17/09/2026
Vitamin D ကို ဘယ်လိုလူမျိုးတွေ ချို့တဲ့ကြလဲ? ☀️🦴
ဗီတာမင် D ဟာ အရိုးနဲ့ သွားတွေ သန်မာဖို့အတွက်တင်မကဘဲ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့အတွက်ပါ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပါတယ်။
နေရောင်ခြည်ကနေ ဗီတာမင် D ကို အဓိက ရရှိနိုင်ပေမဲ့ ခေတ်သစ် လူနေမှုဘဝပုံစံတွေကြောင့် လူတော်တော်များများမှာ ဗီတာမင် D ချို့တဲ့မှုတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒါဆို ဘယ်လိုလူမျိုးတွေမှာ ဗီတာမင် D ချို့တဲ့ဖို့ ရာခိုင်နှုန်း ပိုများနေသလဲ? 🤔
အိမ်ထဲ/ရုံးထဲမှာပဲ အချိန်ကုန်လွန်သူများ - မနက်ကနေ ညအထိ အဲကွန်းခန်းထဲမှာပဲ အလုပ်လုပ်ရပြီး နေရောင်ခြည်နဲ့ ထိတွေ့ခွင့် နည်းသူများ။
အသက်အရွယ်ကြီးရင့်သူများ - အသက်ရလာတဲ့အခါ အသားအရေက နေရောင်ခြည်ကနေ ဗီတာမင် D စုပ်ယူနိုင်စွမ်း လျော့ကျလာပါတယ်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ - မိခင်ဆီမှ ကယ်လ်ဆီယမ် နှင့် ဗီတာမင် D ကို ကိုယ်၀န်နောက်ဆုံး ၃ ပတ်တွင် ရင်သွေးလေးအတွက်ပါ အမြောက်အမြားပေးလိုက်ရခြင်းကြောင့် လည်း လျော့နည်းစေနိုင်ပါတယ် ။
အသားညိုသူများ - အသားအရေမှာ မယ်လနင် (Melanin) ဓာတ်များတာကြောင့် နေရောင်ခြည်မှ ဗီတာမင် D စုပ်ယူမှုကို လျော့နည်းစေခြင်း။
အစာချေစနစ် ပုံမမှန်သူများ - အစားအသောက်မှ အာဟာရစုပ်ယူမှု အားနည်းသည့် ပြဿနာရှိသူများ။
ဗီတာမင် D ချို့တဲ့လျှင် အရိုးအဆစ်များ ကိုက်ခဲခြင်း၊ မောပန်းလွယ်ခြင်း၊ အရိုးပွ/အရိုးပါးခြင်းနဲ့ ကိုယ်ခံအား လျော့ကျခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
နေ့စဉ် နေရောင်ခြည် လုံလောက်စွာ မရရှိနိုင်သူတွေနဲ့ အရိုးအဆစ် ကျန်းမာရေးကို ကာကွယ်ချင်သူတွေအတွက် Cal D 500 လေး ရှိပါတယ်နော်။ ✨
Cal D 500 မှာ Calcium 500 mg 💊 အပြင် အူလမ်းကြောင်းမှာ ကယ်လ်ဆီယမ်စုပ်ယူမှုကို အားကောင်းစေတဲ့ Vitamin D3 400 IU ကို မျှတစွာ ပေါင်းစပ်ပါဝင်ထားတာကြောင့် -
အရိုးနဲ့ သွားများကို သန်မာခိုင်မာစေခြင်း
အရိုးပွ/အရိုးပါး ရောဂါများမှ ကြိုတင်ကာကွယ်ပေးခြင်း
နေ့စဉ် လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ပမာဏကို လွယ်ကူစွာ ဖြည့်တင်းပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။
မိမိနဲ့ မိသားစုဝင်တွေရဲ့ အရိုးအဆစ် ကျန်းမာရေးအတွက် Cal D 500 ကို နေ့စဉ် မှန်မှန် သောက်သုံးပေးကြစို့နော်... ❤️
🏷 𝐂𝐚𝐥-𝐃 - 𝟏𝟎,𝟖𝟎𝟎𝐤𝐬
☎️: 09944416655 (Mon to Sat - 9am to 5pm)
📍: Room 202, Building C, University Yeik Mon Housing, Bahan Township, Yangon.