Myittarhtoo Pharmacy - မေတ္တာထူးဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Myittarhtoo Pharmacy - မေတ္တာထူးဆေးဆိုင်

Myittarhtoo Pharmacy - မေတ္တာထူးဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myittarhtoo Pharmacy - မေတ္တာထူးဆေးဆိုင်, Medical and health, အမှတ်၉၇၊အနော်ရထာလမ်းမပေါ်၊၃၈လမ်းထိပ်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့, Yangon.

💉 ကာကွယ်ဆေးထိုးခြင်းက ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလား? ရာသီအကူးအပြောင်းမှာ ဖျားနာရလွယ်လို့ စိတ်ညစ်နေပါသလ...
25/08/2026

💉 ကာကွယ်ဆေးထိုးခြင်းက ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလား?

ရာသီအကူးအပြောင်းမှာ ဖျားနာရလွယ်လို့ စိတ်ညစ်နေပါသလား? ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် (𝐈𝐦𝐦𝐮𝐧𝐞 𝐒𝐲𝐬𝐭𝐞𝐦) သန်မာနေဖို့ဆိုရင် ပုံမှန်အစားအသောက်နဲ့ လေ့ကျင့်ခန်းအပြင် "ကာကွယ်ဆေးထိုးနှံခြင်း" က အထိရောက်ဆုံးနဲ့ အဘေးကင်းဆုံး အကာအကွယ်တစ်ခုဖြစ်ပါတယ်

ကာကွယ်ဆေးက ခန္ဓာကိုယ်ကို ဘယ်လိုကူညီပေးတာလဲ?

✅ ရောဂါပိုးကို လေ့ကျင့်ပေးခြင်း
ကာကွယ်ဆေးမှာ ခန္ဓာကိုယ်ကို ဒုက္ခမပေးနိုင်တဲ့ ရောဂါပိုး၏ စိတ်ချရသော အစိတ်အပိုင်းများသာ ပါဝင်လို့ စစ်မှန်သော ရောဂါပိုးမဝင်ခင် ခုခံအားစနစ်ကို ကြိုတင်လေ့ကျင့်ပေးထားပါတယ်

✅ 𝐀𝐧𝐭𝐢𝐛𝐨𝐝𝐲 (ခုခံအား) တည်ဆောက်ပေးခြင်း
ကာကွယ်ဆေးထိုးပြီးတာနဲ့ ခန္ဓာကိုယ်က ရောဂါပိုးကို တိုက်ဖျက်မယ့် (𝐀𝐧𝐭𝐢𝐛𝐨𝐝𝐢𝐞𝐬) များကို စတင်ထုတ်လုပ်ပါတယ်

✅ မှတ်ဉာဏ်ဆဲလ်များ စုဆောင်းပေးခြင်း
နောင်တစ်ချိန် ရောဂါပိုးအမှန်တကယ် ဝင်ရောက်လာရင် ချက်ချင်းတိုက်ဖျက်နိုင်အောင် ရောဂါပိုးအမျိုးအစားကို ရေရှည်မှတ်သားထားပေးပါတယ်

ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကတော့ ….
🛡️ရောဂါကူးစက်ခံရလျှင်ပင် ပြင်းထန်စွာ ဝေဒနာခံစားရခြင်းနှင့် ဆေးရုံတက်ရခြင်းမှ ကာကွယ်ပေးခြင်း။

🛡️မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချပေးခြင်း။

🛡️ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သော ခုခံအားကို ဖြည့်ဆည်းပေးခြင်း။

မိမိနဲ့ မိသားစုရဲ့ ကျန်းမာရေးအတွက် "အကောင်းဆုံး အကာအကွယ်ဒိုင်းလွှား"ဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် စတင်လိုက်ပါ….မိသားစုနှင့် ချစ်ခင်ရသူများရဲ့ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်လာပါက မေတ္တာထူးဆေးဆိုင် ကို သတိရလိုက်ပါ…အရည်အသွေးစိတ်ချရတဲ့ ဆေးဝါးများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ဖို့ မေတ္တာထူးဆေးဆိုင်များမှာ ဆေးဝယ်ကြစို့

#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ

👵👴 အဖိုးအဖွားတို့ အရိုးအဆစ်သန်မာပြီး စိတ်ချမ်းသာစွာ သွားလာနိုင်ဖို့ ….အသက်ရလာတာနဲ့အမျှ အဖိုးအဖွားတွေမှာ ခါး နာခြင်း၊ ဒူး...
22/08/2026

👵👴 အဖိုးအဖွားတို့ အရိုးအဆစ်သန်မာပြီး စိတ်ချမ်းသာစွာ သွားလာနိုင်ဖို့ ….

အသက်ရလာတာနဲ့အမျှ အဖိုးအဖွားတွေမှာ ခါး နာခြင်း၊ ဒူးဆစ် နာခြင်း၊ ထိုင်ထရ ခက်ခဲခြင်းနဲ့ အရိုးပွခြင်း၊ အရိုးပါးခြင်း စတဲ့ရောဂါများကို ကြုံတွေ့ရလေ့ရှိပါတယ်… အရိုးအဆစ်များ ကျန်းမာကြံ့ခိုင်မှသာ စိတ်ချမ်းသာစွာ သွားလာလှုပ်ရှားနိုင်မှာဖြစ်လို့ အဖိုးအဖွားတို့ရဲ့ အရိုးအဆစ်ကျန်းမာရေးကို စနစ်တကျ ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်...

အရိုးအဆစ် ကျန်းမာရေးအတွက် အဓိက လိုအပ်ချက်များကတော့….

👉 အသက် ၆၀ အထက် အရွယ်များအတွက် 𝐂𝐚𝐥𝐜𝐢𝐮𝐦 (ကယ်လ်စီယမ်)က တစ်နေ့ကို 𝟏,𝟎𝟎𝟎 𝐦𝐠 မှ 𝟏,𝟐𝟎𝟎 𝐦𝐠 လိုအပ်ပါတယ်… နို့၊ ဒိန်ချဉ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ ငါးသေးလေးတွေမှာ သဘာဝအတိုင်း ပါဝင်ပါတယ်နော်

👉 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃𝟑 က ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က အပြည့်အဝ စုပ်ယူနိုင်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်

👉 𝐆𝐥𝐮𝐜𝐨𝐬𝐚𝐦𝐢𝐧𝐞 & 𝐂𝐡𝐨𝐧𝐝𝐫𝐨𝐢𝐭𝐢𝐧 က ဒူးဆစ် အရိုးနု ပွန်းပဲ့ခြင်းနဲ့ အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းတွေကို အဓိကသက်သာစေပါတယ်

ကယ်လ်စီယမ် ရွေးချယ်သောက်သုံးနည်း

👉𝐂𝐚𝐥𝐜𝐢𝐮𝐦 𝐂𝐚𝐫𝐛𝐨𝐧𝐚𝐭𝐞 —- ဈေးနှုန်းအချိုဆုံးဖြစ်ပြီး အစာစားပြီးမှ သောက်သုံးပေးရပါမယ်

👉 𝐂𝐚𝐥𝐜𝐢𝐮𝐦 𝐂𝐢𝐭𝐫𝐚𝐭𝐞 —-- အစာအိမ်ထိခိုက်လွယ်သူနဲ့ အစာမကြေတတ်တဲ့ အဖိုးအဖွားတွေအတွက် စုပ်ယူရ အလွယ်ကူဆုံးဖြစ်ပြီး အချိန်မရွေး သောက်နိုင်ပါတယ်

👉 ခွဲသောက်ပေးပါ—--ခန္ဓာကိုယ်က တစ်ကြိမ်မှာ 𝟓𝟎𝟎 𝐦𝐠 ထက်ပိုပြီး မစုပ်ယူနိုင်တာကြောင့် ပမာဏများရင် မနက်/ည ခွဲသောက်တာ ပိုမို ထိရောက်ပါတယ်… ကျောက်ကပ် သို့မဟုတ် အခြားရောဂါအခံရှိပါက ဆရာဝန်/ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်

မိသားစုနှင့် ချစ်ခင်ရသူများရဲ့ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်လာပါက မေတ္တာထူးဆေးဆိုင် ကို သတိရလိုက်ပါ… အရည်အသွေးစိတ်ချရတဲ့ ဆေးဝါးများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ဖို့ မေတ္တာထူးဆေးဆိုင်များမှာ ဆေးဝယ်ကြစို့
#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ

"ကမ္ဘာ့ဘိုးဘွားများနေ့" (𝐖𝐨𝐫𝐥𝐝 𝐒𝐞𝐧𝐢𝐨𝐫 𝐂𝐢𝐭𝐢𝐳𝐞𝐧𝐬' 𝐃𝐚𝐲)ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ "ကမ္ဘာ့ဘိုးဘွားများနေ့" (𝐖𝐨𝐫𝐥𝐝 𝐒...
21/08/2026

"ကမ္ဘာ့ဘိုးဘွားများနေ့" (𝐖𝐨𝐫𝐥𝐝 𝐒𝐞𝐧𝐢𝐨𝐫 𝐂𝐢𝐭𝐢𝐳𝐞𝐧𝐬' 𝐃𝐚𝐲)

ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ "ကမ္ဘာ့ဘိုးဘွားများနေ့" (𝐖𝐨𝐫𝐥𝐝 𝐒𝐞𝐧𝐢𝐨𝐫 𝐂𝐢𝐭𝐢𝐳𝐞𝐧𝐬' 𝐃𝐚𝐲) မှာ ချစ်ရတဲ့ မိဘဘိုးဘွားတွေကို "ကျန်းမာရေး ဂရုစိုက်ပါ" လို့ နှုတ်ဆက် စကားပြောရုံတင်မဟုတ်ပဲ ဘိုးဘွားများရဲ့ နေ့စဉ်ကျန်းမာရေးအတွက် လက်တွေ့ကျကျ ဂရုစိုက်ပေးကြရအောင် ….

👉 သောက်ဆေးများကို စနစ်တကျ စစ်ဆေးပေးပါ
ပုံမှန်သောက်နေရသည့် သွေးတိုး၊ ဆီးချို၊ နှလုံး ဆေးဝါးများ ကုန်ခါနီးဖြစ်နေသလား၊ အချိန်မှန်၊ ပမာဏမှန် သောက်သုံးနေရဲ့လားဆိုတာ သားသမီးများက စစ်ဆေးကြည့်ရှုပေးပါ

👉 သွေးတိုးနှင့် သွေးချို/ဆီးချို ပုံမှန်တိုင်းပေးပါ
ပုံမှန် တိုင်းတာပေးခြင်းဖြင့် ရုတ်တရက် ဖြစ်ပွားနိုင်သည့် နှလုံးနှင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါများကို ကြိုတင် ကာကွယ်ပေးနိုင်ပါတယ်

👉 အရိုးနှင့် အဆစ်အမြစ် ကျန်းမာရေးအတွက် ဖြည့်ဆည်းပေးပါ
သက်ကြီးပိုင်းတွင် အရိုးပါး၊ အရိုးပွခြင်းများ ဖြစ်လွယ်သဖြင့် ကယ်လ်စီယမ် (𝐂𝐚𝐥𝐜𝐢𝐮𝐦) နှင့် ဗီတာမင် 𝐃 ပါဝင်သော ဖြည့်စွက်အာဟာရများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း မှီဝဲနိုင်အောင် ပြုလုပ်ပေးပါ

👉စိတ်ချမ်းသာအောင် စကားစမြည် ပြောပေးပါ
ကျန်းမာရေးစောင့်ရှောက်မှုတွင် အဓိကကျသော အစိတ်အပိုင်းတစ်ခုမှာ စိတ်ချမ်းသာမှု ဖြစ်သဖြင့် မိသားစုနှင့်အတူ အချိန်ပေး စကားပြောဆိုပေးပါ

မိဘဘိုးဘွားများအားလုံး သားသမီးများ၏ မေတ္တာ၊ ဂရုစိုက်မှုတို့နှင့်အတူ အနာရောဂါများကင်းဝေးပြီး အသက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေကြောင်း မေတ္တာထူးဆေးဆိုင်များမှ ဆုမွန်မေတ္တာပို့သလိုက်ရပါတယ်
#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ

💧 သန့်ရှင်းတဲ့ရေကို သောက်သုံးဖို့ ဘာကြောင့် အရေးကြီးတာလဲ? ရေ ဆိုတာ ကမ္ဘာပေါ်က သက်ရှိအားလုံး၏ သက်ရှိထင်ရှား တည်ရှိမှုနှင့...
19/08/2026

💧 သန့်ရှင်းတဲ့ရေကို သောက်သုံးဖို့ ဘာကြောင့် အရေးကြီးတာလဲ?

ရေ ဆိုတာ ကမ္ဘာပေါ်က သက်ရှိအားလုံး၏ သက်ရှိထင်ရှား တည်ရှိမှုနှင့် ရှင်သန်ရပ်တည်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အဓိကအရာတစ်ခုဖြစ်ပါတယ်… လူတစ်ဦး၏ ခန္ဓာကိုယ်အလေးချိန် ၆၀ ရာခိုင်နှုန်းခန့်ကို ရေဖြင့်ဖွဲ့စည်းထားလို့ ခန္ဓာကိုယ် အပူချိန်ထိန်းညှိခြင်း၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း၊ အစားအစာများ ကျေညက်စေခြင်းနှင့် အညစ်အကြေး စွန့်ထုတ်ခြင်းတို့အတွက် ရေသည် မရှိမဖြစ် လိုအပ်ပါတယ်… နေ့စဉ်ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ "ရေ" ကို သန့်ရှင်းစွာသောက်သုံးဖို့ ဘာကြောင့် လိုအပ်တာလဲဆိုတာ မျှဝေပေးလိုက်ပါတယ်

💧 ရောဂါဆိုးများမှ ကာကွယ်ပေးခြင်း
မသန့်ရှင်းတဲ့ရေမှာ ပါဝင်တတ်တဲ့ ဗက်တီးရီးယားနဲ့ ပိုးမွှားတွေကြောင့် ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်နဲ့ ကာလဝမ်းရောဂါလို ကူးစက်ရောဂါတွေ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်

💧 ခန္ဓာကိုယ်အဆိပ်အတောက်များကို စွန့်ထုတ်ပေးခြင်း
သန့်ရှင်းတဲ့ရေဟာ ခန္ဓာကိုယ်တွင်း မလိုလားအပ်တဲ့ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ထိရောက်စွာ စွန့်ထုတ်ပေးပြီး ကျောက်ကပ်နဲ့ အသည်း ကျန်းမာရေးကို အထောက်အကူပြုပါတယ်

💧 ကျန်းမာရေးနှင့် ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ပုံမှန်ဖြစ်စေခြင်း
အစားအစာ ကျေညက်စေခြင်း၊ သွေးလှည့်ပတ်မှု မှန်ကန်စေခြင်းနဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးရာမှာ သန့်ရှင်းသောရေက မရှိမဖြစ် လိုအပ်ပါတယ်

💧 အာရုံစူးစိုက်မှုနှင့် စွမ်းအင်တိုးတက်စေခြင်း
ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေပါက ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ် မောပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်

💧 ဓာတုပစ္စည်း အန္တရာယ်မှ ကင်းဝေးခြင်း
ရေဆိုးတွေမှာ ပါဝင်နိုင်တဲ့ အာဆင်းနစ် (Arsenic) နဲ့ Lead လိုမျိုး အန္တရာယ်ရှိ ဓာတုပစ္စည်းများ ခန္ဓာကိုယ်တွင်း စုပုံမှုကို တားဆီးပေးပါတယ်

အသက်အရွယ်မရွေး ကျန်းမာသန်စွမ်းတဲ့ လူနေမှုဘဝအတွက် တစ်နေ့ကို သန့်ရှင်းတဲ့ ရေ ၈ ခွက် (၁.၅ မှ ၂ လီတာ) မှန်မှန်သောက်သုံးပေးကြဖို့ မိသားစုတိုင်းအတွက် တိုက်တွန်းလိုက်ပါတယ်နော်...

မိသားစုနှင့် ချစ်ခင်ရသူများရဲ့ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်လာပါက မေတ္တာထူးဆေးဆိုင် ကို သတိရလိုက်ပါ…အရည်အသွေးစိတ်ချရတဲ့ ဆေးဝါးများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ဖို့ မေတ္တာထူးဆေးဆိုင်များမှာ ဆေးဝယ်ကြစို့
#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ

✅ဝမ်းပျက်တဲ့အခါ မြန်မြန်သက်သာအောင် ဘာတွေလုပ်ရမလဲ? ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ တစ်နေ့လျှင် သုံးကြိမ် (သို့) အကြိမ်ကြိမ်ထက...
17/08/2026

✅ဝမ်းပျက်တဲ့အခါ မြန်မြန်သက်သာအောင် ဘာတွေလုပ်ရမလဲ?

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ တစ်နေ့လျှင် သုံးကြိမ် (သို့) အကြိမ်ကြိမ်ထက်ပိုပြီး ဝမ်းအရည်များ (သို့) ဝမ်းအပျော့များ သွားခြင်းကို ခေါ်ဆိုပါတယ်....ဝမ်းပျက်ဝမ်းလျှောရောဂါက ရာသီမရွေးဖြစ်ပွားနိုင်ပြီး အချိန်မီစနစ်တကျမကုသပါက ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဆားဓာတ်ခန်းခြောက်မှုကြောင့် အသက်အန္တရာယ်ရှိနိုင်လို့ ဗိုက်အောင့်ဗိုက်နာ ဝမ်းပျက်‌ဖြစ်တဲ့အခါ လုပ်ဆောင်ရမယ့် ဆောင်ရန် ရှောင်ရန်အချက်တွေကို ဖော်ပြ‌ပေးလိုက်ပါတယ်

✅ လုပ်ဆောင်ရန်အချက်များ

👉ရေဓာတ်ခန်းခြောက်မှု ကာကွယ်ဖို့ ဓာတ်ဆားရည် (ORS) ကို မကြာခဏ နည်းနည်းစီ သောက်ပေးပါ

👉ဆန်ပြုတ်၊ ငှက်ပျောသီး၊ ပေါင်မုန့် စတဲ့ အစာပျော့ပျော့နဲ့ အစာကြေလွယ်တာတွေ စားသုံးပါ

👉လက်ကို ဆပ်ပြာနဲ့ စနစ်တကျ မကြာခဏ ဆေး‌ကြောပါ

❌ ရှောင်ရန်အချက်များ

👉နို့နဲ့ နို့ထွက်ပစ္စည်းများ ခေတ္တရှောင်ပါ

👉အစပ်၊ အဆီအစိမ့်နဲ့ အချိုလွန်ကဲသော အစားအစာများ ရှောင်ပါ

👉ဆရာဝန်/ဆေးဝါးကျွမ်းကျင်သူ ညွှန်ကြားချက်မရှိဘဲ ဝမ်းပိတ်ဆေး တန်းမသောက်ပါနဲ့

⚠️ဝမ်းထဲ သွေးပါလျှင် (သို့) (၂) ရက်ထက်ပိုပြီး ပြင်းထန်နေရင်တော့ ဆေးခန်း/ဆေးရုံ သို့ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်နော်

မိသားစုနှင့် ချစ်ခင်ရသူများရဲ့ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်လာပါက မေတ္တာထူးဆေးဆိုင် ကို သတိရလိုက်ပါ… အရည်အသွေးစိတ်ချရတဲ့ ဆေးဝါးများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ဖို့ မေတ္တာထူးဆေးဆိုင်များမှာ ဆေးဝယ်ကြစို့
#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ

❌ ဝမ်းပျက်တဲ့အခါ ဝမ်းပိတ်ဆေး တန်းသောက်လေ့ရှိပါသလား? ဝမ်းပျက်ဝမ်းလျှောဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်ထဲက ရေနဲ့ ဓာတ်ဆားဓာတ်တွေ ...
14/08/2026

❌ ဝမ်းပျက်တဲ့အခါ ဝမ်းပိတ်ဆေး တန်းသောက်လေ့ရှိပါသလား?

ဝမ်းပျက်ဝမ်းလျှောဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်ထဲက ရေနဲ့ ဓာတ်ဆားဓာတ်တွေ အလျင်အမြန် ဆုံးရှုံးသွားတဲ့အတွက် မပေါ့ဆသင့်ပါဘူးနော်… ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အများစု မှားတတ်ကြတဲ့ အချက်တစ်ခုကတော့ ဝမ်းလျှောတာနဲ့ ဝမ်းပိတ်ဆေး သို့မဟုတ် ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) တွေကို ချက်ချင်းသောက်လိုက်ကြတာပါပဲ

ဝမ်းလျှောခြင်းဆိုတာ ခန္ဓာကိုယ်က မကောင်းတဲ့ ပိုးမွှားတွေကို အပြင်ထုတ်ပစ်နေတာ ဖြစ်ပါတယ်… အဲ့ဒီအချိန်မှာ ဝမ်းပိတ်ဆေးသောက်လိုက်ရင် ပိုးမွှားတွေက အူလမ်းကြောင်းထဲမှာ ကျန်ရစ်ပြီး ပိုဆိုးသွားနိုင်ပါတယ်… မကောင်းတဲ့ပိုးမွှားတွေ ထွက်သွားအောင် လွှတ်ထားပေးပြီး ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေကို 𝐎𝐑𝐒 ဓာတ်ဆားရည်နဲ့ ပြန်ဖြည့်ပေးတာက အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်

မိသားစုနှင့် ချစ်ခင်ရသူများရဲ့ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်လာပါက မေတ္တာထူးဆေးဆိုင် ကို သတိရလိုက်ပါ…အရည်အသွေးစိတ်ချရတဲ့ ဆေးဝါးများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ဖို့ မေတ္တာထူးဆေးဆိုင်များမှာ ဆေးဝယ်ကြစို့
#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ

🚨 သတိပြုသင့်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ တစ်နေ့လျှင် သုံးကြိမ် (သို့) အကြိမ်ကြိမ်ထက်ပိ...
13/08/2026

🚨 သတိပြုသင့်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ တစ်နေ့လျှင် သုံးကြိမ် (သို့) အကြိမ်ကြိမ်ထက်ပို၍ ဝမ်းအရည်များ (သို့) ဝမ်းအပျော့များ သွားခြင်းကို ခေါ်ဆိုပါတယ်....ဝမ်းပျက်ဝမ်းလျှောရောဂါက ရာသီမရွေးဖြစ်ပွားနိုင်ပြီး အချိန်မီစနစ်တကျမကုသပါက ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဆားဓာတ်ခန်းခြောက်မှုကြောင့် အသက်အန္တရာယ်ရှိတဲ့ ရောဂါဖြစ်ပါတယ်

🦠ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများ

👉 မသန့်ရှင်းသော အစားအသောက်နှင့် သောက်သုံးရေမှတစ်ဆင့် ပိုးဝင်ခြင်း
👉 တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း (လက်ကို စနစ်တကျ မဆေးခြင်း)
👉 ပဋိဇီဝဆေး (Antibiotics) အချို့၏ ဘေးထွက်ဆိုးကျိုးများကြောင့် အူလမ်းကြောင်း မအီမသာဖြစ်ခြင်း

⚠️ သတိပြုရမည့် လက္ခဏာများ

👉 အရည်သန့်သန့် ဝမ်းသွားခြင်း (သို့) တစ်နေ့လျှင် ၃ ကြိမ်ထက်ပို၍ ဝမ်းပျော့ပျော့သွားခြင်း
👉 ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း၊ ပျို့အန်ခြင်းနှင့် အားနည်းခြင်း
👉 ဝမ်းထဲတွင် သွေး (သို့) အချွဲများ ပါလာခြင်း

ရှေးဦးပြုစုခြင်းနှင့် ဆောင်ရန်/ရှောင်ရန်များ

👉 ဓာတ်ဆားရည် (ORS) သောက်ပါ….. ဝမ်းသွားလို့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေကို ဓာတ်ဆားရည် နည်းနည်းနဲ့ မကြာခဏ သောက်ပေးပြီး ပြန်လည်ဖြည့်တင်းပါ
👉 အစာပျော့ပျော့ စားပါ… ဆန်ပြုတ်၊ စွပ်ပြုတ်နှင့် အစာကြေလွယ်သော အစားအစာများကို စားပါ
👉 ဝမ်းပိတ်ဆေးများ မသောက်ပါနှင့်…. မိမိသဘောဖြင့် ဝမ်းပိတ်ဆေးသောက်ပါက အူလမ်းကြောင်းထဲ အဆိပ်အတောက်များ ပိတ်ကျန်ခဲ့နိုင်သဖြင့် ဆရာဝန်/ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ

🚨 ဒီလိုလက္ခဏာတွေ ရှိရင်တော့ ဆေးရုံ/ဆေးခန်းကို ချက်ချင်း ပြသပြီး ဆေးကုသမှုခံယူပါ

👉ပြင်းထန်စွာ ရေဓာတ်ခန်းခြောက်ခြင်း (ခံတွင်းခြောက်၊ မျက်ကွင်းဟောင်းလောင်းဖြစ်၊ ဆီး လုံးဝမသွားခြင်း)
👉ဝမ်းထဲတွင် သွေးပါခြင်း သို့မဟုတ် ဝမ်းအရောင် မည်းနက်နေခြင်း
👉အော့အန်လွန်း၍ ရေနှင့် အစားအစာ လုံးဝမဝင်ခြင်း
👉ပြင်းထန်စွာဖျားနာပြီး အားအလွန်နည်းသွားခြင်း

မိသားစုနှင့် ချစ်ခင်ရသူများရဲ့ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်လာပါက မေတ္တာထူးဆေးဆိုင် ကို သတိရလိုက်ပါ… အရည်အသွေးစိတ်ချရတဲ့ ဆေးဝါးများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ဖို့ မေတ္တာထူးဆေးဆိုင်များမှာ ဆေးဝယ်ကြစို့
#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ

🤱မိခင်နို့တိုက်ကျွေးစဉ် မေမေတို့ မဖြစ်မနေ လိုအပ်တဲ့ အာဟာရနှင့် ဗီတာမင်များ✅🤱 ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးနေတဲ့ မေမေတ...
12/08/2026

🤱မိခင်နို့တိုက်ကျွေးစဉ် မေမေတို့ မဖြစ်မနေ လိုအပ်တဲ့ အာဟာရနှင့် ဗီတာမင်များ✅

🤱 ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးနေတဲ့ မေမေတို့ရဲ့ ခန္ဓာကိုယ်က ကလေးငယ်များ ကျန်းမာသန်စွမ်းစွာ ကြီးထွားဖို့အတွက် အာဟာရဓာတ်တွေကို အပြည့်အဝ ပံ့ပိုးပေးနေရတာဖြစ်ပါတယ်… မေမေတို့ရဲ့ ခန္ဓာကိုယ် အမြန်ဆုံးအားပြန်ပြည့်ဖို့နဲ့ ရင်သွေးငယ်လေး အာဟာရပြည့်ဝစေဖို့အတွက် အောက်ပါ ဗီတာမင်နဲ့ အာဟာရဓာတ်များကို မဖြစ်မနေ ဖြည့်စွက်သောက်သုံးပေးဖို့ လိုအပ်ပါတယ်

✅ ကယ်လ်ဆီယမ် (𝐂𝐚𝐥𝐜𝐢𝐮𝐦) နှင့် ဗီတာမင် ဒီ (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃)
နို့တိုက်ချိန်မှာ မိခင်ရဲ့ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ဓာတ်တွေကို နို့ရည်ကနေတစ်ဆင့် ကလေးဆီ လက်လွှဲပေးရတဲ့အတွက် မေမေတို့ရဲ့ အရိုးနဲ့ သွားတွေ မပျက်စီးရအောင် ကယ်လ်ဆီယမ် ဖြည့်စွက်ဖို့ လိုပါတယ်… ဗီတာမင် 𝐃 ကတော့ ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က ကောင်းစွာစုပ်ယူနိုင်အောင် ကူညီပေးပြီး ကလေးရဲ့ အရိုးစနစ်ကို သန်မာစေပါတယ်

✅ သံဓာတ် (𝐈𝐫𝐨𝐧)
မီးဖွားစဉ် သွေးဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအားနည်းရောဂါကို ကာကွယ်ပေးပြီး နို့တိုက်မိခင် မောပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်…မိခင်ရောကလေးပါ သွေးအားကောင်းစေဖို့အတွက် သံဓာတ်က အရေးကြီးပါတယ်

✅ 𝐃𝐇𝐀 (𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝)
ရင်သွေးငယ်ရဲ့ ဦးနှောက်နှင့် အမြင်အာရုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်ပါတယ်… မိခင်နို့ရည်ကနေတစ်ဆင့် ကလေးဆီ ရောက်ရှိသွားတာဖြစ်လို့ 𝐃𝐇𝐀 ပါဝင်တဲ့ အားဆေးများ သောက်သုံးပေးသင့်ပါတယ်

✅ ဖောလစ်အက်ဆစ် (𝐅𝐨𝐥𝐢𝐜 𝐀𝐜𝐢𝐝)
ကိုယ်ဝန်ဆောင်ချိန်တင်မကဘဲ နို့တိုက်ချိန်မှာပါ ဆက်လက်သောက်သုံးပေးရမယ့် ဓာတ်ဖြစ်ပါတယ်… ဆဲလ်အသစ်များ အလျင်အမြန်ဖြစ်ပေါ်မှုကို အထောက်အကူပြုပြီး သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကို အားပေးပါတယ်

✅ ဗီတာမင် ဘီအုပ်စု (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁-𝐂𝐨𝐦𝐩𝐥𝐞𝐱 / 𝐁𝟏𝟐)
မေမေတို့ရဲ့ ခန္ဓာကိုယ် စွမ်းအင်ရရှိစေဖို့၊ အာရုံကြောစနစ် သန်မာစေဖို့နဲ့ ရင်သွေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်ပါတယ်

နို့တိုက်ချိန်မှာ ပုံမှန် အစားအစာများအပြင် 𝐁𝐫𝐞𝐚𝐬𝐭𝐟𝐞𝐞𝐝𝐢𝐧𝐠 / 𝐏𝐨𝐬𝐭𝐧𝐚𝐭𝐚𝐥 𝐌𝐮𝐥𝐭𝐢𝐯𝐢𝐭𝐚𝐦𝐢𝐧𝐬 (မိခင်နို့တိုက်ချိန် သောက်သုံးရန် သီးသန့်ထုတ်လုပ်ထားသော အားဆေးများ) ကို နေ့စဉ် ပုံမှန် သောက်သုံးပေးနိုင်ပါတယ်…မိသားစုနှင့် ချစ်ခင်ရသူများရဲ့ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်လာပါက မေတ္တာထူးဆေးဆိုင် ကို သတိရလိုက်ပါ… အရည်အသွေးစိတ်ချရတဲ့ ဆေးဝါးများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ဖို့ မေတ္တာထူးဆေးဆိုင်များမှာ ဆေးဝယ်ကြစို့

#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ

👩‍💻 ဖုန်း၊ ကွန်ပျူတာ အကြည့်များသူများအတွက် မျက်စိညောင်းညာမှု သက်သာစေမယ့် နည်းလမ်းများ…ဒီနေ့ခေတ်မှာ အလုပ်ကြောင့်ဖြစ်ဖြစ်၊...
10/08/2026

👩‍💻 ဖုန်း၊ ကွန်ပျူတာ အကြည့်များသူများအတွက် မျက်စိညောင်းညာမှု သက်သာစေမယ့် နည်းလမ်းများ…

ဒီနေ့ခေတ်မှာ အလုပ်ကြောင့်ဖြစ်ဖြစ်၊ အပန်းဖြေဖို့ဖြစ်ဖြစ် 𝐏𝐡𝐨𝐧𝐞, 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐫𝐞𝐞𝐧 တွေကို အချိန်အကြာကြီး ကြည့်ရှုနေရတာကြောင့် မျက်စိညောင်းညာခြင်း၊ မျက်စိစပ်ခြင်းနဲ့ မျက်လုံး ခြောက်သွေ့ခြင်းတွေကို လူတိုင်းနီးပါး ခံစားနေကြရပါတယ်.... မျက်စိညောင်းညာခြင်းတွေကို သက်သာစေဖို့ နေ့စဉ်လွယ်ကူစွာ ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်

👉 𝟐𝟎-𝟐𝟎-𝟐𝟎 စည်းမျဉ်းကို ကျင့်သုံးပါ
𝐒𝐜𝐫𝐞𝐞𝐧 ကြည့်နေစဉ် မိနစ် (၂၀) ပြည့်တိုင်း စက္ကန့် (၂၀) ကြာ ပေ (၂၀) အကွာရှိတဲ့ အရာတစ်ခုခုကို လှမ်းကြည့်ပြီး မျက်စိကို အနားပေးပါ

👉 မျက်တောင် မကြာခဏ ခတ်ပေးပါ
𝐒𝐜𝐫𝐞𝐞𝐧 ကြည့်ချိန်မှာ မျက်တောင်ခတ်တာ နည်းသွားတတ်လို့ မျက်လုံးခြောက်သွေ့ရတာပါ.... မျက်လုံးစိုစွတ်နေစေဖို့ မျက်တောင် မှန်မှန်ခတ်ပေးပါ

👉 𝐍𝐢𝐠𝐡𝐭 𝐋𝐢𝐠𝐡𝐭 𝐌𝐨𝐝𝐞 သုံးပါ
ညဘက် သို့မဟုတ် အလင်းနည်းချိန်မှာ စခရင်ကထွက်တဲ့ အပြာရောင်အလင်းတန်း (𝐁𝐥𝐮𝐞 𝐋𝐢𝐠𝐡𝐭) ကို လျှော့ချဖို့ 𝐍𝐢𝐠𝐡𝐭 𝐋𝐢𝐠𝐡𝐭 / 𝐄𝐲𝐞 𝐂𝐨𝐦𝐟𝐨𝐫𝐭 𝐌𝐨𝐝𝐞 ကို ဖွင့်သုံးပါ

👉 အကွာအဝေး မှန်ကန်ပါစေ
ကွန်ပျူတာကို လက်တစ်တောင်စာ (လက်မ ၂၀-၂၄) ခွာထားပြီး ဖုန်းကိုတော့ အနည်းဆုံး ၁၆ လက်မခန့် ခွာကြည့်ပါ

👉 မျက်စိ စိုစွတ်စေဖို့ မျက်စဉ်းခတ်ပါ
မျက်စိအလွန်ခြောက်ပြီး စပ်ဖျင်းဖျင်းဖြစ်ပါက သဘာဝမျက်ရည်တု (𝐀𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐓𝐞𝐚𝐫𝐬) မျက်စဉ်းများကို အသုံးပြုပေးနိုင်ပါတယ်

မျက်စိခြောက်သွေ့ခြင်းနှင့် ညောင်းညာခြင်းများအတွက် မျက်စဉ်းဆေးများ၊ မျက်စိအားဆေးများကို မေတ္တာထူးဆေးဆိုင်များမှာ ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်…. မိသားစုနှင့် ချစ်ခင်ရသူများရဲ့ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်လာပါက မေတ္တာထူးဆေးဆိုင် ကို သတိရလိုက်ပါ… အရည်အသွေးစိတ်ချရတဲ့ ဆေးဝါးများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ဖို့ မေတ္တာထူးဆေးဆိုင်များမှာ ဆေးဝယ်ကြစို့

#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ

🧑‍⚕️👁️👓 အမြင်အာရုံ အလင်းရောင်ကို ဖန်တီးပေးကြသူများသို့ ဂုဏ်ပြုလွှာ သြဂုတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မျက...
08/08/2026

🧑‍⚕️👁️👓 အမြင်အာရုံ အလင်းရောင်ကို ဖန်တီးပေးကြသူများသို့ ဂုဏ်ပြုလွှာ

သြဂုတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မျက်စိဆရာဝန်များနေ့ (𝐖𝐨𝐫𝐥𝐝 𝐎𝐩𝐡𝐭𝐡𝐚𝐥𝐦𝐨𝐥𝐨𝐠𝐢𝐬𝐭 𝐃𝐚𝐲) မှာ အမြင်အာရုံ ချို့ယွင်းမှုတွေကို ကုသပေးပြီး လူနာများရဲ့ မျက်စိအလင်းရောင်ကို ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနေကြတဲ့ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ ဆရာမကြီးများကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်

မျက်စိကျန်းမာရေးဆိုတာ ကိုယ်ပိုင်ဘဝအတွက် အလွန်အရေးကြီးတဲ့ အရာဖြစ်ပါတယ်…တိကျသေချာတဲ့ စမ်းသပ်စစ်ဆေးမှု၊ ခွဲစိတ်ကုသမှုတွေနဲ့ လူနာများရဲ့ မျက်စိကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးနေကြတဲ့ မျက်စိဆရာဝန်များ၏ ပေးဆပ်မှုနှင့် ကျေးဇူးတရားများကို အစဉ်အမှတ်ရလျက် ဒီနေ့လေးကို မေတ္တာထူးဆေးဆိုင်များမှ ဂုဏ်ပြုပေးလိုက်ပါတယ်...မျက်စိကျန်းမာရေးအတွက်လည်း အချိန်ပေး စစ်ဆေးကြည့်ဖို့ မမေ့ပါနဲ့နော်…

#မေတ္တာထူးဆေးဆိုင်
#𝐖𝐨𝐫𝐥𝐝𝐎𝐩𝐡𝐭𝐡𝐚𝐥𝐦𝐨𝐥𝐨𝐠𝐢𝐬𝐭𝐃𝐚𝐲
#အပြည်ပြည်ဆိုင်ရာမျက်စိဆရာဝန်များနေ့

Address

အမှတ်၉၇၊အနော်ရထာလမ်းမပေါ်၊၃၈လမ်းထိပ်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့
Yangon
11182

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Myittarhtoo Pharmacy - မေတ္တာထူးဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share