𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥, 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞, 𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥

  • Home
  • Myanmar
  • Yangon
  • 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥, 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞, 𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥

𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥, 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞, 𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥 ZIWALAN Medical Travel is one of the leading medical referral service providers in Myanmar.

We are exclusively representing Bangkok Hospital,
Bangkok Hospital Chiang Mai and BDMS Wellness Clinic of Bangkok Dusit Medical Services Public Company Ltd (BDMS) of Thailand, StemCells 21
Medical Center in Bangkok, Thailand and Medipolis Proton Therapy & Research Center in Ibusuki, Kagoshima, Japan. It is a subsidiary of Sea Lion Group, a leading comprehensive provider of healthcare, education, a

nd industrial automation products, services, and
solutions in Myanmar that is partnered with over 50 renowned global and regional business organizations. Sea Lion entered the medical referral service business in 2002 with the introduction of medical tourism at Bangkok Hospital to Myanmar.

💔🚨 ရင်ဘတ် (သို့မဟုတ်) ဝမ်းဗိုက်အတွင်း ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း လက္ခဏာဟာသွေးလွှတ်ကြောမကြီးဖောင်းခြင်းကြောင့်ဖြစ်န...
10/08/2026

💔🚨 ရင်ဘတ် (သို့မဟုတ်) ဝမ်းဗိုက်အတွင်း ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း လက္ခဏာဟာသွေးလွှတ်ကြောမကြီးဖောင်းခြင်းကြောင့်ဖြစ်နိုင်တာကြောင့် မပေါ့ဆမိဖို့လိုအပ်ပါတယ်။

သွေးလွှတ်ကြောမကြီးဖောင်းခြင်းဆိုတာဘာလဲ

ကိုယ်ခန္ဓာတစ်လျှောက် သွေးလည်ပတ်စီးဆင်းမှုအတွက် အရေးကြီးဆုံးဖြစ်တဲ့ သွေးလွှတ်ကြောမကြီး (Aorta) ရဲ့ နံရံဟာ ပုံမှန်မဟုတ်ဘဲ ဖောင်းကားလာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီလိုဖောင်းကားနေတဲ့ သွေးလွှတ်ကြောမကြီး ပေါက်ထွက်သွားပါက ကိုယ်ခန္ဓာအတွင်း ပြင်းထန်စွာ သွေးယိုစီးနိုင်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

⚠️ သို့ပေမယ့် စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ပါက အဆိုပါ အန္တရာယ်ကို ကာကွယ်ကုသနိုင်ပါတယ်

ရောဂါကို စောစီးစွာရှာဖွေတွေ့ရှိပါက လူနာရဲ့ အခြေအနေနဲ့ သင့်လျော်သလို သွေးလွှတ်ကြောမကြီးအတွင်း သွေးလွှတ်ကြော ထောက်ကန့်ပြွန်(Aortic Stent Graft) ထည့်သွင်းသည့် ခေတ်မီကုသနည်းများကို အသုံးပြုပြီး သွေးကြောပေါက်ထွက်နိုင်ခြေကို လျှော့ချကာ ကြိုတင်ကုသနိုင်ပါတယ်။ ✨🛡️

👨‍⚕️ Bangkok Heart Hospital ၏ အထူးကု ပါမောက္ခဆရာဝန်ကြီး Dr. Tanuntorn Songdechakraiwuta

ထိုင်းနိုင်ငံရဲ့ ထိပ်တန်း အထူးကုနှလုံးဆေးရုံများထဲမှ တစ်ခုဖြစ်တဲ့ Bangkok Heart Hospital မှ ရင်ဘတ်နှင့် နှလုံးခွဲစိတ်အထူးကု ဆရာဝန်ကြီး Dr. Tanuntorn ဟာ Aortic Aneurysm အပါအဝင် သွေးကြောပိုင်းဆိုင်ရာ ရောဂါများကို စနစ်တကျ စစ်ဆေးအကဲဖြတ်ပြီး သင့်လျော်တဲ့ ကုသမှုများ ပေးအပ်လျက်ရှိပါတယ်။

💙 သင်ကိုယ်တိုင် သို့မဟုတ် သင့်မိသားစုဝင်တစ်ဦးဦးမှာ ရင်ဘတ် (သို့မဟုတ်) ဝမ်းဗိုက်အတွင်း ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း ဖြစ်ပေါ်လာပါက မပေါ့ဆဘဲ အရေးပေါ် ဆေးကုသမှုခံယူပြီး ချက်ချင်း စစ်ဆေးသင့်ပါတယ်။ သင့်ရဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေးဟာ အလွန်အဖိုးတန်တာမို့ ဒီနေ့ပဲ စနစ်တကျ ကာကွယ်စောင့်ရှောက်လိုက်ပါ။

သင့်ကျန်းမာရေးအခြေအနေနှင့် အသင့်တော်ဆုံးသော စစ်ဆေးမှုများ၊ ဆေးကုသမှုခရီးစဉ်များကို ကျွန်ုပ်တို့ 🌏 ZIWALAN Medical Travel နှင့်အတူ ယုံကြည်စိတ်ချစွာ စတင်နိုင်ပါပြီ။



ဘန်ကောက်ဆေးရုံကြီးအား Newsweek & Statista မှ အာရုံကြော၊ အရိုးအဆစ်နှင့် နှလုံးရောဂါကုသရေး ကဏ္ဍများတွင် အာရှ-ပစိဖိတ်ဒေသ၏ အ...
09/08/2026

ဘန်ကောက်ဆေးရုံကြီးအား Newsweek & Statista မှ အာရုံကြော၊ အရိုးအဆစ်နှင့် နှလုံးရောဂါကုသရေး ကဏ္ဍများတွင် အာရှ-ပစိဖိတ်ဒေသ၏ အကောင်းဆုံး အထူးကုဆေးရုံများထဲမှ တစ်ခုအဖြစ် (၄) နှစ်ဆက်တိုက် အသိအမှတ်ပြု ရွေးချယ်ခြင်း

ဘန်ကောက်ဆေးရုံကြီး (Bangkok Hospital)၊ ဘန်ကောက် နှလုံးဆေးရုံကြီး (Bangkok Heart Hospital) နှင့် ဘန်ကောက်နိုင်ငံတကာဆေးရုံကြီး (Bangkok International Hospital) တို့သည် ကမ္ဘာကျော် Newsweek နှင့် Statista တို့မှ ပူးတွဲရွေးချယ်သည့် "၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ်ဒေသ၏ အကောင်းဆုံး အထူးကုဆေးရုံကြီးများ" Best Specialized Hospitals Asia Pacific 2026 စာရင်းတွင် အာရုံကြော၊ အရိုးအဆစ်နှင့် နှလုံးရောဂါကုသရေး ကဏ္ဍများ၌ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုဆုတံဆိပ်များကို ထပ်မံရရှိခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မျှဝေအပ်ပါသည်။

ယခုအသိအမှတ်ပြုမှုသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ (၄) နှစ်ဆက်တိုက် ကမ္ဘာ့အဆင့်မီ ဆေးဘက်ဆိုင်ရာ စံချိန်စံညွှန်းများကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း အခိုင်အမာ သက်သေပြနေခြင်းလည်း ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်တွင် အသိအမှတ်ပြုခံရသည့် အထူးပြုကဏ္ဍကြီး (၈) ခု

Neurology - ဦးနှောက် နှင့် အာရုံကြောရောဂါဆိုင်ရာကုသမှု (ထိုင်းနိုင်ငံတွင် အဆင့် (၁) နှင့် အာရှ-ပစိဖိတ်ဒေသ ထိပ်တန်း ဆေးရုံ (၁၀၀) အတွင်း အဆင့် (၇၀) အဖြစ် သတ်မှတ်ခံရခြင်း)

Neurosurgery - ဦးနှောက် နှင့် အာရုံကြောရောဂါဆိုင်ရာခွဲစိတ်ကုသမှု

Orthopedics - အရိုး၊ အဆစ်နှင့် ကျောရိုးဆစ်ခွဲစိတ်ကုသမှု

Cardiology - နှလုံးရောဂါဆိုင်ရာကုသမှု

Cardiac Surgery - နှလုံးခွဲစိတ်ကုသမှု

Pediatrics - ကလေးကျန်းမာရေးစောင့်ရှောက်မှု

Endocrinology - ဟော်မုန်းနှင့် ဆီးချိုရောဂါဆိုင်ရာကုသမှု

Gastroenterology - အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါကုသမှု

အဆိုပါ ကမ္ဘာ့အဆင့်မီ အသိအမှတ်ပြုခံရခြင်းဟာ ဆုတံဆိပ်တစ်ခုအဖြစ်သာမကဘဲ

• ခေတ်မီဆန်းသစ်သော ဆေးဘက်ဆိုင်ရာ နည်းပညာများ၊

• နယ်ပယ်အသီးသီးမှ အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများ၏ ဘက်စုံပူးပေါင်းကုသမှု

• လူနာတစ်ဦးချင်းစီအပေါ် အလေးထားသော စောင့်ရှောက်မှုများ ၏ထိုက်တန်သောရလဒ်ပင်ဖြစ်ပါတယ်။

ထို့အပြင် ဘန်ကောက်ဆေးရုံကြီးသည် လူနာတိုင်းအတွက် အကောင်းဆုံး၊ အမှန်ကန်ဆုံးနှင့် အစိတ်ချရဆုံးသော ကမ္ဘာ့အဆင့်မီ ကုသမှု စံချိန်စံညွှန်းများကို အစဉ်အမြဲ ပေးအပ်နေမည်ဖြစ်ကြောင်း အာမခံချက်လည်း ဖြစ်ပါတယ်။

"ဘန်ကောက်ဆေးရုံကြီးကို ယုံကြည်အားထားပြီး ဆေးကုသမှုခံယူကြသော လူနာများနှင့် မိသားစုများအားလုံးကို ကျေးဇူးတင်အထူးပင်တင်ရှိပါသည်။ လူကြီးမင်းတို့၏ယုံကြည်မှုသည် ကျွန်ုပ်တို့အား ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများနှင့် အရည်အသွေးမြင့် ကုသမှုရလဒ်များကို ဆက်လက်ပေးအပ်နိုင်ရန် အကြီးမားဆုံးသော အားအင်ဖြစ်ပါသည်။"



😷💙 သင့်ကလေးငယ်ဟာ ညစဉ်ညတိုင်း နာတာရှည်ချောင်းဆိုးဝေဒနာကို ခံစားနေရပါသလားကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ နာတာရှည်ချောင်းဆိုးခြင်း...
08/08/2026

😷💙 သင့်ကလေးငယ်ဟာ ညစဉ်ညတိုင်း နာတာရှည်ချောင်းဆိုးဝေဒနာကို ခံစားနေရပါသလား

ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ နာတာရှည်ချောင်းဆိုးခြင်းဟာ ရိုးရိုးသာမာန်အအေးမိခြင်းကြောင့်သာ မဟုတ်ဘဲ ပိုမိုနက်နဲတဲ့ ကျန်းမာရေးပြဿနာတစ်ခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ ညဖက်မှာ ကောင်းမွန်စွာအိပ်စက်ခြင်းဟာ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးတာကြောင့် ချောင်းဆိုးခြင်းရဲ့ အကြောင်းရင်းကို စောစီးစွာရှာဖွေပြီး ကုသပေးဖို့ လိုအပ်ပါတယ်။ 💡

🚨 မိဘများ သတိထားစောင့်ကြည့်သင့်တဲ့ လက္ခဏာများ

✔ ညအချိန် (သို့မဟုတ်) နံနက်စောစောအချိန်များတွင် အဆက်မပြတ် ချောင်းဆိုးခြင်း

✔ ပြေးလွှားဆော့ကစားချိန် (သို့မဟုတ်) လေ့ကျင့်ခန်းလုပ်သောအချိန်များတွင် ချောင်းဆိုးလာခြင်း

✔ နံနက်အိပ်ရာနိုးတိုင်း နှာပိတ်ခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းများ ခံစားရခြင်း

✔ မိသားစုမျိုးရိုးတွင် ဓာတ်မတည့်ရောဂါ (သို့မဟုတ်)ပန်းနာရင်ကြပ်ရောဂါရာဇဝင် ရှိခြင်း

🩺 ရောဂါအရင်းအမြစ်ကို တိကျစွာ ရှာဖွေပေးနိုင်သည့် စစ်ဆေးမှုများ

ဘန်ကောက်ဆေးရုံကြီး၏ ကလေးကျန်းမာရေးအထူးကုဌာနတွင် ကလေးငယ်၏ ချောင်းဆိုးရခြင်း အကြောင်းရင်းကိုတိကျစွာ သိရှိနိုင်ရန် အဆင့်မြင့် စစ်ဆေးမှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

🌬️ အဆုတ်စွမ်းဆောင်ရည် စစ်ဆေးခြင်း (Spirometry Lung Function Test)

💨 လေပြွန်ရောင်ရမ်းမှုကို တိုင်းတာစစ်ဆေးခြင်း (Fractional Exhaled Nitric Oxide Test)

🌿 ဓာတ်မတည့်မှုကို ဖြစ်စေသည့် အကြောင်းရင်းများကို ရှာဖွေစစ်ဆေးခြင်း

💙 ဓာတ်မတည့်ခြင်းနှင့် ခုခံအားစနစ်ဆိုင်ရာ အထူးပြုကလေးအထူးကု ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပါ။

ရောဂါကို မှန်ကန်တိကျစွာ သိရှိပြီး သင့်လျော်သော ကုသမှုအစီအစဉ်ကို စောစီးစွာ စတင်နိုင်မှသာ ကလေးငယ်ဟာ အသက်ရှူရ ပိုမိုလွယ်ကူပြီး ညစဉ် နှစ်ခြိုက်စွာ အိပ်စက်နိုင်ကာ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးလာနိုင်မှာပဲ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကို စတင်သတိထားမိတာနှင့် တပြိုက်နက် စောစီးစွာ စစ်ဆေးကုသပေးခြင်းက သင့်ကလေးရဲ့ ကျန်းမာတဲ့ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ပါတယ်။ ✨🛡️

သင့်ကလေးငယ် ကျန်းမာစွာ အိပ်စက်နိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အပြည့်အဝပိုင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့စစ်ဆေးမှုတွေအတွက် ZIWALAN Medical Travel သို့ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 📩




“ZIWALAN Medical Travel” ဆိုတဲ့အမည်လေးကဘာကိုဖော်ညွှန်းနေသလဲ 🌱🪴ZIWA (ဇီဝ) ဆိုတဲ့ရှင်သန်ခြင်း စွမ်းအင် နဲ့ LAN (လန်း) ဆိုတ...
07/08/2026

“ZIWALAN Medical Travel” ဆိုတဲ့အမည်လေးကဘာကိုဖော်ညွှန်းနေသလဲ 🌱🪴

ZIWA (ဇီဝ) ဆိုတဲ့ရှင်သန်ခြင်း စွမ်းအင် နဲ့ LAN (လန်း) ဆိုတဲ့ လန်းဆန်းတက်ကြွခြင်းကို ပေါင်းစပ်ထားတာဖြစ်ပါတယ်၊

ပြည်ပမှာ ဆေးကုသမှုခံယူဖို့ဆုံးဖြတ်ရခြင်းဟာ ကနဦးမှာ စိုးရိမ်ပူပန်မှုကို ကြုံတွေ့ခံစားရတတ်ပေမယ့် အမှန်တကယ် လက်တွေ့မှာ ပိုမိုကျန်းမာတဲ့ ဘဝအသစ်ဆီသို့ လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်ရှင်သန်လာခြင်းပဲဖြစ်ပါတယ်။

ဒီလိုရှင်သန်ခြင်းစွမ်းအင်နဲ့ လန်းဆန်းတက်ကြွမှုကိုခံစားရတဲ့အပြင် ရှင်းလင်းတိကျတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှု၊ နွေးထွေးတဲ့ ဝန်ဆောင်မှုတို့ကိုပါ ကြုံတွေ့နိုင်ဖို့ ZIWALAN Medical Travel က အတူရှိနေမှာပါ။

လန်းဆန်းတက်ကြွတဲ့ ကျန်းမာခြင်း အင်အားတွေကိုပြန်လည်ရရှိဖို့ SEA LION Group ရဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ ZIWALAN Medical Travel က အကောင်းဆုံးကူညီပေးပါရစေ။


02/08/2026

🎥💙 တောင်ငူမြို့ KMA ကေတုမတီဟိုတယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်၊ စနေနေ့တွင် Bangkok Hospital နှင့် Sea Lion Medical Travel တို့ ပူးပေါင်းကျင်းပခဲ့သော
💕 Move with Confidence: Heart & Spine Health for Better Living 💕 ကျန်းမာရေးဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

ပွဲအတွင်းမှ အမှတ်တရအခိုက်အတန့်များ၊ ဗဟုသုတများနှင့် နွေးထွေးသော အမှတ်တရများကို ပြန်လည်ကြည့်ရှုနိုင်ရန် Recap Video လေးကိုလည်း မျှဝေပေးလိုက်ပါတယ်။ 🎬✨

ကျန်းမာရေးဗဟုသုတများကို စိတ်ဝင်တစား လာရောက်နားထောင်ပြီး ပွဲကို အားပေးခဲ့ကြသော ဧည့်သည်တော်တစ်ဦးချင်းစီတိုင်းကို Sea Lion Medical Travel မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ 💙

🌟 ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခရီးလမ်းစဉ်ဟာ နှစ်ပေါင်း(၂၀)ကျော်လာသည့်တိုင်အောင်တည်ငြိမ်ကောင်းမွန်တဲ့အရှိန်အဟုန်နဲ့ လူကြီးမင်းတို့ကိုဝန်ဆောင်မှုပေးနေဆဲဖြစ်ပါတယ်။

ကျန်းမာလန်းဆန်းခြင်းကို ကိုယ်စားပြုတဲ့အဓိပ္ပာယ်တွေအပြည့်နဲ့အပြောင်းအလဲလေးတစ်ခုကို လူကြီးမင်းတို့ထံ မကြာခင်မှာ ယူဆောင်လာဖို့အဆင်သင့်ဖြစ်နေပါပြီ။
လူကြီးမင်းတို့ရဲ့ကျန်းမာသန်စွမ်းပြီး လန်းဆန်းတက် ကြွသောဘဝကို ပြန်လည်ရရှိစေနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုခရီးစဉ်အတွက် ကျွန်ုပ်တို့ရဲ့ စိတ်အားထက်သန်မှုနဲ့ နွေးထွေးသော ပံ့ပိုးကူညီမှုတို့ကိုအပြည့်အဝ ယုံကြည်စိတ်ချထားနိုင်ပါတယ်။ 🌟

🏢 အမှတ် ၁၈၁၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

📞 +၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)

📞 +၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)

📞 +၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)

📞 +၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)

📞 +၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)



သင့်ကလေးငယ်ဟာ ရွယ်တူကလေးတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းပြီး သင်ယူလေ့လာမှုနှေးကွေးနေတယ်လို့ သံသယရှိပ...
01/08/2026

သင့်ကလေးငယ်ဟာ ရွယ်တူကလေးတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းပြီး သင်ယူလေ့လာမှုနှေးကွေးနေတယ်လို့ သံသယရှိပါသလား

"ကလေးငယ် အိပ်စက်စဉ် ဟောက်ခြင်း" ဟာ ညဘက် အိပ်စက်ချိန်အတွင်း အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်းကြောင့်ဖြစ်ပြီး ရင်သွေးငယ်လေးရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနဲ့ သင်ယူနိုင်စွမ်းကို ထိခိုက်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေမှာ အိပ်စက်စဉ် ဟောက်ခြင်းနဲ့အတူ အသက်ရှူရခက်ခဲပြီး အသက်ရှူလမ်းကြောင်း ခဏတာ ပိတ်ဆို့သွားခြင်း (သို့မဟုတ်) အ်ိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းခေါ်တဲ့ Obstructive Sleep Apnea (OSA) ရှိနေပါက အန္တရာယ်ရှိတာကြောင့် မိဘများအနေနဲ့ လုံးဝ မပေါ့ဆသင့်တဲ့ ပြဿနာဖြစ်ပါတယ်။

OSA ကြောင့် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ။

• သွေးတွင်း အောက်ဆီဂျင်ပမာဏ ရုတ်တရက် ကျဆင်းသွားခြင်း

• ဦးနှောက်သို့ အောက်ဆီဂျင် လုံလောက်စွာ မရောက်ရှိခြင်း

• အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုကြောင့် အသက်ရှူရခက်ခဲခြင်း/ အသက်ရှူရပ်ခြင်း

• ညဘက်တွင် မကြာခဏ နိုးလာခြင်း

• အိပ်ရေးမဝခြင်းနှင့် အိပ်စက်မှုအရည်အသွေး ကျဆင်းခြင်း

အထက်ပါအခြေအနေတွေက ကလေးငယ်ရဲ့ နေ့စဉ်ဘဝ၊ သင်ယူနိုင်စွမ်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုတို့ကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။

Bangkok Hospital ရဲ့ ကလေးကျန်းမာရေးဌာနရှိ အိပ်စက်ခြင်းနဲ့ အိပ်ပျော်နေစဉ်ဟောက်ခြင်းအတွက် ကုသမှု စင်တာ (Sleep & Snoring Center)

အဆုတ်၊ အာရုံကြော၊ နား-နှာခေါင်း-လည်ချောင်း (ENT) နှင့် အိပ်စက်ခြင်းဆိုင်ရာ ကလေးအထူးကုဆရာဝန်ကြီးများ ပူးပေါင်းကာ ကလေးငယ်တစ်ဦးချင်းစီအတွက် စနစ်တကျစစ်ဆေးကုသပေးလျက်ရှိပါတယ်။

ကျွန်ုပ်တို့စင်တာ၏ ထူးခြားချက်များ

• နား၊ နှာခေါင်း၊ လည်ချောင်း၊ အသက်ရှူလမ်းကြောင်း၊ အာရုံကြောနှင့် အိပ်စက်ခြင်းဆိုင်ရာ ကလေးအထူးကုဆရာဝန်ကြီးများ ပူးပေါင်းကုသပေးခြင်း
• ခေတ်မီနည်းပညာနှင့် အဆင့်မြင့် Sleep Test ဖြင့် ကလေး၏ အိပ်စက်မှုအခြေအနေကို တိကျမှန်ကန်စွာ စစ်ဆေးပေးခြင်း
• ဟောက်ခြင်း၊ အိပ်စက်မှုပြဿနာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေသည့် အကြောင်းရင်းများကို ဘက်စုံသုံးသပ်ပြီး ပြည့်စုံစွာ စောင့်ရှောက်ကုသပေးခြင်း
• နှစ်ခြိုက်ကောင်းမွန်တဲ့ အိပ်စက်မှုဟာ ကလေးငယ်ရဲ့ ကျန်းမာတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တောက်ပတဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။

သင့်ရင်သွေးငယ် ကျန်းမာစွာ အိပ်စက်နိုင်ပြီး သင်ယူနိုင်စွမ်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အပြည့်အဝပိုင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့စစ်ဆေးမှုတွေအတွက် Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

✨ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခရီးလမ်းစဉ်ဟာ နှစ်ပေါင်း(၂၀)ကျော်လာသည့်တိုင်အောင် တည်ငြိမ်ကောင်းမွန်တဲ့အရှိန်အဟုန်နဲ့ လူကြီးမင်းတို့ကိုဝန်ဆောင်မှုပေးနေဆဲဖြစ်ပါတယ်။

ကျန်းမာလန်းဆန်းခြင်းကို ကိုယ်စားပြုတဲ့အဓိပ္ပာယ်တွေအပြည့်နဲ့အပြောင်းအလဲလေးတစ်ခုကို လူကြီးမင်းတို့ထံ မကြာခင်မှာ ယူဆောင်လာဖို့အဆင်သင့်ဖြစ်နေပါပြီ။

လူကြီးမင်းတို့ရဲ့ ကျန်းမာသန်စွမ်းပြီး လန်းဆန်းတက် ကြွသောဘဝကို ပြန်လည်ရရှိစေနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုခရီးစဉ်အတွက် ကျွန်ုပ်တို့ရဲ့ စိတ်အားထက်သန်မှုနဲ့ နွေးထွေးသော ပံ့ပိုးကူညီမှုတို့ကိုအပြည့်အဝ ယုံကြည်စိတ်ချထားနိုင်ပါတယ်။ ️✨

အမှတ် (၁၈၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)
+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)
+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)
+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)
+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)



သင့်ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံနဲ့အလေ့အကျင့်ကို စနစ်တကျ ပြောင်းလဲရုံဖြင့် "ဆီးချိုရောဂါကို သဘာဝအတိုင်း ကောင်းစွာထ...
31/07/2026

သင့်ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံနဲ့အလေ့အကျင့်ကို စနစ်တကျ ပြောင်းလဲရုံဖြင့် "ဆီးချိုရောဂါကို သဘာဝအတိုင်း ကောင်းစွာထိန်းချုပ်နိုင်ခြင်း (Diabetes Remission)" ကို အမှန်တကယ် ရရှိနိုင်ပါတယ်
Lifestyle Medicine Week 2026

နေထိုင်စားသောက်မှုပုံစံကို အခြေခံသောဆေးပညာ (Lifestyle Medicine) ၏ အခြေခံမဏ္ဍိုင် (၆) ချက်

အောက်ပါ အခြေခံမဏ္ဍိုင် (၆) ချက်ကို စနစ်တကျ လိုက်နာ နေထိုင်ခြင်းက ဆီးချိုရောဂါကို ထိန်းချုပ်ရာတွင် များစွာ အထောက်အကူပြုနိုင်ပါတယ်။

🥗 အာဟာရ - ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရမျှတသော အစားအစာများကို ရွေးချယ်စားသုံးခြင်း

🏃‍♂️ ကိုယ်လက်လှုပ်ရှားမှု - ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း

😴 အိပ်စက်အနားယူမှု - လုံလောက်သော အိပ်စက်ချိန်ဖြင့် ကောင်းမွန်စွာ အနားယူခြင်း

🧘‍♀️ စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း - စိတ်ဖိစီးမှုများကို နည်းလမ်းမှန်စွာ လျှော့ချခြင်း

🚭 ကျန်းမာရေးကို ထိခိုက်စေသော အပြုအမူများကို ရှောင်ကြဉ်ခြင်း - ဆေးလိပ်နှင့် အရက် စသည့် ကျန်းမာရေးထိခိုက်စေမည့် အလေ့အထများကို ရှောင်ကြဉ်ခြင်း

🤝 လူမှုဆက်ဆံရေး - မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် နွေးထွေးကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားခြင်း

💡 နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းက ဆီးချိုရောဂါသက်သာစေရန် ဘယ်လို အထောက်အကူပြုနိုင်သလဲ -

ဆီးချိုဆေးများ သောက်သုံးရန်မလိုဘဲ အနည်းဆုံး (၃) လခန့်အထိ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ကျန်းမာသောပမာဏအတွင်း တည်ငြိမ်စွာ ထိန်းထားနိုင်ခြင်း

သုတေသနပြုချက်များအရ မိမိကိုယ်အလေးချိန်၏ ၁၀ ရာခိုင်နှုန်း ကျော်လျှော့ချနိုင်ပါက ဆီးချိုရောဂါ ပျောက်ကင်းသက်သာနိုင်ခြေကို ပိုမိုမြင့်မားစေခြင်း

ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်းပိုမိုကောင်းမွန်စွာ ပြန်လည်ထိန်းချုပ်လာနိုင်ခြင်း

🎯 ရရှိနိုင်သော အကျိုးကျေးဇူးများ

အင်ဆူလင် (Insulin) ထိုးရမည့် ပမာဏကို လျှော့ချပေးနိုင်ခြင်း

နေ့စဉ်သောက်နေရသည့် ဆီးချိုဆေးပမာဏကို သိသိသာသာ လျှော့ချပေးနိုင်ခြင်း

ကျန်းမာရေးနှင့်ညီညွတ်စွာ ကိုယ်အလေးချိန် လျော့ကျလာခြင်း

သွေးတွင်းသကြားဓာတ်ကို ပိုမိုတည်ငြိမ်စွာ ထိန်းချုပ်နိုင်လာခြင်း

💙 ဆီးချိုရောဂါကင်းဝေးပြီးပိုမိုကျန်းမာတဲ့ မနက်ဖြန်ကို ပိုင်ဆိုင်နိုင်ဖို့ ဒီနေ့ပဲ သင့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို စတင်ပြောင်းလဲလိုက်ပါ။

🌟 ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခရီးလမ်းစဉ်ဟာ နှစ်ပေါင်း(၂၀)ကျော်လာသည့်တိုင်အောင် တည်ငြိမ်ကောင်းမွန်တဲ့အရှိန်အဟုန်နဲ့ လူကြီးမင်းတို့ကိုဝန်ဆောင်မှုပေးနေဆဲဖြစ်ပါတယ်။

ကျန်းမာလန်းဆန်းခြင်းကို ကိုယ်စားပြုတဲ့အဓိပ္ပာယ်တွေအပြည့်နဲ့အပြောင်းအလဲလေးတစ်ခုကို လူကြီးမင်းတို့ထံ မကြာခင်မှာ ယူဆောင်လာဖို့အဆင်သင့်ဖြစ်နေပါပြီ။

လူကြီးမင်းတို့ရဲ့ ကျန်းမာသန်စွမ်းပြီး လန်းဆန်းတက် ကြွသောဘဝကို ပြန်လည်ရရှိစေနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုခရီးစဉ်အတွက် ကျွန်ုပ်တို့ရဲ့ စိတ်အားထက်သန်မှုနဲ့ နွေးထွေးသော ပံ့ပိုးကူညီမှုတို့ကိုအပြည့်အဝ ယုံကြည်စိတ်ချထားနိုင်ပါတယ်။ ️🌟

ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 📩

ပိုမိုကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်ုပ်တို့က အတူလက်တွဲ ကူညီပေးပါရစေ။ 💓





👧👦✨ သင့်ကလေးငယ် ကျန်းမာပျော်ရွှင်စွာ ကြီးထွားဖွံ့ဖြိုးလာစေဖို့ ဘက်စုံကျန်းမာရေးစစ်ဆေးခြင်းကလေးငယ်လေးတွေရဲ့ ရုပ်ပိုင်းဆို...
30/07/2026

👧👦✨ သင့်ကလေးငယ် ကျန်းမာပျော်ရွှင်စွာ ကြီးထွားဖွံ့ဖြိုးလာစေဖို့ ဘက်စုံကျန်းမာရေးစစ်ဆေးခြင်း

ကလေးငယ်လေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေမှာ အသက်အရွယ်နဲ့အညီ ကျန်းမာကြံ့ခိုင်စွာ ကြီးထွားဖွံ့ဖြိုးလာစေဖို့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးပေးခြင်းဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် Bangkok Hospital မှ အသက် (၆) နှစ်မှ (၁၅) နှစ်အတွင်း ကလေးငယ်များအတွက် အထူးစီစဉ်ထားတဲ့ ကျန်းမာရေးစစ်ဆေးမှု အစီအစဉ် (Child Health Check-up Package) လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ 💙

ကျန်းမာရေးစစ်ဆေးပြီးနောက် အတွေ့အကြုံရင့် ကလေးအထူးကုဆရာဝန်ကြီးများ နှင့် ကျွမ်းကျင်သော ကျန်းမာရေးပညာရှင်များက စစ်ဆေးမှုရလဒ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးပြီး ကလေးငယ်တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေနှင့် ကိုက်ညီသော နေထိုင်မှုပုံစံနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကြံပြုချက်၊ လမ်းညွှန်ချက်များကို အကောင်းဆုံး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

💖 သင့်ရင်သွေးငယ်ရဲ့ ကျန်းမာတဲ့အနာဂတ်အတွက် ယခုပဲ ကြိုတင်ကျန်းမာရေးစစ်ဆေးမှုကို စတင်စစ်ဆေးလိုက်ပါ

💌 သင့်ကလေးငယ်၏ ကျန်းမာရေးအခြေအနေနှင့် ကိုက်ညီသော ကျန်းမာရေးစစ်ဆေးမှုများနှင့် ဆေးကုသမှုခရီးစဉ်များကို Sea Lion Medical Travel နှင့်အတူ ယုံကြည်စိတ်ချစွာ စတင်လိုက်ပါ။

🌟 ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခရီးလမ်းစဉ်ဟာ နှစ်ပေါင်း(၂၀)ကျော်လာသည့်တိုင်အောင် တည်ငြိမ်ကောင်းမွန်တဲ့အရှိန်အဟုန်နဲ့ လူကြီးမင်းတို့ကိုဝန်ဆောင်မှုပေးနေဆဲဖြစ်ပါတယ်။

ကျန်းမာလန်းဆန်းခြင်းကို ကိုယ်စားပြုတဲ့အဓိပ္ပာယ်တွေအပြည့်နဲ့အပြောင်းအလဲလေးတစ်ခုကို လူကြီးမင်းတို့ထံ မကြာခင်မှာ ယူဆောင်လာဖို့အဆင်သင့်ဖြစ်နေပါပြီ။

လူကြီးမင်းတို့ရဲ့ ကျန်းမာသန်စွမ်းပြီး လန်းဆန်းတက် ကြွသောဘဝကို ပြန်လည်ရရှိစေနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုခရီးစဉ်အတွက် ကျွန်ုပ်တို့ရဲ့ စိတ်အားထက်သန်မှုနဲ့ နွေးထွေးသော ပံ့ပိုးကူညီမှုတို့ကိုအပြည့်အဝ ယုံကြည်စိတ်ချထားနိုင်ပါတယ်။ ️🌟


အမှတ် ၁၈၁၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။


+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)


+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)


+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)


+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)


+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)

Address

#181, Bo Myat Tun Street, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595106666

Website

Alerts

Be the first to know and let us send you an email when 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥, 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞, 𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥, 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞, 𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥:

Shortcuts

Share