Dr. Nyein Child Development Center နှင့် ကလေးအထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Dr. Nyein Child Development Center နှင့် ကလေးအထူးကုဆေးခန်း

Dr. Nyein Child Development Center နှင့် ကလေးအထူးကုဆေးခန်း ၁၂၃(က)၊ တပင်ရွှေထီးလမ်းမကြီး၊ နတ်စင်မှတ်တိုင် အနီး၊ ရှင်စောပုလမ်းသွယ်၊ ၁ ထိပ်၊ လှိုင်သာယာ၊ ရန်ကုန်မြို့။

28/08/2026

ကလေးလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရရှိတဲ့ အုတ်ဂျုံလေးတွေကို ဘယ်လိုပြင်ဆင်ကျွေးရမလဲဆိုတာလေး ပြောပြပေးထားပါတယ်....🍓🥣

#ဒေါက်တာငြိမ်း #အုတ်ဂျုံမနက်စာ #ကလေးကျန်းမာရေး #ကလေးအာဟာရ

26/08/2026

ကလေးလေးတွေရဲ့မျက်နှာမှာတွေ့ရလေ့ရှိတဲ့အဖြူကွက်လေးတွေအကြောင်း…..🩷🩷🩷



#စပါးညှင်း

22/08/2026

ကလေးတွေကို RSV နောက်ဆက်တွဲ ဂရုစိုက်ရမယ့်အချက်လေးတွေပါ….

ပြီးခဲ့တဲ့နှစ်မှာတုန်းက TikTok မှာပဲတင်ဖြစ်ပြီး FB မှာမတင်လိုက်ရတဲ့ Video လေး…

FB ကမေမေတို့အတွက်တင်ပေးလိုက်ပါတယ်ရှင့်။…🩷

#ဒေါက်တာငြိမ်း

21/08/2026

🔎 Diaper လောင်တာက အိမ်မှာပဲ ဂရုစိုက်လို့ရတဲ့ အခြေအနေလား? ဒါမှမဟုတ် ဆရာဝန်ပြသင့်တဲ့ လက္ခဏာတွေကောရှိနေပြီလား?
ဖေဖေမေမေတို့အနေနဲ့မဖြစ်မနေသတိထားသင့်တဲ့ အချက်တွေကို က‌လေးကျန်းမာရေးနှင့်ကလေးဖွံ့ဖြိုးမှု စိတ်ပညာဆရာဝန် Dr. Nyein က ရှင်းပြပေးထားတာမို့ နားထောင်ကြည့်ရအောင်နော်

#ကလေးကျန်းမာရေး #ကလေးDiaperလောင်ခြင်း ဲ့ချစ်မေတ္တာမေမေတို့အတွက်သိကောင်းစရာ

21/08/2026

ကလေးတွေအတွက် အရေးကြီးတဲ့ RSV ရောဂါလက္ခဏာများ...🦠😷

#ကလေးကျန်းမာရေး #သားသားမီးမီးလေးတွေရဲ့ဆရာမ

ဖေဖေမေမေတို့ရဲ့ ကလေးလေးတွေ သံဓာတ်အားနည်းနေပြီလား ...?ကလေးက လန်းလန်းဆန်းဆန်းမရှိဘူး၊ အမြဲနုံးခွေနေတယ်၊ ဘာကိုမှ ကြာကြာအာရု...
18/08/2026

ဖေဖေမေမေတို့ရဲ့ ကလေးလေးတွေ သံဓာတ်အားနည်းနေပြီလား ...?

ကလေးက လန်းလန်းဆန်းဆန်းမရှိဘူး၊ အမြဲနုံးခွေနေတယ်၊ ဘာကိုမှ ကြာကြာအာရုံမစိုက်နိုင်ဘူး၊ ခဏခဏလည်းဖျားတယ် ဒီလိုလက္ခဏာတွေ ဖေဖေမေမေတို့ရဲ့ ကလေးလေးတွေဆီမှာ တွေ့နေရပြီလား ....🤒

ဒါဆိုရင် ကလေးမှာ သံဓာတ်အားနည်းနေတာဖြစ်နိုင်ပါတယ်နော်....🪫

သံဓာတ်ဆိုတာ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်တရာမှ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။

ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်သယ်ဆောင်ပေးတဲ့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တာကြောင့် သံဓာတ်ချို့တဲ့အခါ......
~ မျက်နှာလေးတွေ၊ နှုတ်ခမ်းနဲ့ လက်သည်း၊ခြေသည်းလေးတွေ ဖြူဖက်ဖြူရော်လေးတွေဖြစ်လာမယ်။

~ အမြဲတမ်းအိပ်ငိုက်တာ၊ နုံးချိတာတွေဖြစ်လာပြီး မကစားနိုင်ဘဲ လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးလာမယ် 😪

~ စာသင်ချိန် ဒါမှမဟုတ် တစ်ခုခုလုပ်ရင် အာရုံစိုက်ဖို့ အရမ်းခက်ခဲလာမယ် ⚠️

~ ဖျားနာလွယ်ပြီး ကိုယ်ခံအားကျဆင်းလာပါမယ် 🦠

ဒါကြောင့် ‌ဖေဖေမေမေတို့ရဲ့ ကလေးလေးတွေ သံဓာတ်ပြည့်ဝနေအောင်
🥩 အနီရောင်အသားနဲ့ငါး
🫀 ကြက်အသည်း၊ ဝက်အသည်း
🫘 ပဲမျိုးစုံနဲ့ ကောက်ပဲသီးနှံတွေ
🥬 ဟင်းနုနွယ်၊ ကိုက်လန် စတဲ့ အစိမ်းရောင်ရှိတဲ့အရွက်တွေကို ကျွေးပေးလို့ရပါတယ်ရှင်...။

သံဓာတ်ပါတဲ့အစားအစာလေးတွေ ကျွေးတဲ့အခါ ဗီတာမင်စီ (Vitamin C) ပါတဲ့ လိမ္မော်သီး၊ ခရမ်းချဉ်သီးတို့လိုမျိုးလေးတွေနဲ့ တွဲကျွေးမယ်ဆိုရင် သံဓာတ်စုပ်ယူမှုကို ပိုမိုအားကောင်းစေပါတယ် မေမေတို့ရေ.....။ 💁🏻‍♀️

သံဓာတ်က ကလေးတွေရဲ့ဦးနှောက်ဆဲလ်တွေ ကောင်းကောင်းဖွံ့ဖြိုးဖို့၊ အာရုံစူးစိုက်နိုင်ဖို့နဲ့ ဉာဏ်ကောင်းဖို့ အများကြီးအထောက်အကူပြုပါတယ်.....။ 🧠

သံဓာတ်ပြည့်ဝတဲ့အခါ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်ကောင်းကောင်းရောက်ရှိစေပြီး တက်ကြွလန်းဆန်းနေစေပါတယ်နော်.....။ 🍃

ဒါ့အပြင် ကိုယ်ခံအားကိုမြှင့်တင်‌ပေးလို့ ဖျားနာတာတွေ၊ ရောဂါပိုးဝင်တာတွေ မကြာခဏမဖြစ်တော့ဘူးပေါ့ .....။💪🏻

မိမိရဲ့ကလေးမှာ သံဓာတ်ချို့တဲ့နေပြီလို့ ထင်ရရင် မေမေတို့အနေနဲ့ လုံးဝမပေါ့ဆသင့်ပါဘူး...။
သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်လာမယ့်အကျိုးဆက်တွေများတာမို့ သေချာဂရုစိုက်ပေးတာ၊ အရမ်းဆိုးရင် ဆရာဝန်နဲ့ ပြသတိုင်ပင်တာတွေ လုပ်သင့်ပါတယ်နော် .....။🩺

💖ဖေဖေမေမေတို့ရဲ့ ရင်သွေးလေးတွေ ဘေးကင်းကျန်းမာပြီး ပျော်ရွှင်ဖွယ်အချိန်လေး‌တွေ ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင် 🌈

Dr. Nyein Child Development Center နှင့် ကလေးအထူးကုဆေးခန်း
☎️ 09 444 88 3510
☎️ 09 4477 10341

လိပ်စာ
အမှတ် ၁၂၃(က) ရှင်စောပုလမ်း၊ တပင်ရွှေထီးလမ်းမကြီး၊ နတ်စင်မှတ်တိုင်၊ ၁ ထိပ်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

#ကလေးကျန်းမာရေး #သားသားမီးမီးလေးတွေရဲ့ဆရာမ #သံဓာတ်

15/08/2026

မွေးကင်းစကလေးလေးတွေရဲ့မေမေတို့အတွက်……🩷🩷🩷

#ကလေးကျန်းမာရေး #မွေးကင်းစကလေး

15/08/2026

ကလေးငယ်လေးတွေဝမ်းရောဂါမဖြစ်စေဖို့ အစားအသောက်သန့်ရှင်းရေးဂရုစိုက်တာအပြင် လက်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးကိုလဲအထူးဂရုစိုက်စေလိုပါတယ်မေမေဖေဖေတို့....။

#ဝမ်းရောဂါ #ကလေးကျန်းမာရေး

12/08/2026

စောစောစစ်ဆေးပြီးကုသမှုခံယူရင် Autism ကလေးတွေရဲ့တစ်ဘဝလုံးကိုအထောက်အကူကောင်းကောင်းဖြစ်စေပါတယ်....❤️❤️❤️

#ကလေးကျန်းမာရေး

28/07/2026

ကလေးခေါင်းချွေးထွက်လို့စိုးရိမ်တဲ့မေမေတို့အတွက်.....❤️

#ကလေးကျန်းမာရေး #ကလေးခေါင်းချွေးထွက်ခြင်း #ဒေါက်တာငြိမ်း

Address

No. 123(A) Shin Saw Pu Street, Ta Pin Shwe Htee Road
Yangon

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 14:00

Telephone

09444883510

Website

Alerts

Be the first to know and let us send you an email when Dr. Nyein Child Development Center နှင့် ကလေးအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category