11/07/2026
"အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာလူနာများ နှိုင်ငံခြားကိုသွားပြီး
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
ဆေးကုသမှု့ခံယူသင့် / မသင့်"
# # # # # # # # # # # # # # # # # # # #
ကျနော်ဆီ အခုတလောလာပြတဲ့ လူနာများသိခြင်တဲ့ အမေးပါ။ ဒိမေးခွန်းက ဖြေရတာအတော်ခက်ပါတယ်။ Yes or No ဖြေလို့ မရလို့ပါ။ ဘာပြုလို့လဲဆိုတော့ ထဲ့သွင်းစဉ်းစားရမဲ့အချက်တွေက အများကြီးမိုလိုပါ။ ဒါကြောင့် ဟိုလူနာမှာတော အဆင်ပြေနှိုင်ပြီ၊ ကိုယ့်လူနာမှာတော့အဆင်မပြေနှိုင်ပါဘူး။
ဒိအချက်အလက်တွေ ကို မစဉ်းစားဘဲနဲ သွားမယ်ဆိုရင်တော့ ငွေပိုကုန်တာသာ အဖတ်တင်ပြီ၊ result ကတော့မြန်မာပြည်မှာ ကုတဲ့၊ ခွဲစိတ်တဲ့ result နဲ့ အတူတူဘဲဖြစ်နှိုင်လို့ပါ။ ပိုဆိုးသွားတာလဲဖြစ်နှိုင်ပါတယ်။
လူနာအခြေအနေ၊ ရောဂါအခြေအနေ အကြောင်းမပြောခင် နှိုင်ငံခြားကိုသွားကုခြင်တဲ့လူနာက ဘယ်လို လူတန်းစားလဲဆိုတာအရင် သိဖို့လိုပါတယ်။
မြန်မာပြည်သူတွေကို ဝင်ငွေပေါ်မှုတည်ပြီ လူတန်းစား (၄) မျိုး ခွဲလို့ရပါတယ်။
အပေါ်ဆုံးအလွှာကတော့ အလွန်မှကျိကျိတက်ချမ်းသာတဲ့လူတန်းစား (Super Rich Group)၊ သူ့အောက် ကတော့ ဝင်ငွေကောင်းတဲ့လူတန်းစား (High Income Group)၊
သူ့အောက်မှာတော့ အလယ်အလတ်ဝင်ငွေရှိတဲ့လူတန်းစား (Middle Income Group) နဲ့ အောက်ဆုံး အလွှာမှာတော့ ဝင်ငွေအနဲဆုံးလူတန်းစား (Low Income Group) ဆိုပြီခွဲလိုက်လို့ရပါတယ်။
အပေါ်ဆုံးအလွှာက Super Rich တွေကတော့ ဘာဖြစ်ဖြစ် နှိုင်ငံခြားကိုသွားကုမှာဆိုတော့ ဒိလူတန်းစားကို ထဲ့စဉ်းစားစရာမလိုပါဘူး။ အောက်ဆုံးအလွှာက လူတွေမှာတော့ နေ့စဉ်စားသောက်ဖို့အတွက်တောင်အတော်ရုန်းကန်းနေရတော့ နှိုင်ငံခြားသွားဖို့မပြောနဲ့ မြန်မာပြည်က ပုဂ္ဂလိကဆေးရုံတွေမှာတက်ဖို့တောင် မဖြစ်နှိုင်ပါဘူး။ ဒါကြောင့် High Income နဲ့ Middle Income group က လူတွေကသာဒိမေးခွန်းမေးကြတာပါ။
နောက်ပြီး ကင်ဆာရောဂါကုရတာက တခါထဲဲနဲ့ မပြီးပါဘူး၊ တဆင့်ပြီတဆင့်သွားရတာဆိုတော့ အနဲဆုံး ၃ လ ၆ လ တနှစ်ကြာနှိုင်ပါတယ်။ ဒါကြောင့် ဒိလိုခရီးအရှည်ကြီးကိုသွားရမှာဆိုတော့ လူနာရော လူနာရှင်တွေရော သက်လုံကေါင်းဖို့လိုပါတယ်။ စိတ်ဓါတ်အင်အားကြံခိုင်ဖို့လိုပါတယ်၊ စိတ်ရှည်သီးခံနှိုင်ဖို့လိုပါတယ်။
ဟုတ်ပြီ၊ ဒါဆို ဘာအချက်အလက်တွေကိုထဲ့သွင်းစဉ်းစားရမှာလဲဆိုတော့
♻️ ၁။ ကင်ဆာအလုံးရဲ့ သဘောသဘာဝ နဲ့ အရွယ်အစား
**** ကင်ဆာအလုံးက (Well differentiated) လား? (Moderately differentiated) လား? (Poorly differentiated) လား?။ သိဖို့လိုပါတယ်။ ဒါအပြင် ကင်ဆာက (Adenocarcinoma) လား? (Mucinus type) လား ခွဲခြားသိဖို့လိုပါတယ်။ Poor differentiated cancer တို့ Mucinus cancer က သိတ် Aggressive ဖြစ်တဲ့အတွက် ကုသမှုစံချိန်စံနှုံးကောင်းတဲ့ နှိုင်ငံတကါမှာတောင် ရောဂါကင်းကင်းပျောက်တဲ့ ရာခိုင်နှုံးက မကောင်းပါဘူး။
**** ကင်ဆာအဆင့် (Staging) သိဖို့လိုပါတယ်။ကင်ဆာအဆင့်ကို အခုလိုခွဲပါတယ်။
Stage 1=> ကင်ဆာ အလုံး က အူမကြီး အတွင်းဆုံးနံရံ အမှေးပါး ကနေ ဒုတိယ အလွှာ ကိုတော့ ရောက်နေပြီ၊ ဒါပေမဲ့ အူမကြီး ဘေးမှာကပ်နေတဲ့ ကျိတ်စေ Lymph nodes တွေကို မပျံသေးဘူးဆိုရင်တော့ ကင်ဆာ အဆင့် (၁) လို့ သတ်မှတ်ပါတယ်။ (T1N0M0)
Stage 2 => ကင်ဆာ အလုံး က အူမကြီး အတွင်းဆုံးနံရံ အမှေးပါး ကနေ အပြင်ဆုံးနံရံ အလွှာ (၄) ကိုဖေါက်သွားပေမဲ့၊ အူမကြီး ဘေးမှာကပ်နေတဲ့ ကျိတ်စေ Lymph nodes တွေကို မပျံသေးဘူးဆိုရင်တော့ ကင်ဆာ အဆင့် (၂) လို့ သတ်မှတ်ပါတယ်။ (T1-4 N0 M0)
Stage 3 => ကင်ဆာ အလုံး က အူမကြီး အတွင်းဆုံးနံရံ အမှေးပါး ကနေ အပြင်ဆုံနံရံ အလွှာ (၄) ကိုဖေါက်သွားပြီး၊အူမကြီး ဘေးမှာကပ်နေတဲ့ ကျိတ်စေ Lymph nodes တွေကို လည်း ပျံသွားပြီ ဆိုရင်တော့ ကင်ဆာ အဆင့် (၃) လို့ သတ်မှတ်ပါတယ်။ (T1-4 N1-2M0)
Stage 4 => အူမကြီးမှာ ရှိနေတဲ့ ကင်ဆာက အသည်း၊ အဆုပ်၊ ဦးနှောက်၊ ကျောရိုး တွေ ကိုပျံ သွားပြီဆိုရင်တော့ ကင်ဆာအဆင့် (၄) လို့သတ်မှတ်ပါတယ်။ ဒိနေရာမှာ ကင်ဆာအလုံး (T) နဲ့ ကျိတ်စေ့ Lymph nodes(N) ကိုပျံနေတာ ဘယ်လောက်ဖြစ်ဖြစ် အဆင့်ကတော့ (၄) ပါဘဲ။ (T1-4 N0-2M1-2)
မကုသခင် ဒိလို လူနာရဲ့ ကင်ဆာ အဆင့် ခွဲဖို့ စမ်းသပ်စစ်ဆေးမှု့တွေလုပ်ရတာပါ။ ဒိ ကင်ဆာအဆင့်ခွဲ ရတာ အလွန်မှ အရေးကြီးပါတယ်။ ဒိ (T) အဆင့်၊ (N)အဆင့်နဲ့ (M) အဆင့်တွေကြည့်ပြီးမှ ဘယ်လိုကုသမယ်ဆိုတာဆုံးဖြတ်တာပါ။ လူနာ တဦး နဲ့ တဦး အဆင့်တူပေမဲ့ (T) အဆင့် နဲ့ (N)အဆင့်တွေ မတူရင် ကုသပုံ တူခြင်မှတူမှာပါ။ ဒါသတိထားရမဲ့ အချက်ပါ။
ကင်ဆာအဆင့် (၄) ရှိနေတဲ့လူနာကို နှိုင်ငံခြားမှာဘဲသွားကုကု၊ ဒိမှာဘဲကုကု Outcome ကတော့ ဘယ်လိုမှပြောင်းလဲစရာမရှိပါ။
♻️ ၂။ လူနာ မှာ ရှိနေတဲ့ အခြားရောဂါများ နဲ့ ကိုယ်ခန္ဓာအလေးချိန်။
ဒိနေရာမှာ လူနာကအသက်ကြီးလို ခံနှိုင်ပါ့မလားဆိုပြီ ခဏခဏမေးပါတယ်။ ကျနော်တို့ စဉ်းစားတာ အသက်ကိုဒိလောက်မစဉ်းစားပါဘူး။ လူနာရဲလှုပ်ရှားမှု Physical activity ကိုဘဲကြည့်ပါတယ်။ အသက်ငယ်ပြီး ဆီးချိုသွေးချိုဖြစ်လို့ဆေးမျိုးစုံသောက်ပြီးမလှုပ်မရှားနေရတဲ့လူနာနဲ့ အသက် ၇၀ ကျော် ၈၀ ရှိတဲ့ လူနာမှာဘာရောဂါမှမရှိဘဲ လှုပ်လှုပ်ရှားရှားသွားသွားလာလာဆိုရင် လူနာက ကင်ဆာရောဂါကုသမှု့ကို ပိုပြီးခံနှိုင်ပါတယ်လို့ပြောလို့ရပါတယ်။ ဝတဲ့လူနာ နဲ့ ပိန်တဲ့လူနာဆိုရင် ဝတဲ့လူနာက ခွဲစိတ်ပြီးရင် နောက်ဆက်တွဲပြဿနာ Complications ဝင်ဖို့များပါတယ်။ ဆေးလိပ် အရက်သောက်တဲ့လူနာ တွေက တခြားလူနာတွေထက် ပိုပြီးအန္တရာယ်များပါတယ်။
♻️ ၃။ ခွဲစိတ်ဆရာဝန် ပါဝင်တဲ့ Multidisciplinary Teams
မြန်မာပြည်က ဆရာဝန်တွေအကြောင်း ဒိကလူနာတွေအနေနဲ့သိပြီးသားဆိုတော့ သိပ်မပြောလိုပါ။ လူနာတွေနဲ့ ဆက်ဆံရေးမှာတော့ Thai နဲ့ Singapore ကဆရာဝန်တွေ နဲ့ ယှဉ်ရင်တော့ အလွန်အားနဲပါတယ်။ Patient doctor relationship ကအတော်ညံပါတယ်။ ဒါကလဲ မြန်မာပြည်က ဆရာဝန်တွေက Ego များလွန်းပြီး လူနာတွေကို လေးလေးစားစားဆက်ဆံရကေါင်းမှန်းမသိတာပါပါတယ်။
ခွဲစိတ်ဆရာဝန်၊ ကင်ဆာဆရာဝန်၊ ဓါတ်မှန်ဆရာဝန်၊ ရောဂါဗေဒ ဆရာဝန် တွေပါတဲ Multidisciplinary Teams ဆိုတာမြန်မာပြည်မှာမရှိပါဘူး။ အဲဒိလိုမရှိတော့ ဒိဆရာဝန်တွေ တယောက်နဲ့တယောက် ဆက်သွယ်ပြီးစကါးပြောတာမရှိပါဘူး။ Coordination & Cooperation မရှိပါဘူး။ လူနာစာအုပ်ထဲမှာ စာအတိုလေးတကြောင်းနှစ်ကြောင်းရေးပြီး ဟိုဆရာဝန်ဆီသွားလိုက် ဒိဆရာဝန်ဆီသွားလိုက်ဆိုပြီလွတ်တော့ လူနာတွေမှာတောင်ပြေးလိုက်ရ မြောက်ပြေးလိုက်ရနဲ့ ဖတ်ဖတ်ကိုမောနေရော။ အဲဒိနောက်ဆရာဝန် က ကင်ဆာဆေးသွင်းပါဆိုသွင်း ဓါတ်ရောင်ကြည်ကင်ဆိုကင် တော့တာပါဘဲ။
လူနာက ဘာဖြစ်နေတယ်၊ ကင်ဆာအဆင့်ဘယ်လောက်ရှိတယ် ဒါကြောင့် ဘာပြီးရင်ဘာလုပ်မယ် ဆိုတဲ့ well defined plan မရှိပါဘူး။ လူနာကို ဘယ်သူကဦးဆောင်ကုမှန်းလဲမသိရ၊ တယောက်တပေါက် ကုခြင်သလိုကုနေတာပါ။ ဒါတွေကို စိတ်ပျက်လွန်းလို့ မြန်မာပြည်က လူနာတွေ ငွေကုန်ကြေးကျခံပြီ နှိုင်ငံခြားသွားကုနေကြတာပါ။ ဘယ်သူမှ နေမကေါင်းတဲ့ အချိန်မှာ ကိုယ်အိုးကိုယ်အိမ် ပါတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ဝေးတဲ့နေရာမှာ မနေခြင်ပါဘူး။ မတတ်သာလွန်းလို့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာပြည်ကဆရာဝန်တွေရဲ့ Clinical acumen, Diagnosis, decision making and patient doctor relationship တွေမှာအားနဲတဲ့အတွက် လူနာ တွေက ဆရာဝန်အပေါ်ယုံကြည်မှု့ (Trust) မရှိတော့တာကြောင့် စိတ်ပျက်ပြီး နှိုင်ငံခြားမှာသွားကုကြတာပါ။
ကျနော်အလုပ်လုပ်ခဲ့တဲ့ England မှာတော့ အဲဒိလိုမဟုတ်ပါဘူး။ ခွဲစိတ်ဆရာဝန်က Multidisciplinary Teams ရဲ့ Leader ပါ။ သူကဘဲ team ထဲမှာပါတဲ့ ကင်ဆာဆရာဝန်၊ ဓါတ်မှန်ဆရာဝန်၊ ရောဂါဗေဒ ဆရာဝန်တွေနဲ့အတူ စားပွဲတခုထဲ မှာအတူ ထိုင်ဆွေးနွေးပြီ လူနာကို ဘယ်လိုကုမယ်ဆိုတဲ့ ကုသမှု့လမ်းစဉ် Treatment plan ကို team member တွေရဲ့ သဘောတူညီချက်နဲ့ စုပေါင်းဆုံဖြတ်ချက်ချတာပါ။ အူမကြီးကင်ဆာ လူနာတွေအတွက် ဒိMDT meeting ကိုတပါတ်တခါလုပ်တာပါ။ ဒါကြောင့် ယိုပေါက်ဟာပေါက် ဆိုတာမရှိသလောက်ရှားပါတယ်။
Thai တို့ Singapore တို့ ကဆရာဝန်တွေကတော့ Medical Tourism ဆိုတဲ့ Business နဲ့ အသားကျနေတော့ လူနာတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာသိပါတယ်။ လူနာတွေကိုလေးလေးစားစားဆက်ဆံပြီ သေသေခြာခြာရှင်းပြမှာပါ။ လူနာကျောလေးသပ်ပြီးပိုက်ဆံအိပ်ထဲက ပိုက်ဆံတော့အထုပ်ခိုင်းမှာပါ။ လူနာကလဲ သူကိုကေါင်းကေါင်းမွန်မွန် ကြင်ကြင်နာနာဆက်ဆံလို့ ပျော်ပျော်ကြီးငွေထုပ်ပေးမှာပါ။
ကုန်ကျစံရိတ်မှာတော့ Thai က Singapore ထက်အများကြီးသက်သာနှိုင်ပါတယ်။ အထူးသဖြင့် Thai Government ဆေးရုံတွေမှာကုသခွင့်ရမယ်ဆိုရင်ပေါ့လေ။
ဒိနေရာမှာ India ကို ဆေးသွားကုခြင်တဲ့ လူနာတွေကလဲရှိတော့ အဲဒိကအခြေအနေလဲသိခြင်မှာပါ။ ကျနော် သိရသလောက်တော့ India ကဆရာဝန်တွေ ရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှု့အပိုင်း က ကွာဟမှု့က အတော်ကြီးပါတယ်။ ဆိုလိုတာက India မှာ အလွန်တော်ပြီး အလွန်ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်တွေရှိသလို အလွန်မှ ညံပြီး သုံးစားလို့မရတဲ့ ခွဲစိတ်ဆရာဝန်တွေလဲအများကြီးပါ။
ဒိလိုဘာလို့ပြောရသလဲဆိုတော့ ကျနော် မလေးရှားမှာ ၁၉၉၁ ကနေ ၁၉၉၈ အထိ အလုပ်လုပ်တုံး က India ကနေ အလုပ်လုပ်လာလုပ်တဲ့ အထူးကုဆရာဝန်တွေနဲ့တွေပါတယ်။ အဲဒိမှာ စာရွက်စာတန်းအတုနဲ့လာတဲ့ အထူးကု၊ လူနာကို တကယ်တန်းမခွဲတတ်ဘဲနဲ့ ခွဲတတ်ပါတယ်ဆိုပြီး လာအလုပ်လုပ်တဲ့ ခွဲစိတ်ဆရာဝန်တွေနဲ့ တွေခဲ့ရလို့ပါ။ နောက်ဆုံးတော့ အဲဒိဆရာဝန်တွေကို မလေးရှားအစိုးရက Contract aggrement ကို ရပ်ပြီး India ကိုပြန်ခိုင်းလိုက်တော့တာပါဘဲ။ India မှာ အဲဒိလို ဆရာဝန်တွေရှိတယ်ဆိုတာ တော့ သိထားသင့်ပါတယ်။
Thai နဲ့ Singapore မှာတော့ အထူးကုဆရာဝန်ဖြစ်လာပြီးဆိုရင် အဲဒိလို ကွာဟချက်သိပ်မရှိတော့ပါဘူး။
India မှာ ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှု့ ကွာဟချက်ကြီး သလို ပုဂ္ဂလိကဆေးရုံတွေရဲ ဝန်ဆောင်နှိုင်မှု့အရည်အသွေးကလဲ အလွန်မှကွာနှိုင် ပါတယ်။ ဘာပြုလိုလဲဆိုတော့ India က လူဦးရေ သန်း ၁၄၀၀ ကျော်ရှိ တဲ့နှိုင်ငံမိုလို့ပါ။ အလွန်ကေါင်းတဲ့ ဆေးရုံကြီးတွေရှိသလို မြန်မာပြည်က ပုဂ္ဂလိကဆေးရုံတွေထက် ညံတဲ့ဆေးရုံတွေလဲအများကြီးပါဘဲဆိုတာမမေ့သင့်ပါ။
ဒိလိုကွာဟချက်တွေကို Thai တို့ Singapore တို့မှာမတွေ့ရပါဘူး။ အဲဒိဘာလို့ဖြစ်ရတာလဲဆိုတော့ Thai တို့ Singapore တို့ မှာ အစိုးရရဲ့ regulation တွေက အလွန်တင်းကျပ်ပြီး၊ ဆေးကောင်ဆီက လဲ အမြဲတန်းဒေါက်ထောက်ကြည့်နေပြီး၊ လူနာတွေနစ်နာဆုံးရှုံးတာရှိရင်တိုင်တန်းလိုရတော့ Eupro တို့ US တို့ နဲ့ တန်းတူလိုပြောလို့ရပါတယ်။ India မှာတော့ အစိုးရရဲ regulation တွေတော့ရှိနှိုင်ပါတယ်။ ဒါပေမဲ့ ဒိ Regulation တွေကိုလိုက်နာသလားမလိုက်နာဘူးလားမသိပါဘူး။
နောက်တခု သတိထားရမှာက ဆေးရုံပွဲစား / အကျိုးတော်ဆောင်တွေရဲ သာသာထိုးထိုးကြော်ငြာတာတွေ ကိုလဲနားမယောင်ဖို့လိုပါတယ်။ ဒိ Agent ပွဲစားကလဲ သူ့အတွက် commission ရဖို့ ဘယ်လိုမှသုံးမရတဲ့ ဆေးရုံ နဲ့ ဆရာဝန်တွေကို နှိုင်ငံတကါမှာအလွန်ကျော်ကြားအောင်မြင်နေတဲ့ ဆေးရုံတွေပါဆိုပြီ ဆွဲနှိုင်ပါတယ်။
♻️♻️♻️အကျဉ်းချုပ်။♻️♻️♻️
=======================
၁။ အူမကြီးကင်ဆာ နဲ့ အစားဟောင်းအိမ်ကင်ဆာ ခွဲတာကို မြန်မာပြည်မှာ ခွဲခွဲ နှိုင်ငံခြားမှာ သွားခွဲခွဲ Result ဖြစ်တဲ့ 5 years survival ကတော့ အတူတူပါဘဲ။ နှိုင်ငံခြားမှာသွားကုလို့ ပိုပြီးအသက်ရှည်စရာမရှိပါဘူး။ မြန်မာပြည်က ခွဲစိတ်ဆရာဝန်တွေလဲ ဒိလိုမျိုးကင်ဆာကို နှိုင်ငံတကါအဆင့်မှီကျွမ်းကျွမ်းကျင်ခွဲနှိုင်ပါတယ်။
အသည်းအစားထိုးတာတို့၊ ကျောက်ကပ်အစားထိုးခွဲစိတ်တာနဲ့ အူမကြီးကင်ဆာခွဲစိတ်တာ နဲ့ ခွဲစိတ်ပြီး စောင့်ရှောက်ရတာ တွေကသဘောသဘာဝခြင်းမတူလို့ ဒိနှစ်ခုကိုရောမမြင့်သင့်ပါဘူး။ ဒိ Transplant surgery က မြန်မာပြည်မှာ တွင်တွင်ကျယ်ကျယ်မလုပ်နှိုင်သေးလို့ဟိုမှာသွားခွဲကြတာပါ။
နောက်ပြီး ဘယ်မှာခွဲခွဲ ခွဲပြီးရင် Complications တွေဝင်နှိုင်ပါတယ်။ ဟိုမှာခွဲတာ အဆင်မသင့်လို့ Complications ဝင်ပြီဆိုရင်တော့ ဒုက္ခရောက်ပြီလို့သာမှတ်ပါ။ ဒိနေရာမှာ Limited buget ငွေပိုမရှိတဲ့လူနာတွေဆိုရင်တော့ လူနာအသက်ဆုံးရှုံးဖို့များပါတယ်။ ဆေးရုံထောင်တယ်ဆိုတာ စီးပွားရေး Business လုပ်တာပါ။ ဘယ်သူမှ အရှုံးခံပြီ ကုသိုလ်ဖြစ် အလကါး လုပ်မပေးပါဘူး။ ငွေမပေးနှိုင်တော့တဲ့ နေ့ဆိုရင် ဆေးရုံပေါ်က အတင်းဆင်းခိုင်းမှာပါ။ ဒါတွေကိုကြိုစဉ်းစားထားဖို့လိုပါတယ်။
Thai နဲ့ Singapore မှာသွားကုတာရဲ့အားသာချက်ကတော့ ဆေးရုံ နဲ့ ဆရာဝန်တွေရဲ့ ဝန်ဆောင်မှု့ကေါင်းတာပါဘဲ။ ဒါကတော့သဘာဝကျပါတယ်။ ကိုယ်ကို လာပြီးပိုက်ဆံပေးမဲ့လူနာကို ဘယ်သူကငေါက်ငန်းလွတ်မှာလဲ? ပြုံးပြုံးရွှင်ရွှင်ချိုချိုသာသာဆက်ဆံမှာပေါ့။ မြန်မာပြည်ကဆရာဝန်တွေနဲ့ ကွာသွားတာဒိနေရာမှာပါဘဲ။ ဒိမှာတော့ ကိုယ်ကို ပိုက်ဆံပေးမဲ့လူနာကို အချိန်ပေးရှင်းမပြဘဲ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတော့ ဘယ်သူကခံခြင်မှာလဲ? လူနာတွေကိုဆက်ဆံရာမှာ India က ဆရာဝန်တွေကတော့ မြန်မာပြည်က ဆရာဝန်တွေနဲ့သိပ်ကွာမယ်မထင်ပါဘူး။ ဒါကတော့ Malaysia မှာ England မှာ အလုပ် လုပ်တုံး က တွေခဲရတဲ့ အတွေ့အကြုံကို အခြေခံပြီးပြောတာပါ။
၂။ အူမကြီး နဲ အစာဟောင်းအိမ်ကင်ဆာ အဆင့် (၄) ဆိုရင် နှိုင်ငံခြားမှာသွားကုဖို့ မစဉ်းစားပါနဲ့။ ဘာမှအကျိုးထူးမှာမဟုတ်လို့ပါ။
၃။ နှိုင်ငံခြားသွားပြီး ဆေးကုသခံတယ်ဆိုတာ အပန်းဖြေခရီးသွားတာမျိုးနဲ့မတူပါဘူး။ အလွန်မှစိတ်ပင်ပန်း လူပင်ပန်းဖြစ်နှိုင်ပါတယ်။ နောက်ပြီး ကုန်ကျစံရိတ်ကလည်း မြန်မာပြည်မှာကုတာထက် ၂ ဆ ကနေ ၄ ဆလောက်ပိုကုန်နှိုင်ပါတယ်။ ဆိုလိုတာက မြန်မာပြည်မှာခွဲစိတ်ကုသရင် သိန်း ၂၀၀ - ၂၅၀ လောက်ကုန်မယ်ဆိုရင် နှိုင်ငံခြားမှာသွားကုမယ်ဆိုရင် သိန်းထောင်ချီ သွားနှိုင်ပါတယ်။ လေယာဉ်စရိတ်၊ တည်းခိုဖို့ Hotel စရိတ်၊ စားစရိတ်၊ လူနာနဲ့အတူ လိုက်မဲ့ လူအရေအတွက် စတာတွေပါထဲ့တွက်ဖို့လိုပါတယ်။
၄။ အကယ်၍ သိပ်ပြီး ဟိုမှာသွားကုခြင်တယ်ဆိုရင်လဲ သွားမကုခင် လူနာရဲလက်ရှိအခြေအနေ နဲ့ Cancer staging ၊ Treatment Options ၊ Outcome ၊ နဲ့ Prognosis လို့ခေါ်တဲ့ လူနာခွဲစိတ်ကုသပြီးရင် ဘယ်လောက် အသက်ရှည်ရှည်နေရမယ်ဆိုတာတွေ သိအောင် ဒိက ကျွမ်းကျင်ပြီး စိတ်ချယုံကြည်ရတဲ့ ခွဲစိတ်ဆရာဝန်တယောက်ဆီမှာ 2nd opinion ယူသင့်ပါတယ်။ နှိုင်ငံခြား က တချို့ဆေးရုံတွေမှာ ဒိက စစ်ထားတဲ့ CT scan, MRI results အသားစ စစ်ထားတာတွေကို မကြိုက်လို့ ဟိုမှပြန်စစ်မယ်ဆိုရင် မိအေးနှစ်ခါနာဆိုသလို ငွေ နှစ်ခါကုန်မဲ့သဘောရှိပါတယ်။ ဒါတွေအကုန်လုံး က စီးပွားရေးလုပ်တာပါ။
၅။ ဒိစာဖတ်ပြီး နှိုင်ငံခြားမှာသွားကုမယ် မကုဘူးဆိုတဲ့ဆုံးဖြတ်ချက်ကတော့ လူနာ နဲ့ လူနာရှင်ရဲသဘောပါလို့ဘဲပြောခြင်ပါတယ်။