BioHealth Clinical Laboratory

BioHealth Clinical Laboratory နိုင်ငံတကာအဆင့်မှီ အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်း

သာမန်အဆစ်ပျက်စီးခြင်း နှင့် ခုခံအားစနစ်ကြောင့်ဖြစ်သော အဆစ်ရောင်ရောဂါ (OA vs. RA)လက်အဆစ်နာတာကို အသက်အရွယ်ရလာရင် ဖြစ်လေ့ဖြ...
06/09/2026

သာမန်အဆစ်ပျက်စီးခြင်း နှင့် ခုခံအားစနစ်ကြောင့်ဖြစ်သော အဆစ်ရောင်ရောဂါ (OA vs. RA)

လက်အဆစ်နာတာကို အသက်အရွယ်ရလာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝကိစ္စတစ်ခုလို့ ပေါ့ဆတတ်ကြပါတယ်။ ဒါပေမဲ့ လက်အဆစ်နာကျင်ခြင်းဟာ အသက်အရွယ်တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ကြောင်း သိထားဖို့ လိုအပ်ပါတယ်။ နာကျင်မှုကို ခဏတာသက်သာအောင် လုပ်ဆောင်တာထက် ဘာကြောင့်နာပြီး ဘာကြောင့်ရောင်ရမ်းတာလဲဆိုတဲ့ အရင်းအမြစ်ကို သိရှိဖို့က ပိုပြီးအရေးကြီးပါတယ်။ အကြောင်းရင်းကို စောစောစီးစီး သိရှိမှသာ နောက်ဆက်တွဲ အဆစ်များ ပျက်စီးသွားခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ လက်အဆစ်နာကျင်ရခြင်းရဲ့ နောက်ကွယ်မှာ အဖြစ်များတဲ့ အကြောင်းရင်း နှစ်ခုရှိပြီး ၎င်းတို့ရဲ့ လက္ခဏာတွေကို ခွဲခြားသိမြင်ဖို့ လိုအပ်ပါတယ်။ ပထမတစ်ခုက Osteoarthritis (OA) လို့ခေါ်တဲ့ အဆစ်များ ပျက်စီးခြင်းပါ။ အဆစ်တွေကို ဖုံးအုပ်ထားတဲ့ အရိုးနု (Cartilage) တွေ တဖြည်းဖြည်း ပျက်စီးလာတဲ့အခါ ဖြစ်ပွားတတ်ပါတယ်။ လက်ချောင်းအဆစ်များ နာကျင်ခြင်း၊ လက်ကို အသုံးပြုပြီးနောက်ပိုင်းတွင် ပို၍နာကျင်လာခြင်း၊ အဆစ်များ တင်းတောင့်ခြင်းနှင့် အဆစ်ပုံစံ ပြောင်းလဲလာခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒုတိယတစ်ခုက Rheumatoid Arthritis (RA) လို့ခေါ်တဲ့ ခုခံအားစနစ်မှားယွင်းမှုကြောင့်ဖြစ်သော အဆစ်ရောင်ရောဂါပါ။ မိမိရဲ့ ကိုယ်ခံအားစနစ်က မိမိအဆစ်တွေကို မှားယွင်းတိုက်ခိုက်တဲ့ Autoimmune ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လက်နှစ်ဖက်လုံးရှိ အဆစ်များ တစ်ပြိုင်နက် ရောင်ရမ်းနာကျင်ခြင်း၊ မနက်အိပ်ရာထပြီးနောက် အဆစ်များ တင်းတောင့်နေခြင်းမှာ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခြင်းနှင့် အဆစ်များ ပူပြီး ဖောင်းလာခြင်းတို့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် RA ရောဂါကို အစောပိုင်းမှာ သိရှိပြီး ကုသနိုင်ပါက အဆစ်များ ထာဝရပျက်စီးသွားမှုကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။ အရေးပေါ် ဆေးကုသမှုလိုအပ်သည့် လက္ခဏာများ (The Red Flags) အဆင့်အနေနဲ့ အဆစ်တစ်ခုက ရုတ်တရက် အလွန်အမင်း နာကျင်လာခြင်း၊ အဆစ်နေရာကို ထိကြည့်လျှင် ပူနေခြင်း သို့မဟုတ် နီမြန်းနေခြင်း၊ အဆစ်များ သိသိသာသာ ဖောင်းရောင်လာခြင်း၊ ကိုယ်အပူချိန်တက်ပြီး ဖျားနာခြင်း လက္ခဏာပါဝင်ခြင်း စတဲ့လက္ခဏာများ ပေါ်ပေါက်လာပါက အဆစ်အတွင်း ပိုးဝင်ခြင်း (Infection) သို့မဟုတ် ပြင်းထန်သော ရောင်ရမ်းမှု (Acute Inflammation) ဖြစ်နိုင်တာကြောင့် လုံးဝ (လုံးဝ) မပေါ့ဆသင့်ပါ။ ဒီလက္ခဏာများဟာ အရေးပေါ်အခြေအနေဖြစ်နိုင်သဖြင့် အချိန်ဆွဲမနေဘဲ ဆရာဝန်နှင့် ချက်ချင်းပြသရန် အလွန်အရေးကြီးပါတယ်။ လက်အဆစ်နာကျင်ခြင်းတိုင်းဟာ Rheumatoid Arthritis မဟုတ်သလို သာမန်အလုပ်များလို့ ဖြစ်တဲ့ နာကျင်မှုလည်း အမြဲတမ်းမဟုတ်နိုင်ပါဘူး။ ဂေါက်ရောဂါ (Gout)၊ ထိခိုက်ဒဏ်ရာရခြင်း (Injury) သို့မဟုတ် ပိုးဝင်ခြင်း စတဲ့ အကြောင်းရင်းများစွာ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် လက္ခဏာတစ်ခုတည်းကို ကြည့်ပြီး ကိုယ့်ဘာသာ ရောဂါအမည်တပ်ခြင်း (Self-diagnosis) မလုပ်သင့်ပါဘူး။ မိမိဘာသာ ရောဂါရှာဖွေခြင်းက မှားယွင်းသော ကုသမှုကို ဖြစ်စေနိုင်ပြီး ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။
----------------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗩𝗶𝗯𝗲𝗿 : https://invite.viber.com/?g2=AQBYY%2BtyWMPWllH1iszVqxidrJpToEO6QupnpG8pS4nKDQUF%2Fg4Z60MWAR%2BRPf3I

𝗧𝗶𝗸𝗧𝗼𝗸 : https://www.tiktok.com/.myanmar?_r=1&_t=ZS-96jGmXUqKyQ

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : https://t.me/biohealthmyanmar

#အဆစ်နာ #အဆစ်ရောင်ရောဂါ #အဆစ်အမြစ်ရောဂါ #အရိုးအကြောအဆစ် #လက်အဆစ်နာ #ဆေးစစ်ခြင်း #ကျန်းမာရေးဗဟုသုတ #ဇီဝကျန်းမာ

လုပ်ငန်းတိုးချဲ့ရန်အတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ကန်းကျွန်းမြို့နယ်ရှိ BioHealth Clinical Laborator...
30/08/2026

လုပ်ငန်းတိုးချဲ့ရန်အတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ကန်းကျွန်းမြို့နယ်ရှိ BioHealth Clinical Laboratory (ဇီဝကျန်းမာ အထွေထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်း)တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

1. Medical Technologist (Full time) (2) ဦး
• B.Med.tech (Laboratory)

2. Medical Representative Female (3) ဦး
• ဘွဲ့ရ (သို့) ဘွဲ့ကြို
• Medical field တွင် အတွေ့အကြုံရှိသူဦးစားပေးမည်။
• အတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
• သင်ယူလိုစိတ်ရှိရမည်။
• ဆေးရုံ၊ ဆေးခန်း များကိုသွားလာနိုင်သူဖြစ်ရမည်။
• ဆက်ဆံရေးကောင်းမွန်ရမည်။

3. သွေးဖောက်ကျွမ်းကျင် (5) ဦး

4. Receptionist (5) ဦး
• ဘွဲ့ရ (သို့) ဆယ်တန်းအောင်
• ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။

5. Clerical staff (4) ဦး
• ကွန်ပြူတာကျွမ်းကျင်ရမည်။
• သင်ယူလိုစိတ်ရှိရမည်။

6. Delivery (5) ဦး
• စက်ဘီး/ bus ဖြင့် ဆေးရုံဆေးခန်းများသို့ သွားလာနိုင်ရမည်။

7. သန့်ရှင်းရေး (2) ဦး

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ ဖုန်း/Viber မှ လျှောက်ထားနိုင်ပါသည်။
ဖုန်း / Viber – 09 409826611, 09 740857227 (ရုံးချိန် အတွင်းသာ ဆက်သွယ်ရန်)




မျက်လုံးနဲ့ အသားအရေဝါခြင်းအကြောင်းတစ်နေ့မှာ မှန်ကြည့်ရင်း ကိုယ့်မျက်လုံးအဖြူသားတွေ ဒါမှမဟုတ် အသားအရေက အဝါရောင်သန်းနေတာကိ...
30/08/2026

မျက်လုံးနဲ့ အသားအရေဝါခြင်းအကြောင်း

တစ်နေ့မှာ မှန်ကြည့်ရင်း ကိုယ့်မျက်လုံးအဖြူသားတွေ ဒါမှမဟုတ် အသားအရေက အဝါရောင်သန်းနေတာကို သတိထားမိတယ် ဆိုပါစို့။ "အိပ်ရေးမဝလို့ နေမှာပါ" ဆိုပြီး လျစ်လျူရှုလိုက်မိတတ်ပေမဲ့ ဒါဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုခု ချို့ယွင်းနေကြောင်း အချက်ပေးနေတဲ့ 𝗝𝗮𝘂𝗻𝗱𝗶𝗰𝗲 (အသားဝါ၊ မျက်လုံးဝါ) ဖြစ်နိုင်ပါတယ်။ တကယ်တော့ အသားဝါခြင်း (𝗝𝗮𝘂𝗻𝗱𝗶𝗰𝗲) ဆိုတာ သူ့အလိုလိုဖြစ်ပေါ်လာတဲ့ သီးခြားရောဂါတစ်ခုမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးစွန့်ထုတ်ရေးစနစ်ကြီး ဘယ်လောက်အထိ ပုံမှန်အလုပ်လုပ်နေလဲဆိုတာကို ထင်ဟပ်စေတဲ့ ရှေ့ပြေးအချက်ပြလက္ခဏာ တစ်ခုသာ ဖြစ်တယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ သွေးနီဥဟောင်းတွေ ပြိုကွဲတဲ့အခါ ထွက်ရှိလာတဲ့ 𝗕𝗶𝗹𝗶𝗿𝘂𝗯𝗶𝗻 လို့ခေါ်တဲ့ အဝါရောင်ပစ္စည်းဟာ အသည်းရဲ့ စစ်ထုတ်မှု ဒါမှမဟုတ် သည်းခြေရည်စီးဆင်းမှုမှာ အနှောင့်အယှက်တစ်ခုခုကြုံတွေ့ရရင် သွေးကြောထဲမှာ ပုံမှန်ထက်ပိုမိုများပြားလာပြီး အသားအရေနဲ့ မျက်လုံးအဖြူသားတွေက ဒီအဝါရောင်ကို ပထမဆုံး သက်သေပြလေ့ရှိပါတယ်။ ဒါကြောင့် ဒီလက္ခဏာကို သီးခြားရောဂါအဖြစ်မမြင်ဘဲ ကိုယ်တွင်းအင်္ဂါတွေရဲ့ အလုပ်လုပ်ပုံချို့ယွင်းချက်တွေကို သုံးသပ်ပြီး ဆေးစစ်ချက်တွေနဲ့အတူ ဆရာဝန်နဲ့ပြသဖို့တော့ လျစ်လျူမရှုသင့်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ခုနက ပြောခဲ့တဲ့ 𝗕𝗶𝗹𝗶𝗿𝘂𝗯𝗶𝗻 ဆိုတာကို ပိုပြီးနားလည်အောင် ပြောရရင်တော့ သူဟာ သွေးနီဥဟောင်းတွေကို ခန္ဓာကိုယ်က သဘာဝအတိုင်း ဖြိုခွဲရှင်းလင်းတဲ့အခါ ထွက်ပေါ်လာတဲ့ အညစ်အကြေးတစ်မျိုးပါ။ ပုံမှန်အားဖြင့် ဒီအဝါရောင်ပစ္စည်းဟာ သွေးကြောထဲကနေ အသည်းဆီကို သယ်ဆောင်သွားပြီး အသည်းက သူ့ကို ဓာတုဗေဒနည်းနဲ့ ပြောင်းလဲစေပြီးမှ သည်းခြေရည်အဖြစ်နဲ့ အူလမ်းကြောင်းထဲကို စွန့်ထုတ်ပေးပါတယ်။ အဲဒီကနေ နောက်ဆုံးမှာတော့ ဝမ်းအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို ထွက်သွားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တစ်လျှောက်က အသည်း၊ သည်းခြေပြွန် ဒါမှမဟုတ် အူလမ်းကြောင်းတစ်နေရာရာမှာ ပိတ်ဆို့မှု၊ ရောင်ရမ်းမှု ဒါမှမဟုတ် ချို့ယွင်းမှုတစ်ခုခု ကြုံလာရရင် 𝗕𝗶𝗹𝗶𝗿𝘂𝗯𝗶𝗻 ဟာ သွေးထဲကို ပြန်လျှံထွက်လာပြီး စုပုံလာတတ်ပါတယ်။ အဲဒီအခါမှာ သွေးကြောထဲ ရောက်သွားတဲ့ ဒီအဝါရောင်ပစ္စည်းဟာ ခန္ဓာကိုယ်တစ်ဝှမ်းက တစ်ရှူးတွေထဲ စိမ့်ဝင်သွားပြီး အသားအရေနဲ့ မျက်လုံးအဖြူသားတွေကို အဝါရောင်ပြောင်းသွားစေတဲ့အထိ သက်ရောက်မှုရှိတာကို သတိပြုမိလာရမှာပါ။ ဒါကြောင့် ဒီဖြစ်စဉ်တစ်ခုလုံးကို သဘောပေါက်နားလည်ထားခြင်းအားဖြင့် ကိုယ်တွင်းမှာ အညစ်အကြေးစွန့်ထုတ်ရေး ဘယ်နေရာမှာ အနှောင့်အယှက်ရှိနေလဲဆိုတာကို ဆရာဝန်တွေ စစ်ဆေးဖို့ လမ်းညွှန်ချက်တစ်ခုလို အသုံးဝင်နိုင်ပါတယ်။ လူအများစုကတော့ မျက်လုံးဝါတာနဲ့ အသည်းရောဂါတစ်ခုတည်းကြောင့်လို့ ထင်မှတ်တတ်ကြပေမယ့် ဆေးပညာအရကြည့်ရင်တော့ အသည်းရောင်ရမ်းခြင်း ဒါမှမဟုတ် အရက်ကြောင့် အသည်းထိခိုက်ခြင်းတို့အပြင် အခြားသော အကြောင်းရင်းများစွာလည်း ရှိနေတတ်ပါတယ်။ ဥပမာအားဖြင့် သည်းခြေကျောက်တည်ခြင်း ဒါမှမဟုတ် သည်းခြေလမ်းကြောင်းပိတ်ဆို့ခြင်းတို့ကြောင့် 𝗕𝗶𝗹𝗶𝗿𝘂𝗯𝗶𝗻 တွေ သွေးထဲမှာ ပုံမှန်ထက်ပိုစုပုံလာနိုင်သလို တစ်ခါတစ်ရံ သွေးနီဥတွေ ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ ပျက်စီးတဲ့အခါမျိုးမှာလည်း 𝗕𝗶𝗹𝗶𝗿𝘂𝗯𝗶𝗻 ပမာဏ ရုတ်တရက်မြင့်တက်လာတတ်ပါတယ်။ ဒါတင်မကသေးဘဲ မျိုးရိုးလိုက်တဲ့အခြေအနေတွေ ဒါမှမဟုတ် သောက်သုံးနေကျဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း အသားဝါခြင်း ဖြစ်ပေါ်နိုင်တာမို့ အကြောင်းရင်းက သွေး၊ အသည်း၊ သည်းခြေလမ်းကြောင်းဆိုပြီး အလွန်ကွဲပြားနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းက ဘယ်အင်္ဂါအစိတ်အပိုင်းမှာ ပြဿနာရှိနေလဲဆိုတာကို အတိအကျသိရှိပြီး ထိရောက်တဲ့ကုသမှုခံယူနိုင်ဖို့အတွက် ဆရာဝန်နဲ့သေချာတိုင်ပင်ကာ လိုအပ်တဲ့သွေးစစ်ဆေးမှုတွေ၊ အာထရာဆောင်းစစ်ဆေးမှုတွေနဲ့အတူ တိကျမှန်ကန်တဲ့ ရောဂါရှာဖွေခြင်းကိုတော့ မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ပါတယ်။ မျက်လုံးဝါတာတစ်ခုတည်းကိုပဲ အာရုံစိုက်မိလေ့ရှိပေမယ့်၊ တကယ်တော့ ခန္ဓာကိုယ်ရဲ့ စွန့်ထုတ်မှုအရောင်တွေ ပြောင်းလဲလာတာဟာ ပိုပြီးအရေးကြီးတဲ့ သတိပေးချက်တွေ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ဆီးအရောင် ပုံမှန်ထက် ရင့်လာတာ ဒါမှမဟုတ် ဝမ်းအရောင် ဖျော့တော့ပြီး ရွှံ့စေးရောင်သဖွယ် ဖြစ်သွားတာမျိုးကို တွေ့ရှိရရင် ဒါဟာ 𝗕𝗶𝗹𝗶𝗿𝘂𝗯𝗶𝗻 စွန့်ထုတ်မှုမှာ ပိတ်ဆို့ခြင်းတစ်ခုခုရှိနေပြီဆိုတဲ့ ထင်ရှားတဲ့သက်သေပါပဲ။ ပုံမှန်အားဖြင့် 𝗕𝗶𝗹𝗶𝗿𝘂𝗯𝗶𝗻 က ဝမ်းကို အညိုရောင်ပေးတဲ့အဓိကပစ္စည်းဖြစ်လို့ သူ့ရဲ့စီးဆင်းမှုလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်လာတဲ့အခါ ဝမ်းအရောင်ဟာ သိသိသာသာ ဖျော့သွားတတ်ပြီး ဆီးထဲမှာတော့ ပိုလျှံနေတဲ့ 𝗕𝗶𝗹𝗶𝗿𝘂𝗯𝗶𝗻 တွေကြောင့် အရောင်ရင့်လာတာကို သတိပြုမိနိုင်ပါတယ်။ ဒါ့အပြင် ပျို့အန်ခြင်း၊ ဖျားခြင်း၊ ဗိုက်ရဲ့ညာဘက်အပေါ်ပိုင်းမှာ အောင့်ကိုက်ခြင်း၊ ပုံမှန်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ အသားအရေမှာ အညိုအမည်းစွဲလွယ်ခြင်းတို့လိုမျိုး နောက်ဆက်တွဲလက္ခဏာတွေကိုပါ တစ်ပါတည်းသတိပြုမိရင် ဒီအခြေအနေဟာ ပေါ့ဆလို့ရတဲ့အဆင့်မဟုတ်တော့ဘဲ အသည်း၊ သည်းခြေလမ်းကြောင်း ဒါမှမဟုတ် သွေးနီဥဆိုင်ရာပြဿနာတွေရဲ့ ပိုမိုပြတ်သားတဲ့အချက်ပြမှုတစ်ခုဖြစ်နေပြီဆိုတာကို နားလည်သဘောပေါက်ပြီး အမြန်ဆုံးဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။ မျက်လုံးနဲ့ အသားအရေ ရုတ်တရက် အဝါရောင်ပြောင်းသွားတာမျိုးနဲ့ ကြုံတွေ့ရရင် ပထမဆုံးအနေနဲ့ ကိုယ်တိုင်ဆေးမြီးတိုနဲ့ ကုသဖို့ ဒါမှမဟုတ် အိမ်သုံးဆေးနည်းတွေကို အားကိုးဖို့ လုံးဝမသင့်တော်တဲ့အကြောင်း သေချာပြောချင်ပါတယ်။ အကြောင်းရင်းက ဒီလက္ခဏာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုခုမှာ သိသိသာသာ ချို့ယွင်းချက်ရှိနေပြီဆိုတဲ့ အချက်ပြမှုဖြစ်လို့ပါ။ အထူးသဖြင့် မျက်လုံးဝါခြင်းနဲ့အတူ ဆီးရောင်ရင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားခြင်း ဒါမှမဟုတ် အော့အန်ခြင်းဆိုတဲ့ လက္ခဏာစုတွေ တစ်ပြိုင်နက်တည်း ပါလာပြီဆိုရင်တော့ အဲဒါကို အရေးပေါ်အခြေအနေတစ်ခုအဖြစ် သတ်မှတ်ရမှာပါ။ ဒီလိုအချိန်မျိုးမှာ အချိန်နှောင့်နှေးခြင်းက နောက်ဆက်တွဲပြဿနာတွေကို ပိုမိုဆိုးရွားစေနိုင်တာမို့ ဆေးရုံ ဒါမှမဟုတ် ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ဆရာဝန်ရဲ့ ကျွမ်းကျင်တဲ့ အကဲဖြတ်စစ်ဆေးမှုကို ချက်ချင်းခံယူဖို့တော့ အထူးအကြံပြုလိုက်ရပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။
----------------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : https://t.me/biohealthmyanmar

𝗧𝗶𝗸𝗧𝗼𝗸 : https://www.tiktok.com/.myanmar?_r=1&_t=ZS-96jGmXUqKyQ

𝗩𝗶𝗯𝗲𝗿 : https://invite.viber.com/?g2=AQBYY%2BtyWMPWllH1iszVqxidrJpToEO6QupnpG8pS4nKDQUF%2Fg4Z60MWAR%2BRPf3I

#အသားဝါခြင်း #မျက်လုံးဝါခြင်း #အသည်းကျန်းမာရေး
#ကျန်းမာရေးသတိပေးချက် #ခန္ဓာကိုယ်အချက်ပြမှု #ဇီဝကျန်းမာ

ခါးနာတာ ဘာလို့ ခဏခဏပြန်ဖြစ်နေတာလဲ? လူတိုင်းသိထားသင့်တဲ့ လျှို့ဝှက်ချက် (၄) ခုခါးနာတယ်ဆိုတာ လူအများစု ကြုံဖူးကြတဲ့ ဝေဒနာတ...
23/08/2026

ခါးနာတာ ဘာလို့ ခဏခဏပြန်ဖြစ်နေတာလဲ? လူတိုင်းသိထားသင့်တဲ့ လျှို့ဝှက်ချက် (၄) ခု

ခါးနာတယ်ဆိုတာ လူအများစု ကြုံဖူးကြတဲ့ ဝေဒနာတစ်မျိုးပါပဲ။ ဒါပေမယ့် အဆိုးဆုံးကတော့ သက်သာသွားလိုက်၊ ပြန်နာလာလိုက်နဲ့ သံသရာလည်နေတဲ့ "နာလိုက်-သက်သာလိုက်" ခါးနာမျိုးပါ။ အနားယူလိုက်ရင် ခဏလေး သက်သာသွားပေမယ့် အလုပ်ပြန်ဝင်တာနဲ့၊ ကိုယ်လက်လှုပ်ရှားလိုက်တာနဲ့ ပြန်ပေါ်လာတဲ့ ဒီနာကျင်မှုက လူကို စိတ်ရှုပ်စေတယ်ဆိုတာ နားလည်ပါတယ်။ အမှန်က ဒီလိုထပ်ခါထပ်ခါ ဖြစ်နေတဲ့ ခါးနာခြင်းဟာ သင့်ခန္ဓာကိုယ်က ပေးပို့နေတဲ့ သတိပေးချက် (𝐒𝐢𝐠𝐧𝐚𝐥) တစ်ခုပါ။ ဒါကို "ပုံမှန်ပဲ" လို့ ယူဆပြီး လျစ်လျူရှုထားလို့ မရပါဘူး။ ဒါကြောင့် ဒီတစ်ခါ အမြဲတမ်းနီးပါး ပြန်ဖြစ်နေတတ်တဲ့ ခါးနာခြင်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ သင်သိပ်မသိသေးတဲ့ အကြောင်းအရင်းတွေနဲ့ ဘယ်အချက်တွေကို အထူးသတိထားသင့်လဲဆိုတာကို ဆေးဘက်ဆိုင်ရာ ရှုထောင့်ကနေ ပြောပြပေးသွားမှာပါ။ အဲဒီလို ထပ်ခါထပ်ခါ ပြန်ဖြစ်နေတဲ့ ခါးနာခြင်းကို လူအများစုက "ကြွက်သားနာတာပဲ" လို့ ရိုးရိုးရှင်းရှင်း ယူဆတတ်ကြပေမယ့် ဝေဒနာက ထပ်တလဲလဲ ဖြစ်နေပြီဆိုရင်တော့ ကြွက်သားအဆင့်ထက် ပိုပြီး နက်ရှိုင်းတဲ့ တည်ဆောက်ပုံဆိုင်ရာ (𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐚𝐥) ပြဿနာတွေကို သေချာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဥပမာ အသက်ရလာတာနဲ့အမျှ ကျောရိုးအဆစ်တွေနဲ့ ကြားခံအပြားတွေ ယိုယွင်းလာတာမျိုး (𝐝𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐯𝐞 𝐜𝐡𝐚𝐧𝐠𝐞𝐬)၊ ဒါမှမဟုတ် ကျောရိုးကြားခံအပြား (𝐝𝐢𝐬𝐜) က အာရုံကြောကို ဖိမိလို့ ခါးတင်မက တင်ပါးနဲ့ ခြေထောက်တစ်လျှောက်ပါ ထုံကျင်နာကျင်လာတာမျိုး (𝐝𝐢𝐬𝐜 𝐩𝐫𝐨𝐛𝐥𝐞𝐦𝐬)၊ နောက်တစ်မျိုးကတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်နဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှုကြောင့် ဖြစ်တဲ့ ခါးနာခြင်း (𝐢𝐧𝐟𝐥𝐚𝐦𝐦𝐚𝐭𝐨𝐫𝐲 𝐛𝐚𝐜𝐤 𝐩𝐚𝐢𝐧) တို့ဟာ သာမန်ကြွက်သားနာတာနဲ့ သဘောသဘာဝ ခပ်ကွာကွာပါ။ ဒီနေရာမှာ အထူးသတိထားရမှာက မိမိဘာသာ ခန့်မှန်းပြီး "ကြွက်သားနာတာပဲ" လို့ သတ်မှတ်ကုသနေခြင်းဟာ အန္တရာယ်များတယ်ဆိုတာပါ။ ဥပမာ အာရုံကြောဖိမိတဲ့ ပြဿနာကို ရိုးရိုးကြွက်သားနာသလို ထင်ပြီး လိုအပ်တဲ့ ကုသမှုကို အချိန်မီ မခံယူဘဲ ထားလိုက်ရင် ရေရှည်မှာ အာရုံကြော ထိခိုက်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်အကြမ်းဖျင်းတွေးပြီး နှိပ်နယ်ဆေးလိမ်းနဲ့ပဲ ဖြေရှင်းဖို့ကြိုးစားမယ့်အစား ဒီလက္ခဏာတွေရဲ့ ဇစ်မြစ်ကို ဆရာဝန်နဲ့အတူ ရှာဖွေဖို့က ပိုပြီးအရေးကြီးတယ်လို့ ကျွန်တော်ကတော့ ရှုမြင်မိပါတယ်။ ဒုတိယအချက်အနေနဲ့ ပြောချင်တာက လှုပ်ရှားမှုနဲ့ သက်သာသွားတဲ့ ခါးနာမျိုးဟာ သာမန်ခါးနာတွေထက် ပိုပြီး သတိထားဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် ခါးနာရင် လူအများစုက "နားနားနေနေနေပါ" လို့ အကြံပေးလေ့ရှိကြပြီး အဲဒီလို အနားယူလိုက်ရင် သက်သာသွားတဲ့ နာကျင်မှုမျိုးကို "𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐚𝐥 𝐏𝐚𝐢𝐧" လို့ ခေါ်ပါတယ်။ ဒါကို ရိုးရိုးလေးပြန်ပြောရရင်တော့ ဒီခါးနာအမျိုးအစားဟာ ကိုယ်နေဟန် မမှန်လို့၊ အကြာကြီး ထိုင်လိုက်၊ မတ်တပ်ရပ်လိုက်လုပ်တဲ့ အလေ့အထတွေကြောင့်ဖြစ်တဲ့ ပုံမှန်ကြွက်သားတွေ၊ အရွတ်တွေ ပင်ပန်းနာကျင်တဲ့ သဘောပါ။ ဥပမာ ဒီနေ့ အလုပ်ပိုလုပ်လိုက်လို့ ခါးနာလာရင် အိပ်နားလိုက်တာနဲ့ ပျောက်သွားတယ်၊ ဒါပေမယ့် နောက်တစ်နေ့ အလုပ်ပြန်လုပ်တာနဲ့ ပြန်ပေါ်လာတယ်ဆိုရင် အဲဒါက ဒီအုပ်စုထဲမှာ ပါပါတယ်။ တစ်နည်းအားဖြင့် ခါးက သူ့ရဲ့ ကန့်သတ်ချက် (𝐥𝐢𝐦𝐢𝐭) ကျော်သွားလို့ သတိပေးနေတာပါ။ ဒါပေမယ့် "ရောင်ရမ်းမှုကြောင့်ဖြစ်တဲ့ ခါးနာ (𝐈𝐧𝐟𝐥𝐚𝐦𝐦𝐚𝐭𝐨𝐫𝐲 𝐁𝐚𝐜𝐤 𝐏𝐚𝐢𝐧)" ကတော့ လုံးဝဆန့်ကျင်ဘက် သဘောရှိပါတယ်။ ဒီလိုဝေဒနာမျိုးဟာ မနက်အိပ်ရာထချိန်မှာ ခါးတစ်ပြင်လုံး တင်းကျပ်နေတတ်ပြီး ညဘက်တွေမှာလည်း ပိုမိုနာကျင်တတ်တယ်ဆိုတာ ထူးခြားတဲ့ လက္ခဏာပါ။ အံ့သြစရာကောင်းတာက ဒီခါးနာမျိုးအတွက် "အနားယူခြင်းဟာ ရန်သူပဲ" ဖြစ်နေတာပါ။ ဆိုလိုတာက အိပ်နားနေရင် ပိုနာပြီး လှုပ်လှုပ်ရှားရှား လုပ်လိုက်မှသာ သက်သာသွားတတ်တဲ့ ထူးခြားတဲ့ ပုံစံမျိုး ရှိတယ်ဆိုတာပါ။ ဒါကြောင့် ကိုယ်ခံစားရတဲ့ ခါးနာက အနားယူရင် သက်သာလား၊ လှုပ်ရှားမှသာ သက်သာလားဆိုတာကို သေချာခွဲခြားတတ်ဖို့က ခါးနာဝေဒနာရှင်တိုင်းအတွက် အရေးကြီးတဲ့ စည်းမျဉ်းတစ်ခုပါပဲ။ နောက်ဆုံးအနေနဲ့ သတိရစေချင်တာက "𝐁𝐚𝐜𝐤 𝐩𝐚𝐢𝐧 𝐭𝐡𝐚𝐭 𝐤𝐞𝐞𝐩𝐬 𝐜𝐨𝐦𝐢𝐧𝐠 𝐛𝐚𝐜𝐤 𝐢𝐬 𝐚 𝐬𝐢𝐠𝐧𝐚𝐥 𝐰𝐨𝐫𝐭𝐡 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠—𝐧𝐨𝐭 𝐬𝐢𝐦𝐩𝐥𝐲 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐲𝐨𝐮 𝐡𝐚𝐯𝐞 𝐭𝐨 𝐥𝐢𝐯𝐞 𝐰𝐢𝐭𝐡." ဆိုတဲ့စကားအတိုင်း ထပ်တလဲလဲ ပြန်ဖြစ်နေတဲ့ ခါးနာဟာ သင့်ကိုယ်ခန္ဓာက ပေးပို့တဲ့ တန်ဖိုးရှိတဲ့ အချက်ပြမှုတစ်ခုဖြစ်ပြီး ဒါကို သည်းခံပြီး နေတတ်ရမယ့် အကျင့်မျိုး မဟုတ်ဘူးဆိုတာကို သေချာနားလည်ထားဖို့ လိုပါတယ်။ တတိယအချက်ကို ဆက်ပြောရရင်တော့ ခါးနာတစ်ခုက သာမန်ပင်ပန်းလို့ဖြစ်တာလား၊ ဒါမှမဟုတ် ပိုပြီးစိုးရိမ်ရတဲ့ အခြေအနေလားဆိုတာကို ခွဲခြားသိဖို့အတွက် ဆရာဝန်တွေသုံးလေ့ရှိတဲ့ "𝐑𝐞𝐝 𝐅𝐥𝐚𝐠" လို့ခေါ်တဲ့ သတိပေးလက္ခဏာတွေ ရှိပါတယ်။ ဒီထဲမှာ ခြေထောက်တွေ ထုံကျင်တာ၊ ဒါမှမဟုတ် ခြေထောက်က အားနည်းလာတာမျိုး၊ ခြေထောက်တစ်လျှောက် လျှပ်စစ်စီးသလို တဖျပ်ဖျပ် နာကျင်တာမျိုးတွေ ပါပါတယ်။ ဒါ့အပြင် ဝေဒနာက မကြာခဏ ပြန်ဖြစ်နေရုံမက ပိုပိုဆိုးဆိုးလာတာ၊ ညဘက်တွေမှာ အရမ်းနာလို့ အိပ်ပျော်ဖို့တောင် ခက်ခဲလာတာ၊ ဘာအကြောင်းအရင်းမှမရှိဘဲကိုယ်အလေးချိန်ကျလာတာ ဒါမှမဟုတ် ဖျားတာမျိုး၊ နောက်ပြီး အရေးအကြီးဆုံးက ဆီးသွားတာ၊ ဝမ်းသွားတာကို ထိန်းချုပ်နိုင်မှု ပြောင်းလဲလာတာမျိုးတွေ ဖြစ်ပေါ်လာရင်တော့ ဒါဟာ အရေးပေါ်အခြေအနေတောင် ဖြစ်နိုင်လို့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဖို့ လိုအပ်တယ်ဆိုတာကို သေချာမှတ်ထားဖို့ ကျွန်တော်တို့ အထူးတိုက်တွန်းချင်ပါတယ်။ ဒါတွေက သင့်ခန္ဓာကိုယ်က လျစ်လျူမရှုဖို့ အချက်ပေးခေါင်းလောင်း လှုပ်နေတာပါ။ စတုတ္ထအချက်အနေနဲ့ ပြောချင်တာက ခါးနာတဲ့အခါ အကိုက်အခဲပျောက်ဆေး (𝐏𝐚𝐢𝐧𝐤𝐢𝐥𝐥𝐞𝐫) သောက်ပြီး ဝေဒနာကို ငြိမ်အောင်လုပ်တာဟာ တကယ်တော့ အဖြေမဟုတ်ဘူးဆိုတာပါ။ ဒီလိုလုပ်တာက သင့်ခန္ဓာကိုယ်က ပေးနေတဲ့ အချက်ပေးသံကို "အသံပိတ်" ထားလိုက်တာနဲ့ အတူတူပါပဲ။ ဆေးသောက်လိုက်တဲ့အခါ နာကျင်မှုကို မခံစားရတော့တဲ့အတွက် "အေး... ငါနေကောင်းသွားပြီ" လို့ ကိုယ့်ကိုယ်ကို မှားယွင်းစွာ ယူဆမိစေနိုင်ပါတယ်။ ဒီလို "လုံခြုံစိတ်ချရတယ်လို့ ထင်မှတ်မိခြင်း" ဟာ အန္တရာယ်ကြီးပါတယ်။ ဘာလို့လဲဆိုတော့ နာကျင်မှုကို ဆေးနဲ့ဖုံးထားလိုက်တဲ့အတွက် ကျောရိုး ဒါမှမဟုတ် အာရုံကြောတွေကို ပိုမိုထိခိုက်စေမယ့် လှုပ်ရှားမှုတွေကို သင်က သတိမထားမိဘဲ ဆက်လက်ပြုလုပ်မိပြီး အမြစ်တွယ်နေတဲ့ ပြဿနာကို ပိုပြီးဆိုးရွားသွားစေနိုင်လို့ပါ။ ဒါကြောင့် ဆေးသောက်ပြီး ဝေဒနာကို ယာယီဖုံးကွယ်ထားရုံမက ဘာကြောင့် နာတာလဲဆိုတဲ့ အရင်းခံအကြောင်းရင်းကို ရှာဖွေဖို့ကသာ ပိုအရေးကြီးတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ အထူးသဖြင့် ခါးနာတာက နေ့စဉ်ဘဝကို စတင်ထိခိုက်လာပြီဆိုရင်တော့ အဆစ်အမြစ်နှင့် ရောင်ရမ်းမှုဆိုင်ရာ အထူးကုဆရာဝန် (𝐑𝐡𝐞𝐮𝐦𝐚𝐭𝐨𝐥𝐨𝐠𝐢𝐬𝐭) ဒါမှမဟုတ် သင့်ရဲ့ မိသားစုဆရာဝန် (𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐏𝐡𝐲𝐬𝐢𝐜𝐢𝐚𝐧) တွေနဲ့ အချိန်မီ တိုင်ပင်စစ်ဆေးဖို့ ကျွန်တော် အထူးတိုက်တွန်းချင်ပါတယ်။ နောက်ဆုံးအနေနဲ့ အလေးအနက်ပြောချင်တာက ခါးနာတာကို "အသက်ကြီးလို့ပဲ"၊ "အလုပ်ပင်ပန်းလို့ပဲ" ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လျစ်လျူမရှုလိုက်ပါနဲ့။ ဒါဟာ သာမန်အိုမင်းခြင်းရဲ့ လက္ခဏာတစ်ခုလို့ သဘောထားလိုက်မိရင် နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ ပိုလေးနက်တဲ့ ပြဿနာတွေကို လက်လွတ်သွားစေနိုင်ပါတယ်။ ခဏခဏ ပြန်ဖြစ်နေတဲ့ ခါးနာခြင်းဟာ သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတင်းစကားတစ်ခုဖြစ်ပြီး၊ အဲဒီစကားကို နားထောင်ဖို့က သင့်အနာဂတ်ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ အစောပိုင်းမှာ အကြောင်းရင်းမှန်ကို ရှာဖွေဖော်ထုတ်နိုင်ရင် နောင်တစ်ချိန်မှာ ဖြစ်လာမယ့် မသန်စွမ်းမှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တယ်ဆိုတာ သေချာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။
----------------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 :
https://t.me/biohealthmyanmar

𝗧𝗶𝗸𝗧𝗼𝗸 : https://www.tiktok.com/.myanmar?_r=1&_t=ZS-96jGmXUqKyQ

𝗩𝗶𝗯𝗲𝗿 : https://invite.viber.com/?g2=AQBYY%2BtyWMPWllH1iszVqxidrJpToEO6QupnpG8pS4nKDQUF%2Fg4Z60MWAR%2BRPf3I


#ဇီဝကျန်းမာ #ခါးနာ
#ခါးနာခြင်း #နာတာရှည်ခါးနာ #ခါးနာကုသခြင်း #ရောင်ရမ်းမှုကြောင့်ခါးနာ #အာရုံကြောဖိမိခြင်း #ကျောရိုးကျန်းမာရေး

လုပ်ငန်းတိုးချဲ့ရန်အတွက် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်ရှိ BioHealth Clinical Laboratory (ဇီဝကျန်းမာ အထွေထွေရောဂါရှ...
18/08/2026

လုပ်ငန်းတိုးချဲ့ရန်အတွက် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်ရှိ BioHealth Clinical Laboratory (ဇီဝကျန်းမာ အထွေထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်း)တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ ဖုန်း/Viber မှ လျှောက်ထားနိုင်ပါသည်။
ဖုန်း / Viber – 09-400684818 ၊ 09-945575566
(ရုံးချိန် အတွင်းသာ ဆက်သွယ်ရန်)





ဗိုက်ပွဗိုက်ကယ်ခြင်းနောက်ကွယ်က လျှို့ဝှက်ချက်အစားအသောက် အများကြီး မစားထားပါဘဲနဲ့ ဗိုက်ထဲမှာ တစ်ခုခုနဲ့ ပြည့်အင့်နေသလိုမျ...
16/08/2026

ဗိုက်ပွဗိုက်ကယ်ခြင်းနောက်ကွယ်က လျှို့ဝှက်ချက်
အစားအသောက် အများကြီး မစားထားပါဘဲနဲ့ ဗိုက်ထဲမှာ တစ်ခုခုနဲ့ ပြည့်အင့်နေသလိုမျိုး ခံစားချက်က ဘာကြောင့် မပျောက်ဘဲ ဖြစ်နေတာလဲဆိုတာကို တွေးဖူးလား? ဗိုက်ပွဗိုက်ကယ်ခြင်းဟာ လူတိုင်းနီးပါး ကြုံတွေ့ဖူးသည့် နေထိုင်မကောင်းမှုတစ်ခု ဖြစ်ပြီး အစာမကြေခြင်း၊ လေပွခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့ကြောင့် ဖြစ်တတ်တာမို့ လူအများစုက သာမန်ကိစ္စဟုသာ သတ်မှတ်ကာ လျစ်လျူရှုတတ်ကြပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဗိုက်ကယ်ခြင်းဟာ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းတွင် မအီမသာဖြစ်ခြင်းနှင့် အမြဲတမ်းတွဲလျက် ဖြစ်ပေါ်နေပါက သတိထားရန် လိုအပ်လာပြီဖြစ်ပါတယ်။ အဲ့ဒီနေရာက အသည်းနှင့် သည်းခြေအိတ်တို့ တည်ရှိရာနေရာဖြစ်သောကြောင့် သင့်ခန္ဓာကိုယ်က တစ်စုံတစ်ခုကို သတိပေးနေသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေနိုင်ပါတယ်။ အသည်းတွင် အဆီဖုံးခြင်း သို့မဟုတ် 𝐌𝐞𝐭𝐚𝐛𝐨𝐥𝐢𝐜 𝐃𝐲𝐬𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧–𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐞𝐝 𝐒𝐭𝐞𝐚𝐭𝐨𝐭𝐢𝐜 𝐋𝐢𝐯𝐞𝐫 𝐃𝐢𝐬𝐞𝐚𝐬𝐞 (𝐌𝐀𝐒𝐋𝐃) ဟာ များသောအားဖြင့် သိသာထင်ရှားသော လက္ခဏာများ ပြသလေ့မရှိပါ။ သို့သော် အချို့သောသူများတွင် ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း၌ "ဗိုက်ပြည့်အင့်နေခြင်း" သို့မဟုတ် "အတိအကျပြောရခက်သော ဗိုက်အောင့်ဗိုက်ခဲဖြစ်ခြင်း" ကို ခံစားရတတ်ပါတယ်။ လူအများစုဟာ ရောဂါဖြစ်လျှင် ပြင်းထန်သော နာကျင်မှုကိုသာ မျှော်လင့်ထားတတ်သော်လည်း အသည်းတွင် အမှန်တကယ် နာကျင်မှုကို ခံစားနိုင်သော အာရုံကြောများ မရှိပါ။ သို့ပေမယ့် အသည်းရောင်ရမ်းခြင်း သို့မဟုတ် အဆီများစုပုံလာခြင်းကြောင့် အသည်း၏ အရွယ်အစားမှာ ပုံမှန်ထက် ကြီးထွားလာတတ်ပါတယ်။ အဲ့အခါ အသည်းကို ဖုံးအုပ်ထားသော အပြင်ဘက်အလွှာ (𝐆𝐥𝐢𝐬𝐬𝐨𝐧'𝐬 𝐜𝐚𝐩𝐬𝐮𝐥𝐞) ဟာ ဆွဲဆန့်ခြင်းခံရပြီး ညာဘက်နံရိုးအောက်တွင် နာကျင်မှုမဟုတ်ဘဲ "ဗိုက်ပြည့်အင့်နေခြင်း" ဆိုသော ခံစားချက်ကို ပေးစွမ်းခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် အဝလွန်သူများ၊ ဆီးချို သို့မဟုတ် 𝐈𝐧𝐬𝐮𝐥𝐢𝐧 𝐫𝐞𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 ရှိသူများ၊ သွေးတွင်းအဆီဓာတ် မြင့်မားသူများတွင် ဤအချက်ကို အထူးသတိထားသင့်ပါတယ်။

အဆီအဆိမ့်စားပြီးနောက် သတိထားရန် သည်းခြေအိတ် ပြဿနာများ
သည်းခြေကျောက်တည်ခြင်း သို့မဟုတ် သည်းခြေအိတ် ရောင်ရမ်းခြင်းတို့သည်လည်း ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတွင် နာကျင်မှုကို ဖြစ်စေသော အဓိက အကြောင်းရင်းများဖြစ်ပါတယ်။ အဲ့ဒီနာကျင်မှုဟာ အထူးသဖြင့် အဆီအဆိမ့်များသော အစားအစာများကို စားသုံးပြီးနောက်တွင် ပိုမိုဆိုးရွားလာတတ်ပါတယ်။ အဆိုပါ ဝေဒနာသည် ညာဘက်ပခုံး သို့မဟုတ် ကျောဘက်အထိ ပျံ့နှံ့နာကျင်နိုင်ပြီး ပျို့အန်ခြင်းတို့နှင့်လည်း တွဲဖက်ဖြစ်ပေါ်တတ်ပါတယ်။

အသည်းရောဂါ၏ လက္ခဏာမဲ့ သဘာဝ
အသည်းရောဂါများရဲ့ ကြောက်စရာအကောင်းဆုံး အချက်က သူတို့က နှစ်ပေါင်းများစွာကြာအောင် ဘာလက္ခဏာမှ မပြဘဲ တိတ်တဆိတ် ရှိနေနိုင်ခြင်းပါ။ ရောဂါလက္ခဏာ တစ်ခုခု သိသာလာသည်အထိ စောင့်ဆိုင်းခြင်းဟာ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ခံစားရသည့် နာကျင်မှုအပေါ်တွင်သာ မူတည်မနေဘဲ မိမိတွင်ရှိသော ရောဂါအခံများနှင့် အန္တရာယ်ရှိနိုင်သော အချက်များ (ဥပမာ - ဆီးချို၊ အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း) ကို ပိုမိုအလေးထားရန် လိုအပ်ပါတယ်။

⚠️ မဖြစ်မနေ ဆရာဝန်ပြသသင့်သည့် စိုးရိမ်ရသော လက္ခဏာများ
အကယ်၍ သင်ခံစားနေရသော ဝေဒနာသည် မပျောက်ဘဲ ထပ်ခါတလဲလဲ ဖြစ်နေပါက သို့မဟုတ် ပိုမိုဆိုးရွားလာပါက အောက်ပါလက္ခဏာများကို စောင့်ကြည့်ပြီး ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်သည် -
• မျက်လုံး သို့မဟုတ် အသားအရေ ဝါလာခြင်း (အသားဝါခြင်း)
• ဆီးအရောင် အလွန်ရင့်လာခြင်း (လက်ဖက်ရည်ကြမ်းရောင်ဆီး ဖြစ်လာခြင်း)
• ဝမ်းအရောင် ပုံမှန်မဟုတ်ဘဲ ဖြူဖျော့လာခြင်း
• အဆက်မပြတ် အော့အန်ခြင်း
• ဖျားခြင်း
• ပြင်းထန်သော သို့မဟုတ် ရုတ်တရက် ဝမ်းဗိုက်နာကျင်ခြင်း
• အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားခြင်း
• ဝမ်းဗိုက် သိသိသာသာ ဖောင်းကြွလာခြင်း

ဗိုက်ပွဗိုက်ကယ်ခြင်း တစ်ခုတည်းဖြင့် သင့်တွင် အသည်းရောဂါရှိနေပြီဟု တရားသေ ဆုံးဖြတ်၍မရဘူးဆိုပေမယ့် ၎င်းဟာ အစာခြေစနစ်နှင့် အသည်းကျန်းမာရေး၏ ဆက်နွယ်မှုကို ဖော်ပြနေသော အချက်ပြမှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်ညာဘက်ခြမ်းတွင် အစဉ်တစိုက် မအီမသာဖြစ်ခြင်းနှင့် ဗိုက်ကယ်ခြင်းတို့ တွဲဖြစ်နေပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါတယ်။ အထူးသဖြင့် မိမိမှာ ဆီးချို၊ အဝလွန်ခြင်း သို့မဟုတ် သွေးတွင်းအဆီများသည့် အခြေခံအကြောင်းရင်းများ ရှိနေပါက ပိုမိုသတိထားသင့်ပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။
----------------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗧𝗶𝗸𝗧𝗼𝗸 : https://www.tiktok.com/.myanmar?_r=1&_t=ZS-96jGmXUqKyQ

𝗩𝗶𝗯𝗲𝗿 : https://invite.viber.com/?g2=AQBYY%2BtyWMPWllH1iszVqxidrJpToEO6QupnpG8pS4nKDQUF%2Fg4Z60MWAR%2BRPf3I

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : https://t.me/biohealthmyanmar

#ဗိုက်ကယ်ခြင်း #ဗိုက်ပွခြင်း #အစာမကြေခြင်း #လေပွခြင်း #ညာဘက်နံရိုးအောက်နာကျင်ခြင်း #ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း #အသည်းအဆီဖုံးခြင်း #အသည်းရောဂါ #သည်းခြေကျောက်တည်ခြင်း #သည်းခြေအိတ်ရောင်ခြင်း #အသားဝါခြင်း #ဆီးရင့်ခြင်း #ဝမ်းဖြူခြင်း #ကိုယ်အလေးချိန်ကျဆင်းခြင်း #ဗိုက်ဖောင်းခြင်း #ဆီးချိုရောဂါ #အဝလွန်ခြင်း #သွေးတွင်းအဆီများခြင်း #ကျန်းမာရေးအသိပညာ #အသည်းကျန်းမာရေး #အစာခြေစနစ် #ဇီဝကျန်းမာ

ကျန်းမာရေးဆိုတာ ဘဝရဲ့အခြေခံအုတ်မြစ်ပါ။ ကိုယ်တွေရဲ့ ခန္ဓာကိုယ်က ပြောတဲ့အချက်ပြမှုတွေကို နားထောင်တတ်ဖို့လည်း အရေးကြီးသလို ...
08/08/2026

ကျန်းမာရေးဆိုတာ ဘဝရဲ့အခြေခံအုတ်မြစ်ပါ။ ကိုယ်တွေရဲ့ ခန္ဓာကိုယ်က ပြောတဲ့အချက်ပြမှုတွေကို နားထောင်တတ်ဖို့လည်း အရေးကြီးသလို လိုအပ်တဲ့အခါမှာ ကျွမ်းကျင်သူတွေရဲ့ အကူအညီကိုလည်း ရယူတတ်ဖို့ လိုပါတယ်။

ဒါကြောင့်ပဲ BioHealth (ဇီဝကျန်းမာ) မှာ အခုဆိုရင် အထူးကုဆရာဝန်ကြီးတွေ စတင်လက်ခံတိုင်ပင်ဆွေးနွေးပေးနေပြီဖြစ်လို့ ကိုယ်နဲ့မိသားစုရဲ့ ကျန်းမာရေးကို ကျွမ်းကျင်သူတွေရဲ့ လက်ထဲ အပ်နှံလိုက်ပါ။

စိတ်ပူပင်နေစရာတွေ၊ မသေချာမရေရာတွေကို ဆရာဝန်ကြီး‌တွေနဲ့အတူ ဖြေရှင်းလို့ရပါပြီ။

BioHealth (ဇီဝကျန်းမာ) - “အရည်အသွေးပြည့်ဝတဲ့ စောင့်ရှောက်မှုဖြင့် သင့်အနားမှာ အမြဲရှိနေပါမယ်”

📍လိပ်စာ
လမ်း ၃၀၊ ၇၇ × ၇၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

📞 အသေးစိတ်သိရှိလိုပါက ၀၉-၄၀၀၆၈၄၈၁၈ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ဇီဝကျန်းမာ
#အထူးကုဆရာဝန်ကြီးများ
#ကျန်းမာရေးစစ်ဆေးခြင်း
#ကြိုတင်ကာကွယ်ခြင်း
#မန္တလေး
#ချမ်းအေးသာစံ
#ကျန်းမာရေးစောင့်ရှောက်မှု
#အရည်အသွေးပြည့်ဝသောစောင့်ရှောက်မှု

#ဆရာဝန်နှင့်တိုင်ပင်ခြင်း
#မိသားစုကျန်းမာရေး

လှေကားတက်ဆင်းချိန်တိုင်းမှာ ဒူးနာနေပြီလား?လှေကားတက်ရင်၊ ဆင်းရင် ဒူးနာတယ်ဆိုတာ လူတော်တော်များများ ကြုံဖူးကြတဲ့ ကိစ္စပါပဲ။...
02/08/2026

လှေကားတက်ဆင်းချိန်တိုင်းမှာ ဒူးနာနေပြီလား?

လှေကားတက်ရင်၊ ဆင်းရင် ဒူးနာတယ်ဆိုတာ လူတော်တော်များများ ကြုံဖူးကြတဲ့ ကိစ္စပါပဲ။ အများစုကလည်း ဒါကို "အသက်အရွယ် ရလာလို့လား၊ ဒါမှမဟုတ် ပင်ပန်းလို့လား" ဆိုပြီး သာမန်ပဲ၊ ဖြစ်တတ်တာပဲလို့ ပေါ့ပေါ့ဆဆ သဘောထားလိုက်တတ်ကြတယ်။ လှေကားတက်ဆင်းတာက မြေညီပေါ်မှာ လျှောက်တာထက် ဒူးကို ဖိအားအများကြီး ပိုပေးတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါကြောင့်ပဲ လှေကားက ဒူးရဲ့ကျန်းမာရေးကို စမ်းသပ်ဖို့ အကောင်းဆုံး "ကြိုသတိပေးတဲ့ စနစ်" တစ်ခုလို့ သတ်မှတ်လို့ရတယ်။ ဒူးမှာ ပြဿနာစစပြုလာပြီဆိုရင် ပထမဆုံး ခံစားရတတ်တဲ့နေရာက ဒီလှေကားပါပဲ။ အထူးသဖြင့် အသက် ၄၀ ကျော်လာတဲ့အခါ ဒီလိုနာတာက အရိုးနုတွေ ပွန်းစားလာလို့ ဖြစ်တဲ့ အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis) ရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နိုင်သလို၊ ဒူးခေါင်းတည့်တည့်မှာ နာတဲ့ ဒူးဆစ်အရိုးနုပျော့ရောဂါ (Patellofemoral Pain Syndrome) ကြောင့်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေ လမ်းလျှောက်တာလောက်မှာ သိပ်မနာဘဲ လှေကားတက်ဆင်းတဲ့အခါ၊ ထိုင်ထလုပ်တဲ့အခါ ဒါမှမဟုတ် ကြာကြာထိုင်ပြီး ပြန်ထတဲ့အခါမှပဲ နာတာမျိုးဆိုရင် ဒါက အဆစ်တွေ စပြီး ထိခိုက်လာပြီဆိုတဲ့ ရှင်းရှင်းလင်းလင်း လက္ခဏာတစ်ရပ်ပါပဲ။ ဒါကြောင့် ဒီလိုနာကျင်မှုကို ပေါ့ပေါ့ဆဆ မထားသင့်ဘူး။ "နောက်တစ်နေ့ လမ်းလျှောက်တာတောင် နာလာ မှ ကုမယ်" ဆိုပြီး မစောင့်ပါနဲ့လို့ ပြောချင်ပါတယ်။ အခုကတည်းက သတိထားပြီး ဆရာဝန်နဲ့ ပြသဖို့လည်း စဉ်းစားသင့်ပြီပေါ့။ တကယ်တော့ ဒူးနာတာက အသက်အရွယ်တစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ဘူး။ ကိုယ်နေထိုင်တဲ့ပုံစံ၊ နေ့စဉ်လုပ်နေကျအလေ့အထတွေနဲ့လည်း ဆက်စပ်နေတယ်။ ဥပမာ... အကြာကြီးထိုင်နေကျ၊ လှုပ်လှုပ်ရှားရှား နည်းတဲ့သူတွေမှာ ပေါင်ရှေ့ကြွက်သားတွေ အားနည်းသွားတတ်တယ်။ ဒီလိုအားနည်းသွားတဲ့အခါ လှေကားတက်ဆင်းတိုင်း ဒူးဆစ်ကို တိုက်ရိုက်ဖိအားတွေ အများကြီးကျလာတယ်။ ဒါကြောင့် ဒူးက ဒုက္ခရောက်တာပေါ့။ ပြီးတော့ အရင်တုန်းက အရွတ်ဆန့်ဖူးတာ၊ အရိုးနုထိခိုက်ဖူးတာမျိုး ရှိခဲ့ရင်လည်း အချိန်ကြာလာတာနဲ့အမျှ အဲဒီဒဏ်ရာဟောင်းက ပြန်နာလာတတ်သေးတယ်။ ဒီလိုကြွက်သားအားနည်းတာကိုရော၊ ဒဏ်ရာဟောင်းကိုရော သိပ်အရေးမစိုက်ဘဲ ပစ်ထားလိုက်ရင်တော့ နောက်ပိုင်းမှာ ပိုဆိုးတဲ့ အဆင့်တွေ ရောက်သွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ပထမဆုံးအနေနဲ့ လှေကားတက်တိုင်း၊ ဆင်းတိုင်း ဒူးနာလာတယ်ဆိုရင် ဒါက ရံဖန်ရံခါ ဖြစ်တာမဟုတ်ဘဲ အချိန်တိုင်းလိုလို ခံစားရတဲ့ သဘောဆိုတော့ သတိထားရမယ့် လက္ခဏာပါပဲ။ နောက်တစ်ခုက ကြာကြာထိုင်ပြီးတဲ့အခါ ဒါမှမဟုတ် မနက်အိပ်ရာနိုးလို့ ပြန်ထတဲ့အခါ ဒူးဆစ်တွေ တောင့်တင်းနေတာမျိုး ခံစားရရင်လည်း ဒါက သတိပြုစရာပါ။ အနားယူထားပြီးမှ ပြန်လှုပ်ရှားတဲ့အခါ ဒီလိုတောင့်တင်းတာက အဆစ်တွေ အဆင်မပြေတော့ဘူးဆိုတဲ့ သဘောပါပဲ။ ဒူးကို ကွေးတာ၊ ဆန့်တာလုပ်တဲ့အခါ အတွင်းက ချောက်ခနဲ ဒါမှမဟုတ် ကြိတ်သံမျိုး ထွက်လာရင်လည်း ဒါက ပုံမှန်မဟုတ်တဲ့ လက္ခဏာပါ။ ဒီလိုအသံတွေက အရိုးနုတွေ ပွန်းစားနေပြီလို့ တစ်နည်းတစ်ဖုံ ပြောနေတာပါ။ နောက်ဆုံးအနေနဲ့ ဒူးဆစ်ပတ်ပတ်လည်မှာ ရောင်ရမ်းတာမျိုး ဖြစ်လာရင်တော့ ဒါက သိသိသာသာ အခြေအနေဆိုးလာပြီဆိုတဲ့ လက္ခဏာပါပဲ။ ဒါကြောင့် ဒီလက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုရင် သိပ်မပေါ့ဆဘဲ အချိန်မီ ဆရာဝန်နဲ့ ပြသဖို့ အကြံပြုချင်ပါတယ်။ ပြောသွားတဲ့ ဒီလက္ခဏာတွေကိုလည်း သေချာလေး သတိထားကြည့်ဖို့ လိုပါတယ်။ ဒူးနာတာကို ကြိုတင်ကာကွယ်ဖို့နဲ့ ရေရှည်ဒူးကျန်းမာရေးအတွက် လက်တွေ့လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဓိကကတော့ ပေါင်ကြွက်သားတွေကို သန်မာအောင်လုပ်ဖို့ပါပဲ။ ရိုးရိုးရှင်းရှင်း လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးခြင်းက ဒူးဆစ်ပေါ် ကျရောက်မယ့် ဝန်ထုပ်ဝန်ပိုးကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီး ဒူးအရမ်းနာနေတဲ့အချိန်ဆိုရင် ဒူးဆစ်ကို အနားပေးဖို့အတွက် လှေကားတက်ဆင်းတာကို ခဏလောက် လျှော့ထားဖို့လိုပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆင့်မှာ ထိန်းထားဖို့က အရမ်းအရေးကြီးပါတယ်၊ ဒါက ဒူးဆစ်ပေါ်က ဖိအားကို အထိရောက်ဆုံး လျှော့ချပေးတဲ့နည်းလမ်းပါပဲ။ ခြေထောက်နဲ့ ဒူးဆစ်ကို ကောင်းမွန်စွာ ထောက်ပံ့မှုပေးနိုင်သော သင့်တော်တဲ့ဖိနပ်ကို ရွေးချယ်စီးတာကလည်း အထောက်အကူဖြစ်စေပါတယ်။ ဒီအလေ့အကျင့်လေးတွေကို လိုက်နာမယ်ဆိုရင် အစောပိုင်းမှာ ခံစားရတဲ့ ဒူးနာဝေဒနာတွေကို သက်သာစေရုံတင်မကဘဲ နောင်တစ်ချိန် ခွဲစိတ်ကုသရတဲ့အထိ ဖြစ်လာနိုင်တဲ့ ပြင်းထန်တဲ့အခြေအနေတွေကနေလည်း ကာကွယ်ပေးနိုင်မှာပါ။ အကယ်၍ စာဖတ်သူအနေဖြင့် ဒူးနာဝေဒနာကို ၁ ပတ်မှ ၂ ပတ်ထက်ကျော်လွန်၍ ဆက်တိုက်ခံစားနေရပါက သို့မဟုတ် နာကျင်မှုဟာ ပိုဆိုးလာပြီး လမ်းလျှောက်ခြင်း၊ အလုပ်လုပ်ခြင်းကဲ့သို့ နေ့စဉ်လူမှုဘဝ လှုပ်ရှားမှုများကို အဟန့်အတား ဖြစ်လာပါက နားလည်တတ်ကျွမ်းသည့် အထွေထွေရောဂါကု ဆရာဝန် သို့မဟုတ် အဆစ်အမြစ်နှင့် အရိုးအကြောဆိုင်ရာ အထူးကုဆရာဝန် (Rheumatologist) နှင့် အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဒူးကျန်းမာရေးက မိမိလွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ အုတ်မြစ်လိုပါပဲ။ လှေကားတက်ဆင်းတဲ့အခါမှာ ဒူးက နည်းနည်းလောက်ပဲ နာတယ်ဆိုရင်တောင် ဒါကို ခန္ဓာကိုယ်က ကြိုပြီးသတိပေးတဲ့ အချက်ပြမှုလို့ သတ်မှတ်ပြီး အခုကတည်းက ဂရုစိုက်သွားမယ်ဆိုရင် နောင်အနာဂတ်မှာ ဒူးအရမ်းဆိုးလို့ လမ်းလျှောက်ဖို့တောင် ခက်ခဲလာမယ့် အခြေအနေမျိုးကို ကြိုတင်ကာကွယ်နိုင်မှာပါ။ ဒါကြောင့် ဒူးနည်းနည်းနာတာကိုတောင် ဂရုမစိုက်ဘဲ မနေသင့်ဘူးလို့ မှာချင်ပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။
----------------------------------------
ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗧𝗶𝗸𝗧𝗼𝗸 : https://www.tiktok.com/.myanmar?_r=1&_t=ZS-96jGmXUqKyQ

𝗩𝗶𝗯𝗲𝗿 : https://invite.viber.com/?g2=AQBYY%2BtyWMPWllH1iszVqxidrJpToEO6QupnpG8pS4nKDQUF%2Fg4Z60MWAR%2BRPf3I

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : https://t.me/biohealthmyanmar

#ဒူးနာ #ဒူးကျန်းမာရေး #အဆစ်အမြစ်နာ #ကျန်းမာရေး #ဒူးကာကွယ်နည်း #ပေါင်ကြွက်သားသန်မာရေး #လေ့ကျင့်ခန်း #ဒူးအနားပေး #ကိုယ်အလေးချိန်ထိန်း #ဖိနပ်ရွေးချယ်နည်း #ဇီဝကျန်းမာ

လုပ်ငန်းတိုးချဲ့ရန်အတွက် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်ရှိ BioHealth Clinical Laboratory (ဇီဝကျန်းမာ အထွေထွေရောဂါရှ...
24/07/2026

လုပ်ငန်းတိုးချဲ့ရန်အတွက် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်ရှိ BioHealth Clinical Laboratory (ဇီဝကျန်းမာ အထွေထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်း)တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

1. Sales Supervisor (2) ဦး
•အတွေ့အကြုံရှိသူဦးစားပေးမည်။

2. Sales Representative (4) ဦး
•အတွေ့အကြုံရှိသူဦးစားပေးမည်။

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ ဖုန်း/Viber မှ လျှောက်ထားနိုင်ပါသည်။
ဖုန်း / Viber – 09-400684818 ၊ 09-945575566
(ရုံးချိန် အတွင်းသာ ဆက်သွယ်ရန်)





24/07/2026

အစာအိမ်ပိုး (H.pylori) ကိုလွယ်ကူမြန်ဆန်စွာစစ်ဆေးကြမယ်‼

အစာအိမ်အောင့်ခြင်း၊ အစာမကြေခြင်း၊ လေပွခြင်း သို့မဟုတ် အစာအိမ်အနာ (Peptic ulcer) ကဲ့သို့သော ပြဿနာများရှိသူများတွင် Helicobacter pylori (H. pylori) ပိုးက အဓိကအကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။ 🦠 H. pylori ကို စစ်ဆေးရန် နည်းလမ်းအမျိုးမျိုးရှိသော်လည်း Test တစ်ခုချင်းစီ၏ ရည်ရွယ်ချက်နှင့် အသုံးဝင်မှုမှာ မတူညီပါ။

(1) သွေးမှစစ်ဆေးခြင်း
🔺 Serology (H. pylori IgG Antibody Test) - H. pylori ကို တစ်ချိန်က ထိတွေ့ဖူးကြောင်းကို ဖော်ပြနိုင်သော်လည်း လက်ရှိပိုးရှိနေဆဲ (Active infection) ကို အတည်မပြုနိုင်ပါ။ ပိုးပျောက်ကင်းပြီးနောက်တွင်လည်း Antibody များသည် လများစွာမှ နှစ်များစွာအထိ ဆက်လက်ရှိနေနိုင်သောကြောင့် ကုသမှုအောင်မြင်မှုကို အကဲဖြတ်ရန် မသင့်တော်ပါ။

(2) ဝမ်းမှစစ်ဆေးခြင်း
💩 Stool Antigen Test (SAT) - ဝမ်းအတွင်းရှိ H. pylori antigen ကို ရှာဖွေသော စမ်းသပ်နည်းဖြစ်ပြီး လက်ရှိ Active infection ကို သိရှိနိုင်ပါသည်။ ထို့အပြင် H. pylori eradication treatment ပြီးနောက် ပိုးပျောက်ကင်းမှုကို အတည်ပြုရန်လည်း အသုံးပြုနိုင်ပါသည်။

သို့သော် Stool Antigen Test ၏ တိကျမှုသည်—
Stool sample အရည်အသွေး
Sample collection နှင့် transportation
Storage condition
Test kit အရည်အသွေး
တို့အပေါ် မူတည်နိုင်ပါသည်။ ထို့အပြင် လူနာအချို့အတွက် ဝမ်းနမူနာပေးရန် အဆင်မပြေခြင်း သို့မဟုတ် စိတ်မသက်မသာ ဖြစ်နိုင်ပါသည်။

(3) လေမှုတ်စစ်ဆေးခြင်း
🌬 Urea Breath Test (UBT)- Urea Breath Test သည် H. pylori မှ ထုတ်လုပ်သော Urease enzyme ကို အခြေခံထားသော Functional Test ဖြစ်ပါသည်။
လူနာမှ ¹⁴C-labeled urea ကို သောက်ပြီးနောက် H. pylori ရှိပါက Urease enzyme က urea ကို ခွဲထုတ်၍ Carbon dioxide (CO₂) ထုတ်ပေးပါသည်။ ထို CO₂ ကို အသက်ရှူမှတစ်ဆင့် တိုင်းတာခြင်းဖြင့် Active H. pylori infection ရှိ/မရှိကို တိကျစွာ သိရှိနိုင်ပါသည်။ H. pylori eradication treatment ပြီးနောက် ပိုးပျောက်ကင်းမှုကို အတည်ပြုရန် အသုံးပြုနိုင်ပါသည်။

⚠️ Test မပြုလုပ်မီ သတိပြုရန်
Urea Breath Test နှင့် Stool Antigen Test နှစ်မျိုးလုံးသည် Active infection ကို စစ်ဆေးသော Test များဖြစ်သောကြောင့်
-Proton Pump Inhibitors (Omeprazole, Esomeprazole, Pantoprazole) ကို အနည်းဆုံး ၂ ပတ်
-Antibiotics နှင့် Bismuth-containing medications ကို ၄ ပတ်
ရပ်နားထားရန် လိုအပ်ပါသည်။ အဆိုပါဆေးများသည် H. pylori ပမာဏကို လျော့နည်းစေပြီး False-negative result ဖြစ်စေနိုင်ပါသည်။

"ဇီဝကျန်းမာ (BioHealth) အထွေထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်းသင်္ကန်းကျွန်း branch တွင် H. pylori Active Infection. ရှိ/မရှိ Urea Breath Test (လေမှုတ်စစ်ဆေးခြင်း) ကို discount စျေးနှုန်းဖြင့် စစ်ဆေးနိုင်ရုံမက (1) နာရီအတွင်း အဖြေရရှိနိုင်မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။"


#ဇီဝကျန်းမာ
#အစာအိမ်ပိုးလေမှုတ်စစ်ဆေးခြင်း
Breath Test

နိုင်ငံတကာအဆင့်မှီ အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်း

Address

No (448), Ground Floor, Maydarwei Road, North Okkalapa Township
Yangon
11031

Telephone

+959402087030

Website

Alerts

Be the first to know and let us send you an email when BioHealth Clinical Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BioHealth Clinical Laboratory:

Shortcuts

Share

Category