20/03/2023
တချို့လူတွေက ....
နေနိုင်သွားတာလဲ မဟုတ်ဘူး ....
နေတတ်သွားတာလဲ မဟုတ်ဘူး .....
မနေနိုင်လဲ
နေနိုင်အောင် နေလိုက်ရတာ ..... ။
ဖုန်းတွေ ဆက်ချင်တဲ့စိတ်ကို
ငါ ဆက်လဲ သူကိုင်မှာမှ မဟုတ်တာဆိုတဲ့ .....
စိတ် နဲ့ ထိန်းတရ် ....... ။
စာတွေ ပို့ချင်နေတဲ့ စိတ်ကို .....
ငါ စာတွေပို့လို့လဲ သူ့အတွက်....
အနှောင့်အယှက်ဖြစ်ရုံပဲလေဆိုတဲ့
စိတ်နဲ့ ထိန်းတရ် .... ။
လွမ်းတရ်လို့ .....
ပြောပိုင်ခွင့်တွေ ရှိမနေတော့သလို ....
ချစ်လားဆိုတဲ့ ......
မေးခွန်းတွေအတွက်တောင် ......
အားနာတဲ့ ဆက်သွရ်မှုမျိုးလေ .... ။
နေနိုင်သွားတရ် ......
နေသားကျသွားတရ်လို့
ဘရ်ဟုတ်ပါ့မလဲ .....
မနေနိုင်လဲ .....
နေနိုင်အောင် နေလိုက်ရတာ ..... ။