The Priestess Tarot

The Priestess Tarot Tarot,Oracle and Spiritual Guidance
(223)

16/08/2026

Pile 2 ✨Universe ဆီက မင်းအတွက်သတင်းစကား✨🩵Tarot Reading

ဒါလေးက Pile 2 ပါ။ Pile မရွေးရပဲ ဒီ video လေးမင်းဆီတက်လာတယ်ဆိုလည်း This is a message for you ပါ 👀

Personal Tarot Reading ​လေး​တွေအတွက် ဒီ Link ​လေးထဲ ၀င်ကြည့်လို့ ရပါတယ်။
https://m.facebook.com/story.php?story_fbid=226761003020097&id=100070585973657&mibextid=Nif5oz



Tarot Reading Feedback လေးတွေ တစ်ဖြတ်🩵 Yu Tarot reading စလုပ်ကတည်းက အမြဲတမ်း Energy  ကောင်းမှပဲ ကြည့်ပေးဖြစ်တယ်။အာရုံသေခ...
15/08/2026

Tarot Reading Feedback လေးတွေ တစ်ဖြတ်🩵

Yu Tarot reading စလုပ်ကတည်းက အမြဲတမ်း Energy ကောင်းမှပဲ ကြည့်ပေးဖြစ်တယ်။အာရုံသေချာရမှပဲ ကတ်ဆွဲပေးဖြစ်ပါတယ်။
Thank you everyone for being with me on this journey.

Personal Tarot Reading ​လေး​တွေအတွက် ဒီ Link ​လေးထဲ ၀င်ကြည့်လို့ ရပါတယ်။
https://m.facebook.com/story.php?story_fbid=226761003020097&id=100070585973657&mibextid=Nif5oz


1️⃣နှစ်တာ အလုပ်အကိုင် တိုးတက်ပြောင်းလဲမှု🩵Pick A Pileလက်ရှိ Energy၊ ပထမ ၆လ၊ဒုတိယ ၆လနဲ့ အကြံပြုချက်လေးတွေ ကြည့်ထားပေးပါတယ...
13/08/2026

1️⃣နှစ်တာ အလုပ်အကိုင် တိုးတက်ပြောင်းလဲမှု🩵Pick A Pile

လက်ရှိ Energy၊ ပထမ ၆လ၊ဒုတိယ ၆လနဲ့ အကြံပြုချက်လေးတွေ ကြည့်ထားပေးပါတယ်။

Personal Tarot Reading ​လေး​တွေအတွက် ဒီ Link ​လေးထဲ ၀င်ကြည့်လို့ ရပါတယ်။
https://m.facebook.com/story.php?story_fbid=226761003020097&id=100070585973657&mibextid=Nif5oz


08/08/2026

8/8 Portal Collective Energy Reading ✨
ဒီကာလမှာ ဘယ်လို energy အပြောင်းအလဲတွေ တွေ့ကြုံဖို့ရှိမလဲ ကြည့်ထားပေးပါတယ်။

Personal Tarot Reading ​လေး​တွေအတွက် ဒီ Link ​လေးထဲ ၀င်ကြည့်လို့ ရပါတယ်။
https://m.facebook.com/story.php?story_fbid=226761003020097&id=100070585973657&mibextid=Nif5oz


Soul Check-in 🪞✨ဒီတစ်ပတ်မှာတော့ Yu တို့ရဲ့ Life Areas တွေထဲက ဘယ်အပိုင်းက ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုကို အားနည်း...
08/08/2026

Soul Check-in 🪞✨

ဒီတစ်ပတ်မှာတော့ Yu တို့ရဲ့ Life Areas တွေထဲက ဘယ်အပိုင်းက ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုကို အားနည်းနေစေလဲဆိုတာ ခဏလောက်ရပ်ပြီး ပြန်လည်သုံးသပ်ကြည့်ကြရအောင်။

အချစ်ရေး၊ ငွေရေးကြေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မိသားစု၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ရဲ့အနာဂတ်…
ဒီအရာတွေထဲမှာ ဘယ်အပိုင်းက ကိုယ့်ကို ဒီရက်ပိုင်းမှာ ပိုပြီးပင်ပန်းစေနေလဲ?

🌿 လက်ရှိဘဝမှာ ကိုယ့်ကို စိတ်ဖိစီးစေတဲ့အရာက ဘာလဲ?

🌿 ကိုယ်မပြောဖြစ်သေးတဲ့ ခံစားချက်တစ်ခုခု ရှိနေလား?

🌿 ကိုယ့်အတွက် အရေးကြီးပေမယ့် အခုနောက်ပိုင်းမှာ လျစ်လျူရှုမိနေတဲ့အရာက ဘာလဲ?

🌿 တခြားသူတွေရဲ့မျှော်လင့်ချက်တွေကြောင့် လုပ်နေရတာနဲ့ ကိုယ်တကယ်လုပ်ချင်တာ ဘာကွာခြားနေလဲ?

🌿 ဘယ်လိုအပြောင်းအလဲမျိုး ဖြစ်လာရင် ကိုယ်ပိုပြီး ပျော်ရွှင်ကျေနပ်နိုင်မလဲ?

🌿 လက်ရှိမှာ ကိုယ်ဖြေရှင်းဖို့လိုနေတဲ့အရာက ဘာလဲ?

🌿 ဒီအချိန်မှာ ကိုယ့်ကိုယ်ကို ဘာတွေ ပိုပေးဖို့လိုနေလဲ?အနားယူချိန်လား၊ ချစ်ခြင်းမေတ္တာလား၊ boundaries လား၊ courage လား?

ပြီးတော့ အရေးကြီးဆုံးတစ်ခုက

“အရာအားလုံး အဆင်ပြေသွားပြီဆိုရင် ဘယ်လိုဘဝမျိုးနဲ့ နေချင်တာလဲ?”

ကိုယ်တကယ်လိုချင်တဲ့အရာ၊ ကိုယ်တကယ်လိုအပ်တဲ့အရာနဲ့ ကိုယ်အခုလက်ရှိ လိုက်လုပ်နေတဲ့အရာတွေက တစ်ထပ်တည်းကျရဲ့လားဆိုတာ ပြန်စဉ်းစားကြည့်ကြမယ်။

ဒီတစ်ပတ်မှာတော့ အရာအားလုံးကို ခဏထားပြီးကိုယ့်အတွင်းစိတ်ကို ပြန်နားထောင်ကြည့်ကြရအောင်ပါ။

Sometimes, you don’t need a new life.
You just need to reconnect with what truly matters to you. 🌙

Personal Tarot Reading ​လေး​တွေအတွက် ဒီ Link ​လေးထဲ ၀င်ကြည့်လို့ ရပါတယ်။
https://m.facebook.com/story.php?story_fbid=226761003020097&id=100070585973657&mibextid=Nif5oz


26/07/2026

Next Relationship က လူသစ်လား လူဟောင်းလား?Pick a card ❤️
ကတ်လေးတွေကို သေချာအာရုံပြုပြီးရွေးချယ်ပါနော် ✨

Pile 1
လူသစ်ဖြစ်ဖို့ ပိုများပါတယ် ဒါမှမဟုတ် ရင်းနှီးပြီးသားဆိုရင်လည်း မတူညီတဲ့ ပုံစံအသစ်နဲ့ ပြန်စရမယ့်သူပါ
ဒီကတ်လေးက စိတ်ရှည်လက်ရှည် ပျိုးထောင်ရတာ၊ အချိန်ယူပြီး တည်ဆောက်ရတာကို ပြနေပါတယ်။
လူဟောင်းဆီက သံယောဇဉ်အဟောင်းထက် အတိတ်က သင်ခန်းစာတွေကို ယူပြီး အစကနေ စိတ်ရှည်လက်ရှည် ပြန်လည်စိုက်ပျိုးရမယ့် လူသစ်တစ်ယောက် နဲ့ ဆုံတွေ့ရဖို့ ပိုများပါတယ်။ တကယ်လို့ အတိတ်ကသိခဲ့ဖူးတဲ့သူ ဆိုရင်တောင်မှ အရင်လို ပုံစံမျိုးမဟုတ်တော့ဘဲ ဆက်ဆံရေးအသစ်တစ်ခါ ပြန်စသလိုမျိုး အစကနေ အချိန်ယူ လေ့လာရပါလိမ့်မယ်။

Pile 2
လူသစ်ပါ ဒီကတ်လေးက စွမ်းအင်အပြည့်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စွမ်းအင်သစ်တစ်ခုကို ကိုယ်စားပြုပါတယ်။ အတိတ်မှာ ကျန်ခဲ့တဲ့ တိမ်းစောင်းမှုတွေ၊ ဝေခွဲမရတာတွေကို ထားခဲ့ပြီး ကိုယ့်ကို ဆွဲဆောင်နိုင်မယ့် လူသစ်တစ်ယောက် နဲ့ ချိတ်ဆက်မိဖို့ ပြနေပါတယ် ဒီလူဟာ ကိုယ့်ဆီကို စွမ်းအင်အသစ်တွေ၊နွေးထွေးမှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ယူဆောင်လာပေးမယ့်သူ ဖြစ်ပါလိမ့်မယ်။

Pile 3
လူဟောင်း ဒါမှမဟုတ် အတိတ်က ရေစက်ပါလာသူဖြစ်ပါလိမ့်မယ်။
ရည်းစားဟောင်း/ငယ်သူငယ်ချင်း/သိတာခင်တာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်း/အရင်တည်းက အဆက်အသွယ်လုပ်ဖူးတဲ့ အခြေအနေတစ်ခုရှိနေတဲ့သူထဲက ဖြစ်ပါလိမ့်မယ်။ဘယ်လိုဖြစ်ဖြစ် သူ့ကို ကိုယ်ကသိထားပြီးသားပါ။
တကယ်လို့ မြင်ဖူးတွေ့ဖူးခြင်း မရှိသေးတဲ့ လူသစ်ဖြစ်နေခဲ့ရင်တောင်မှ တွေ့တွေ့ချင်းမှာပဲ "ငါသူ့ကို အရင်ကတည်းက သိနေခဲ့သလိုပါပဲလား" ဆိုတဲ့ ရေစက်ပါပြီးသား ခံစားချက်မျိုးကို ပေးစွမ်းနိုင်မယ့်သူ ဖြစ်ပါလိမ့်မယ်။

Personal Tarot Reading ​လေး​တွေအတွက် ဒီ Link ​လေးထဲ ၀င်ကြည့်လို့ ရပါတယ်။
https://m.facebook.com/story.php?story_fbid=226761003020097&id=100070585973657&mibextid=Nif5oz


25/07/2026

🔮 မျှော်လင့်ထားတာလေး ဘယ်တော့ ဖြစ်လာမလဲ? (Pick a card)

စိတ်ကို ငြိမ်ငြိမ်လေးထားပြီး မိမိစိတ်ထဲဆွဲဆောင်မှု အရှိဆုံးခံစားရတဲ့ Card တစ်ခုကို ရွေးချယ်ပေးပါနော်။ ✨

Pile 1
မျှော်လင့်ထားတဲ့ ကိစ္စက အနည်းငယ် အချိန်ယူရနိုင်ပေမဲ့ အကျိုးရလဒ်ကတော့ သကိုယ့် ဘဝအတွက် အဓိပ္ပာယ်သစ်တစ်ခု သို့မဟုတ် လမ်းကြောင်းသစ်တစ်ခုကို ပွင့်သွားစေမှာပါ။ ဒီအတောအတွင်းမှာ မိမိကိုယ်ကို ပိုမိုနားလည်အောင် ကြိုးစားရင်း၊ အရာရာကို အမြင်သစ်လေးတစ်ခုနဲ့ ကြည့်မြင်ပေးဖို့ လိုအပ်ပါတယ်။ ရလဒ်ထွက်လာတဲ့အခါ ကိုယ့်အတွက် အရမ်းတန်ဖိုးရှိတဲ့ သင်ခန်းစာနဲ့ အောင်မြင်မှုကို ယူဆောင်လာပေးပါလိမ့်မယ်။ ✨
Message-Find a new meaning
Timing-9 Weeks / 9 Months (သို့မဟုတ် Sagittarius ရာသီခွင် နိုဝင်ဘာ 23-ဒီဇင်ဘာ 21)

Pile 2
ဒီကတ်လေးကို ရွေးချယ်ထားသူတွေအတွက်ကတော့ အဟောင်းတွေကို လွှတ်ချပြီး "အရှိန်အဟုန်သစ်၊ နည်းလမ်းသစ်" နဲ့ စတင်ရတော့မယ့် အချိန် ရောက်နေပါပြီ။ မျှော်လင့်ထားတဲ့ ကိစ္စက ရှေ့မရောက်ပဲစောင့်ဆိုင်းနေရသလို ခံစားနေရရင် ဒါဟာ ကိုယ့်ဘက်က ပုံစံအသစ်နဲ့ လှုပ်ရှားဖို့ လိုအပ်နေတာကြောင့်ပါ။
ခေါင်းထဲမှာ တွေးထားပေမဲ့ မလုပ်ဖြစ်သေးတဲ့ အစီအစဉ်တွေကို သတ္တိရှိရှိ အကောင်အထည်ဖော်လိုက်ပါ။ဒါဆိုရင်တော့မျှော်လင့်ထားတဲ့ အောင်မြင်မှုရလဒ်ဆီ အမြန်ဆုံး ဆိုက်ရောက်သွားပါလိမ့်မယ်။ 💡✨Message-Give a fresh impetus
Timing-11 Weeks / 11 Months (သို့မဟုတ် Aquarius ရာသီခွင်ကာလ - ဇန်နဝါရီ 20မှ ဖေဖော်ဝါရီ 18 အတွင်း)

Pile 3
မျှော်လင့်ထားတာလေးက သိပ်မကြာခင်မှာပဲ ဖြစ်မြောက် အောင်မြင်တော့မှာပါ။ ရက်ပိုင်း သို့မဟုတ် သီတင်းပတ်အနည်းငယ်အတွင်းမှာကိုပဲ အဆင်ပြေသွားမယ့် သတင်းကောင်း သို့မဟုတ် ရလဒ်ကောင်းကို ကြုံတွေ့ရပါလိမ့်မယ်။ စိတ်ပူပန်မှုတွေကို ချထားလိုက်ပါ၊ အရာရာဟာ အကောင်းဆုံး ပုံစံနဲ့ ပြေလည်သွားတော့မှာပါ။ 🌟မျှော်လင့်နေတဲ့သူဆီက အဆက်သွယ်ပြန်ရနိုင်တာမျိုး၊အဆင်မပြေဖြစ်နေတဲ့ ဆက်ဆံရေးလေးတွေမှာ တစ်ဖက်လူနဲ့ပြန်ပြေလည်သွားနိုင်တာမျိုးလည်း တွေ့ရပါတယ်။

Message-It will work out soon.
Timing-3 Days / 3 Weeks

Personal Tarot Reading ​လေး​တွေအတွက် ဒီ Link ​လေးထဲ ၀င်ကြည့်လို့ ရပါတယ်။
https://m.facebook.com/story.php?story_fbid=226761003020097&id=100070585973657&mibextid=Nif5oz


Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Priestess Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share