23/05/2026
ဇီဝမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မိသားစုမှ ကရုဏာပါလကျောက်ကပ်ဆေးရုံဆောက်လုပ်ရန်အတွက်ပါဝင် လှုူဒါန်းခြင်း ပုံရိပ်များ
ရန်ကုန်တိုင်း ပုလဲမြို့သစ်၊ ရွှေနံသာစံပြကျေးရွာရှိ အနုပညာဆည်းဆာရိပ် သြဝါဒဆရာတော် ဒေါက်တာအရှင် ခေမာသီရိ (ဘုန်းဘုန်းဦးလှတော) ၏မွေးနေ့ အထိမ်း အမှတ်နှင့်အတူ ကျောက်ကပ်ရောဂါဝေဒနာခံစားနေရသောဝေဒနာရှင်များအတွက် ကရုဏာပါလကျောက်ကပ်သွေးသန့်စင် ကုသရေးစင်တာဆောက်လုပ်ရာတွင် ဇီဝမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ အလှုူတော်ငွေကျပ်သိန်း (၃၀၀) ကိုလှုူဒါန်းခဲ့ပါတယ်။
(၂၄.၅.၂၀၂၆) မှာကျင်းပမည့် ကရုဏာပါလကျောက်ကပ်သွေးသန့်စင် ကုသရေးစင်တာရေစက်ချပွဲတွင်လည်း ဇီဝမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ နိဗ္ဗာန်ဈေးကုသိုလ်အဖြစ် ဘဲသားမုန့်များနှင့် ဇီဝမင်းတိုင်းရင်းဆေးဝါးများကို ထပ်မံလှူဒါန်းမှာဖြစ်ပါတယ်။
အစားအသောက်ဆိုင် နှင့် စာအုပ်ဆိုင်များ အပါအဝင် ဆိုင်ခန်း ၄၀ ခန့်ပါဝင်မှာ ဖြစ်ပြီး နိဗ္ဗာန်ဈေးမှရသမျှ အလှူူငွေ အားလုံးအား အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာတွင် ထာဝရပဒေသာပင်အဖြစ် လှူပေးကြမှာ ဖြစ်ပါတယ်။ သဒ္ဒါတရား ထက်သန်စွာဖြင့် လာရောက် ကုသိုလ်ယူ အားပေးကြပါရန် မိတ်ဆွေများအား လေးစားစွာဖိတ်ကြားအပ်ပါတယ်။
ပြုပြုသမျှ ကုသိုလ်အစုစုအားလုံးကို ထပ်တူထပ်မျှ ရရှိစေရန်အတွက် အလှူမှတ်တမ်းပုံရိပ်လေးတွေ တင်ပေးလိုက်ပါတယ်။ အားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေ။
#ဇီဝမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ကရုဏပါလကျောက်ကပ်စင်တာ
#ရေစက်ချအလှုူတော်မင်္ဂလာ