Hein Tay Za

Hein Tay Za Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hein Tay Za, Astrologist & Psychic, Yangon.

29/07/2023

မင်္ဂလာပါဗျ။

....လာဘ်လာဘ​ ဖြစ်စေတဲ့နည်း.... ပိုက်ဆံဝင်တယ်လို့ပြောခြင်းမဟုတ်ပါ။ချမ်းသာစေရမယ်လို့မဟုတ်ပါ။ကိုယ့်အတွက် လက်ဆောင်တွေ စားချင...
22/02/2023

....လာဘ်လာဘ​ ဖြစ်စေတဲ့နည်း....
ပိုက်ဆံဝင်တယ်လို့ပြောခြင်းမဟုတ်ပါ။ချမ်းသာစေရမယ်လို့မဟုတ်ပါ။ကိုယ့်အတွက် လက်ဆောင်တွေ စားချင်တဲ့အရာတွေ သွားချင်တဲ့နေရာတွေ လိုက်ပို့ပေးတာတွေဖြစ်ပေါ်စေပါတယ်။..ပြုလုပ်ပုံ...
ဤကဒ်အား Print ထုတ်၍ ဖယောင်းတိုင် ၉ တိုင်တွင်ပတ်ပါ။
ကြွေပန်းကန်ပြားပေါ်တွင် မိမိမွေးသက္ကရာဇ် မိမိနေ့နာမ် နှင့်တကွဝိဇ္ဇာမသကဲ့သို့ လာဘ်လာဘပွင့်လန်းစေဟုရေးပါ။
၄င်းကြွေပန်းကန်ပြားပေါ်တွင်ပဲ ဖယောင်းတိုင်တနေ့တတိုင် မိမိမွေးနေ့မနက် ၉း၄၅မှစ၍ ၉ရက်တိတိ အဘ ဘိုးမင်းခေါင် ပုံတော်ရှေ့တွင် ထွန်းညှိပူဇော်ပါ။

အောင်ဓာတ်ရစေမည့် ပုတီးစိပ်နည်း။  လူ့တစ်ယောက်မှာ အောင်ဓာတ်ဟာ လွန်စွာမှအရေးကြီးလှပါတယ်။အောင်ဓာတ်တွေပျက်သုဥ်းနေလျှင် ကံမရှိ...
22/11/2022

အောင်ဓာတ်ရစေမည့် ပုတီးစိပ်နည်း။
လူ့တစ်ယောက်မှာ အောင်ဓာတ်ဟာ လွန်စွာမှအရေးကြီးလှပါတယ်။အောင်ဓာတ်တွေပျက်သုဥ်းနေလျှင် ကံမရှိ ညာဏ်ရှိတိုင်းမွဲဆိုသလိုဖြစ်နေပါလိမ့်မယ်။"စီးပွားဥစ္စာတိုးတက်ချင်တယ်၊လုပ်ငန်းတွေအောင်မြင်ချင်တယ်၊ကြီးပွားတိုးတက်ချင်တယ်၊သြဇာကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်ချငိတယ်ဆိုလျှငိတော့ မိမိ၏ရုပ်ခန္ဓာအားလုံး၌အောင်ဓာတ်များ ကိန်းဝပ်ဖို့ရာလုပ်ဆောင်ရပေမည်။''
လုပ်ဆောင်ရမည်က **အောင်ဓာတ်ယူ ပုတီးစိပ်နည်း**လေးဖြစ်ပါတယ်။
ပြုလုပ်ပုံကား----
``အနန်တ မဟာဓမ်မရာဇာ
ကကုသန်၊ကောဏဂုံ၊ကသပ၊ဂေါတမ
အစိန္တေယျ၊အစိန္တေယျ၊
ဗုဒ်ဓံ၊ဓမ်မံ၊သံဃံ၊
အဟံ နမာမိ၊စတေိယံ၊ဒမေိ။”
ထိုဂါထာအားအလွတ်ရပြီဆိုလျှင် ကြာသပတေးနေ့ ၆း၄၅မိနစ်တွင် လုပ်ဆောင်ရမည်ဖြစ်ပါတယ်။
-ပထမဆုံး ဘုရားကျောင်းဆောင်အား သန့်ရှင်းရေးပြုလုပ်ပါ။ရုပ်ပွားတော်အားရောင်တော်ဖွင့်ပါ။
-ဘုရားရုပ်ပွားတော်ရှေ့၌ လင်ပန်းတစ်ချပ်ခင်းပါ။
-ထိုလင်ပန်းပေါ်၌ အရပ်လေးမျက်နာခွဲ၍ အရပ်ဒေသတစ်ခုစီအတွင်း ရွှေစက္ကူ လေးချပ်ခင်းပါ။
-၄င်းစက္ကူတစ်ချပ်ခြင်းစီ၌ စေတီပုံပေါ်အောင် လက်ဖက်အသားများအားနယ်ဖတ်၍ ပုံလိုက်ပါ။
-၄င်းစေတီပုံလက်ဖက်ပေါ်၌ ငွေပန်း တစ်ခိုင်စီ စုစုပေါင်း ၄ခိုင် တိတိ ထီးတော်အဖြစ်စိုက်ပါ။
-လင်ဗန်း၏ ဘေးနူတ်ခမ်း ပတ်ပတ်လည်၌ ဖယောင်းတိုင် ၉တိုင်အမွှေးတိုင်ကိုးတိုင် ပူဇော်ပါ။
ပြီးလျှင်ဘုရားကျောင်းဆောငိရှေ့၌ထိုင်ပြီး အထက်ဖော်ပြပါ ဂါထာတော်အား အာရုံညွတ်စွာ ကြာသပတေးနေ့တိုင်း ပုတီး ၁ပတ်ဖြငိ့ ၉ပတ်တိတိ စိပ်ပေးပါ။(အပတ်တိုင်းကြာသပတေးနေ့တစ်ရက်သာ)စိပ်ပေးခြင်းအားဖြင့် ၉ပတ်မြောက်သောနေ့၌ ထူးခြားသောအောင်ဓာတ်များ ရလာမည်ဖြစ်ပါသည်။

ကျွန်တော်ဟာ အဘမင်းသိင်္ခရဲ့ သာမာန်အားဖြင့်အဘကြီးရဲ့စာဖတ်ပရိတ်သတ်တစ်ဦးပါ။ ၉တန်းဆယ်တန်းအတော်အတွင်းနေရခဲ့တဲ့ကာလတစ်လျှောက်မ...
19/11/2022

ကျွန်တော်ဟာ အဘမင်းသိင်္ခရဲ့ သာမာန်အားဖြင့်အဘကြီးရဲ့စာဖတ်ပရိတ်သတ်တစ်ဦးပါ။ ၉တန်းဆယ်တန်းအတော်အတွင်းနေရခဲ့တဲ့ကာလတစ်လျှောက်မှာ အဘကြီးရဲ့စာအုပ်တွေနဲ့ကြီးပြင်းခဲ့တယ်။ဘယ်လောက်တောင်ရူးသွပ်ခဲ့ရလဲဆိုရင် ကျွန်တော်ဟာ စယသင်ချိန်တွေတောင် ဝတ္ထုခိုးဖတ်တဲ့အလေ့အကျင့်ဖြစ်ခဲ့ရတယ်။ဦးဂွမ်တီ၊ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား၊ဘွန်ဟောင်း၊စနေမောင်မောင်၊အိုင်ပီကိုအောင်သင်း၊မိုးသီး၊သေတ္တာ၊လက်ဝါးကိုကိုကြီးတို့နဲ့အထူးတလည်ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်။အထူးသဖြင့် သက္ကလပ်ဦးထုပ်နဲ့ ရေခဲတောင်အမှတ်တံဆိပ်စီးကရက်ကို ပိုပြီးရင်းနှီးခဲ့တယ်။ထိုနှစ်တွေမှာ အဘကြီးဝတ္ထုတွေဟာ ဝတ္ထုမျှသာ ထင်ခဲ့ရတယ်။
ကျွနိုပ်သည်ငယ်စဥ်မှစ၍ ကျောင်းမတက်မီထဲကပင် မြန်မာစာကိုကောင်းကောင်းဖတ်တက်နေပြီဖြစ်သည်။ထို့အတူ ဘိုးဘွားမ​ျားနှင့်တူတူနေခဲ့ရသည့်အလျောက် ယခုစာခြောက်တန်းဟုခေါ်သည့်စာများနှင့်၊မြန်မာ့ဗေဒင်အ​ခြေခံပညာအနည်းအကျဥ်းရဲ့အသေးစိပ်ကိုနားဝင်နေလေသည်။ငယ်စဥ်က အိမ်တွင်လာရောက်လေ့ရှိသော မာမူကြီးရဲ့ ဗေဒင်ပညာကိုလည်းအထူးဝါသနာပါလှသည်။မာမူကြီးသည် ကျွနိုပ် ၁၅နှစ်ရောက်လျှင်သင်ပေးမည်ဟုကတိပြုခဲ့သော်လည်း ၁၅နှစ်မတိုင်မှီ တိမ်းပါးခဲ့သည်။သို့သော်ကျွနိုပ်သည်အရွယ်ရောက်လာသည်နှငိ့အမျှ မိမိကိုယ်ကိုလေ့လာလိုက်စားရင်းထိုနယ်ပယ်သို့တိုးကာငြိတွယ်ခဲ့သည်။ထို့အလျောက်အဘမင်းသိင်္ခကိုချစ်ိတ်လေးစားစိတ်တဖွားဖွားပေါ်ခဲ့ပါသည်။
အဘကြီးပေါ်ချစ်ခင်စိတ်ကို အဘကြီးစမ်းသပ်ပုံပေါ်ပါတယ်။ကျွနိုပ်၏အနားမှာအဘကြီး၏ ဝိညာဥ်ဟာ တရစ်ဝဲလည်လည် ရှိနေမယ်ဆိုတာ ကျွနုပ်ကောင်းစွာယုံကြည်ပေသည်။

ဤသို့နှင် ကျွန်ုပ်၏ Tarot နှင့် ဗေဒင် ပညာရပ် ခရီးလမ်း စတင်ခဲ့ပါတော့သည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hein Tay Za posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share