Tarot By Apollo

Call

Tarot By Apollo Tarot is the mirror of the soul.

Daily Tarot 4U🔮‎1.10.2026-ကြာသပတေး‎‎အမျိုးသမီးအကြီးအကဲများနဲ့ပတ်သတ်ပြီးကောင်းသောအကူအညီအထောက်အပံ့များရရှိလာတတ်ပါတယ်။‎‎ငွေ...
01/10/2026

Daily Tarot 4U🔮
‎1.10.2026-ကြာသပတေး
‎
‎အမျိုးသမီးအကြီးအကဲများနဲ့ပတ်သတ်ပြီးကောင်းသောအကူအညီအထောက်အပံ့များရရှိလာတတ်ပါတယ်။
‎
‎ငွေကြေးနဲ့ပတ်သတ်ပြီးမထင်မှတ်ဘဲ
‎အကျိုးအမြတ်ရရှိလာပါမယ်။
‎
‎အမျိုးသမီးမိတ်ဆွေတချို့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေတော့ကြုံရတတ်ပါတယ်။
‎
‎ချစ်သူ/Crush/EX ရဲ့ သတိထားစောင့်ကြည့်မှုခံရတတ်ပါတယ်။
‎
‎ပညာရပ်အသစ် ဘာသာရပ်အသစ် များထပ်မံလေ့လာရခြင်း ရှိသလို သင်ယူပြီးတဲ့ ဘာသာရပ်များ အတတ်ပညာများကိုပြန်လှန်လေ့ကျင့်ဖို့ဖြစ်လာပါမယ်။
‎
‎စိတ်ပင်ပန်းစရာများ​ကြောင့်ခေါင်းမူး ခေါင်းကိုက်ဖြစ်ရခြင်း ပင်ပန်းနွမ်းနယ်ခြင်းဖြစ်တတ်တဲ့အတွက် ဂရုစိုက်ပေးပါ။
‎
‎စိတ်ရှည်ရှည်ထားပြီးသတိထား​ပြောဆိုသင့်တဲ့နေ့ရက်ပါပဲ။
‎
‎
‎

🔮‎Messages From Dark Perfumes🔮‎==============================‎သင့် ကို ပြောပြမယ့် Messages အတွက်‎သင့်ရဲ့စိတ်ထဲကအရွေးချယ်...
22/09/2026

🔮‎Messages From Dark Perfumes🔮
‎==============================

‎သင့် ကို ပြောပြမယ့် Messages အတွက်
‎သင့်ရဲ့စိတ်ထဲကအရွေးချယ်ချင်ဆုံး
‎Dark Perfume တစ်ခုကို ‎ရွေးချယ်ပြီး
ဖတ်ရှုလိုက်ပါ။

🦋

သင့် စိတ်ထဲတွေးနေတဲ့ သူက သင့် အပေါ်ဘယ်လိုမြင်သလဲ?======================စိတ်​ကိုကြည်လင်အောင်ထားပြီး Pile တစ်ခုကိုသေချာရွေ...
14/09/2026

သင့် စိတ်ထဲတွေးနေတဲ့ သူက
သင့် အပေါ်ဘယ်လိုမြင်သလဲ?
======================

စိတ်​ကိုကြည်လင်အောင်ထားပြီး Pile တစ်ခုကိုသေချာရွေးချယ်ပြီးဖတ်ရှုပါ။
General Reading ဖြစ်တဲ့အတွက် လူတစ်ဦးတစ်ယောက်စီနဲ့ကွက်တိကိုက်ညီမယ်မဆိုလိုပါ။
အတတ်နိုင်ဆုံးကြိုးစားပြီးမြင်တွေ့သမျှတွေကိုရေးသားဖော်ပြပေးထားပါတယ်။

မိတ်ဆွေများအားလုံးစိတ်ရောကိုယ်ပါ
ရွှင်လန်းကြပါစေဗျာ။

🦋

Daily Tarot 4U (14.9.2026) တနလ်ာ================================မထင်မှတ်ထဲရပ်ဝေးခရီးတို ခရီးရှည်များသွားဖို့ဖြစ်လာပါမယ်။...
14/09/2026

Daily Tarot 4U (14.9.2026) တနလ်ာ
================================

မထင်မှတ်ထဲရပ်ဝေးခရီးတို ခရီးရှည်များသွားဖို့ဖြစ်လာပါမယ်။

လက်ဆောင်ပစ္စည်းများလက်ခံရရှိခြင်း
ရပ်ဝေးမှသတင်းကောင်းကြားရခြင်း
အဆက်အသွယ်ပြတ်နေသောသူထံမှသတင်းစကားများကြားရတတ်ပါတယ်။

ရရန်ကြန့်ကြာနေတဲ့ ငွေကြေး အခွင့်အရေးများပြန်လည်ရရှိလာပါမယ်။

မိသားစုတွင်း ဆွေမျိူးမိတ်ဆွေအသိုင်းအဝိုင်းကြား
Newborn လေးများရောက်ရှိခြင်းကြားရတတ်ပါတယ်။

ပညာရပ်အသစ် ဘာသာရပ်အသစ် နည်းပညာ အတတ်ပညာအသစ်ကိုစတင်လေ့လာဖို့အခွင့်အရေးပေါ်လာပါတယ်။

အချစ်ရေးအနေနဲ့ရွေးချယ်စရာများပြားကာ တိတိကျကျရွေးချယ်ရန်ခက်ခဲနေတတ်တဲ့နေ့ရက်ပါ။

ကျန်းမာရေးအနေဖြင့် အစာအိမ် ဝမ်းဗိုက်ပိုင်း အားနည်းတတ်ပါတယ်။

🌻

Telegram က Channel ကို Join ပြီး တင်ထားတဲ့ Post တွေ ဟောစာတန်းတွေကိုလည်း ဖတ်ရှုနိုင်တဲ့အကြောင်း မိတ်ဆွေတို့ကို အသိပေးအပ်ပ...
14/09/2026

Telegram က Channel ကို Join ပြီး
တင်ထားတဲ့ Post တွေ ဟောစာတန်းတွေကိုလည်း ဖတ်ရှုနိုင်တဲ့အကြောင်း မိတ်ဆွေတို့ကို
အသိပေးအပ်ပါတယ်ဗျာ။

🌻

Tarot is the mirror of the soul.

သင့်အတွက်တစ်ပတ်တာ ကံကြမ္မာ(13.9.2026 - 19.9.2026)( Ta**us / Virgo / Capricorn )=====================================မြေဓ...
13/09/2026

သင့်အတွက်တစ်ပတ်တာ ကံကြမ္မာ
(13.9.2026 - 19.9.2026)

( Ta**us / Virgo / Capricorn )
=====================================

မြေဓာတ်စိုးမိုးတဲ့ Earth Signတွေအနေနဲ့
တဇွတ်ထိုးခေါင်းမာ အရွဲ့တိုက်စိတ်တွေအတော်လေးများနေတတ်တဲ့ကာလဖြစ်နေတတ်ပါတယ်။

မိမိဆုံးဖြတ်ချက်သည်သာအမှန် ဘေးလူတွေဘယ်လိုပြောပြောကိုယ်လုပ်လိုရာလုပ်မယ်ဆိုတဲ့စိတ်တွေအတော်များနေတတ်ပါတယ်။

မိသားစုရေးနဲ့ပတ်သတ်ပြီးဖြစ်စေ ဆွေမျိုးသားချင်းထဲမှဖြစ်စေ သတင်းကောင်းများ ဝမ်းသာဂုဏ်ယူစရာကိစ္စများပေါ်ပေါက်လာတတ်ပါတယ်။ မထင်မှတ်ဘဲ New Born လေးများ Family ထဲဝင်လာတတ်ပါတယ်။

နယ်ပယ်သစ် အခွင့်အလမ်းအသစ် အလုပ်အကိုင်အသစ်များစတင်လုပ်ဆောင်ရမယ့်လမ်းစများပေါ်ပေါက်လာတတ်ပါတယ်။
ရဲရဲဝံ့ဝံ သာ ရှေ့တိုး လုပ် ကိုင်ဆောင်ရွက်ပါ။

ငွေကြေးပိုင်းအနေနဲ့လုပ်ငန်းသစ် နယ်ပယ်သစ်ဆီမှထပ်မံတိုးတက်ဝင်ရောက်လာတတ်ပါတယ်။

ပညာရေးပိုင်းလုပ်ဆောင်နေသူများအဖို့
ရည်မှန်းထားတဲ့အောင်မြင်မှုတစ်ခုရယူနိုင်တာတွေ့ရသလို ထပ်မံပြီးဆက်လက်တိုးတက်အောင်လုပ်ဆောင်ရမယ့် အနေအထားများတွေ့ရပါတယ်။ပညာရေးနဲ့ပတ်သတ်ပြီးရပ်ဝေးမှကောင်းသောအကူအညီအထောက်အပံ့များ နည်းပညာ သင်ထောက်ကူစသည်များရရှိတတ်ပါတယ်။

အချစ်ရေးအနေဖြင့်အချစ်ဟောင်းမှဒဏ်ရာများကိုအဆုံးသတ်ကာ အချစ်သစ်ကိုတစ်ဖန်စတင်ရှာဖွေရမယ့်ကာလဖြစ်ပါတယ်။
အချစ်သစ်ကိုဦးနှောက်ဖြင့်မရှာဘဲနှလုံးသားဖြင့်ရူးရူးမူးမူးအတင်းကာရောရှာဖွေနေမိတတ်ပါမယ်။

ကျန်းမာရေးအနေဖြင့် အကြောအားနည်းခြင်း အဆစ်အမြစ်အားနည်းခြင်းများဂရုစိုက်သင့်ပါတယ်။

အညံ့များပြေပျောက်စေရန်အလို့ငှာ အဖြူရောင်ရှိသောပန်းအား မြတ်စွာဘုရားအားလှူဒါန်းကာ
ကုသိုလ်ယူပါ။

မိတ်ဆွေများအားလုံးစိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့စေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဗျာ။
🌻

သင့်အတွက်တစ်ပတ်တာ ကံကြမ္မာ (13.9.2026 - 19.9.2026)( Gemini / Libra / Aquarius )===================================Air Si...
13/09/2026

သင့်အတွက်တစ်ပတ်တာ ကံကြမ္မာ
(13.9.2026 - 19.9.2026)

( Gemini / Libra / Aquarius )
===================================

Air Sign တွေကတော့ဒီတစ်ပတ်တာထဲမှာ
အထီးကျန်ဆန်ဆန်ခံစားချက် အတွေးတွေကြားထဲပိတ်လှောင်နေတတ်ပြီး လူအများနဲ့မထိတွေ့မဆက်ဆံချင်ဘဲ တစ်ယောက်တည်းသီးသန့်နေတတ်ချင်စိတ်တွေလွှမ်းမိုးတတ်ပါတယ်။

မိသားစု အပေါင်းအသင်း မိတ်ဆွေများနဲ့ ယခင်လိုလိုက်လျောညီထွေနေလိုစိတ် ကင်းမဲ့နေတတ်ကာတစ်ယောက်တည်းတွေးလို ငေးလို ဆွေးလိုစိတ်တွေများနေတတ်ပါတယ်။

အများနဲ့တစ်ယောက် သီးသန့်ခွဲထွက်နေပြီး စိတ်ကိုအနားပေး Healing ယူဖို့လိုအပ်နေတာလည်းသိသလို စိတ်အနားမယူနိုင်ဘဲ အတွေးတွေကြားထဲ ချာချာလည်မွန်းကြပ်ပိတ်လှောင်နေကာ ထွက်ပေါက်ပျောက်တတ်တဲ့ကာလပါ။

ငွေ​ကြေးနဲ့ပတ်သတ်ပြီးပူပန်သောကများနေရတတ်သလို မိသားစု ဆွေများများနဲ့ ကတောက်ကဆဖြစ်စရာ များတစ်ခုပြီးတစ်ခုပေါ်လာတတ်ပါတယ်။

ရစရာရှိတာများကြန့်ကြာနေတတ်သလို
ပေးရမယ့်ကိစ္စများကတော့ မြန်ဆန်နေတတ်ပါတယ်။

အလုပ်အကိုင် အနေနဲ့လတ်တလောကာလမှာဆောင်ရွက်သမျှတေ့လွဲလွဲကာ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတတ်ပါတယ်။

ပညာရေးအနေနဲ့ယခင်ကာလမှလေ့လာရန် တက်ရောက်ရန်စီစဥ်ထားတဲ့သင်တန်း အတန်းများ ပြန်လည်တက်ရောက်ရခြင်း လေ့လာရခြင်းရှိလာပါမယ်။

အချစ်ရေးအနေနဲ့ အချစ်ဟောင်းကိုမစွန့်နိုင်ဘဲ အချစ်သစ်ကိုမတွေ့နိုင် မမြင်နိုင်ဖြစ်နေတတ်ပါတယ်။ ချစ်သူရှိသူများအဖို့ သွေးအေးအေးနဲ့ တဖြည်းဖြည်းဝေးကွာစရာအနေအထားကြုံတွေ့ရတတ်ပါတယ်။

ကျန်းမာရေးအနေဖြင့် အာရုံကြော မျက်စ်ိ ဦးခေါင်း စတဲ့အစိတ်အပိုင်းများ အားနည်းနေတတ်ပါတယ်။
အရိုးအဆစ်အားနည်းခြင်း များဂရုပြူသင့်ပါတယ်။

အညံ့များပြေပျောက်စေရန်အလို့ငှာ
မြတ်စွာဘုရားအ လိမ္မော်ဖျော်ရည်
ဆပ်ကပ်လှူဒါန်းကာ ကုသိုလ်ပြုပါ။

မိတ်ဆွေများအားလုံးစိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့စေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဗျာ။

🌻

သင့်အတွက်တစ်ပတ်တာ ကံကြမ္မာ(13.9.2026 - 19.9.2026)( Cancer / Scorpio / Pisces )=====================================ဒီတစ်...
13/09/2026

သင့်အတွက်တစ်ပတ်တာ ကံကြမ္မာ
(13.9.2026 - 19.9.2026)

( Cancer / Scorpio / Pisces )
=====================================

ဒီတစ်ပတ်တာမှာတော့ရေဓာတ်စိုးမိုးတဲ့ Water Signတွေ အနေနဲ့ကတော့ စိတ်မြန်လက်မြန် အလောတကြီးလုပ်ကိုင်လိုစိတ်တွေများနေတတ်သလို စိုးရိမ်ပူပန်မှုတွေအရင်ကာလတွေထက်များနေတတ်ပါတယ်။

ခင်မင်ရင်းနှီးသူတချိူ့နဲ့စကားများရတာ စိတ်အခနိ့မသင့်စရာ က​တောက်ကဆလေးတွေကြုံနေရတတ်ပါတယ်။

ဒါ့အပြင်မိမိရဲ့ဆုံးဖြတ်ချက် လုပ်ဆောင်မှုကိုကန့်ကွက်ဝေဖန်ချင်တဲ့ မိသားစု မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် များကြား မသိမသာ အားပြိုင် စရာအနေအထားဖြစ်လာတတ်ပါတယ်။

ရပ်ဝေးနဲ့ဆက်သွယ်ချိတ်ဆက်လုပ်ကိုင်ရသူများအဖို့ သတင်းကောင်းကြားရတတ်တဲ့ကာလပါ။

မထင်မှတ်ဘဲခရီးတို ခရီးရှည်များ သွားရခြင်း
လက်ဆောင်ပစ္စည်း ရခြင်းများကြုံရတတ်ပါတယ်။

အလုပ်အကိုင် ငွေကြေး စီးပွားရေးပိုင်းအနေနဲ့အတိုက်အခိုက်အပြိုင်အဆိုင်ပြုပြီးမှတိုးတက်မှုများကြုံရနိုင်ပါတယ်။လုပ်ငန်းခွင်တွင်း လက်အောက်ငယ်သား လုပ်ဖော်ကိုင်ဖက်များကြား သင့်အပေါ်အမြင်မကြည်မှုတချို့တော့ကြုံရတတ်ပါတယ်။

ပညာရေးပိုင်းအနေနဲ့နိုင်ငံရပ်ခြားနဲ့ဆက်သွယ်ချိတ်ဆက်နေသူများအဖို့သတင်းကောင်းကြားရနိုင်သလို လုပ်ဆောင်နေမှုများသည် အခက်အခဲများကြားမှတိုးတက်လာပါမယ်။
သင့်အနေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့သာလိုအပ်ပါတယ်။

အချစ်ရေးအနေနဲ့တော့ မထင်မှတ်ဘဲ အသဲကွဲရခြင်း ချစ်သူရဲ့စိမ်းကားရက်စက်မှု
တစ်ဖက်သက် Crushရဲ့ငြင်းဆိုမှုခံရနိုင်တဲ့ကာလဖြစ်ပါတယ်။

မာယာများပြီး ပရိယာယ်ကြွယ်လွန်းလှ တဲ့
၁၅၀၀ တန် မေတ္တာ တရား ကြောင်ပျောက်နေရတဲ့ ရတဲ့ကာလကို ဖြတ်သန်းရတတ်ပါတယ်။

ကျန်းမာရေးအနေနဲ့ ကြီးကြီးမားမားမရှိဘဲ
စိတ်ကြောင့်ရုပ်မှာ မပျော်သလိုမရွှင်သလိုဖြစ်ကာ
စိတ်ရောလူပါပင်ပန်းထုံထိုင်းနေတတ်ပါတယ်။

အညံ့များပြေပျောက်စေရန်အလို့ငှာ
ခိုငှက်လေးများကိုအစာကျွေးခြင်းပြုလုပ်ကာ ကုသိုလ်ယူပါ။

မိတ်ဆွေများအားလုံးစိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့စေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဗျာ။

🌻

သင့်အတွက် တစ်ပတ်တာ ကံကြမ္မာ  - (13.9.2026 - 19.9.2026) -( Aries / Leo / Sagittarius )===================================...
13/09/2026

သင့်အတွက် တစ်ပတ်တာ ကံကြမ္မာ
- (13.9.2026 - 19.9.2026) -

( Aries / Leo / Sagittarius )
====================================

Fire Sign တွေဖြစ်တဲ့ Aries / Leo / Sagittarius တွေအနေနဲ့ဒီတစ်ပတ်တာထဲမှာတော့ အရင်ကာလတွေထက် စိတ်မောလူမောစရာ ကိစ္စတွေကြားမှာဖြတ်သန်းနေရတတ်ပါတယ်။

မိမိPersonal အရေးကိစ္စအပြင်မိသားစုရေး အပေါင်းအသင်းဆွေမျိုးကိစ္စတွေကိုပါ ဝင်ရောက်ဖြေရှင်းကူညီပေးနေရတာမျိုးကြုံတွေ့ရတတ်ပါတယ်။

အတိတ်မှTraumaရစရာကိစ္စများတကျော့ပြန်လည်ရောက်လာတတ်နိုင်တာတွေ့ရတဲ့အတွက် စိတ်မာမာနဲ့ဒီတစ်ပတ်တာကိုဖြတ်သန်းဖို့လိုအပ်လာပါပြီ။

ယုံကြည်ရသူမဟုတ်ဘဲဖြစ်စေ
မလိုအပ်ဘဲသူစိမ်းတရံများထံရင်ဖွင့်ခြင်းတတ်နိုင်သရွေ့ရှောင်ပါ။သင့်ကိုဟားတိုက်စရာ နောက်ကျောဓားနဲ့ထိုးမယ့်ကိစ္စ ဝေဖန်ပြစ်တင်သံတွေ ပြန်လည်ကြားရတတ်ပါတယ်။

လုပ်ဆောင်နေတဲ့အလုပ်ကိုပဲပိုမိုအားစိုက်ဖိလုပ်ကာ အတွေးများခြင်း၊အာရုံနောက်စရာများမှဝေးအောင်သာနေသင့်ပါတယ်။

မနာလိုသူများရဲ့အုပ်စုဖွဲ့ပြစ်တင်ပြောဆိုခြင်း၊ကုန်းချောစကား၊အထင်အမြင်လွဲအောင်ကြံစည်ပြောဆိုမှုများကြုံရတတ်သလိုထိုစကားသံများသည်ရင်းနှီးယုံကြည်မိသူများထံမှလာကြောင်း သိလာရပါမယ်။

အလုပ်အကိုင်အနေနဲ့လတ်တလောလုပ်ဆောင်နေကျအတိုင်းပုံမှန်လုပ်ဆောင်ကာဖြတ်သန်းသွားသင့်သလိုစီးပွားရေးနှင့်ငွေကြေးပိုင်းအနေဖြင့်မိမိလက်ရှိအနေအထားကိုပိုမိုတိူးတက်မယ့်လမ်းကြောင်းသစ်တစ်ခုတိုးဖောက်လာနိုင်ပါမယ်။

ပညာရေးပိုင်းအနေဖြင့်စိတ်အာရုံလွင့်ပါးမှုများနေကာအာရုံစူးစိုက်မှုခက်ခဲနေတတ်ပါတယ်။ဒါကြောင့်စိတ်ကြည်လင်အောင်ထားကာမိမိရဲ့ရည်မှန်းချက်ကို ပြန်လည်ဦးတည်ကာဆောင်ရွက်ပါ။

အချစ်ရေးအနေဖြင့်အတိတ်မှစိတ်ဒဏ်ရာရအောင်ပြုလုပ်ခဲ့သူများတကျော့ပြန်ဝင်ရောက်ပတ်သတ်လာနိုင်ပါတယ်။ဒါကြောင့်သတိရှိရှိ ပြောဆိုဆက်ဆံသင့်တဲ့ကာလပါ။ အမှတ်ရှိဖို့လည်းလိုပါတယ်။

ကျန်းမာရေးအ​နေနဲ့တော့အဆုတ် ကျောပြင် ဆီး ကျောက်ကပ်အားနည်းတတ်တဲ့အတွက်ဂရုစိုက်သင့်ပါတယ်ဗျ။

အညံ့များပြေပျောက်စေရန်အလို့ငှာ
လမ်းဘေး ခွေး ကြောင် လေးများကို အစာအဟာရ ကျွေးမွေးခြင်းပြုလုပ်ပေးပါ။

မိတ်ဆွေများအားလုံးစိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့စေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဗျာ။
🌻

💓 June လအတွက် အချစ်ရေး Wallpaper 💓===================================💓 အချစ်ရေးနဲ့ပတ်သတ်ပြီး အဆင်မပြေ အထစ်အငေါ့ဖြစ်နေသူမ...
04/06/2026

💓 June လအတွက် အချစ်ရေး Wallpaper 💓
===================================

💓 အချစ်ရေးနဲ့ပတ်သတ်ပြီး အဆင်မပြေ အထစ်အငေါ့ဖြစ်နေသူများ အဆင်ပြေစေရန်ဆောင်ထားလို့ရပါတယ်။

💓 Single များအနေနဲ့ ​Self-love တိုးတက်စေရန်
RS အနေနဲ့ တဖက်သူနဲ့ အပေးအယူမျှမျှတတရှိစေရန်နှင့် အချစ်ခံရစေရန်ဆောင်ထားသင့်ပါတယ်။

💓Single များအနေနဲ့လည်း မိမိနဲ့ Energy ချင်းကိုက်ညီမယ့်သူနဲ့ ဆုံစည်းစေရန် Manifestation လုပ်ကာ wallpaper ထားလို့ရပါတယ်။

💓အဆက်အသွယ်ပြတ်နေတဲ့သူနဲ့
အဆက်အသွယ်ပြန်ရဖို့
ယခင်ထက်နားလည်မှုပိုမိုရှိစေဖို့

💓 အမျိုးသမီးများအနေနဲ့ အချစ်ရေးကံ
စန်းပွင့်စေရန် နဲ့ တဖက်သူအပေါ် ညှို့ငင်နိုင်မှု
မြင့်မားစေရန် ဆောင်ထားသင့်ပါတယ်။

💓ယခု Wallpaper ဟာ
ယခုတစ်လတာအတွက်သာ
အကျုံးဝင်ပြီး ယခုတစ်လ​တာပဲဆောင်ထားသင့်ပါတယ်။

Address

Yangon

Opening Hours

Monday 18:00 - 23:00
Tuesday 18:00 - 23:00
Wednesday 18:00 - 23:00
Thursday 18:00 - 23:00
Friday 18:00 - 23:00
Saturday 18:00 - 23:00
Sunday 18:00 - 23:00

Telephone

+959404520785

Website

Alerts

Be the first to know and let us send you an email when Tarot By Apollo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share