စိန်ဟင်္သာ - Sein Hinthar

စိန်ဟင်္သာ - Sein Hinthar လူကြီးမင်းတို့အတွက် ကျန်းမာရေးနှင့်ဆေးဝါးဆိုင်ရာ ဆွေးနွေးမှုတွေကို နွေးထွေးစွာ ဆောင်ရွက်ပေးပါရစေ။🙏🏻🙏🏻

ဆေးထိုးခြင်းဖြင့် ကိုယ်အလေးချိန်ချခြင်း ဆိုရာဝယ်…ဆေးခန်း ထိုင်ချိန်မှာ weight ချဖို့လာတဲ့လူနာလေးတွေ ကြည့်ရပါတယ်။ လူနာအဟေ...
08/09/2026

ဆေးထိုးခြင်းဖြင့် ကိုယ်အလေးချိန်ချခြင်း ဆိုရာဝယ်…

ဆေးခန်း ထိုင်ချိန်မှာ weight ချဖို့လာတဲ့လူနာလေးတွေ ကြည့်ရပါတယ်။ လူနာအဟောင်းတွေပါသလို အသစ်လေးတွေလည်း လာကြပါတယ်။
ဒီအခါမှာ သူတို့ အမေးဆုံး မေးခွန်းက “ပိန်ဆေး ထိုးချင်တယ် ရလားဆရာမ” ဆိုတဲ့ မေးခွန်းပါပဲ။

ပိန်ဆေးလို့ အလွယ်ခေါ်ကြတဲ့ ဒီဆေးမှာ တကယ်တမ်းက အမျိုးအစား အများကြီးရှိပါတယ်။ ထိုးပြီး ၁၃ နာရီလောက်ပဲ အာနိသင်ခံတဲ့ဆေးရှိသလို ၅-၇ ရက်ထိခံတဲ့ဆေးတွေလည်း ရှိပါတယ်။ ဆေးတွေရဲ့ အမျိုးအစားပေါ်လိုက်ပြီး နောက်ဆက်တွဲ ခံစားရတဲ့ (ပျို့အန်ခြင်း၊ ရင်ပြည့်ခြင်း၊ ခေါင်းမူးခြင်း) အနည်းအများစတာတွေလည်း ကွာခြားပါတယ်။

💯 ဒီဆေးတွေ မထိုးခင်….
(၁) ရောဂါရာဇဝင်မေးရဲ့လား (ဘာကြောင့် မေးတယ်ဆိုတာ ရှင်းပြလား)
(၂) သင့်တော်/မတော်ကို သွေးသေချာစစ်ရဲ့လား (စစ်တဲ့ သွေးအမျိုးအစားတွေကရော မှန်ရဲ့လား)
(၃) ကိုယ်အလေးချိန်တိုင်းတာ၊ ချိန်တာ၊ Inbody test စတာတွေရော စစ်ရဲ့လား
(၄) ဆေးရဲ့ ကောင်းကျိုးဆိုးပစ်တွေ ရှင်းပြရဲ့လား
(၅) ဆေးမထိုးခင် အစားအစာ၊ လေ့ကျင့်ခန်း နည်းလမ်းတွေကို ရွေးချယ်ကြိုးစားကြည့်ဖို့ တိုင်ပင်ရဲ့လား
(၆) တခြားသောက်နေတဲ့ ဆေးတွေ (အလှအပဆိုင်ရာ ကုထုံးတွေ) နဲ့ ကိုက်ညီရဲ့လား
(၇) ဆေးထိုးချိန် စားသောက်မှုပုံစံ စနစ်တကျ ပေးလား
စတာတွေကို မေးမြန်းတတ်ရပါမယ် ✅

ဆေးက ထိုးတိုင်းမပြီးပဲ ဆေးအတိုးအလျှော့တွေလည်း လုပ်ဖို့ လိုတာရှိနိုင်ပါတယ်။ အထူးသဖြင့် ပေါင် ၂၀ ခန့်ကျအပြီးမှာ ဘာလို့ ဝိတ်ကျတာ နှေးသွားလဲ တန့်သွားလဲ -
(၁) ထိုးတဲ့ပမာဏ မမှန်ခြင်း
(၂) ဇီဝကမ္မဖြစ်စဉ် ပြောင်းသွားခြင်း
(၃) ခန္ဓာကိုယ်က အနည်းငယ်သားစားခြင်းကို ကျင့်သားရသွားခြင်း
စတာတွေကြောင့်ဖြစ်ပါတယ်။

တကယ်လိုအပ်တဲ့သူတွေအတွက် ဒီဆေး ထိုးပုံထိုးနည်းက Mayo Clinic နဲ့ အခြားသော research paper တွေလို စနစ်တကျချမှတ်ထားတဲ့ guideline တွေမှာ ရှိပါတယ်။

ဒါ့အပြင် ဒီဆေးထိုးဖို့ မသင့်တော်တဲ့ရောဂါတွေလည်း ရှိတာကြောင့် မထိုးခင် သေချာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဘယ်ဆေးမဆို “တန်ဆေး၊ လွန်ဘေး” မဟုတ်ပါလား။

07/09/2026

မင်္ဂလာပါရှင်။

စိန်ဟင်္သာမှ နွေးထွေးစွာကြိုဆိုပါတယ်ရှင်။ 🙏🏼🙏🏼

စိန်ဟင်္သာမှာ လူကြီးမင်းတို့အတွက်

(၁) ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ မေးခွန်းများနှင့်ပတ်သတ်ပြီး ဆရာဝန်တွေရဲ့ ညွှန်ကြားလမ်းညွှန်ချက်များနှင့်အညီ ဆွေးနွေးဖြေကြားမှုတွေ၊ ✅✅
(၂) စျေးနှုန်းတိကျမှန်ကန်ပြီး အရည်အသွေးပြည့်ဝတဲ့ ဆေးတွေ ကို အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။ 💊💊

ဒါ့အပြင် အများပြည်သူများ သိသင့်သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကိုလည်း အခမဲ့ ဆွေးနွေးတင်ပြပေးသွားဦးမှာမို့လို့ page လေးကို Like & Follow လေး လုပ်ထားကြပါဦးနော်။ 🍀🌼
Contact Number : 095021224

#စိန်ဟင်္သာ
#ဆေး
#ကျန်းမာရေး

ကာလဝမ်းရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ကို ယေဘူယျဘယ်လိုခွဲခြားမလဲ။ ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။ 📣📣ဝမ်းပျက်ဝမ်းလျှောရောဂ...
19/08/2026

ကာလဝမ်းရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ကို ယေဘူယျဘယ်လိုခွဲခြားမလဲ။ ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။ 📣📣

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ ၂၄ နာရီအတွင်း (၃) ကြိမ်/ (၃) ကြိမ်နှင့်အထက် ဝမ်းသွားခြင်းကို ခေါ်ပါတယ်။ (ပျို့အန်ခြင်းတွေနဲ့လည်း တွဲတတ်ပါတယ်)

သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ကာလဝမ်းရောဂါတို့က မတူညီပါဘူး။ မိမိ ဝမ်းပျက်ဝမ်းလျှောပြီဆိုတိုင်း ကာလဝမ်းရောဂါလို့ သတ်မှတ်လို့မရပါဘူး။ ကွာခြားမှုတွေကတော့ -
(၁) ဖြစ်စေတဲ့ပိုးကောင်အမျိုးအစား ကွဲပြားပါတယ်

(၂) သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါက ဝမ်းဗိုက်နာခြင်း၊ ရစ်ခြင်း၊ အန်ခြင်း၊ ဝမ်းအရည်/အပျော့များသွားခြင်း၊ ဝမ်းသွားစဉ် ဗိုက်နာခြင်းတွေ ပိုဖြစ်ပါတယ်။ ကာလဝမ်းရောဂါကတော့ ဆန်ဆေးရည်လို အရည်များ အများအပြားသွားခြင်း၊ ပြင်းထန်စွာ အန်ခြင်းတို့ဖြစ်ပြီး အများအားဖြင့် ဝမ်းသွားစဉ် ဗိုက်နာတာ/ရစ်တာ နည်းပါးပါတယ်။

(၃) သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါက ဝမ်း ၁-၂ ကြိမ်သွားအပြီးမှာ သွေးပေါင်ချိန်ထိုးကျခြင်း ဖြစ်ပွါးမှု နည်းပါတယ်။ ကာလဝမ်းရောဂါမှာ ဆန်ဆေးရည် ဝမ်းတွေ သွားပြီးရင် သွေးပေါင်ချိန် ထိုးကျခြင်း အဖြစ်များပါတယ်။

အရေးပေါ်ကုသခြင်း
- မည်သည့် ဝမ်းပျက်ဝမ်းလျှောခြင်းမှာမဆို ဓာတ်ဆားရည် သောက်သုံးပေးရပါမယ်။
- ဓာတ်ဆားထုပ်များ မရှိပါက အုန်းရည်/ ရေ/ဖျော်ရည်/ဟင်းချိုများ အရင်ဦးဆုံး တိုက်ကျွေးထားနိုင်ပါတယ်
- အိမ်လုပ်ဓာတ်ဆားရည်ပြုလုပ်ရန် - ရေ တစ်လီတာဘူးထဲတွင် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း + သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်း နှင့်ဖျော်ကာ သောက်နိုင်ပါတယ်။
- ထွက်သလောက် များများ ပြန်သောက်ပေးဖို့ လိုပါတယ်။
- ဝမ်းလျှောနေချိန်တွင် သွေးတိုးရောဂါရှိသူများလည်း ဓာတ်ဆားရည်ကို စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။

အရေးပေါ်လက္ခဏာများ
- သတိလစ်မေ့မြောခြင်း၊ တက်ခြင်း၊ ကြွက်သားများ အကြောဆွဲခြင်း၊ အမှီမပါပဲ မထိုင်နိုင်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းများ ဖြစ်ပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်ပါတယ်။

Address

Insein Tsp
Yangon
11011

Website

Alerts

Be the first to know and let us send you an email when စိန်ဟင်္သာ - Sein Hinthar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share