားယူဖို့ အခွင့်အရေးပေးမယ့် Retreat Program လေးဖြစ်ပါတယ်။

Leadership Needs Space. ♟️

နေ့စဉ်လုပ်ငန်းဆောင်တာများမှာ အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ရှင်းလင်းပြတ်သားစွာ ချမှတ်နိုင်ဖို့အတွက် အကောင်းဆုံးအနားယူဖို့ လိုအပ်ပါတယ်။

The Rested Leader Retreat လေးက Honest Hour နဲ့အတူ Awei Metta နှင့် ThriveWork Advisory တို့ပူးပေါင်းစီစဉ်ပြုလုပ်တာဖြစ်ပြီး ကိုယ့်ကိုယ်ကိုအချိန်ပေးရင်း သတိနှင့်ယှဉ်တဲ့အနားယူမှုနဲ့ အဓိပ္ပာယ်ရှိသော ဆွေးနွေးမှုများအတွက် အသေးစိတ်ဖန်တီးထားတဲ့ ၂ ရက်တာအကောင်းဆုံး Retreat Program လေးတစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ရာထူးနဲ့ တာဝန်တွေထက်ကျော်လွန်ပြီး ကိုယ့်ရဲ့အတွင်းစိတ်လေးကို ပြန်လည်ဆန်းစစ်ရင်း ကောင်းမွန်စွာအနားပေးဖို့နဲ့ လေးနက်တဲ့ စကားဝိုင်းတွေကနေ အမြင်သစ်တွေဖလှယ်နိုင်ဖို့ ရည်ရွယ်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

✨ 26th–27th September 2026
Early Bird Rate: 815,000 MMK per guest
Available until 6th September 2026

တန်ဖိုးရှိတဲ့ ကိုယ်ပိုင်အချိန်လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး ပိုကောင်းတဲ့ဟန်ချက်၊ ပိုမိုရှင်းလင်းတဲ့ ဦးတည်ချက်တစ်ခုနဲ့ ရှေ့ဆက်သွားနိုင်မှာပါ။

Early Bird ဈေးနှုန်းလေးကို စက်တင်ဘာလ ၆ ရက်နေ့အထိသာ ရရှိနိုင်မှာဖြစ်လို့ အခုထဲက ကြိုတင်ဘိုကင်လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

Space to step away from daily demands, reflect with purpose and return with clarity.

Honest Hour, in collaboration with Awei Metta and ThriveWork Advisory, presents The Rested Leader Retreat, a two-day leadership experience created for personal reflection, mindful rest and meaningful conversations.

Explore who you are beyond the role, what shapes the way you lead and how to move forward with greater intention.

A meaningful retreat for leaders committed to greater balance, clearer direction and a more intentional way to lead.

✨ 26th–27th September 2026
Early Bird Rate: 815,000 MMK per guest
Available until 6th September 2026

Places are limited to ensure a more personal retreat experience.
Reserve your place and give yourself the space to reconnect, reset and lead with clarity.

For reservations and enquiries:
09 792824522
09 967077901

📍 Awei Metta Luxury Urban Resort, Pun Hlaing Estate, Hlaing Tharyar Township

သဘာဝတရားရဲ့ ရင်ခွင်ထဲမှာ စိတ်ကလေး အနားယူရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေ့ရှိဖို့ … 🧘‍♀️✨တစ်ခါတလေမှာ ကိုယ်ဘယ်သူလဲဆိုတာထက်...
24/08/2026

သဘာဝတရားရဲ့ ရင်ခွင်ထဲမှာ စိတ်ကလေး အနားယူရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေ့ရှိဖို့ … 🧘‍♀️✨

တစ်ခါတလေမှာ ကိုယ်ဘယ်သူလဲဆိုတာထက်၊ ဘယ်လောက်တောင် ပင်ပန်းနေပြီလဲဆိုတာကိုပဲ ပိုပြီး ခံစားမိနေတတ်ကြတယ်။ နေ့စဉ်ဘဝရဲ့ တာဝန်တွေကြားမှာ လွင့်မျောရင်း ကိုယ့်ရဲ့ မူလ 'အေးချမ်းမှု' လေးကို ဘယ်ဆီမှာ ချန်ခဲ့မိမှန်းမသိအောင် ပျောက်ဆုံးသွားတတ်ကြတယ်လေ။

✨ ကိုယ့်ရဲ့ ပကတိအေးချမ်းမှုဆိုတာ အသစ်ရှာဖွေရတာမျိုး မဟုတ်ဘဲ၊ ကိုယ့်ထဲမှာ နဂိုကတည်းက ကိန်းအောင်းနေတဲ့ အဖြူစင်ဆုံး အနှစ်သာရကို ပြန်လည်သတိရခြင်း ဆိုတဲ့ Remembrance ကနေတစ်ဆင့်၊ ခက်ခဲတဲ့အချိန်တွေကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်မယ့် ခွန်အား ဖြစ်တဲ့ Resilience ကို တည်ဆောက်ယူလို့ရပါတယ်။ ယောဂဆိုတာ ကိုယ့်နှလုံးသားထဲက အသံကို သေချာပြန်နားထောင်ပြီး ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့ လမ်းပြမြေပုံလေးတစ်ခုပါပဲ။

🏔️ ဒီလို ပြန်လည်ကုစားခြင်းတွေနဲ့ အသစ်တစ်ဖန် ပြန်လည်မွေးဖွားနိုင်ဖို့အတွက် တောင်တန်းပြာပြာတွေ၊ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဘားအံမြို့လေးနဲ့အတူ အေးချမ်းစွာ စီးဆင်းနေတဲ့ သဘာဝတရားက ကိုယ့်ရဲ့ ပင်ပန်းမှုတွေကို အနူးညံ့ဆုံး ပွေ့ဖက်ပေးပါလိမ့်မယ်။

🍃 ဒီ Retreat လေးမှာ ဘာတွေအတူတူ လုပ်ကြမလဲဆိုရင်...
🌿 စိတ်ချလက်ချ အနားယူခြင်း
အမြဲတမ်း သန်မာနေစရာမလိုပါဘူး။ ဘာတာဝန်မှ ထမ်းထားစရာမလိုဘဲ သဘာဝတရားရဲ့ ရင်ခွင်ထဲမှာ လုံလုံခြုံခြုံနဲ့ ခဏလောက် အနားယူခွင့်၊ လွှတ်ချထားခွင့် ပေးကြမယ်။

🌿 ကိုယ်တိုင်နဲ့ ပြန်လည်စကားပြောခြင်း
အသက်ရှူသံ ညင်ညင်သာသာလေးတွေနဲ့အတူ မေ့လျော့နေတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည်ချစ်ခင်မယ်။ တိတ်ဆိတ်ခြင်းတွေထဲမှာ ကိုယ့်နှလုံးသားရဲ့ အသံကို ပြန်လည်နားထောင်မယ်။

🌿 အတွင်းစိတ်ရဲ့ ခွန်အားတွေကို စုစည်းခြင်း
ယောဂကျင့်စဉ်တွေကနေတစ်ဆင့် ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက် အေးချမ်းတည်ငြိမ်တဲ့ ခွန်အားသစ် Resilience တွေကို အတူတူ ပြန်လည်တည်ဆောက်ကြပါမယ်။

🧘‍♀️ ဒီ Retreat ခရီးစဉ်လေးကို ဦးဆောင်ပေးမယ့်သူကတော့...
Yoga Retreats များ၊ Transformational Healing Programs များစွာကို အတွေ့အကြုံရှိပြီး လူများကို ကိုယ့်အတွင်းအလင်း ပြန်လည်ရှာဖွေစေတဲ့ လမ်းခရီးကို ခေါ်ဆောင်ပေးနေသူ Tr. Khaing Nyein (Founder of The Ultimate Yoga Studio) ဖြစ်ပါတယ်။

📌 Retreat Details (ခရီးစဉ်အသေးစိတ်)
🗓 Date: 24 - 26 October 2026 (2 Nights 3 Days)
📍 Location: ဘားအံမြို့ (Hpa-An)
🏨 Hotel: Hotel Amara

🍽 Meals Included

☑️ Registration Form (Limited Seat Only)
https://forms.gle/XVcgWNz1op4zoyhX9

🍁 ဒီရက်ပိုင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြုစုယုယဖို့ အချိန်လေးတစ်ခု လိုအပ်နေတယ်လို့ ခံစားရရင်၊ ဘားအံရဲ့ သဘာဝအလှတရားတွေကြားမှာ ဆုံကြမယ့် "Remembrance & Resilience" Retreat လေးဆီ လှမ်းခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

✨🍁 ဘာမှ အတင်းအကြပ် လုပ်စရာမလိုတဲ့ ဒီအနားယူခြင်း ခရီးစဉ်လေးမှာ လိုက်ပါဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့... သင့်အတွက် နေရာလေးတစ်ခု ဖယ်ထားပေးချင်လို့ ဒီ ပို့စ်လေးမှာ "Rest" လို့ Comment မန့်ခဲ့ပြီး Register လေး လုပ်ဖို့ မမေ့ပါနဲ့ဦးနော် 🤍✨

📩 အသေးစိတ်သိရှိလိုပါက Honest Hour page ရဲ့ ကို ဖြစ်စေ
📞09 79 282 4522, 09 967077901ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-AnRetreat

Address


Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959792824522

Alerts

Be the first to know and let us send you an email when Honest Hour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Honest Hour:

  • Want your practice to be the top-listed Clinic?

Share