31/07/2026
🏵️ စနေ သားသမီး 🏵️
✨ August (1) ရက်နေ့မှ..✨
✨ August (7) ရက်နေ့အထိ✨
🏵️ စနေ သားသမီးများ ဒီကာလလေးက စိတ်အနှောက်အယှက် ဖြစ်စရာလေးတွေများနေပြီး ကိုယ့်ရဲ့ စိတ်မှာလည်း စိတ်ဓာတ်ကျသလိုဖြစ်နေတတ်တယ်။ဘယ်ကိစ္စလေးမှာမဆို ၀မ်းနည်းလွယ်နေတတ်ပြီး သေးသေးမွှားမွှား ကိစ္စလေးတွေဆိုရင်တောင် ကြီးကြီးမားမား စိတ်ခံစားချက်လွယ်နေတဲ့ ကာလလေးလို့ဆိုရမယ်။ကိုယ့်ရဲ့ စိတ်မှာ Negative wave လေးတွေ များနေတတ်တယ်။
ကိုယ်က ကောင်းစေချင်လို့ လုပ်ပေးပေမဲ့ အကောင်းမြင်မခံရတာမျိုး ကြုံတွေ့ရတတ်ပြီး စိတ်ဓာတ်ကျစရာတွေကို ဖြေဖျောက်ပြီး ဒီအချိန်က ကိုယ့်ကိုကိုယ် ပို ဂရုစိုက်ရမဲ့ အချိန်တစ်ခုပါ။လူမှုရေးကံလေးအနေနဲ့ အထီးကျန်ဆန်နေတဲ့ ကာလလေးဖြစ်ပေမဲ့ လူယုံလူရင်း မထားသင့်သေးဘူး၊ကိုယ့်ရဲ့ အတွင်းရေးအကြောင်းအရာတွေ၊မိသားစုကိစ္စတွေကို တခြားသူတွေကို ထုတ်ပြောပြတာမျိုး မလုပ်ပါနဲ့။
🏵️ အလုပ်အကိုင်နှင့်စီးပွားရေးကံ
လုပ်ငန်းသစ်တွေလည်း အစမပျိုးသင့်သေးသလို လုပ်ငန်းတိုးချဲ့ လုပ်ကိုင်တာမျိုးလည်း မလုပ်သင့်သေးတဲ့ ကာလလေးလို့ဆိုရမယ်။လက်ရှိ ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းလေးတွေမှာ မထင်မှတ်ထားတဲ့ ပြသာနာလေးတွေပေါ်လာတတ်တယ်။အတိုက်အခိုက်လေးတွေ များလာတတ်ပြီး စိတ်ပင်ပန်း၊လူပင်ပန်း ဖြစ်ရတဲ့ အချိန်ပဲ။ကြုံတွေ့နေရတဲ့ အခြေအနေတွေအပေါ်မှာ လိုက်ခံစားနေတာထက် ကိုယ်လုပ်လို့ရတာ၊ကြိုးစားလို့ရတာကိုသာ အာရုံစိုက်ထားသင့်တယ်။စာချုပ်စာတန်းနဲ့စပ်တူရှယ်ယာလုပ်ငန်းတွေ ဂရုစိုက်ရလိမ့်မယ်။လုပ်ငန်းခွင်တွင်းကသူတွေအဖို့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း မနာလိုတိုက်ခိုက်တာလေးတွေ ၊အထင်အမြင်လွဲတာလေးတွေ ကြုံတွေ့ရတတ်တယ်။အလုပ်အကိုင်အပြောင်းအရွှေ့ မလုပ်သင့်သေးပဲ လက်ရှိ အလုပ်မှာပဲ ဆက်ပြီး သည်းခံထားပါ။
🏵️ ငွေကြေးကံ
ငွေကြေးကံလေးအနေနဲ့ ရစရာရှိတဲ့ ငွေလေးတွေ ကြန့်ကြာနေတတ်တယ်။စာချုပ်စာတမ်းကိစ္စ၊ငွေကြေးအာမခံတာ၊ငွေချေးဌားတာမျိုး မလုပ်သင့်သေးဘူး၊ငွေကြေးကိစ္စနဲ့ပတ်သတ်ပြီး ပူပန်သောက ရောက်ရတတ်တယ်။
🏵️ ပညာရေးကံ
ပညာရေးကံလေး အနေနဲ့ အားလျော့လွယ်၊စိတ်ကျလွယ်နေတာလေးကို ဖျောက်ပြီး ကိုယ်စိတ်ကိုကိုယ် ပြန်တည်ဆောက်ဖို့လိုအပ်တယ်။ကိုယ့်ကိုကိုယ်အပြစ်တင်နေတာမျိုးထက် ကြိုးစားမှုကိုပိုပြီး စိုက်ထုတ်ပါ။
🏵️ အချစ်ရေးကံ
အချစ်ရေးကံလေးအနေနဲ့ ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ ကြားမှာ အထင်အမြင်လွဲမှားမှုလေးတွေဖြစ်တတ်ပြီးဒေါသအလျောက် ပြောဆိုတုန့်ပြန်လိုက်ပြီးမှ ကိုယ်ပဲ စိတ်မကောင်းဖြစ်ရတတ်တယ်။ဒီကာလလေးက အချစ်ရေးမှာ စိတ်ပင်ပန်းရတဲ့ ကာလလေးပဲ။ကိုယ့်ချစ်သူက ကိုယ်ယုံကြည်မျော်လင့်ထားတဲ့ အရာလေးတွေကို အလွဲသုံးစားလုပ်သွားတတ်တယ်။အိမ်ထောင်ရှင်တွေအဖို့ ကြားစကားတွေ၀င်လာတတ်လို့ ဂရုစိုက်ရပါလိမ့်မယ်။ချစ်သူမရှိသေးသူတွေအဖို့ ချစ်ခြင်းမေတ္တာလေး အထားအသိုမှားပြီး မချစ်သင့်သူကိုမှ စွဲလမ်းနေမိလိမ့်မယ်။
🏵️ ကျန်းမာရေးကံ
ကျန်းမာရေးကံလေး အနေနဲ့ အမျိုးသမီးတွေ ဓမ္မတာ ရုတ်တရပ်ရပ်သွားတာ၊ချုပ်သွားတာမျိုးလေးတွေဖြစ်တတ်တယ်။မကြာခဏဆိုသလို ချူချာနေပြီး ဆေးရုံဆေးခန်း သွားရတတ်တယ်။နှလုံး အားနည်းတာမျိုး ကြုံတွေ့ရတတ်တယ်။
🏵️ ကံကောင်းစေရန်ယတြာ
ဒီကာလလေးမှာ အခက်အခဲလေးတွေ ကြုံတွေ့လာခဲ့ရင် ညအိပ်ယာဝင်ခန်နီး နှင်းဆီပန်းအနံကို ဝဝလေးရှူပြီးမှ အိပ်ပါ။
🌸 ဟောစတမ်းလေးကို ဖတ်ရှူပေးတဲ့ ၇ ရက် သားသမီးများအားလုံး နေ့ရက်တိုင်း ချစ်ခြင်းမေတ္တာနဲ့ ဖြတ်သန်းနိုင်ကြပါစေဗျာ့.🙏🌸🙏
✨ ဟောစတမ်းလေး ဖတ်ရှူမိတဲ့ နေ့နာမ် နှင့် အချိန်လေး ရေးပေးခဲ့ပါအုံးဗျာ..🌺
🌺 ဆရာရွှေသစ္စာ (ခါတော်မှီတားရော့ဗေဒင်)